က်ိဳင္းတံုၿမိဳ႕နယ္အတြင္း၌ ဝက္ေသဆံုးမႈ မ်ားျပားသျဖင့္ ေမြးျမဴေရးႏွင့္ စားသံုးသူေဈးကြက္၌ အေရာင္းအဝယ္ က်ဆင္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, August 6, 2019

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း၌ ဝက္ေသဆံုးမႈ မ်ားျပားသျဖင့္ ေမြးျမဴေရးႏွင့္ စားသံုးသူေဈးကြက္၌ အေရာင္းအဝယ္ က်ဆင္း


ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္တြင္ ဇူလိုင္လအတြင္းက ဝက္ေသဆံုးမႈ မ်ားျပားခဲ့ေသာေၾကာင့္ ဝက္ေမြးျမဴေရးလုပ္ငန္းႏွင့္ အသားထုတ္လုပ္ေရာင္းခ်မႈ လုပ္ငန္းမ်ားတြင္ ဝယ္လိုအား က်ဆင္းကာ အခက္အခဲ ၾကံဳ ေတြ႕ေနရေၾကာင္း သိရသည္။
.
.
လက္ရွိ ေမြးျမဴေရးဝက္ေတြ ေသဆံုးမႈမ်ိဳးကို တစ္ခါမွ မၾကံဳခဲ့ဖူးပါဘူး။ ခုျဖစ္တာက အာဖရိက ဝက္အျပင္းဖ်ား ေရာဂါေတာ့ မဟုတ္ဘူး။ ရာသီဥတု ပူျပင္းတာနဲ႔ ျခံသန္႔ရွင္းေရး အားနည္းလို႔ ျဖစ္တာပါ။ ႀကိဳတင္ကာကြယ္ေဆး ျဖန္းထားတဲ့ ဝက္ျခံနဲ႔ သန္႔ရွင္းေရးကို ဂ႐ုစိုက္တဲ့ ဝက္ျခံေတြမွာ ဘာမွမျဖစ္ပါဘူးဟု က်ိဳင္းတံုၿမိဳ႕နယ္၊ ကတ္ဖေက်း ရြာေန ကိုစိုင္းလံုက ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
က်ိဳင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ကတ္ဖေက်းရြာအုပ္စု၊ ပန္ၾကဴေက်းရြာအုပ္စု၊ ပန္မတ္လယ္ေက်း ရြာအုပ္စု၊ ယန္းေလာေက်းရြာအုပ္စုႏွင့္ အမွတ္ () ရပ္ကြက္ရွိ တစ္ပိုင္တစ္ႏိုင္ ဝက္ေမြးျမဴေရး လုပ္ေဆာင္ေနသည့္ ျခံမ်ားတြင္ ဝက္ေသဆံုးမႈမ်ားကို ေတြ႕ရွိရျခင္းျဖစ္ၿပီး ကတ္ဖေက်းရြာအုပ္စုတြင္ ဝက္ျခံပိုင္ရွင္တစ္ဦး၏ ဝက္ေကာင္ ေရ ၁၇၀ ခန္႔မ်ာ နာမက်န္းျဖစ္ေသာ လကၡဏာကို ေတြ႕ရွိရသျဖင့္ ေျမက်င္းတူး၍ သတ္သင္ရွင္းလင္းခဲ့ရေၾကာင္း သိရသည္။
.
ၿမိဳ႕မေဈးထဲမွာ ဝက္သားဝယ္လိုအား က်ေနၿပီး အသားထုတ္ေရာင္းခ်သူေတြလည္း အေရာင္းအားက်ေန တယ္လို႔ သိရပါတယ္။ ေရာဂါတစ္ခုခု ကပ္ေရာက္လို႔ နာေနတဲ့ဝက္ကို အသားအျဖစ္ ေဈးထဲမ်ာ မေရာင္းခ်ဖို႔ ေဈးေခါင္း႐ံုကေနသတိေပးတားျမစ္ထားပါတယ္ဟု က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဒုတိယဦးစီးမွဴး ဦးမနား႐ႊီးက ကေမ႓ဇတိုင္းသို႔ ေျပာသည္။
.
ယင္းကဲ့သို႔ ဝက္မ်ား ေသဆံုးမႈႏွင့္ ပတ္သက္၍ က်ိဳင္းတံုၿမိဳ႕ေန အိမ္ရွင္မတစ္ဦးကလည္းကၽြန္မတို႔မိသားစု ဝက္သားမစားဖို႔ ဆံုးျဖတ္ၿပီး ေရွာင္ေနပါတယ္။ ေရာဂါရထားတဲ့ဝက္ကို ေဈးေပါေပါနဲ႔ဝယ္ၿပီး အသားထုတ္ေရာင္းေန တယ္ဆိုတဲ့ သတင္းေတြလည္း လူမႈကြန္ရက္မွာ ပ်ံ႕ေနပါတယ္။ ဝက္သားမစားဘဲ ေရွာင္ေနတာက အႏၲရာယ္ကင္းပါ တယ္ဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
တ႐ုတ္ႏိုင္ငံတြင္ ျဖစ္ပြားေနသည့္ အာဖရိကဝက္အျပင္းဖ်ားေရာဂါသည္ နယ္ေျမခ်င္း ထိစပ္လ်က္ရွိေသာ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသသို႔ ကူးစက္မည့္ အႏၲရာယ္အား ေစာင့္ၾကည့္ကာကြယ္ေရးလုပ္ငန္းကို စဥ္ဆက္မျပတ္ ေဆာင္ရြက္လ်က္ရွိၿပီး ယခုၾကံဳေတြ႕ရသည့္ ဝက္ေသဆံုးမႈမ်ားမွာ ရာသီဥတုေၾကာင့္ ေသဆံုးမႈျဖစ္သည္ဟု က်ိဳင္းတံု ၿမိဳ႕နယ္ တိရစာၦန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ သတင္းထုတ္ျပန္ထားသည္။
.
က်ိဳင္းတံုၿမိဳ႕မေဈးတြင္ ဝက္သား အသားသီးသန္႔ တစ္ပိႆာလွ်င္ ၁၀၀၀၀ က်ပ္ႏွင့္ အ႐ိုး၊ အသား၊ အဆီေရာဂာ တစ္ပိႆာလွ်င္ ၈၀၀၀ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်လ်က္ရွိၿပီး လြယ္ေမြလမ္းတြင္ အသားဟင္းမ်ား ေရာင္းခ် ေနသည့္ ဟင္းဆိုင္မ်ား၌ ဝက္သားဟင္း ေရာင္းခ်ျခင္းကို ၎တို႔၏ဆႏၵအေလ်ာက္ ယာယီရပ္ဆိုင္းထားေၾကာင္း သိရသည္။
.
============================================================
ကျိုင်းတုံမြို့နယ်အတွင်း၌ ဝက်သေဆုံးမှု များပြားသဖြင့် မွေးမြူရေးနှင့် စားသုံးသူဈေးကွက်၌ အရောင်းအဝယ် ကျဆင်း
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ဇူလိုင်လအတွင်းက ဝက်သေဆုံးမှု များပြားခဲ့သောကြောင့် ဝက်မွေးမြူရေးလုပ်ငန်းနှင့် အသားထုတ်လုပ်ရောင်းချမှု လုပ်ငန်းများတွင် ဝယ်လိုအား ကျဆင်းကာ အခက်အခဲ ကြုံ တွေ့နေရကြောင်း သိရသည်။
.
လက်ရှိ မွေးမြူရေးဝက်တွေ သေဆုံးမှုမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ ခုဖြစ်တာက အာဖရိက ဝက်အပြင်းဖျား ရောဂါတော့ မဟုတ်ဘူး။ ရာသီဥတု ပူပြင်းတာနဲ့ ခြံသန့်ရှင်းရေး အားနည်းလို့ ဖြစ်တာပါ။ ကြိုတင်ကာကွယ်ဆေး ဖြန်းထားတဲ့ ဝက်ခြံနဲ့ သန့်ရှင်းရေးကို ဂရုစိုက်တဲ့ ဝက်ခြံတွေမှာ ဘာမှမဖြစ်ပါဘူးဟု ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေး ရွာနေ ကိုစိုင်းလုံက ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ကတ်ဖကျေးရွာအုပ်စု၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်မတ်လယ်ကျေး ရွာအုပ်စု၊ ယန်းလောကျေးရွာအုပ်စုနှင့် အမှတ် (၁) ရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေး လုပ်ဆောင်နေသည့် ခြံများတွင် ဝက်သေဆုံးမှုများကို တွေ့ရှိရခြင်းဖြစ်ပြီး ကတ်ဖကျေးရွာအုပ်စုတွင် ဝက်ခြံပိုင်ရှင်တစ်ဦး၏ ဝက်ကောင် ရေ ၁၇၀ ခန့်မျာ နာမကျန်းဖြစ်သော လက္ခဏာကို တွေ့ရှိရသဖြင့် မြေကျင်းတူး၍ သတ်သင်ရှင်းလင်းခဲ့ရကြောင်း သိရသည်။
.
မြို့မဈေးထဲမှာ ဝက်သားဝယ်လိုအား ကျနေပြီး အသားထုတ်ရောင်းချသူတွေလည်း အရောင်းအားကျနေ တယ်လို့ သိရပါတယ်။ ရောဂါတစ်ခုခု ကပ်ရောက်လို့ နာနေတဲ့ဝက်ကို အသားအဖြစ် ဈေးထဲမျာ မရောင်းချဖို့ ဈေးခေါင်းရုံး ကနေသတိပေးတားမြစ်ထားပါတယ်ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးမနားရွှီးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ဝက်များ သေဆုံးမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နေ အိမ်ရှင်မတစ်ဦးကလည်း ကျွန်မတို့မိသားစု ဝက်သားမစားဖို့ ဆုံးဖြတ်ပြီး ရှောင်နေပါတယ်။ ရောဂါရထားတဲ့ဝက်ကို ဈေးပေါပေါနဲ့ဝယ်ပြီး အသားထုတ်ရောင်းနေ တယ်ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။ ဝက်သားမစားဘဲ ရှောင်နေတာက အန္တရာယ်ကင်းပါ တယ်ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် အာဖရိကဝက်အပြင်းဖျားရောဂါသည် နယ်မြေချင်း ထိစပ်လျက်ရှိသော ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ ကူးစက်မည့် အန္တရာယ်အား စောင့်ကြည့်ကာကွယ်ရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုကြုံတွေ့ရသည့် ဝက်သေဆုံးမှုများမှာ ရာသီဥတုကြောင့် သေဆုံးမှုဖြစ်သည်ဟု ကျိုင်းတုံ မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
.
ကျိုင်းတုံမြို့မဈေးတွင် ဝက်သား အသားသီးသန့် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှင့် အရိုး၊ အသား၊ အဆီရောဂာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး လွယ်မွေလမ်းတွင် အသားဟင်းများ ရောင်းချ နေသည့် ဟင်းဆိုင်များ၌ ဝက်သားဟင်း ရောင်းချခြင်းကို ၎င်းတို့၏ဆန္ဒအလျောက် ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
.

No comments:

Post a Comment