ေရႊႀတိဂံ အယ္ဒီတာခ်ဳပ္ကို မႈခင္းသတင္းသမားမ်ားက ၀ိုင္း၀န္း ထိုးႀကိတ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, August 4, 2019

ေရႊႀတိဂံ အယ္ဒီတာခ်ဳပ္ကို မႈခင္းသတင္းသမားမ်ားက ၀ိုင္း၀န္း ထိုးႀကိတ္


စိုင္းရာဇာ
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလိုင္လ ၃၀ ရက္၊ မြန္းလြဲပိုင္းက တာခ်ီလိတ္အေျခစိုက္ ေရႊႀတိဂံေဒသသတင္းလႊာ အယ္ဒီတာခ်ဳပ္ ကိုထြန္း (မိုင္းျဖတ္) အား မႈခင္းသတင္းသမား ၃ ဦးက ဝိုင္းဝန္း ထိုးႀကိတ္ခဲ့ေၾကာင္း သိရသည္။
.
.
တာခ်ီလိတ္ၿမိဳ႕ေပၚရွိ ဟိုတယ္မ်ားတြင္ ဖြင့္လွစ္ထားေသာ ေလာင္းကစား ဂိမ္းခံုမ်ားႏွင့္ ပတ္သက္၍ မႈခင္း႐ႈေထာင့္ အဖြဲ႕မွ ၎တို႔အား သတင္းပို႔ရန္ ေျပာဆိုရာ ဟိုတယ္မန္ေနဂ်ာမ်ားမွ ကိုထြန္း (မိုင္းျဖတ္) အား တယ္လီဖုန္းျဖင့္ ဆက္သြယ္ အေၾကာင္းၾကားလာသျဖင့္ ၎မွ ယင္းကဲ့သို႔ လုပ္ေဆာင္ေနျခင္းသည္ သတင္းသမား က်င့္ဝတ္ႏွင့္ ညီၫြတ္ျခင္း မရွိေၾကာင္း ဖုန္းျဖင့္ ေျပာဆိုခဲ့ရာမွ တစ္ဦးႏွင့္ တစ္ဦး အခ်င္းမ်ားၿပီးေနာက္ ကိုထြန္း (မိုင္းျဖတ္) မွ မႈခင္း႐ႈေထာင့္ ႐ံုးေရွ႕သို႔ သြားေရာက္ခဲ့ရာ အဆိုပါ ႐ံုးမွ အမ်ိဳးသား ၃ ဦးက ၎အား ဝိုင္းဝန္းထိုးႀကိတ္ခဲ့ျခင္း ျဖစ္ၿပီး ယင္းကဲ့သို႔ ဝိုင္းဝန္းထိုးႀကိတ္မႈ ႐ုပ္သံဖိုင္ကို ဩဂုတ္လ ၂ ရက္တြင္ လူမႈကြန္ရက္စာမ်က္ႏွာ တစ္ခု၌ ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။
.
ျဖစ္ၿပီးသားကို ကို္ထြန္း(မိုင္းျဖတ္)က အက်ယ္ မျဖစ္ခ်င္လို႔ သူ႔အိမ္မွာ အခုရက္ပိုင္းအထိ သြား နားေနတယ္။  အဲဒါကို အခုလို လူမႈကြန္ရက္ေပၚ တင္တဲ႔အတြက္ သက္ဆိုင္တဲ့ ဥပေဒေတြနဲ႔ ဆက္လက္ လုပ္ေဆာင္သြားမယ္။ ရဲစခန္းမွာေတာ့ ေလာေလာဆယ္ ထိုးႀကိတ္တာနဲ႔ ပတ္သက္ၿပီး အမႈ မဖြင့္ေသးဘူး။ ဒါေပမဲ့ အခု အမႈဖြင့္ တရားစြဲဖို႔ လုပ္မယ္။ သူနဲ႔ ျဖစ္တာက မႈခင္း႐ႈေထာင့္အဖြဲ႕က ေရႊဝင္းလို႔ သိရပါတယ္ဟု ေရႊႀတိဂံသတင္းလႊာမွ တာဝန္ခံအယ္ဒီတာ ကိုဉာဏ္လင္းထက္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.

အဆိုပါကိစၥႏွင့္ ပတ္သက္၍ မႈခင္းသတင္းေထာက္ ကိုေရႊဝင္းက “ကိုထြန္း (မိုင္းျဖတ္) က ကၽြန္ေတာ္တို႔ လုပ္ေနတဲ့ သတင္းလုပ္ငန္းအေပၚမွာ လာၿပီးေတာ့ စြက္ဖက္တာပါ။ ျဖစ္တဲ့ေန႔က သူက ကားနဲ႔ေမာင္းလာၿပီးေတာ့ ကၽြန္ေတာ္တို႔ ႐ံုးထဲကို ေျပးဝင္လာပါတယ္။ အဲဒီလို ေျပးဝင္လာတဲ့အခ်ိန္ သူ႔လက္ထဲမွာ ေဘာပင္လိုလို ဓါးလိုလို အခၽြန္တစ္ခုခု ကိုင္လာပါတယ္။ ကၽြန္ေတာ္ကလည္း ရန္ရွာမွာစိုးတဲ့အတြက္ ခုခံလိုက္တာပါ” ဟု ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
လူမႈကြန္ရက္ေပၚတြင္ ေသြးထြက္သံယို ျဖစ္ေနေသာ ႐ုပ္သံဖိုင္အား တာခ်ီလိတ္ၿမိဳ႕က ျပည္သူ႔ အခ်စ္ေတာ္ ေရႊႀတိဂံသတင္းလႊာက ကိုထြန္း(မိုင္းျဖတ္) (ခ) ထြန္းထြန္းဝင္းကို မႈခင္းရႈေထာင့္ SH-MEDIA သတင္းေထာက္အဖြဲ႔ ( ျပည္နယ္/ခရိုင္)မွ ကိုေရႊဝင္းက ေသြးေတြ ထြက္လာတဲ့အထိ လက္သီးနဲ႔ ထိုးၿပီး လမ္းေပၚမွာ ဆံုးမဟု ေရးသား၍ တင္ခဲ့ျခင္း၊ အုပ္စုဖြဲ႕ ဝိုင္းဝန္း ထိုးႀကိတ္ျခင္း၊ တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ သတင္းသမား အမည္ခံ၍ သတင္းႏွင့္ မသက္ဆိုင္ေသာ အလုပ္မ်ား လုပ္ကိုင္ေနျခင္း၊ အာဏာပိုင္မ်ား လုပ္ေဆာင္ရမည့္ အလုပ္မ်ားကို မႈခင္း႐ႈေထာင့္အဖြဲ႕မွ ဝင္ေရာက္ စြက္ဖက္ လုပ္ကိုင္ေနျခင္းမ်ားေၾကာင့္ ေရႊႀတိဂံသတင္းလႊာအေနျဖင့္ ဥပေဒအတိုင္း ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ မႈခင္းသတင္းေထာက္မ်ား၏ ပကတိအေျခအေနမွာ ျပည္သူမ်ားအတြက္ မလိုလားအပ္ေသာ ဝန္ထုပ္ဝန္ပိုးကို ခံစားလာေစသည့္အတြက္ စိစစ္ၾကပ္မတ္ေပးရန္ လိုအပ္ေၾကာင္း ဧရာဝတီတိုင္း ေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚအိအိျပံဳးက က်င္းပဆဲ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးတြင္ ေမးခြန္း ေမးျမန္း ေတာင္းဆိုထားသည္ဟု သိရသည္။
.
============================================================
ရွှေတြိဂံ အယ်ဒီတာချုပ်ကို မှုခင်းသတင်းသမားများက ဝိုင်းဝန်း ထိုးကြိတ်
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇူလိုင်လ ၃၀ ရက်၊ မွန်းလွဲပိုင်းက တာချီလိတ်အခြေစိုက် ရွှေတြိဂံဒေသသတင်းလွှာ အယ်ဒီတာချုပ် ကိုထွန်း (မိုင်းဖြတ်) အား မှုခင်းသတင်းသမား ၃ ဦးက ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်များတွင် ဖွင့်လှစ်ထားသော လောင်းကစား ဂိမ်းခုံများနှင့် ပတ်သက်၍ မှုခင်းရှုထောင့် အဖွဲ့မှ ၎င်းတို့အား သတင်းပို့ရန် ပြောဆိုရာ ဟိုတယ်မန်နေဂျာများမှ ကိုထွန်း (မိုင်းဖြတ်) အား တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားလာသဖြင့် ၎င်းမှ ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းသည် သတင်းသမား ကျင့်ဝတ်နှင့် ညီညွတ်ခြင်း မရှိကြောင်း ဖုန်းဖြင့် ပြောဆိုခဲ့ရာမှ တစ်ဦးနှင့် တစ်ဦး အချင်းများပြီးနောက် ကိုထွန်း (မိုင်းဖြတ်) မှ မှုခင်းရှုထောင့် ရုံးရှေ့သို့ သွားရောက်ခဲ့ရာ အဆိုပါ ရုံးမှ အမျိုးသား ၃ ဦးက ၎င်းအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းကဲ့သို့ ဝိုင်းဝန်းထိုးကြိတ်မှု ရုပ်သံဖိုင်ကို ဩဂုတ်လ ၂ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ တစ်ခု၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
.
ဖြစ်ပြီးသားကို ကို်ထွန်း(မိုင်းဖြတ်)က အကျယ် မဖြစ်ချင်လို့ သူ့အိမ်မှာ အခုရက်ပိုင်းအထိ သွား နားနေတယ်။  အဲဒါကို အခုလို လူမှုကွန်ရက်ပေါ် တင်တဲ့အတွက် သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်။ ရဲစခန်းမှာတော့ လောလောဆယ် ထိုးကြိတ်တာနဲ့ ပတ်သက်ပြီး အမှု မဖွင့်သေးဘူး။ ဒါပေမဲ့ အခု အမှုဖွင့် တရားစွဲဖို့ လုပ်မယ်။ သူနဲ့ ဖြစ်တာက မှုခင်းရှုထောင့်အဖွဲ့က ရွှေဝင်းလို့ သိရပါတယ်ဟု ရွှေတြိဂံသတင်းလွှာမှ တာဝန်ခံအယ်ဒီတာ ကိုဉာဏ်လင်းထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါကိစ္စနှင့် ပတ်သက်၍ မှုခင်းသတင်းထောက် ကိုရွှေဝင်းက ကိုထွန်း (မိုင်းဖြတ်) က ကျွန်တော်တို့ လုပ်နေတဲ့ သတင်းလုပ်ငန်းအပေါ်မှာ လာပြီးတော့ စွက်ဖက်တာပါ။ ဖြစ်တဲ့နေ့က သူက ကားနဲ့မောင်းလာပြီးတော့ ကျွန်တော်တို့ ရုံးထဲကို ပြေးဝင်လာပါတယ်။ အဲဒီလို ပြေးဝင်လာတဲ့အချိန် သူ့လက်ထဲမှာ ဘောပင်လိုလို ဓါးလိုလို အချွန်တစ်ခုခု ကိုင်လာပါတယ်။ ကျွန်တော်ကလည်း ရန်ရှာမှာစိုးတဲ့အတွက် ခုခံလိုက်တာပါဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူမှုကွန်ရက်ပေါ်တွင် သွေးထွက်သံယို ဖြစ်နေသော ရုပ်သံဖိုင်အား တာချီလိတ်မြို့က ပြည်သူ့ အချစ်တော် ရွှေတြိဂံသတင်းလွှာက ကိုထွန်း(မိုင်းဖြတ်) (ခ) ထွန်းထွန်းဝင်းကို မှုခင်းရှုထောင့် SH-MEDIA သတင်းထောက်အဖွဲ့ ( ပြည်နယ်/ခရိုင်)မှ ကိုရွှေဝင်းက သွေးတွေ ထွက်လာတဲ့အထိ လက်သီးနဲ့ ထိုးပြီး လမ်းပေါ်မှာ ဆုံးမဟု ရေးသား၍ တင်ခဲ့ခြင်း၊ အုပ်စုဖွဲ့ ဝိုင်းဝန်း ထိုးကြိတ်ခြင်း၊ တာချီလိတ်မြို့ပေါ်တွင် သတင်းသမား အမည်ခံ၍ သတင်းနှင့် မသက်ဆိုင်သော အလုပ်များ လုပ်ကိုင်နေခြင်း၊ အာဏာပိုင်များ လုပ်ဆောင်ရမည့် အလုပ်များကို မှုခင်းရှုထောင့်အဖွဲ့မှ ဝင်ရောက် စွက်ဖက် လုပ်ကိုင်နေခြင်းများကြောင့် ရွှေတြိဂံသတင်းလွှာအနေဖြင့် ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မှုခင်းသတင်းထောက်များ၏ ပကတိအခြေအနေမှာ ပြည်သူများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးကို ခံစားလာစေသည့်အတွက် စိစစ်ကြပ်မတ်ပေးရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ကျင်းပဆဲ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးခွန်း မေးမြန်း တောင်းဆိုထားသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats