တပ္ေျမ-ကန္ေျမ တိုင္းတာမႈ လုပ္ငန္းမ်ား မၿပီးစီးေသးေသာေၾကာင့္ ဂႏိုင္ကန္ တူးေဖာ္မႈလုပ္ငန္းမ်ား ရပ္ဆိုင္းထားရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, August 1, 2019

တပ္ေျမ-ကန္ေျမ တိုင္းတာမႈ လုပ္ငန္းမ်ား မၿပီးစီးေသးေသာေၾကာင့္ ဂႏိုင္ကန္ တူးေဖာ္မႈလုပ္ငန္းမ်ား ရပ္ဆိုင္းထားရ

ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ေတာင္ ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ ဝါးျပားလမ္းဆံုအနီးရွိ ဂႏိုင္ကန္ေခၚ အမွတ္ (၂) ေရကန္ ျပန္လည္တူးေဖာ္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ တပ္ေျမ-ကန္ေျမ တိုင္းတာမႈ လုပ္ငန္းမ်ား မၿပီးစီးေသးသျဖင့္ ရပ္ဆိုင္းထားရန္ တားျမစ္လာသည့္အတြက္ လုပ္ငန္းမ်ားကို ရပ္ဆိုင္းထားရေၾကာင္း သိရသည္။
.
''ဂႏိုင္ကန္ တူးေဖာ္ေနစဥ္ကာလမွာ တပ္အေနနဲ႕ မူလဧရိယာ ေလ်ာ့သြားသလာ၊ မူလအတိုင္း က်န္ခဲ့လားဆိုတာက တပ္ေျမေကာ၊ ကန္ ေျမပါ ႏွစ္ဘက္ တိုင္းတာရမွာ ျဖစ္တဲ့အတြက္ တိုင္းတာမႈ မၿပီးေသးခင္မွာ ရပ္ဆိုင္းထားဖို႔ ဆိုၿပီး ေတာင္းဆိုလာတဲ့အတြက္ အစိုးရအဖြဲ႕ကို တင္ျပတဲ့အခါ ရပ္ထားပါဆိုတဲ့အတြက္ ရပ္နား ထားပါတယ္။ အစိုးရအဖြဲ႕ ဝန္ႀကီးနဲ႔ ေျမစာရင္း ဦးစီးဌာနက ကြင္းဆင္းၿပီး ကန္ဧရိယာကိုေတာ့ တိုင္းၿပီးပါၿပီ''ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ကေမၻာဇတိုင္းသို႕ ေျပာသည္။
.

