ေအးသာယာ အေဝးေျပးကားဝင္းအား အဆင့္ျမင့္ ယာဥ္ရပ္နားစခန္းအျဖစ္ အဆင့္ျမႇင့္တင္ ေဆာင္ရြက္သြားမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, August 1, 2019

ေအးသာယာ အေဝးေျပးကားဝင္းအား အဆင့္ျမင့္ ယာဥ္ရပ္နားစခန္းအျဖစ္ အဆင့္ျမႇင့္တင္ ေဆာင္ရြက္သြားမည္

ေကာင္းမြန္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ေတာင္ ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕ရွိ အေဝးေျပး ကားဝင္းအား အဆင့္ျမင့္ ယာဥ္ရပ္နားစခန္းအျဖစ္ အဆင့္ျမႇင့္ တင္ေရးအတြက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
.
''ေအးသာယာကားဝင္း အဆင့္ ျမႇင့္တင္မႈလုပ္ငန္းကို ၂ ႏွစ္ခြဲအတြင္း အၿပီးလုပ္ဖို႔ သတ္မွတ္ထားတယ္။ အ ၁ အေနနဲ႔ ဂိတ္ဆိုင္ခန္းေပါင္း ၁ဝဝ ေက်ာ္ တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။ တည္ေဆာက္ေရး လုပ္ငန္း ၿပီးသြားရင္ ကုမၸဏီက စည္ပင္ကို ျပန္အပ္ရမယ္။ လစဥ္ ဂိတ္ဝင္ေၾကးနဲ႔ ဆိုင္ခန္းငွားရမ္းခ ေတြကိုလည္း စည္ပင္ သာယာကပဲ ရမွာ ျဖစ္ပါ တယ္။ လက္ရွိ ဆိုင္ခန္းေတြကိုလည္း ေနရာ ေပးထား ၿပီးပါၿပီ''ဟု ေတာင္ႀကီး ၿမိဳ႕နယ္စည္ပင္သာယာေရး ဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ေအးသာယာ ကားဝင္း အဆင့္ျမႇင့္တင္မႈ လုပ္ငန္းမ်ားကို ထိန္သာ ေဆာက္လုပ္ေရး ကုမၸဏီမွ တာဝန္ယူ ေဆာင္ရြက္ေန ျခင္း ျဖစ္ၿပီး ပထမႏွစ္တြင္ ဂိတ္ဆိုင္ခန္းမ်ားကို ေဆာက္လုပ္သြားမည္ ျဖစ္ကာ ဒုတိယႏွစ္တြင္ ခရီးသည္မ်ား သြားလာမႈ အဆင္ေျပေစရန္အတြက္ ခရီးသည္ နားေနေဆာင္ကိုလည္း ထည့္သြင္းတည္ေဆာက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
''ကြၽန္ေတာ္တို႔အေနနဲ႔ ဒီလုပ္ငန္းကို စလုပ္တာကေတာ့ ေမလကမွ စဝင္တာ ျဖစ္တဲ့အတြက္၂ လခြဲ၊ ၃ လေလာက္ပဲ ရွိပါေသးတယ္။ ပထမ ႏွစ္မွာေတာ့ Terminsl မပါေသးပါဘူး။ ေဘးပတ္ပတ္လည္က အေဆာက္အဦေတြကို အရင္ ေဆာက္လုပ္မွာ ျဖစ္ပါတယ္။ အခုဆိုရင္ အေဆာင္ ၁ဝ လံုးမွာ ၅ လံုးက Structure တက္ဖို႔ အဆင္သင့္ျဖစ္ ေနပါၿပီ။ အဲဒါၿပီးသြားရင္ ေဆာက္လုပ္ေရး လုပ္ငန္းကေတာ့ မၾကာခင္ ၿပီးသြားမွာပါ''ဟု ေအးသာယာ ကားႀကီးကြင္း အဆင့္ျမႇင့္တင္ေရး လုပ္ငန္းအား တာဝန္ယူ ေဆာက္ရြက္ေန သည့္ ထိန္သာ ေဆာက္လုပ္ေရး ကုမၸဏီမွ စီမံကိန္းမန္ေနဂ်ာ ကိုေက်ာ္မိုးထြန္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ေအးသာယာ ကားႀကီးကြင္းသည္ ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသမွ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလး အပါ အဝင္ ျမန္မာႏိုင္ငံေဒသ အသီးသီးသို႔ ဝင္ထြက္ သြားလာႏိုင္သည့္ အဓိက ထြက္ေပါက္ တစ္ခု ျဖစ္ၿပီး လက္ရွိကားဝင္းအတြင္း ယာဥ္လိုင္းဂိတ္ေပါင္း ၃ဝ ေက်ာ္ရွိကာ ဂိတ္ခန္းေနရာ မေပးႏိုင္ ေသာေၾကာင့္ ကားလမ္းေဘးႏွင့္ လူေနရပ္ကြက္အတြင္း ဂိတ္လိုင္းခန္း ဖြင့္လွစ္ထားေသာ ယာဥ္လိုင္းမ်ားလည္း အမ်ားအျပား ရွိေနေၾကာင္း သိရသည္။
.

ေတာင္ႀကီးၿမိဳ႕တြင္ ခရီးသည္တင္ ယာဥ္ရပ္နားစခန္း အေနျဖင့္ သစ္ေတာ ကားေလးဝင္း၊ ေမာခ်ယ္ရီကားဝင္းႏွင့္ ယခု ေအးသာယာကားႀကီးကြင္း ဟူ၍ ၃ ခုရွိရာ ေတာင္ႀကီးၿမိဳ႕ မွ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ေတာင္ပိုင္း၊ လြိဳင္လင္၊ လင္းေခးခ႐ိုင္မ်ားႏွင့္ ကယားျပည္နယ္သို႔ ထြက္ခြာသည့္ ယာဥ္လိုင္းမ်ားသည္ သစ္ေတာကား ေလးဝင္းတြင္ လည္းေကာင္း၊ ေတာင္ႀကီးၿမိဳ႕မွ ကေလာ၊ ေအာင္ပန္း၊ ပင္းတယကဲ့သို႔ ျပည္နယ္အတြင္း သြားလာသည့္ ခရီးသည္တင္ ယာဥ္လိုင္းမ်ားကို ေမာခ်ယ္ရီကားဝင္းတြင္လည္းေကာင္း၊ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလးကဲ့သို႔ေသာ ျပည္နယ္ျခား၊ တိုင္းျခား သြားလာသည့္ ယာဥ္လိုင္းမ်ားကို ေအးသာယာ ကားဝင္းတြင္ လည္း ေကာင္း ေနရာ ခ်ထားေပးခဲ့ေသာ္လည္း ဂိတ္ခန္းေနရာ မလံုေလာက္မႈ၊ စနစ္မက်မႈမ်ားေၾကာင့္ ေသာ္လည္း ေကာင္း၊ သြားလာေရး အခက္အခဲမ်ားေၾကာင့္ ေသာ္လည္းေကာင္း ေတာင္ႀကီးၿမိဳ႕ေပၚရွိ လူေနရပ္ကြက္မ်ားႏွင့္ ၿမိဳ႕မေစ်းအနီး တစ္ဝိုက္ေနရာမ်ား တြင္ အေဝးေျပး ယာဥ္လိုင္းမ်ား ဂိတ္ ခန္း ဖြင့္လွစ္၍ ခရီးသည္တင္ေဆာင္ ေျပးဆြဲမႈမ်ား ရွိေနေၾကာင္း သိရသည္။
.
အဆိုပါ ေအးသာယာ အဆင့္ျမင့္ ယာဥ္ ရပ္နားစခန္း တည္ေဆာက္ရာတြင္ ယာဥ္လိုင္း ဂိတ္ခန္းမ်ား၊ စား ေသာက္ဆိုင္မ်ားအျပင္ ဟိုတယ္ တစ္လံုး၊ စက္သံုးဆီ အေရာင္းဆိုင္၊ ကားေရေဆး ဆီလိုက္ႏွင့္ ဝပ္ေရွာ့ေနရာမ်ားကိုလည္း ထည့္သြင္းတည္ ေဆာက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
==================
.
အေးသာယာ အဝေးပြေးကားဝင်းအား အဆင့်မြင့် ယာဉ်ရပ်နားစခန်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်
.
ကောင်းမွန်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အဝေးပြေး ကားဝင်းအား အဆင့်မြင့် ယာဉ်ရပ်နားစခန်းအဖြစ် အဆင့်မြှင့် တင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
''အေးသာယာကားဝင်း အဆင့် မြှင့်တင်မှုလုပ်ငန်းကို ၂ နှစ်ခွဲအတွင်း အပြီးလုပ်ဖို့ သတ်မှတ်ထားတယ်။ အ ၁ အနေနဲ့ ဂိတ်ဆိုင်ခန်းပေါင်း ၁ဝဝ ကျော် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တည်ဆောက်ရေး လုပ်ငန်း ပြီးသွားရင် ကုမ္ပဏီက စည်ပင်ကို ပြန်အပ်ရမယ်။ လစဉ် ဂိတ်ဝင်ကြေးနဲ့ ဆိုင်ခန်းငှားရမ်းခ တွေကိုလည်း စည်ပင် သာယာကပဲ ရမှာ ဖြစ်ပါ တယ်။ လက်ရှိ ဆိုင်ခန်းတွေကိုလည်း နေရာ ပေးထား ပြီးပါပြီ''ဟု တောင်ကြီး မြို့နယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အေးသာယာ ကားဝင်း အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ထိန်သာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေ ခြင်း ဖြစ်ပြီး ပထမနှစ်တွင် ဂိတ်ဆိုင်ခန်းများကို ဆောက်လုပ်သွားမည် ဖြစ်ကာ ဒုတိယနှစ်တွင် ခရီးသည်များ သွားလာမှု အဆင်ပြေစေရန်အတွက် ခရီးသည် နားနေဆောင်ကိုလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
''ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းကို စလုပ်တာကတော့ မေလကမှ စဝင်တာ ဖြစ်တဲ့အတွက်၂ လခွဲ၊ ၃ လလောက်ပဲ ရှိပါသေးတယ်။ ပထမ နှစ်မှာတော့ Terminsl မပါသေးပါဘူး။ ဘေးပတ်ပတ်လည်က အဆောက်အဦတွေကို အရင် ဆောက်လုပ်မှာ ဖြစ်ပါတယ်။ အခုဆိုရင် အဆောင် ၁ဝ လုံးမှာ ၅ လုံးက Structure တက်ဖို့ အဆင်သင့်ဖြစ် နေပါပြီ။ အဲဒါပြီးသွားရင် ဆောက်လုပ်ရေး လုပ်ငန်းကတော့ မကြာခင် ပြီးသွားမှာပါ''ဟု အေးသာယာ ကားကြီးကွင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းအား တာဝန်ယူ ဆောက်ရွက်နေ သည့် ထိန်သာ ဆောက်လုပ်ရေး ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ကိုကျော်မိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အေးသာယာ ကားကြီးကွင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါ အဝင် မြန်မာနိုင်ငံဒေသ အသီးသီးသို့ ဝင်ထွက် သွားလာနိုင်သည့် အဓိက ထွက်ပေါက် တစ်ခု ဖြစ်ပြီး လက်ရှိကားဝင်းအတွင်း ယာဉ်လိုင်းဂိတ်ပေါင်း ၃ဝ ကျော်ရှိကာ ဂိတ်ခန်းနေရာ မပေးနိုင် သောကြောင့် ကားလမ်းဘေးနှင့် လူနေရပ်ကွက်အတွင်း ဂိတ်လိုင်းခန်း ဖွင့်လှစ်ထားသော ယာဉ်လိုင်းများလည်း အများအပြား ရှိနေကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင် ခရီးသည်တင် ယာဉ်ရပ်နားစခန်း အနေဖြင့် သစ်တော ကားလေးဝင်း၊ မောချယ်ရီကားဝင်းနှင့် ယခု အေးသာယာကားကြီးကွင်း ဟူ၍ ၃ ခုရှိရာ တောင်ကြီးမြို့ မှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ လွိုင်လင်၊ လင်းခေးခရိုင်များနှင့် ကယားပြည်နယ်သို့ ထွက်ခွာသည့် ယာဉ်လိုင်းများသည် သစ်တောကား လေးဝင်းတွင် လည်းကောင်း၊ တောင်ကြီးမြို့မှ ကလော၊ အောင်ပန်း၊ ပင်းတယကဲ့သို့ ပြည်နယ်အတွင်း သွားလာသည့် ခရီးသည်တင် ယာဉ်လိုင်းများကို မောချယ်ရီကားဝင်းတွင်လည်းကောင်း၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးကဲ့သို့သော ပြည်နယ်ခြား၊ တိုင်းခြား သွားလာသည့် ယာဉ်လိုင်းများကို အေးသာယာ ကားဝင်းတွင် လည်း ကောင်း နေရာ ချထားပေးခဲ့သော်လည်း ဂိတ်ခန်းနေရာ မလုံလောက်မှု၊ စနစ်မကျမှုများကြောင့် သော်လည်း ကောင်း၊ သွားလာရေး အခက်အခဲများကြောင့် သော်လည်းကောင်း တောင်ကြီးမြို့ပေါ်ရှိ လူနေရပ်ကွက်များနှင့် မြို့မဈေးအနီး တစ်ဝိုက်နေရာများ တွင် အဝေးပြေး ယာဉ်လိုင်းများ ဂိတ် ခန်း ဖွင့်လှစ်၍ ခရီးသည်တင်ဆောင် ပြေးဆွဲမှုများ ရှိနေကြောင်း သိရသည်။
.
အဆိုပါ အေးသာယာ အဆင့်မြင့် ယာဉ် ရပ်နားစခန်း တည်ဆောက်ရာတွင် ယာဉ်လိုင်း ဂိတ်ခန်းများ၊ စား သောက်ဆိုင်များအပြင် ဟိုတယ် တစ်လုံး၊ စက်သုံးဆီ အရောင်းဆိုင်၊ ကားရေဆေး ဆီလိုက်နှင့် ဝပ်ရှော့နေရာများကိုလည်း ထည့်သွင်းတည် ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats