ျပည္သူ႕ မ်က္ႏွာကို ငဲ့ညႇာၾကပါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, August 28, 2019

ျပည္သူ႕ မ်က္ႏွာကို ငဲ့ညႇာၾကပါ


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသတြင္ ၿပီးခဲ့သည့္ ဩဂုတ္လ ၁၅ ရက္မွ စတင္၍ ညီေနာင္မဟာမိတ္ တပ္ဖြဲ႕မ်ားျဖစ္ေသာ TNLA၊ MNDAA၊ AA တို႔ႏွင့္ တပ္မေတာ္တို႔အၾကား တစ္ေက်ာ့ျပန္ ျဖစ္ပြားလာေသာ စစ္ပြဲမ်ားေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသမ်ားတြင္ ေဒသခံျပည္သူ အမ်ားအျပား စစ္ေဘးတိမ္းေရွာင္ေနၾကရ သည္။
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လ ၂၄ ရက္၊ စာရင္းမ်ားအရ ရွမ္းေျမာက္ရွိ စစ္ေရွာင္စခန္းမ်ားတြင္ ခိုလံႈေနသူ စုစုေပါင္း ၂၅၀ဝ ခန္႔အထိ ရွိေနၿပီး  ရွမ္းျပည္နယ္အစိုးရမွ လိုအပ္သည့္ ေထာက္ပံ့ကူညီမႈမ်ားကို ေဆာင္ရြက္ေပးေနေၾကာင္း သိရပါသည္။ ယင္းကိန္းဂဏန္းမ်ားမွာလည္း စစ္ေရွာင္စခန္းမ်ားသို႔ ေရာက္ရွိလာသည့္ စစ္ေဘးေရွာင္ ျပည္သူမ်ား၏ အေရအတြက္သာ ျဖစ္ၿပီး စစ္ေရွာင္စခန္းမ်ားသို႔ ေရာက္ရွိလာျခင္း မရွိဘဲ အျခား နီးစပ္ရာ ေနရာမ်ားတြင္ ခိုလံႈေနသူမ်ား ရွိႏိုင္သလို စစ္ပြဲအတြင္း ပိတ္မိေနသူမ်ားလည္း ရွိေနမည္မွာ ေသခ်ာပါ သည္။
.
စစ္ပြဲမ်ား၏ အက်ိဳးဆက္အျဖစ္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ျပည္သူမ်ား စစ္ေဘးစစ္ဒဏ္ကို ခံစားရသည့္အျပင္ လမ္းပန္းဆက္သြယ္မႈ ျပတ္ေတာက္ျခင္းမ်ားေၾကာင့္ ကုန္ေဈးႏႈန္း ႀကီးျမင့္မႈဒဏ္ကို တစ္ပါတည္း ခံစားေနၾက ရသည္။
.
ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ ယခုအခါ ဆန္တစ္အိတ္က်ပ္ ၈၀ဝ၀ဝ မွ ၁၅၀ဝ၀ဝ၊  ၾကက္ဥ တစ္လံုးလွ်င္ ၅၀ဝ က်ပ္၊ ဆီတပိသာလွ်င္ ၄၀ဝ၀ မွ ၆၀ဝ၀ က်ပ္အထိ ေဈးတင္ ေရာင္းခ်မႈမ်ား ရွိေနၿပီး ယခုကဲ့သို႔ အလုပ္ လက္မဲ့ ျဖစ္ေနခ်ိန္တြင္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈေၾကာင့္ ေဒသခံမ်ားအတြက္ အခက္အခဲ ျဖစ္ေပၚေနရၿပီး အစိုးရမွ တနည္းနည္းျဖင့္ ထိန္းသိမ္းေပးသင့္ေၾကာင္း ေဒသခံမ်ားမွ ေဝဖန္ေျပာဆိုလ်က္ရွိသည္။
.
ထို႔အျပင္ တိုက္ပြဲမ်ားေၾကာင့္ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား၏ လံုျခံဳေရးအရ အေျခခံ ပညာ စာသင္ေက်ာင္းေပါင္း ၁၂၀ ေက်ာ္ကိုလည္း ယာယီပိတ္ခဲ့ရေၾကာင္း သိရပါသည္။
.
ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ႀကီးတြင္ လြတ္လပ္ေရးရစ အခ်ိန္ကာလမွ စတင္၍ ရွမ္းျပည္နယ္ႏွင့္ ေတာင္ ေပၚေဒသတို႔တြင္ ျပည္တြင္းစစ္ကို ခံစားခဲ့ၾကရသည္။ ပါလီမန္ဒီမိုကေရစီေခတ္၊ ေတာ္လွန္ေရးေကာင္စီေခတ္၊ မဆလေခတ္၊ နဝတ/နအဖေခတ္၊ ယေန႔ ပါတီစံုဒီမိုကေရစီစနစ္ စသည္ျဖင့္ စနစ္ အမ်ိဳးမ်ိဳး ေျပာင္းလဲခဲ့ၿပီး အုပ္ခ်ဳပ္သူ/အုပ္ခ်ဳပ္ခံသူ အဆက္ဆက္ ေျပာင္းလဲခဲ့ေသာ္လည္း မေျပာင္းလဲႏိုင္ေသးသည္မွာ ေတာင္ေပၚေျမက ဘဝမ်ားပင္ ျဖစ္သည္။
.
တိုင္းရင္းသားအေရး၊ ဖက္ဒရယ္အေရး၊ ႏိုင္ငံေရးအယူဝါဒကြဲျပားမႈ စသည့္ ေခါင္းစဥ္မ်ိဳးစံုျဖင့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ျမန္မာႏိုင္ငံတစ္ဝွမ္းတြင္ အၿပိဳင္အဆိုင္ ေပၚေပါက္ခဲ့ၾကရသည္။ ထိေတြ႕တိုက္ပြဲမ်ား မၾကာခဏ ဆိုသလို ေပၚေပါက္ခဲ့ၾကသည္။ ႏွစ္ဘက္တပ္မ်ား၊ ႏွစ္ဘက္ထက္ ပိုေသာ တပ္မ်ား ဘယ္လိုပင္ တိုက္ပြဲ ျဖစ္ျဖစ္ စစ္တိုက္ၿပီဆိုလွ်င္ အမွန္တကယ္ နစ္နာရသူမ်ားမွာ ႏွစ္ဘက္ လက္နက္ကိုင္တပ္မ်ားသာမက တိုက္ပြဲၾကား က အျပစ္မဲ့ ေျမဇာပင္ ျပည္သူမ်ားသာ ျဖစ္ပါသည္။
.
လတ္တေလာ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားေၾကာင့္ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားအျပင္ ေဒသခံျပည္သူမ်ား ထိခိုက္နစ္နာ ေသဆံုးခဲ့ရသည္။ အထူးအားျဖင့္ တိုက္ပြဲအတြင္းမွ ထိုက္ခိုက္ ဒဏ္ရာရ၊ ေသဆံုးသူမ်ားအား ကူညီ ကယ္ဆယ္ေပးေနသည့္ လူမႈေရးအသင္းအဖြဲ႕မ်ားမွ လူနာတင္ယာဥ္မ်ား ပစ္ခတ္ခံေနရမႈမ်ားက လြန္စြာ ႐ုပ္ဆိုး အက်ည္းတန္ေစသလို မ်ားစြာပင္ စိတ္မေကာင္း ျဖစ္မိရပါသည္။
.
ယင္းအနိ႒ာ႐ံုမ်ားကို အဆံုးသတ္ႏိုင္ေရးအတြက္ တစ္ခုတည္းေသာ နည္းလမ္းမွာ ျပည္တြင္းစစ္ အျမန္ဆံုး ခ်ဳပ္ ၿငိမ္းရပ္စဲေရးပင္ျဖစ္ပါသည္။ ထိေတြ႕တိုက္ခိုက္မႈ ျဖစ္ပြားေနေသာ အစိုးရတပ္ဖြဲ႕ အပါအဝင္ တိုင္းရင္းသားလက္ နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ျပည္သူလူထု တစ္ရပ္လံုး ဘဝ ေအးခ်မ္းလံုျခံဳေရးအတြက္ ေသာ္လည္းေကာင္း၊ ျမန္မာႏိုင္ငံေတာ္ႀကီး အထူးအားျဖင့္ ရွမ္းျပည္နယ္ႀကီး ဖြံ႕ၿဖိဳးတိုးတက္ သာယာေရးအတြက္ ေသာ္လည္းေကာင္း၊ ျပည္သူမ်ား၏ မ်က္ႏွာကို မူေသာအားျဖင့္ ေသာ္လည္းေကာင္း တစ္ဘက္ႏွင့္တစ္ဘက္ စစ္ေရးအရ ရင္ဆိုင္မႈမ်ားကို ရပ္ဆိုင္းသင့္ပါေၾကာင္း အၾကံျပဳ တိုက္တြန္းလိုပါသည္။ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အားလံုးအေနျဖင့္ မိမိတို႔၏ ယံုၾကည္ခ်က္၊ ခံယူခ်က္၊ ရန္ၿငႇိဳးအာဃာတမ်ားကို အသာထားကာ စစ္ေဘးေရွာင္စခန္းမ်ားမွ ျပည္သူမ်ား၏ မ်က္ႏွာ ကို ငဲ့ညႇာၾကပါဟု ဆႏၵျပဳလိုက္ရပါသည္။  
.
============================================================
ပြည်သူ့ မျက်နှာကို ငဲ့ညှာကြပါ
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်မှ စတင်၍ ညီနောင်မဟာမိတ် တပ်ဖွဲ့များဖြစ်သော TNLA၊ MNDAA၊ AA တို့နှင့် တပ်မတော်တို့အကြား တစ်ကျော့ပြန် ဖြစ်ပွားလာသော စစ်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် ဒေသခံပြည်သူ အများအပြား စစ်ဘေးတိမ်းရှောင်နေကြရ သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ စာရင်းများအရ ရှမ်းမြောက်ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေသူ စုစုပေါင်း ၂၅ဝဝ ခန့်အထိ ရှိနေပြီး  ရှမ်းပြည်နယ်အစိုးရမှ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။ ယင်းကိန်းဂဏန်းများမှာလည်း စစ်ရှောင်စခန်းများသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများ၏ အရေအတွက်သာ ဖြစ်ပြီး စစ်ရှောင်စခန်းများသို့ ရောက်ရှိလာခြင်း မရှိဘဲ အခြား နီးစပ်ရာ နေရာများတွင် ခိုလှုံနေသူများ ရှိနိုင်သလို စစ်ပွဲအတွင်း ပိတ်မိနေသူများလည်း ရှိနေမည်မှာ သေချာပါ သည်။
.
စစ်ပွဲများ၏ အကျိုးဆက်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူများ စစ်ဘေးစစ်ဒဏ်ကို ခံစားရသည့်အပြင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်းများကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို တစ်ပါတည်း ခံစားနေကြ ရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ယခုအခါ ဆန်တစ်အိတ်ကျပ် ၈ဝဝဝဝ မှ ၁၅ဝဝဝဝ၊  ကြက်ဥ တစ်လုံးလျှင် ၅ဝဝ ကျပ်၊ ဆီတပိသာလျှင် ၄ဝဝဝ မှ ၆ဝဝဝ ကျပ်အထိ ဈေးတင် ရောင်းချမှုများ ရှိနေပြီး ယခုကဲ့သို့ အလုပ် လက်မဲ့ ဖြစ်နေချိန်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒေသခံများအတွက် အခက်အခဲ ဖြစ်ပေါ်နေရပြီး အစိုးရမှ တနည်းနည်းဖြင့် ထိန်းသိမ်းပေးသင့်ကြောင်း ဒေသခံများမှ ဝေဖန်ပြောဆိုလျက်ရှိသည်။
.
ထို့အပြင် တိုက်ပွဲများကြောင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေးအရ အခြေခံ ပညာ စာသင်ကျောင်းပေါင်း ၁၂၀ ကျော်ကိုလည်း ယာယီပိတ်ခဲ့ရကြောင်း သိရပါသည်။
.
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင် လွတ်လပ်ရေးရစ အချိန်ကာလမှ စတင်၍ ရှမ်းပြည်နယ်နှင့် တောင် ပေါ်ဒေသတို့တွင် ပြည်တွင်းစစ်ကို ခံစားခဲ့ကြရသည်။ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတ/နအဖခေတ်၊ ယနေ့ ပါတီစုံဒီမိုကရေစီစနစ် စသည်ဖြင့် စနစ် အမျိုးမျိုး ပြောင်းလဲခဲ့ပြီး အုပ်ချုပ်သူ/အုပ်ချုပ်ခံသူ အဆက်ဆက် ပြောင်းလဲခဲ့သော်လည်း မပြောင်းလဲနိုင်သေးသည်မှာ တောင်ပေါ်မြေက ဘဝများပင် ဖြစ်သည်။
.
တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး၊ နိုင်ငံရေးအယူဝါဒကွဲပြားမှု စသည့် ခေါင်းစဉ်မျိုးစုံဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အပြိုင်အဆိုင် ပေါ်ပေါက်ခဲ့ကြရသည်။ ထိတွေ့တိုက်ပွဲများ မကြာခဏ ဆိုသလို ပေါ်ပေါက်ခဲ့ကြသည်။ နှစ်ဘက်တပ်များ၊ နှစ်ဘက်ထက် ပိုသော တပ်များ ဘယ်လိုပင် တိုက်ပွဲ ဖြစ်ဖြစ် စစ်တိုက်ပြီဆိုလျှင် အမှန်တကယ် နစ်နာရသူများမှာ နှစ်ဘက် လက်နက်ကိုင်တပ်များသာမက တိုက်ပွဲကြား က အပြစ်မဲ့ မြေဇာပင် ပြည်သူများသာ ဖြစ်ပါသည်။
.
လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လက်နက်ကိုင် တပ်ဖွဲ့များအပြင် ဒေသခံပြည်သူများ ထိခိုက်နစ်နာ သေဆုံးခဲ့ရသည်။ အထူးအားဖြင့် တိုက်ပွဲအတွင်းမှ ထိုက်ခိုက် ဒဏ်ရာရ၊ သေဆုံးသူများအား ကူညီ ကယ်ဆယ်ပေးနေသည့် လူမှုရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ်များ ပစ်ခတ်ခံနေရမှုများက လွန်စွာ ရုပ်ဆိုး အကျည်းတန်စေသလို များစွာပင် စိတ်မကောင်း ဖြစ်မိရပါသည်။
.
ယင်းအနိဋ္ဌာရုံများကို အဆုံးသတ်နိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ ပြည်တွင်းစစ် အမြန်ဆုံး ချုပ် ငြိမ်းရပ်စဲရေးပင်ဖြစ်ပါသည်။ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားနေသော အစိုးရတပ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု တစ်ရပ်လုံး ဘဝ အေးချမ်းလုံခြုံရေးအတွက် သော်လည်းကောင်း၊ မြန်မာနိုင်ငံတော်ကြီး အထူးအားဖြင့် ရှမ်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက် သာယာရေးအတွက် သော်လည်းကောင်း၊ ပြည်သူများ၏ မျက်နှာကို မူသောအားဖြင့် သော်လည်းကောင်း တစ်ဘက်နှင့်တစ်ဘက် စစ်ရေးအရ ရင်ဆိုင်မှုများကို ရပ်ဆိုင်းသင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုပါသည်။ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးအနေဖြင့် မိမိတို့၏ ယုံကြည်ချက်၊ ခံယူချက်၊ ရန်ငြှိုးအာဃာတများကို အသာထားကာ စစ်ဘေးရှောင်စခန်းများမှ ပြည်သူများ၏ မျက်နှာ ကို ငဲ့ညှာကြပါဟု ဆန္ဒပြုလိုက်ရပါသည်။  
.

No comments:

Post a Comment

Journal Download

Photo of three cats