အဆိုပါ ဂႏိုင္ကန္အား ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ေျမစာရင္းဦးစီးဌာနမွ ကြင္းဆင္းစစ္ေဆး တိုင္းတာခ်က္အရ ကန္ဧရိယာမွာ ၇ ဧကခန္႔ ရွိၿပီး တိုင္းတာထားေသာ ဧရိယာအား မိုးမက်ခင္ အမီ တူးေဖာ္ေနစဥ္ ကန္ေျမဧရိယာမွာ ေျမစာရင္း ေျမပံုအရ မူလရွိေနေသာ ဧရိယာထက္ ပိုက်ယ္လာသည္ကို ေတြ႕ရၿပီး တပ္ဧရိယာအား ျပန္လည္ တိုင္းတာေပးရန္ ေတာင္းဆိုလာခဲ့ျခင္း ျဖစ္ေၾကာင္း င္းက ဆက္လက္ ေျပာၾကားခဲ့သည္။
.
''ေရကန္ တူးတယ္ဆိုတာ ၿမိဳ႕လူထုအတြက္ ေကာင္းတဲ့ကိစၥ ျဖစ္ပါတယ္။ တပ္အေနနဲ႔ကလည္း သူ႕လုပ္ထံုး လုပ္နည္းနဲ႔အညီ ေျမျပန္လည္ တိုင္းတာတာေတြ လုပ္မယ္ဆိုရင္လည္း တကယ္တမ္း ၿမိဳ႕လူထုအတြက္ ေကာင္းက်ိဳးျပဳမယ့္ ကိစၥျဖစ္တဲ့အတြက္ တတ္ႏိုင္သမွ် အေကာင္းဆံုး ျဖစ္ေစဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ အရင္တုန္းကေတာ့ အဲဒီကန္က မိုးတြင္းဆိုရင္ ေရစုႏိုင္ေပမယ့္ ဒီႏွစ္မွာေတာ့ အခု ဇူလိုင္ လကုန္ပိုင္းအထိ ေရတစ္စက္မွ မရွိေသးတာကို ေတြ႕ရတယ္။ ဒါေတြကို စနစ္တက် ျပန္လည္ တူးေဖာ္ ျပဳျပင္ဖို႔ လိုအပ္ပါတယ္''ဟု ေတာင္ႀကီးၿမိဳ႕၊ ခ်မ္းသာရပ္ကြက္ေန ေဒသခံတစ္ဦးက င္း၏အျမင္ကို ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ဂႏိုင္ကန္အမွတ္ (၂)ကို ၁၉၇၉-၈ဝ ခုႏွစ္ခန္႔က ၿမိဳ႕လူထု လုပ္အားျဖင့္ တာေဘာင္ဖို႔၍ တူးေဖာ္  ေဆာင္ရြက္ခဲ့ျခင္း ျဖစ္သည္။ မူလ တူးေဖာ္စဥ္က တာေဘာင္မ်ား၊ ေရထိန္း တံခါးမ်ားျဖင့္ စနစ္တက် ေဆာင္ရြက္ခဲ့ေသာ္လည္း ယခုအခါ ႏွစ္ကာလ ၾကာျမင့္လာသည္ႏွင့္အမွ် ပ်က္စီး ယိုယြင္းမႈမ်ား ရွိေနၿပီး ကန္အတြင္းတြင္လည္း မိုးေရ စုေဆာင္းႏိုင္မႈ မရွိေတာ့ သျဖင့္ ယခုကဲ့သို႔ ျပန္လည္ တူးေဖာ္ေဆာင္ရြက္ရျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ယင္း ဂႏိုင္ကန္ အမွတ္(၂)မွ စုေဆာင္းေရမ်ားကို ေရသြယ္ေျမာင္းမွတစ္ဆင့္ ေျမာက္ဘက္ရွိ ဂႏိုင္ကန္ အမွတ္(၁) (ေဒသအေခၚ ဦးခန္းကန္) သို႔ ေပးပို႔ကာ ယင္းကန္မွ ေရကို ၿမိဳ႕ လူထု ေသာက္သံုးေရ အတြက္ ျဖန္႔ေဝ ေပးေနျခင္း ျဖစ္ကာ တစ္ရက္လွ်င္ ေရဂါလံ ၃၇ဝဝ ခန္႔ ထုတ္ယူၿပီး ေတာင္ႀကီးၿမိဳ႕ေပၚရွိ အိမ္ေျခ ၃ဝဝ ေက်ာ္သို႔ ေသာက္သံုးေရ ျဖန္႔ေဝေပးလ်က္ရွိ ေၾကာင္း သိရသည္။


===================

တပ်မြေ-ကန်မြေ တိုင်းတာမှု လုပ်ငန်းများ မပြီးစီးသေးသောကြောင့် ဂနိုင်ကန် တူးဖော်မှုလုပ်ငန်းများ ရပ်ဆိုင်းထားရ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံအနီးရှိ ဂနိုင်ကန်ခေါ် အမှတ် (၂) ရေကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မြေ-ကန်မြေ တိုင်းတာမှု လုပ်ငန်းများ မပြီးစီးသေးသဖြင့် ရပ်ဆိုင်းထားရန် တားမြစ်လာသည့်အတွက် လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း သိရသည်။
.
''ဂနိုင်ကန် တူးဖော်နေစဉ်ကာလမှာ တပ်အနေနဲ့ မူလဧရိယာ လျော့သွားသလာ၊ မူလအတိုင်း ကျန်ခဲ့လားဆိုတာက တပ်မြေကော၊ ကန် မြေပါ နှစ်ဘက် တိုင်းတာရမှာ ဖြစ်တဲ့အတွက် တိုင်းတာမှု မပြီးသေးခင်မှာ ရပ်ဆိုင်းထားဖို့ ဆိုပြီး တောင်းဆိုလာတဲ့အတွက် အစိုးရအဖွဲ့ကို တင်ပြတဲ့အခါ ရပ်ထားပါဆိုတဲ့အတွက် ရပ်နား ထားပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီးနဲ့ မြေစာရင်း ဦးစီးဌာနက ကွင်းဆင်းပြီး ကန်ဧရိယာကိုတော့ တိုင်းပြီးပါပြီ''ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဂနိုင်ကန်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် မြေစာရင်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး တိုင်းတာချက်အရ ကန်ဧရိယာမှာ ၇ ဧကခန့် ရှိပြီး တိုင်းတာထားသော ဧရိယာအား မိုးမကျခင် အမီ တူးဖော်နေစဉ် ကန်မြေဧရိယာမှာ မြေစာရင်း မြေပုံအရ မူလရှိနေသော ဧရိယာထက် ပိုကျယ်လာသည်ကို တွေ့ရပြီး တပ်ဧရိယာအား ပြန်လည် တိုင်းတာပေးရန် တောင်းဆိုလာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
.

''ရေကန် တူးတယ်ဆိုတာ မြို့လူထုအတွက် ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ တပ်အနေနဲ့ကလည်း သူ့လုပ်ထုံး လုပ်နည်းနဲ့အညီ မြေပြန်လည် တိုင်းတာတာတွေ လုပ်မယ်ဆိုရင်လည်း တကယ်တမ်း မြို့လူထုအတွက် ကောင်းကျိုးပြုမယ့် ကိစ္စဖြစ်တဲ့အတွက် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်စေဖို့တော့ မျှော်လင့်ပါတယ်။ အရင်တုန်းကတော့ အဲဒီကန်က မိုးတွင်းဆိုရင် ရေစုနိုင်ပေမယ့် ဒီနှစ်မှာတော့ အခု ဇူလိုင် လကုန်ပိုင်းအထိ ရေတစ်စက်မှ မရှိသေးတာကို တွေ့ရတယ်။ ဒါတွေကို စနစ်တကျ ပြန်လည် တူးဖော် ပြုပြင်ဖို့ လိုအပ်ပါတယ်''ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဂနိုင်ကန်အမှတ် (၂)ကို ၁၉၇၉-၈ဝ ခုနှစ်ခန့်က မြို့လူထု လုပ်အားဖြင့် တာဘောင်ဖို့၍ တူးဖော်  ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မူလ တူးဖော်စဉ်က တာဘောင်များ၊ ရေထိန်း တံခါးများဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပျက်စီး ယိုယွင်းမှုများ ရှိနေပြီး ကန်အတွင်းတွင်လည်း မိုးရေ စုဆောင်းနိုင်မှု မရှိတော့ သဖြင့် ယခုကဲ့သို့ ပြန်လည် တူးဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ဂနိုင်ကန် အမှတ်(၂)မှ စုဆောင်းရေများကို ရေသွယ်မြောင်းမှတစ်ဆင့် မြောက်ဘက်ရှိ ဂနိုင်ကန် အမှတ်(၁) (ဒေသအခေါ် ဦးခန်းကန်) သို့ ပေးပို့ကာ ယင်းကန်မှ ရေကို မြို့ လူထု သောက်သုံးရေ အတွက် ဖြန့်ဝေ ပေးနေခြင်း ဖြစ်ကာ တစ်ရက်လျှင် ရေဂါလံ ၃၇ဝဝ ခန့် ထုတ်ယူပြီး တောင်ကြီးမြို့ပေါ်ရှိ အိမ်ခြေ ၃ဝဝ ကျော်သို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About