ရှမ်းပြည်နယ်တွင် H1N1 ဖြစ်ပွားသူ ၉ ဦးအနက် ၁ ဦး သေဆုံး - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Treasure Palace Hotel
Photo of three cats
Friday, August 2, 2019
စိုင်းရာဇာ
.
.
.
.
.
၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၌ ရာသီတုပ်ကွေးရောဂါ H1N1 ဓာတ်ခွဲစစ်ဆေးသူ ၇ ဦး အတည်ပြုဖြစ်ပွားသူ ၅ ဦး၊သေဆုံးသူ ၁ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ၉ ဦး အတည်ပြုဖြစ်ပွားသူ ၄ ဦး၊ ရှမ်းပြည်နယ်အရှေ့ ပိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ၁ ဦး တို့ ရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးသူ ၁၀၁၈ ဦး၊ အတည်ပြုဖြစ်ပွားသူ ၄၂၉ ဦး၊သေဆုံးသူ ၈၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သြဂုတ်လ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
.
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးသူ ၁၀၁၈ ဦး၊ အတည်ပြုဖြစ်ပွားသူ ၄၂၉ ဦး၊သေဆုံးသူ ၈၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သြဂုတ်လ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
============================================================
ရှမ်းပြည်နယ်တွင် H1N1 ဖြစ်ပွားသူ ၉ ဦးအနက် ၁ ဦး သေဆုံး
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း ရာသီတုပ်ကွေးရော H1N1 အတည်ပြုဖြစ်ပွားသူ ၉ ဦးအနက် အသက် ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး ဇူလိုင်လ ၂၇ ရက်က သေဆုံးခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
သေဆုံးသူမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု ဆောင်ကန်းရွာမှ အသက် ၂ နှစ် ၇ လ အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး ဖြစ်ကြောင်း သိရသည်။
.
ဖယ်ခုံမြို ့နယ်က မိန်းကလေးတစ်ဦး အသက်က ၂ နှစ်နဲ့ ၇ လ အရွယ် ဖြစ်တယ်။ သူက ဇူလိုင်လ ၁၆ ရက်က လွိုင်ကော်ပြည်သူ့ဆေးရုံမှာ တက်တယ်။ ၂၇ ရက်မှာ ဆုံးသွားတာပါဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ဟန်ထူးအောင်က ကမ္ဘောဇတိုင်းသို့ အတည်ပြုပြောကြားသည်။
.
၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၌ ရာသီတုပ်ကွေးရောဂါ H1N1 ဓာတ်ခွဲစစ်ဆေးသူ ၇ ဦး အတည်ပြုဖြစ်ပွားသူ ၅ ဦး၊သေဆုံးသူ ၁ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ၉ ဦး အတည်ပြုဖြစ်ပွားသူ ၄ ဦး၊ ရှမ်းပြည်နယ်အရှေ ့ပိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ၁ ဦး တို့ ရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးသူ ၁၀၁၈ ဦး၊ အတည်ပြုဖြစ်ပွားသူ ၄၂၉ ဦး၊သေဆုံးသူ ၈၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
.
No comments:
Post a Comment
Journal Download
Photo of three cats