ညောင်ရွှေတွင် ၈ တန်းကျောင်းသူအား အဓမ္မ ပြုကျင့်ခဲ့သူကို ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, August 18, 2019

ညောင်ရွှေတွင် ၈ တန်းကျောင်းသူအား အဓမ္မ ပြုကျင့်ခဲ့သူကို ဖမ်းဆီး

မင်းဇော်မင်း
.
.
အဆိုပါ အဓမ္မ ပြုကျင့်ခံရသူ ကျောင်းသူမှာ လွန်ခဲ့သော ၅ လ ခန့်က ညောင်ရွှေမို့နယ်၊ ဘုရားငါးဆူကျေးရွာရှိ အဒေါ်ဖြစ်သူ နေအိမ်သိုသွားရောက် လည်ပတ်စဉ် ဗိုလ်ထွေး (အဒေါ်၏ ယောက်ျား)မှ အိခန်းတွင်းသိုဆွဲခေါ်ကာ အဓမ္မ ပြုကျင့်ခဲ့သော်လည်း အမျိုးသမီးငယ်မှာ ရှက်မိဘများသို့ တိုင်ကြားခြင်း မပြုခဲ့ကြောင်း၊ ယင်းနောက် ၁၅ ရက်ခန်အကြာ အဖွား ဖြစ်သူ၏ နေအိမ်သို့ သွားရောက်ရာတွင်လည်း ဗိုလ်ထွေးမှ ထပ်မံ၍ အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ အသက် ၁၃ နှစ် အရွယ် ၈ တန်း ကျောင်းသူအား အဓမ္မပြုကျင့်ခဲ့သူ ဗိုလ်ထွေးအား ညောင်ရွှေမြို့မရဲစခန်းမှ (ပ)၄၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.

=================
.
ညောင်ရွှေတွင် ၈ တန်းကျောင်းသူကို အဓမ္မ ပြုကျင့်ခဲ့သူကို ဖမ်းဆီး
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာအုပ်စု၊ ဖွဲ့စင်းမြောက်၊ ဘုရားငါးဆူကျေးရွာတွင် အသက် ၁၃ နှစ် အရွယ်၊ ၈ တန်း ကျောင်းသူအား အဓမ္မ ပြုကျင့်ခဲ့သူကို သြဂုတ်လ ၁၇ ရက်က ဖမ်းဆီးခဲ့ကြောင်း ညောင်ရွှေ မြို့မရဲစခန်းမှ သိရသည်။
.
အဆိုပါ အဓမ္မ ပြုကျင့်ခံရသူ ကျောင်းသူမှာ လွန်ခဲ့သော ၅ လ ခန့်က ညောင်ရွှေမြို့နယ်၊ ဘုရားငါးဆူကျေးရွာရှိ အဒေါ်ဖြစ်သူ နေအိမ်သို့ သွားရောက် လည်ပတ်စဉ် ဗိုလ်ထွေး (အဒေါ်၏ ယောက်ျား)မှ အိပ်ခန်းတွင်းသို့ ဆွဲခေါ်ကာ အဓမ္မ ပြုကျင့်ခဲ့သော်လည်း အမျိုးသမီးငယ်မှာ ရှက်၍ မိဘများသို့ တိုင်ကြားခြင်း မပြုခဲ့ကြောင်း၊ ယင်းနောက် ၁၅ ရက်ခန့် အကြာ အဖွား ဖြစ်သူ၏ နေအိမ်သို့ သွားရောက်ရာတွင်လည်း ဗိုလ်ထွေးမှ ထပ်မံ၍ အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် အမျိုးသမီးငယ်မှာ ကျေးလက်ကျန်းမာရေး ဆရာမထံ ပြသစစ်ဆေးရာ ကိုယ်ဝန် ၅ လ ရှိနေပြီ ဖြစ်ကြောင်း သိရသဖြင့် သြဂုတ်လ ၁၇ ရက်တွင် မိခင်ဖြစ်သူမှ ညောင်ရွှေမြို့မရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သဖြင့် အဓမ္မ ပြုကျင့်ခဲ့သူ ဗိုလ်ထွေးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အသက် ၁၃ နှစ် အရွယ် ၈ တန်း ကျောင်းသူအား အဓမ္မပြုကျင့်ခဲ့သူ ဗိုလ်ထွေးအား ညောင်ရွှေမြို့မရဲစခန်းမှ (ပ)၄၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats