ဆီဆိုင္ၿမိဳ႕နယ္၊ ထီဗြာစိုက္ခင္းအတြင္း ေျမယာအျငင္းပြားမႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ တရားလႊတ္ေတာ္၏ စီရင္ခ်က္ ခ်မွတ္မႈသည္ တရားမွ်တမႈ မရွိဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Wednesday, August 14, 2019

ဆီဆိုင္ၿမိဳ႕နယ္၊ ထီဗြာစိုက္ခင္းအတြင္း ေျမယာအျငင္းပြားမႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ တရားလႊတ္ေတာ္၏ စီရင္ခ်က္ ခ်မွတ္မႈသည္ တရားမွ်တမႈ မရွိဟု ဆို


ထမံသီ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဆီဆိုင္ၿမိဳ႕နယ္၊ ဘန္႔ဖြီးေက်းရြာအုပ္စု၊ ထီဗြာစိုက္ခင္းအတြင္း ရွမ္း ျပည္ လူမ်ိဳးေပါင္းစံု လြတ္ေျမာက္ေရး အဖြဲ႕ (ရလလဖ)ႏွင့္ ေဒသခံေတာင္ သူမ်ားအၾကား ေျမယာအျငင္းပြား မႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ တ ရားလႊတ္ေတာ္၏ စီရင္ခ်က္ခ်မွတ္မႈသည္ တရားမွ်တျခင္း မရွိဟုေဒသခံ ေတာင္သူမ်ားမွ ေျပာဆိုခဲ့သည္။
.
.
ဆီဆိုင္ၿမိဳ႕နယ္၊ ဘန္႔ဖြီးေက်း ရြာအုပ္စုရွိ ရလလဖပိုင္ ထီဗြာစိုက္ ခင္းအတြင္းရွိ ေျမယာအတြင္း ဝင္ေရာက္ က်ဴးေက်ာ္ထြန္ယက္စိုက္ ပ်ိဳးခဲ့သည္ဟုဆိုကာ ေတာင္သူ ၁၂ ဦးအား ရလလဖ တာဝန္ခံတစ္ဦး မွ ဆီဆိုင္ၿမိဳ႕နယ္ တရား႐ံုးသို႔ ဦး တိုက္ေလွ်ာက္ထားခဲ့ရာတြင္ ဆီဆိုင္ ၿမိဳ႕နယ္တရား႐ံုးက ေတာင္သူမ်ားကို လႊတ္ေပးခဲ့သည့္အတြက္ ျပည္နယ္ တရားလႊတ္ေတာ္သို႔ အယူခံတင္ျပ ရာတြင္ ျပည္နယ္တရားလႊတ္ေတာ္ မွ ၿမိဳ႕နယ္တရား႐ံုး၏ စီရင္ခ်က္ကို ပယ္ခ်ၿပီး ေတာင္သူ ၁၂ ဦးအနက္ ဦးေနေအာင္၊ ဦးႏိုင္း၊ ဦးတာခင္၊ ဦးတာဦး၊ ဦးဘခ်င္း၊ ဦးထြန္းျဖဴ၊ ခြန္ဘန္ခ်ဴး၊ ခြန္ေမာင္ဒုန္း (ခ) ခြန္ ေမာင္ဒံုး (ခ) ခြန္ေမာင္ဗံုး၊ ခြန္ ေမာင္ဗိုင္း၊ ထြက္ကလိန္(ခ) ဦး သိန္းလြင္ တို႔အား ရာဇသတ္ႀကီး ပုဒ္မ ၄၄၇ အရ အလုပ္မဲ့ ေထာင္ ဒဏ္ ၃ လစီက်ခံရန္ႏွင့္ မမိုးပန္၊ မနန္းခံတို႔အား ဒဏ္ေငြ ၅ ေသာင္း က်ပ္ ေပးေဆာင္ရန္ႏွင့္ မေဆာင္ ပါက အလုပ္မဲ့ေထာင္ဒဏ္ ၁၅ ရက္ စီ က်ခံေစရန္ ျပည္နယ္တရားလႊတ္ ေတာ္ တရားသူႀကီး ဦးခင္ေမာင္ေဌး မွ စီရင္ခ်က္ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္က “ဒီလိုအမႈေတြက ပိုင္ဆိုင္မႈနဲ႕ လုပ္ ပိုင္ခြင့္ကို အဓိကထား စဥ္စားတာ မဟုတ္ပါဘူး။ ျပစ္မႈေၾကာင္းအရ တရားစြဲဆိုတာျဖစ္တဲ့အတြက္ လက္ရွိ ဘယ္သူေတြ လုပ္ကိုင္ေနတယ္ဆိုတဲ့အခ်က္က အေရးႀကီးပါတယ္။ ဒီလို စီရင္တာေတြနဲ႔ ပတ္သက္လို႔ ေက်နပ္မႈမရွိရင္ အထက္႐ံုးအဆင့္ဆင့္ကို ျပင္ဆင္ခြင့္ တင္သြင္းလို႕ ရပါတယ္ဟု ေျပာဆိုခဲ့သည္။
.

ကြ်န္ေတာ္တို႔မွာ ၂၀ဝ၆ ခုႏွစ္ ကတည္းက ထုတ္ေပးထားတဲ့ ပံုစံ ၁၀၅ နဲ႔ ေျမခြန္ေျပစာ ျဖတ္ပိုင္းေတြ ရွိပါတယ္။ ေျမစာရင္းရဲ႕ လုပ္ကိုင္ ေဆာင္ရြက္မႈ အားနည္းတာလည္းပါ တယ္။ ရလလဖ အဖြဲ႕ကေန ပံုစံ ၁၀၅၊ ပံုစံ ၇ ထုတ္မယ္ဆိုရင္ ဒီေျမ ေတြက လြတ္သလား၊ ဘယ္သူပိုင္ သလဲဆိုတာ ေဒသခံေတြကို အရင္ ေမးသင့္တယ္။ ဒီေျမေတြမွာ ကြ်န္ ေတာ္တို႕ စိုက္ပ်ိဳးလာတာ ႏွစ္ေပါင္း ၅၀ ေက်ာ္ ရွိပါၿပီ။ ျပည္နယ္ တရား လႊတ္ေတာ္က ခ်တဲ့ စီရင္ခ်က္က တရားမွ်တမႈ မရွိပါဘူး
ဟု တရား စြဲဆိုခံရသည့္ ေတာင္သူတစ္ဦးက ကေမၻာဇတိုင္းသို႕ ေျပာဆိုခဲ့သည္။
.
ရွမ္းျပည္ လူမ်ိဳးေပါင္းစံုလြတ္ ေျမာက္ေရး အဖြဲ႕ခ်ဳပ္ (ရလလဖ) ထီဗြာအဖြဲ႕မွ တပ္ဖြဲ႕ဝင္ မိသားစုမ်ား လုပ္ကိုင္ စားေသာက္ႏိုင္ရန္အတြက္ ႏိုင္ငံေတာ္မွ ေျမယာမ်ား ေတာင္းခံ ခဲ့ရာတြင္ ေျမစာရင္းပံုစံ ၁၀၅ ေပါက္ ဧက ၁၀ဝ၀ ေက်ာ္ႏွင့္ ပံုစံ ၇ ေပါက္ ၈၅၈ ဧကေက်ာ္ ရရွိခဲ့ၿပီး ထိုေျမ ယာမ်ားအနက္မွ ဧက ၅၀ဝ ေက်ာ္ ကို ေဒသခံ ေတာင္သူမ်ားထံ ျပန္ လည္လႊဲေျပာင္း ေပးအပ္ခဲ့ၿပီး ျဖစ္ ေၾကာင္း အဆိုပါအဖြဲ႕ ေျပာေရးဆို ခြင့္ရွိသူက ကေမၻာဇတိုင္းသို႔ ေျပာ သည္။
.
ေဒသခံေတာင္သူေတြ လုပ္ ကိုင္စားေသာက္ဖို႔ ေျမဧက ၅၀ဝ ေက်ာ္ ျပန္လည္ စြန္႔လႊတ္ေပးခဲ့ၿပီး ၿပီ။ အခုဟာက တပ္ဖြဲ႕မိသားစု လုပ္ကိုင္စားေသာက္တဲ့ ေျမယာထဲ ထြန္ စက္ေတြနဲ႔ အတင္းဝင္ေရာက္ စိုက္ပ်ိဳးလို႕ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။ ျပည္နယ္ တရား႐ံုးက သက္ေသခံ အေထာက္အထားေတြ စစ္ၿပီးေနာက္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁၇ ရက္မွ ေထာင္ဒဏ္နဲ႔ ေငြဒဏ္ ခ် မွတ္ၿပီး ျဖစ္ပါတယ္။ ဒါကို သက္ ဆိုင္ရာ ဌာနေတြက ဒီကေန႔အထိ အေရးယူ ေဆာင္ရြက္မႈ မရွိေသးပါဘူးဟု င္းက ေျပာဆိုခဲ့သည္။
.
ယင္းကဲ့သို႔ ေျပာဆိုမႈႏွင့္ ပတ္ သက္၍ ဆီဆိုင္ၿမိဳ႕နယ္၊ ဘန္းယဥ္ နယ္ေျမ ရဲစခန္းမွဴးထံ ကေမၻာဇတိုင္းမွ ဆက္သြယ္ေမးျမန္းရာ ရလလဖကလည္း လွမ္းေမးတာရွိတယ္။ ၿမိဳ႕နယ္က ဘာၫႊန္ၾကားခ်ကမွ မလာေသးဘူး။ အထက္က အဲဒီ တရားခံေတြကို ဖမ္းပါဆိုတဲ့ ဖမ္းဝရမ္းစာ မလာေသးေတာ့ ကြ်န္ေတာ္တို႔က ဘာမွ လုပ္လို႔မရပါဘူးဟု ျပန္လည္ ေျဖၾကားခဲ့သည္။
.
ရွမ္းျပည္လူမ်ိဳးေပါင္းစံု ျပည္သူ႕လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (ရ လလဖ) ထီဗြာ အဖြဲ႕အစည္းသည္ ၂၀ဝ၇ ခုႏွစ္၊ ဇြန္လ ၂၆ ရက္က ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္ လာေသာ အဖြဲ႕အစည္း တစ္ခုျဖစ္ ၿပီး ဗဟိုဥကၠဌ ဦးခြန္ခ်စ္ေမာင္အား ႏိုင္ငံေတာ္မွ ယင္းေျမယာမ်ား ခ်ထား ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
============================================================
ဆီဆိုင်မြို့နယ်၊ ထီဗွာစိုက်ခင်းအတွင်း မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် တရားလွှတ်တော်၏ စီရင်ချက် ချမှတ်မှုသည် တရားမျှတမှု မရှိဟု ဆို
.
ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန့်ဖွီးကျေးရွာအုပ်စု၊ ထီဗွာစိုက်ခင်းအတွင်း ရှမ်း ပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ)နှင့် ဒေသခံတောင် သူများအကြား မြေယာအငြင်းပွား မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် တ ရားလွှတ်တော်၏ စီရင်ချက်ချမှတ်မှုသည် တရားမျှတခြင်း မရှိဟုဒေသခံ တောင်သူများမှ ပြောဆိုခဲ့သည်။
.
ဆီဆိုင်မြို့နယ်၊ ဘန့်ဖွီးကျေး ရွာအုပ်စုရှိ ရလလဖပိုင် ထီဗွာစိုက် ခင်းအတွင်းရှိ မြေယာအတွင်း ဝင်ရောက် ကျူးကျော်ထွန်ယက်စိုက် ပျိုးခဲ့သည်ဟုဆိုကာ တောင်သူ ၁၂ ဦးအား ရလလဖ တာဝန်ခံတစ်ဦး မှ ဆီဆိုင်မြို့နယ် တရားရုံးသို့ ဦး တိုက်လျှောက်ထားခဲ့ရာတွင် ဆီဆိုင် မြို့နယ်တရားရုံးက တောင်သူများကို လွှတ်ပေးခဲ့သည့်အတွက် ပြည်နယ် တရားလွှတ်တော်သို့ အယူခံတင်ပြ ရာတွင် ပြည်နယ်တရားလွှတ်တော် မှ မြို့နယ်တရားရုံး၏ စီရင်ချက်ကို ပယ်ချပြီး တောင်သူ ၁၂ ဦးအနက် ဦးနေအောင်၊ ဦးနိုင်း၊ ဦးတာခင်၊ ဦးတာဦး၊ ဦးဘချင်း၊ ဦးထွန်းဖြူ၊ ခွန်ဘန်ချူး၊ ခွန်မောင်ဒုန်း (ခ) ခွန် မောင်ဒုံး (ခ) ခွန်မောင်ဗုံး၊ ခွန် မောင်ဗိုင်း၊ ထွက်ကလိန်(ခ) ဦး သိန်းလွင် တို့အား ရာဇသတ်ကြီး ပုဒ်မ ၄၄၇ အရ အလုပ်မဲ့ ထောင် ဒဏ် ၃ လစီကျခံရန်နှင့် မမိုးပန်၊ မနန်းခံတို့အား ဒဏ်ငွေ ၅ သောင်း ကျပ် ပေးဆောင်ရန်နှင့် မဆောင် ပါက အလုပ်မဲ့ထောင်ဒဏ် ၁၅ ရက် စီ ကျခံစေရန် ပြည်နယ်တရားလွှတ် တော် တရားသူကြီး ဦးခင်မောင်ဌေး မှ စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ဒီလိုအမှုတွေက ပိုင်ဆိုင်မှုနဲ့ လုပ် ပိုင်ခွင့်ကို အဓိကထား စဉ်စားတာ မဟုတ်ပါဘူး။ ပြစ်မှုကြောင်းအရ တရားစွဲဆိုတာဖြစ်တဲ့အတွက် လက်ရှိ ဘယ်သူတွေ လုပ်ကိုင်နေတယ်ဆိုတဲ့အချက်က အရေးကြီးပါတယ်။ ဒီလို စီရင်တာတွေနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိရင် အထက်ရုံးအဆင့်ဆင့်ကို ပြင်ဆင်ခွင့် တင်သွင်းလို့ ရပါတယ်ဟု ပြောဆိုခဲ့သည်။
.

ကျွန်တော်တို့မှာ ၂ဝဝ၆ ခုနှစ် ကတည်းက ထုတ်ပေးထားတဲ့ ပုံစံ ၁၀၅ နဲ့ မြေခွန်ပြေစာ ဖြတ်ပိုင်းတွေ ရှိပါတယ်။ မြေစာရင်းရဲ့ လုပ်ကိုင် ဆောင်ရွက်မှု အားနည်းတာလည်းပါ တယ်။ ရလလဖ အဖွဲ့ကနေ ပုံစံ ၁၀၅၊ ပုံစံ ၇ ထုတ်မယ်ဆိုရင် ဒီမြေ တွေက လွတ်သလား၊ ဘယ်သူပိုင် သလဲဆိုတာ ဒေသခံတွေကို အရင် မေးသင့်တယ်။ ဒီမြေတွေမှာ ကျွန် တော်တို့ စိုက်ပျိုးလာတာ နှစ်ပေါင်း ၅၀ ကျော် ရှိပါပြီ။ ပြည်နယ် တရား လွှတ်တော်က ချတဲ့ စီရင်ချက်က တရားမျှတမှု မရှိပါဘူးဟု တရား စွဲဆိုခံရသည့် တောင်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။
.
ရှမ်းပြည် လူမျိုးပေါင်းစုံလွတ် မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) ထီဗွာအဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစုများ လုပ်ကိုင် စားသောက်နိုင်ရန်အတွက် နိုင်ငံတော်မှ မြေယာများ တောင်းခံ ခဲ့ရာတွင် မြေစာရင်းပုံစံ ၁၀၅ ပေါက် ဧက ၁ဝဝဝ ကျော်နှင့် ပုံစံ ၇ ပေါက် ၈၅၈ ဧကကျော် ရရှိခဲ့ပြီး ထိုမြေ ယာများအနက်မှ ဧက ၅ဝဝ ကျော် ကို ဒေသခံ တောင်သူများထံ ပြန် လည်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ် ကြောင်း အဆိုပါအဖွဲ့ ပြောရေးဆို ခွင့်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ဒေသခံတောင်သူတွေ လုပ် ကိုင်စားသောက်ဖို့ မြေဧက ၅ဝဝ ကျော် ပြန်လည် စွန့်လွှတ်ပေးခဲ့ပြီး ပြီ။ အခုဟာက တပ်ဖွဲ့မိသားစု လုပ်ကိုင်စားသောက်တဲ့ မြေယာထဲ ထွန် စက်တွေနဲ့ အတင်းဝင်ရောက် စိုက်ပျိုးလို့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ် တရားရုံးက သက်သေခံ အထောက်အထားတွေ စစ်ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ ထောင်ဒဏ်နဲ့ ငွေဒဏ် ချ မှတ်ပြီး ဖြစ်ပါတယ်။ ဒါကို သက် ဆိုင်ရာ ဌာနတွေက ဒီကနေ့အထိ အရေးယူ ဆောင်ရွက်မှု မရှိသေးပါဘူးဟု ၄င်းက ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ပြောဆိုမှုနှင့် ပတ် သက်၍ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ် နယ်မြေ ရဲစခန်းမှူးထံ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ ရလလဖကလည်း လှမ်းမေးတာရှိတယ်။ မြို့နယ်က ဘာညွှန်ကြားချက်မှ မလာသေးဘူး။ အထက်က အဲဒီ တရားခံတွေကို ဖမ်းပါဆိုတဲ့ ဖမ်းဝရမ်းစာ မလာသေးတော့ ကျွန်တော်တို့က ဘာမှ လုပ်လို့မရပါဘူးဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ရ လလဖ) ထီဗွာ အဖွဲ့အစည်းသည် ၂ဝဝရ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာသော အဖွဲ့အစည်း တစ်ခုဖြစ် ပြီး ဗဟိုဥက္ကဌ ဦးခွန်ချစ်မောင်အား နိုင်ငံတော်မှ ယင်းမြေယာများ ချထား ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats