ေတာင္ႀကီးတြင္ ညေဈးသစ္ ထပ္မံ ဖြင့္လွစ္ရန္ စီစဥ္ေနေသာ္လည္း စည္ပင္ေကာ္မတီ ဥကၠဌ မသိရွိေသး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, August 17, 2019

ေတာင္ႀကီးတြင္ ညေဈးသစ္ ထပ္မံ ဖြင့္လွစ္ရန္ စီစဥ္ေနေသာ္လည္း စည္ပင္ေကာ္မတီ ဥကၠဌ မသိရွိေသး


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မေဈး ေျမာက္ဘက္ရွိ ကုန္သည္လမ္း အဆင့္ျမႇင့္တင္မႈလုပ္ငန္း ၿပီးစီးပါက ယင္းေနရာတြင္ ညေဈးတန္းအျဖစ္ ဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန မွ သိရသည္။ ယင္းကဲ့သို႕ ညေဈးဖြင့္ လွစ္မည့္ကိစၥႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးစိန္ဝင္းအား ကေမၻာဇ တိုင္းမွ ဆက္သြယ္ေမးျမန္းရာတြင္ အေနျဖင့္ သိရွိျခင္း မရွိေသး ေၾကာင္း ျပန္လည္ေျပာၾကားခဲ့သည္။
.
.
ညေဈးလုပ္ဖို႔ မရွိဘူး။ အဲဒီမွာ ဆိုင္ကယ္စတန္း၊ ကားစတန္း လုပ္ဖို႕ပဲ ရွိတယ္။ ညေဈးခင္းဖို႕ ေဆြးေႏြး ထားတာ၊ ဆံုးျဖတ္ထားတာ မရွိပါဘူးဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ ပင္သာယာေရးေကာ္မတီ ဥကၠဌက ကေမၻာဇတိုင္းသို႕ ေျပာသည္။
.
အဆိုပါ ကုန္သည္လမ္းအား အဆင့္ျမႇင့္တင္မႈ လုပ္ငန္းမ်ား ၿပီးစီးပါက လက္ရွိလမ္းေပၚတြင္ က်ဴးေက်ာ္ ေရာင္းခ်ေနေသာ ပ်ံက်ေဈးသည္မ်ား၊ ကားဂိတ္မ်ားကို ဖြင့္လွစ္ခြင့္ျပဳေတာ့ မည္မဟုတ္ဘဲ ညပိုင္းအခ်ိန္တြင္ ၿမိဳ႕ မေဈးအေရွ႕ဘက္ ပလက္ေဖာင္းေပၚ၌ ေရာင္းခ်ေနသည့္ ေဈးသည္မ်ားအား ယင္းေနရာတြင္ ညေန ၄ နာ ရီမွ ည ၁၀ နာရီ အခ်ိန္ခန္႔အထိ ည ေဈးဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ လ်က္ရွိေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။
.
ညေဈးဆိုရင္ မိန္းလမ္းေဘးမွာ ထြက္ၿပီး ေရာင္းေနတာေတြရွိတယ္။ အဲဒီေဈးသည္ေတြကို လမ္းၾကားထဲ သြင္းမွာပါ။ အၿမဲတမ္းေရာင္း တဲ့ ညေဈးတန္း မဟုတ္ဘူး။ ညေန လာဖြင့္ေရာင္းၿပီးရင္ သန္႔ရွင္းေရးလုပ္ သြားရမယ္။ ဆိုင္ အေရအတြက္က ေတာ့ မသိရေသးပါဘူး။ အေသးစိတ္ မလုပ္ရေသးဘူးဟု ေတာင္ႀကီး ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ထို ညေဈးတန္းအသစ္ ဖြင့္လွစ္ ရန္ စီစဥ္ထားသည့္ ကုန္သည္လမ္း ႏွင့္ ကိုက္ ၂၀ဝ ခန္႔ ကြာေဝးေသာ ၿမိဳ႕မေဈး ေတာင္ဘက္၊ တပင္ေရႊထီး လမ္းတြင္လည္း ညေဈးတန္း တစ္ခု ရွိေနေၾကာင္း သိရသည္။
.
ကုန္သည္လမ္း အဆင့္ျမႇင့္တင္ ျခင္း လုပ္ငန္းကို ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ အပိုင္း (၂) ဘတ္ဂ်က္ အေနျဖင့္ တင္ဒါေခၚယူခဲ့ ကာ လမ္းအက်ယ္ ေပ ၄၀၊ တံတား၊ ေရေျမာင္း၊ ပလက္ေဖာင္းလုပ္ငန္း မ်ားကို ေဆာင္ရြက္ေနျခင္း ျဖစ္သည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ညေဈး တန္းအေနျဖင့္ ၿမိဳ႕မေဈးေတာင္ဘက္ ရွိ ညေဈးတန္း၊ ဘုရင့္ေနာင္လမ္း၊ ေဘာလံုးကြင္းေျမာက္ဘက္ရွိ ၿငါ့အ ၃၈  ညေဈးႏွင့္ ဗိုလ္ခ်ဳပ္ပန္းၿခံအေရွ႕ ဘက္ ညေဈးတို႔ တည္ရွိေနၿပီး ဗိုလ္ ခ်ဳပ္ပန္းၿခံအေရွ႕ဘက္ရွိ ညေဈးတန္း ကို လတ္တေလာတြင္ စည္ပင္သာ ယာေရးဌာနမွ ရက္အကန္႔အသတ္မ ရွိ ပိတ္သိမ္းခိုင္းထားေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးတွင်  ညဈေးသစ် ထပ်မံ ဖွင့်လှစ်ရန် စီစဉ်နေသော်လည်း စည်ပင်ကော်မတီ ဥက္ကဌ မသိရှိသေး
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မဈေး မြောက်ဘက်ရှိ ကုန်သည်လမ်း အဆင့်မြှင့်တင်မှုလုပ်ငန်း ပြီးစီးပါက ယင်းနေရာတွင် ညဈေးတန်းအဖြစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန မှ သိရသည်။ ယင်းကဲ့သို့ ညဈေးဖွင့် လှစ်မည့်ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိန်ဝင်းအား ကမ္ဘောဇ တိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် သိရှိခြင်း မရှိသေး ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
.
ညဈေးလုပ်ဖို့ မရှိဘူး။ အဲဒီမှာ ဆိုင်ကယ်စတန်း၊ ကားစတန်း လုပ်ဖို့ပဲ ရှိတယ်။ ညဈေးခင်းဖို့ ဆွေးနွေး ထားတာ၊ ဆုံးဖြတ်ထားတာ မရှိပါဘူးဟု တောင်ကြီးမြို့နယ် စည် ပင်သာယာရေးကော်မတီ ဥက္ကဌက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကုန်သည်လမ်းအား အဆင့်မြှင့်တင်မှု လုပ်ငန်းများ ပြီးစီးပါက လက်ရှိလမ်းပေါ်တွင် ကျူးကျော် ရောင်းချနေသော ပျံကျဈေးသည်များ၊ ကားဂိတ်များကို ဖွင့်လှစ်ခွင့်ပြုတော့ မည်မဟုတ်ဘဲ ညပိုင်းအချိန်တွင် မြို့ မဈေးအရှေ့ဘက် ပလက်ဖောင်းပေါ်၌ ရောင်းချနေသည့် ဈေးသည်များအား ယင်းနေရာတွင် ညနေ ၄ နာ ရီမှ ည ၁၀ နာရီ အချိန်ခန့်အထိ ည ဈေးဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
.
ညဈေးဆိုရင် မိန်းလမ်းဘေးမှာ ထွက်ပြီး ရောင်းနေတာတွေရှိတယ်။ အဲဒီဈေးသည်တွေကို လမ်းကြားထဲ သွင်းမှာပါ။ အမြဲတမ်းရောင်း တဲ့ ညဈေးတန်း မဟုတ်ဘူး။ ညနေ လာဖွင့်ရောင်းပြီးရင် သန့်ရှင်းရေးလုပ် သွားရမယ်။ ဆိုင် အရေအတွက်က တော့ မသိရသေးပါဘူး။ အသေးစိတ် မလုပ်ရသေးဘူးဟု တောင်ကြီး မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို ညဈေးတန်းအသစ် ဖွင့်လှစ် ရန် စီစဉ်ထားသည့် ကုန်သည်လမ်း နှင့် ကိုက် ၂ဝဝ ခန့် ကွာဝေးသော မြို့မဈေး တောင်ဘက်၊ တပင်ရွှေထီး လမ်းတွင်လည်း ညဈေးတန်း တစ်ခု ရှိနေကြောင်း သိရသည်။
.
ကုန်သည်လမ်း အဆင့်မြှင့်တင် ခြင်း လုပ်ငန်းကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အပိုင်း (၂) ဘတ်ဂျက် အနေဖြင့် တင်ဒါခေါ်ယူခဲ့ ကာ လမ်းအကျယ် ပေ ၄၀၊ တံတား၊ ရေမြောင်း၊ ပလက်ဖောင်းလုပ်ငန်း များကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့ပေါ်တွင် ညဈေး တန်းအနေဖြင့် မြို့မဈေးတောင်ဘက် ရှိ ညဈေးတန်း၊ ဘုရင့်နောင်လမ်း၊ ဘောလုံးကွင်းမြောက်ဘက်ရှိ ငြါ့အ ၃၈  ညဈေးနှင့် ဗိုလ်ချုပ်ပန်းခြံအရှေ့ ဘက် ညဈေးတို့ တည်ရှိနေပြီး ဗိုလ် ချုပ်ပန်းခြံအရှေ့ဘက်ရှိ ညဈေးတန်း ကို လတ်တလောတွင် စည်ပင်သာ ယာရေးဌာနမှ ရက်အကန့်အသတ်မ ရှိ ပိတ်သိမ်းခိုင်းထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats