ထက္တိုင္းေက်ာ္
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊
က်ိဳင္းတံုၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း က်ဴးေက်ာ္ အေဆာက္အဦမ်ား ေဆာက္ လုပ္ျခင္းမ်ားေၾကာင့္
ၿမိဳ႕အဂၤါရပ္ကို ထိခိုက္ေစႏိုင္သျဖင့္ ယင္းကဲ့သို႕ က်ဴးေက်ာ္ ေဆာက္လုပ္မႈ မရွိေစေရးအတြက္
ၾကပ္မတ္ေဆာင္ရြက္သြားမည္ ျဖစ္သည္ဟု က်ိဳင္းတံုခ႐ိုင္ စီမံခန္႔ခြဲ မႈ ေကာ္မတီဥကၠဌ၊ က်ိဳင္းတံုခ႐ိုင္
အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္းက ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
.
“က်ိဳင္းတံုကို
ၿမိဳ႕အဂၤါရပ္နဲ႔အညီ သာယာလွပေစဖို႕ အတြက္ဆိုရင္စည္း ကမ္းမဲ့ က်ဴးေက်ာ္ေဆာက္လုပ္ထား တာေတြ
မရွိေအာင္ သက္ဆိုင္ရာဌာနေတြ၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြက စည္းကမ္းစနစ္တက် ျဖစ္ေအာင္
ထိန္းသိမ္းသြားဖို႔လိုပါတယ္” ဟု ၎ ေျပာသည္။
က်ိဳင္းတံုၿမိဳ႕နယ္အတြင္းရွိ
စည္ပင္သာယာလမ္းႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန လမ္းေနရာ အခ်ိဳ႕တြင္ လမ္းဧရိယာ၊ ေရႏုတ္ေျမာင္းႏွင့္
အစိုးရဌာနပိုင္ ေျမေနရာမ်ား၌ အဖီဆြဲ ျခင္း၊ ၿခံစည္း႐ိုးခတ္ျခင္း၊ ကြန္ကရစ္ခင္းျခင္း
စသည့္ က်ဴးေက်ာ္မႈမ်ား ရွိေနေၾကာင္း သိရသည္။
.
ယင္းကဲ့သို႔ ေျပာၾကားမႈႏွင့္
ပတ္သက္၍ က်ိဳင္းတံုေဒသခံ တစ္ဦးက “လမ္းေဘး ေျမေနရာေတြက ေဈးကြက္အရ လူႀကိဳက္မ်ားလာၿပီး ေနရာခ်ဲ႕ယူခ်င္တဲ့ ေလာဘစိတ္ေၾကာင့္
လမ္းအသြားအလာ ခက္ခဲလာၿပီး ျမင္ကြင္း ကြယ္ေစတာေတြကမျဖစ္သင့္ပါဘူး: ဟု ၎၏အျမင္ကို ေျပာဆိုခဲ့သည္။
.
ရွမ္းျပည္နယ္ စည္ပင္သာယာ
ေရးဌာန႐ံုးခြဲ (က်ိဳင္းတံု)မွ ဒုတိယၫႊန္ ၾကားေရးမွဴး ဦးလုကာက ျပည္နယ္အဆင့္ ဌာနဆိုင္ရာမ်ားႏွင့္
အပတ္စဥ္ ပံုမွန္ေတြ႕ဆံုပြဲတြင္ ရွမ္းျပည္နယ္ အ စိုးရအဖြဲ႕ဝင္ ျပည္နယ္စည္ပင္သာယာ ေရးဝန္ႀကီး
ဦးစိုင္းစြံဆိုင္းမွ က်ိဳင္းတံု ၿမိဳ႕တြင္ က်ဴးေက်ာ္မရွိေစေရးအတြက္ စည္းကမ္းႏွင့္အညီ
ေဆာင္ရြက္ရန္လို အပ္ေၾကာင္း လမ္းၫႊန္ မွာၾကားထား သည္ဟု ေျပာဆိုခဲ့သည္။
.
============================================================
ကျိုင်းတုံတွင် ကျူးကျော်အဆောက်အဦများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားမည်
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း
ကျူးကျော် အဆောက်အဦများ ဆောက် လုပ်ခြင်းများကြောင့် မြို့အင်္ဂါရပ်ကို ထိခိုက်စေနိုင်သဖြင့်
ယင်းကဲ့သို့ ကျူးကျော် ဆောက်လုပ်မှု မရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု
ကျိုင်းတုံခရိုင် စီမံခန့်ခွဲ မှု ကော်မတီဥက္ကဌ၊ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး
ဦးဝင်းမင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
“ကျိုင်းတုံကို
မြို့အင်္ဂါရပ်နဲ့အညီ သာယာလှပစေဖို့ အတွက်ဆိုရင်စည်း ကမ်းမဲ့ ကျူးကျော်ဆောက်လုပ်ထား
တာတွေ မရှိအောင် သက်ဆိုင်ရာဌာနတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက စည်းကမ်းစနစ်တကျ ဖြစ်အောင်
ထိန်းသိမ်းသွားဖို့လိုပါတယ်”
ဟု ၎င်း ပြောသည်။
.
ကျိုင်းတုံမြို့နယ်အတွင်းရှိ စည်ပင်သာယာလမ်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
လမ်းနေရာ အချို့တွင် လမ်းဧရိယာ၊ ရေနုတ်မြောင်းနှင့် အစိုးရဌာနပိုင် မြေနေရာများ၌ အဖီဆွဲ
ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ကွန်ကရစ်ခင်းခြင်း စသည့် ကျူးကျော်မှုများ ရှိနေကြောင်း
သိရသည်။
.
ယင်းကဲ့သို့ ပြောကြားမှုနှင့် ပတ်သက်၍ ကျိုင်းတုံဒေသခံ တစ်ဦးက
“လမ်းဘေး
မြေနေရာတွေက ဈေးကွက်အရ လူကြိုက်များလာပြီး နေရာချဲ့ယူချင်တဲ့ လောဘစိတ်ကြောင့် လမ်းအသွားအလာ
ခက်ခဲလာပြီး မြင်ကွင်း ကွယ်စေတာတွေကမဖြစ်သင့်ပါဘူး: ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် စည်ပင်သာယာ ရေးဌာနရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်
ကြားရေးမှူး ဦးလုကာက ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အပတ်စဉ် ပုံမှန်တွေ့ဆုံပွဲတွင်
ရှမ်းပြည်နယ် အ စိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ကျိုင်းတုံ
မြို့တွင် ကျူးကျော်မရှိစေရေးအတွက် စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်လို အပ်ကြောင်း လမ်းညွှန်
မှာကြားထား သည်ဟု ပြောဆိုခဲ့သည်။
.
No comments:
Post a Comment