ေအာင့္နမ္းရေအာင္ အစိုးရက ခ်စ္သူလား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, August 16, 2019

ေအာင့္နမ္းရေအာင္ အစိုးရက ခ်စ္သူလား

ေအာင္ဆန္း၀င္း
.
၂ဝ၁၅ အေထြေထြေရြးေကာက္ပြဲ မတုိင္ခင္ က 'ရပ္မေနပါန႔ဲ ကူ၍ မဲေပးၾကပါ' ေခါင္းစဥ္ နဲ႔ ေဆာင္းပါးတစ္ပုဒ္ ေရးခဲ့ဖူးတယ္။ မဲေပးပိုင္ ခြင့္ရွိသူတိုင္း ကိုယ္တိုင္ကုိယ္က် မဲ႐ုံရွိရာသြား ၿပီး မဲေပးဖို႔ တိုက္တြန္းတဲ့ အေၾကာင္းအရာေလး ပါ။ အေျပာင္းအလဲတစ္ခု ေဖာ္ေဆာင္တဲ့ေနရာ မွာ ျပည္သူေတြရဲ႕အား အဓိက လိုအပ္တာျဖစ္ တဲ့အတြက္ ျပည္သူတစ္ေယာက္ အေနနဲ႔ေရး သားခဲ့ျခင္း ျဖစ္ပါတယ္။ အတိုင္းအတာ သက္ ေရာက္မႈ ဘယ္ေလာက္ထိ ရွိတယ္ဆိုတာ မသိ ေပမယ့္ ဂ်ာနယ္စာမ်က္ႏွာေပၚက စာမူဖတ္မိတဲ့ မိတ္ေဆြတခ်ိဳ႕ေတာ့ ရပ္ေနဖို႕ စိတ္ကူးေတြ ေျပာင္းၿပီး မဲ႐ုံရွိရာကို မဲသြားေပးျဖစ္တယ္လို႔ဆို ၾကပါတယ္။ ေျပာင္းလဲခ်ိန္တန္ၿပီဆိုတဲ့ လိႈင္းလံုး ကလည္း ျပည္သူေတြၾကားမွာ ႀကီးႀကီးမားမား ႐ိုက္ခတ္မႈ ရွိေနေတာ့ ရပ္ေနမယ့္ မဲဆႏၵရွင္အ ေတာ္ေတာ္မ်ားမ်ား အေျပာင္းအလဲအတြက္ မဲ ေပးၾကတာကို ေတြ႕ရပါတယ္။
.
သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြရဲ႕ လက္သန္းေတြ မွင္စြန္းမႈ အက်ိဳးရလဒ္အျဖစ္ NLD ပါတီ တစ္ႏုိင္ငံလံုး အတိုင္းအတာေသာင္ ၿပိဳကမ္းၿပိဳ အႏုိင္ရၿပီး အစိုးရတစ္ရပ္ ဖြဲ႕စည္းႏုိင္ ခဲ့ပါတယ္။ အခုဆိုရင္ အာဏာရပါတီရဲ႕ သက္ တမ္းဟာ ၄ ႏွစ္အတြင္း ေရာက္ရွိေနၿပီ ျဖစ္ပါ တယ္။ ဘက္ေပါင္းစံု အက်ပ္အတည္းေတြၾကားက အစိုးရ တစ္ရပ္ ျဖစ္လာတဲ့အတြက္ NLD အစိုးရ အေနနဲ႔ အခက္အခဲေပါင္းစံု ႀကံဳရမယ္ ဆုိတာလည္း ေျမႀကီးလက္ ခတ္မလြဲပါ။ အစိုးရ မွန္သမွ် အခက္အခဲ အက်ပ္အတည္းက လြတ္ ကင္းေနတဲ့ အစိုးရဆိုတာ မရွိပါဘူး။ ကမၻာေပၚ မွာရွိတဲ့ ႏိုင္ငံေပါင္းစံု အစိုးရမွန္သမွ် စိန္ေခၚမႈေတြနဲ႔ ေန႔စဥ္ ရင္ဆုိင္ေနၾကရပါတယ္။ စိန္ေခၚမႈေတြကို အ ေကာင္းဆံုးနဲ႔ အသိမ္ေမြ႕ဆံုးရင္ ဆုိင္ေျဖရွင္းႏုိင္တဲ့ အစိုးရကို ျပည္သူေတြက အစိုးရေကာင္းတစ္ရပ္လို႔ သတ္မွတ္႐ႈျမင္တတ္ၾကပါတယ္။
.

.
ျမန္မာႏုိင္ငံလို ႏုိင္င့ံေရးရာကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး ႐ႈပ္ေထြးေပြလီတဲ့ ႏုိင္ငံမွာ အစိုးရ တစ္ရပ္အျဖစ္ ရပ္တည္ရတာ လြယ္ကူတဲ့ အ ေနအထားေတာ့ မဟုတ္ပါဘူး။ တပ္မေတာ္ ပါဝင္ အခန္းက႑က ႀကီးမားေနဆဲ ျဖစ္တဲ့အတြက္ အစိုးရႏွစ္ရပ္ အုပ္ခ်ဳပ္တဲ့ႏုိင္ငံလို႕ေတာင္ ကမၻာ႕ ႏိုင္ငံေတြ သံုးသပ္ၾကပါတယ္။ တိုင္းရင္းသား နယ္ေျမေတြနဲ႔ ျပည္ေထာင္စု အစိုးရၾကားမွာ လည္း ကြဲလြဲတဲ့ သေဘာထားေတြ ရွိေနေသးတဲ့ အတြက္ ျမန္မာႏုိင္ငံမွာ အစိုးရတစ္ရပ္ အျဖစ္ တာဝန္ယူရတာ ၾ<ြကပ္ၾ<ြကပ္အိတ္ ေခါင္းစြတ္ၿပီး အသက္ရွဴတယ္လို႔ ဆုိရမယ့္အတုိင္းပါ။ အသက္ ေတာ့ ရွဴရပါတယ္။ စိတ္ႀကိဳက္တစ္ဝေလရွဴ ခြင့္မရေတာ့ ႏုိင္ငံ့က်န္းမာေရး အေျခအေနက ထုိက္သင့္သေလာက္ ေကာင္းမြန္တိုးတက္လာ ျခင္း မရွိပါဘူး။ ဘယ္လိုအေၾကာင္းခ်င္းရာပဲျဖစ္ ျဖစ္ အစိုးရတစ္ရပ္အျဖစ္ တာဝန္ယူမႈ ရွိလာၿပီ ဆိုရင္ေတာ့ အစိုးရတာဝန္ ေက်ျ>ြပန္ဖို႔ လိုအပ္ ပါတယ္။
.

ျပည္တြင္းၿငိမ္းခ်မ္းေရးရွိမွ တုိင္းျပည္စီးပြား ေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ႏုိင္မယ္လို႔ ဆို ၾကတယ္။ လက္ရွိအစုိးရရဲ႕ ၄ ႏွစ္တာ သက္တမ္း ကို ျပန္ၾကည့္မယ္ဆုိရင္လည္း ၿငိမ္းခ်မ္းေရးကိစၥ တစ္စိုက္မတ္မတ္ ေဆာင္ရြက္ေနတာ ေတြ႕ႏုိင္ ပါတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရးရွိမွ တိုင္းျပည္ စီးပြားေရး တုိးတက္ေအာင္ လုပ္ေဆာင္ႏုိင္မယ္ လို႔ အလံုးစံု လက္ခံထားရင္ေတာ့ ျမန္မာႏုိင္ငံ စီးပြားေရးတိုးတက္လာစရာ အေၾကာင္းမျမင္ပါ ဘူး။ ၿငိမ္းခ်မ္းေရးနဲ႔ စီးပြားေရး တိုးတက္မႈဆက္ စပ္မႈရွိတယ္ဆိုတာ ထုိက္သင့္သေလာက္ လက္ ခံလို႔ရေပမယ့္ အလံုးစံု လက္ခံထားတာကိုေတာ့ အစိုးရ အေနနဲ႔ ျပန္လည္သံုးသပ္ရမယ့္ အပိုင္း လို ျဖစ္ေနပါတယ္။ ျပည္ေထာင္စု အစိုးရ၊ တပ္ မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ အစည္းေတြၾကားက အက္ေၾကာင္းေတြ ရင္ ၾကားမေစ့သေရြ႕ေတာ့ အဓိကနစ္နာေနရတာက ေအာက္ေျခ ျပည္သူလူထုေတြပါ။
.
''ၿပီးခဲ့တဲ့ ၂ဝ၁၅ အေထြေထြ ေရြးေကာက္ပြဲ မဲေပးရမယ့္ အခ်ိန္တုန္းက ကြၽန္ေတာ္ဆုိက္ ေခါင္မွာ ေရာက္ေနတာ။ ကြၽန္ေတာ္ မဲေပးရမယ့္ စာရင္းက ေတာင္ႀကီးက အေမတို႔ အိမ္ေထာင္ စုစာရင္းထဲမွာ ပါတယ္။ အေျပာင္းအလဲအတြက္ မဲေပးခ်င္လို႔ ကြၽန္ေတာ္ေတာင္ႀကီး တက္လာ ၿပီး မဲေပးတယ္။ ေပးရမယ့္ မဲ႐ုံကိုလည္း မနက္ အေစာႀကီးတည္းက ေရာက္ေအာင္ သြားတယ္။ ဘဝမွာ အဲဒီတစ္ခါ ပထမဆံုး အႀကိမ္မဲေပးဖူး တာဆုိေတာ့ ကိုယ္ေပးခ်င္တဲ့ ပါတီကို အမွား အယြင္း မရွိေပးႏုိင္ေအာင္ ေတာ္ေတာ္ဂ႐ုစုိက္ ၿပီး ေပးခဲ့ရတာပါ။ အေျပာင္းအလဲ လိုခ်င္လို႔ မဲေပးခဲ့တာဗ်ာ။ လက္ရွိ ၄ ႏွစ္အတြင္း ျမင္ ေတြ႕ေနရတဲ့ အေနအထားက ျပည္သူေတြအ တြက္ အေျပာင္းအလဲျဖစ္ေအာင္ လုပ္ႏုိင္တာ တစ္ခုမွ မေတြ႕ေသးဘူး။ လာမယ့္ေရြးေကာက္ ပြဲက်ရင္ ဘယ္ပါတီကို ယံုစားၿပီး မဲေပးရမွန္း ေတာင္ မသိေတာ့ဘူး'' လို႔ ခြန္ေအာင္ခမ္းက သူ႕အျမင္ကို ေျပာပါတယ္။
.
ျပည္သူတစ္ေယာက္ျဖစ္တဲ့ ခြန္ေအာင္ခမ္း ေျပာၾကားခ်က္အရ ႏုိင္ငံပုိင္ သတင္းစာေတြမွာ အၿမဲလို ေတြ႕ရတဲ့ အစိုးရရဲ႕ ျပည္သူ႕အတြက္ တစ္ႏွစ္တာ ဆိုတဲ့ ကိစၥရပ္ေတြက အမွန္တကယ္ ျပည္သူေတြအတြက္ အက်ိဳးျဖစ္ထြန္းျခင္း ရွိရဲ႕ လားဆုိတာ ေတြးေတာခ်င့္ခ်ိန္စရာ ျဖစ္လာပါ တယ္။ အေျခခံျပည္သူဆုိတာ အစိုးရတစ္ရပ္ အျမင္လိုေတာ့ ျမင္ႏုိင္မွာ၊ ျမင္တတ္မွာ မဟုတ္ ပါဘူး။ လက္ေတြ႕က်က် ႀကံဳေတြ႕ေနရတဲ့ ျပည္ သူတစ္ေယာက္ရဲ႕ အျမင္အတိုင္းသာ ျမင္တတ္ ၾကတာပါ။ ျမန္မာႏုိင္ငံတစ္ဝန္း၊ ရွမ္းျပည္နယ္ တစ္ခြင္လံုးမွာ ရွိတဲ့ ေအာက္ေျချပည္သူအား လံုး ဆင္းရဲက်ပ္တည္းမႈဒဏ္ကို ခါးစည္းခံ၊ ရင္ ေကာ့ခံ၊ ေခါင္းငံု႕ခံ၊ မခံခ်င္လည္း ခံေနရတာ အားလံုး အသိျဖစ္ပါတယ္။ ျပည္သူ ေရြးေကာက္ တင္ေျမႇာက္ထားတဲ့ ေျပာင္းလဲခ်ိန္တန္ၿပီ အစိုး ရလက္ထက္မွာလည္း ထူးထူးျခားျခား ေျပာင္း လဲလာေအာင္ လုပ္ႏုိင္ျခင္း မေတြ႕ရေသးပါဘူး။
.
ဘာစနစ္နဲ႔ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ ျပည္သူေတြ ကို ထမင္းဝေအာင္ ေကြၽးႏုိင္ရင္ အုပ္ခ်ဳပ္လို႔ရ တယ္လို႔ အိမ္နီးခ်င္းတ႐ုတ္ႏုိင္ငံရဲ႕ ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ တိန္႔ေရွာင္ဖိန္က ေျပာခဲ့ဖူးပါ တယ္။ တ႐ုတ္ႏုိင္ငံရဲ႕ အုပ္ခ်ဳပ္မႈစနစ္ကို ၾကည့္ မယ္ဆိုရင္ ကြန္ျမဴနစ္စနစ္နဲ႔ အုပ္ခ်ဳပ္ေနတယ္ လို႔ သတ္မွတ္လို႔ ရႏုိင္ပါတယ္။ စီးပြားေရးပိုင္း ဆိုင္ရာမွာေတာ့ တံခါးဖြင့္ဝါဒ (Open Market) ကို စနစ္တက် က်င့္သံုးတဲ့အတြက္ တ႐ုတ္ႏုိင္ငံ ေခါင္းေဆာင္ေတြဟာ တ႐ုတ္ျပည္သူေတြကို ထမင္းဝေအာင္ ေကြၽးထားႏုိင္တာ အနီးစပ္ဆံုး သက္ေသ သာဓကတစ္ခုလို႔ ဆုိရမွာပါ။ တ႐ုတ္ ျပည္ အရွိန္အဟုန္နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ဖို႕နဲ႔ အခု လို ကမၻာ႕အဆင့္ တစ္ေနရာမ်က္ေစာင္းထိုးႏုိင္ တဲ့ အေၾကာင္းရင္းက ျပည္တြင္းစစ္မီးေတာက္ ရွိမေနျခင္းပါ။ ဘာစနစ္နဲ႔ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ ျပည္သူေတြ ထမင္းဝဖို႔ အဓိကလိုအပ္ခ်က္တစ္ ခုလို႔ ဆိုရပါလိမ့္မယ္။
ဘာစနစ္နဲ႔ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ ျပည္သူေတြ ကို ထမင္းဝေအာင္ ေကြၽးႏုိင္ရင္ အုပ္ခ်ဳပ္လို႔ရ တယ္လို႔ အိမ္နီးခ်င္းတ႐ုတ္ႏုိင္ငံရဲ႕ ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ တိန္႔ေရွာင္ဖိန္က ေျပာခဲ့ဖူးပါ တယ္။ တ႐ုတ္ႏုိင္ငံရဲ႕ အုပ္ခ်ဳပ္မႈစနစ္ကို ၾကည့္ မယ္ဆိုရင္ ကြန္ျမဴနစ္စနစ္နဲ႔ အုပ္ခ်ဳပ္ေနတယ္ လို႔ သတ္မွတ္လို႔ ရႏုိင္ပါတယ္။
.
ေအာက္ေျချပည္သူတခ်ိဳ႕ စကားသံသံုးသပ္  ခ်က္အရ ျပည္သူေတြက ဘာစနစ္၊ ညာစနစ္ ဆုိတာေတြ စိတ္ဝင္စားျခင္း မရွိၾကေတာ့ပါဘူး။ ျပည္သူေတြ လိုအပ္ေနတာ တိုင္းျပည္ဖြံ႕ၿဖိဳးတိုး တက္ဖို႕နဲ႔ လူမႈစီးပြားေရး ေခ်ာင္လည္ဖို႔သာ ျဖစ္ ပါတယ္။ ႏုိင္ငံေရးအရ ႐ႈပ္ေထြးေပြလီမႈ၊ ပါဝင္ စြက္ဖက္မႈမ်ားတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ စီးပြား ေရး ဖြံ႕ၿဖိဳးတိုးတက္မႈ ေႏွာင့္ေႏွးၾကန္႔ၾကာေနရ တာကို အုပ္ခ်ဳပ္သူ အစိုးရ အပါအဝင္၊ တပ္မ ေတာ္၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အ စည္း၊ ျပည္သူေတြ ေကာင္းေကာင္းနားလည္ သေဘာေပါက္ၾကၿပီး ျဖစ္ပါတယ္။ လက္တြဲညီ ညီ ဝုိင္းဝန္းေျဖရွင္းမွ တုိင္းျပည္တုိးတက္မွာ သိ ပါရက္နဲ႔ ခုခ်ိန္ထိ သူတစ္လူ ငါတစ္ေပါက္ထင္ ရာေဖာက္တဲ့ အဆင့္က တက္မလာႏုိင္ေသးပါ ဘူး။ တိုင္းရင္းသား ျပည္သူတစ္ရပ္လံုး လူမႈ ဘဝ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ဖို႔သက္ ဆိုင္သူအားလံုး သတိခ်ပ္သင့္ၿပီလို႔ ယူဆမိပါ တယ္။
.
''ျပည္သူေတြ ဆင္းရဲက်ပ္တည္းေနလား၊ စီး ပြားေရးလုပ္ငန္းေတြ ေခ်ာင္လည္ေနလားသိခ်င္ ရင္ ေအာက္ေျခဆင္းၾကည့္တာ အေကာင္းဆံုး ျဖစ္လိမ့္မယ္။ ေအာက္ေျချပည္သူေတြ လက္ ေတြ႕က်က် ရင္ဆိုင္ေနရတာက တစ္ေန႔လုပ္တစ္ ေန႔စားဖို႔ေတာင္ မလြယ္ကူေတာ့ဘူး။ လုပ္ေတာ့ လုပ္ေနၾကတယ္။ စားေတာ့ စားေနရတယ္။ ဝမ္း ဝ႐ုံ စားရတယ္ေျပာရမွာေပါ့။ လူစဥ္မမီဘူး။ အ ခု မီတာခေတြ တုိးေကာက္တယ္။ မီတာခ တုိး တာနဲ႔ ထုတ္လုပ္မႈ ကုန္က်စရိတ္ေတြ ျမင့္လာ မွာပဲ။ ကုန္က်စရိတ္ ျမင့္လာတာနဲ႔ အစစအရာ ရာ ေစ်းတက္လာမယ္။ သယ္ယူပို႕ေဆာင္ခေတြ ပါ ေစ်းတက္လာႏုိင္ေတာ့ နဂိုတည္းက လႈပ္မ ရေအာင္ က်ပ္ေနတဲ့ ျပည္သူေတြ ဒီထက္ထပ္ က်ပ္ရင္ အုပ္ခ်ဳပ္သူ အစိုးရကို ေနာက္တစ္ႀကိမ္ လွည့္ၾကည့္မွာ မဟုတ္ေတာ့ဘူး''လို႔ ႏုိင္ငံေရး ေဆာင္းပါး ေရးသားေနတဲ့ စာေရးဆရာႀကီး စိုင္းေက်ာ္ေမာင္က သူ႕အျမင္ကို ေျပာပါတယ္။
.
တကယ့္ ဒီမုိကေရစီဆိုတာ ႏုိင္ငံေရးသ ေဘာတရားအရ ျပည္သူေတြရဲ႕ အက်ဳိးအတြက္ ျပည္သူေတြက တင္ေျမႇာက္တဲ့ ျပည္သူေတြရဲ႕ အစိုးရျဖစ္႐ုံနဲ႔ မၿပီးေသးဘူး။ အဲဒီအစိုးရဟာ ျပည္သူေတြရဲ႕ လက္ငင္းစီးပြားေရး အဆင့္အ တန္းကို အခြင့္အေရးတန္းတူ ရႏုိင္တဲ့ အေျခ အထိ ျမႇင့္တင္ႏုိင္ေအာင္ ေဆာင္ရြက္ေပးမွ တ ကယ့္ဒီမိုကေရစီအထိ တက္လွမ္းႏုိင္မယ္လို႔ လြတ္လပ္ေရး ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာခ့ဲဖူးပါတယ္။ လက္ရွိျမန္မာႏုိင္ငံ အစိုးရ ဟာ ဒီမိုကေရစီ စနစ္ကို ေလွ်ာက္လွမ္းေနတဲ့ အစိုးရတစ္ရပ္ ျဖစ္ပါတယ္။ ဒါေပမဲ့ ဗိုလ္ခ်ဳပ္ ေျပာစကားလိုေတာ့ ေဖာ္ေဆာင္ႏိုင္ျခင္း မရွိ ေသးပါဘူး။ စနစ္ဆိုတာ စိတ္ဝင္စားျခင္း မရွိ ေတာ့တဲ့ ျပည္သူနဲ႔ ဆင္းရဲမြဲေတတဲ့ ျပည္သူအ တြက္ လက္ရွိအစိုးရအေနနဲ႔ ျပင္ဆင္မႈေကာင္း မလုပ္ႏုိင္ရင္ လာမယ့္ ၂ဝ၂ဝ ေရြးေကာက္ပြဲ ႀကီးက စိုးရိမ္ေရမွတ္ ေရာက္မယ္လို႔ ထင္ျမင္မိ ေၾကာင္းပါ။
.
=========================================
အောင့်နမ်းရအောင် အစိုးရက ချစ်သူလား
အောင်ဆန်းဝင်း
.
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် က 'ရပ်မနေပါနဲ့ ကူ၍ မဲပေးကြပါ' ခေါင်းစဉ် နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ မဲပေးပိုင် ခွင့်ရှိသူတိုင်း ကိုယ်တိုင်ကိုယ်ကျ မဲရုံရှိရာသွား ပြီး မဲပေးဖို့ တိုက်တွန်းတဲ့ အကြောင်းအရာလေး ပါ။ အပြောင်းအလဲတစ်ခု ဖော်ဆောင်တဲ့နေရာ မှာ ပြည်သူတွေရဲ့အား အဓိက လိုအပ်တာဖြစ် တဲ့အတွက် ပြည်သူတစ်ယောက် အနေနဲ့ရေး သားခဲ့ခြင်း ဖြစ်ပါတယ်။ အတိုင်းအတာ သက် ရောက်မှု ဘယ်လောက်ထိ ရှိတယ်ဆိုတာ မသိ ပေမယ့် ဂျာနယ်စာမျက်နှာပေါ်က စာမူဖတ်မိတဲ့ မိတ်ဆွေတချို့တော့ ရပ်နေဖို့ စိတ်ကူးတွေ ပြောင်းပြီး မဲရုံရှိရာကို မဲသွားပေးဖြစ်တယ်လို့ဆို ကြပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ လှိုင်းလုံး ကလည်း ပြည်သူတွေကြားမှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနေတော့ ရပ်နေမယ့် မဲဆန္ဒရှင်အ တော်တော်များများ အပြောင်းအလဲအတွက် မဲ ပေးကြတာကို တွေ့ရပါတယ်။
.
သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ လက်သန်းတွေ မှင်စွန်းမှု အကျိုးရလဒ်အဖြစ် NLD ပါတီ တစ်နိုင်ငံလုံး အတိုင်းအတာသောင် ပြိုကမ်းပြို အနိုင်ရပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင် ခဲ့ပါတယ်။ အခုဆိုရင် အာဏာရပါတီရဲ့ သက် တမ်းဟာ ၄ နှစ်အတွင်း ရောက်ရှိနေပြီ ဖြစ်ပါ တယ်။ ဘက်ပေါင်းစုံ အကျပ်အတည်းတွေကြားက အစိုးရ တစ်ရပ် ဖြစ်လာတဲ့အတွက် NLD အစိုးရ အနေနဲ့ အခက်အခဲပေါင်းစုံ ကြုံရမယ် ဆိုတာလည်း မြေကြီးလက် ခတ်မလွဲပါ။ အစိုးရ မှန်သမျှ အခက်အခဲ အကျပ်အတည်းက လွတ် ကင်းနေတဲ့ အစိုးရဆိုတာ မရှိပါဘူး။ ကမ္ဘာပေါ် မှာရှိတဲ့ နိုင်ငံပေါင်းစုံ အစိုးရမှန်သမျှ စိန်ခေါ်မှုတွေနဲ့ နေ့စဉ် ရင်ဆိုင်နေကြရပါတယ်။ စိန်ခေါ်မှုတွေကို အ ကောင်းဆုံးနဲ့ အသိမ်မွေ့ဆုံးရင် ဆိုင်ဖြေရှင်းနိုင်တဲ့ အစိုးရကို ပြည်သူတွေက အစိုးရကောင်းတစ်ရပ်လို့ သတ်မှတ်ရှုမြင်တတ်ကြပါတယ်။
.
မြန်မာနိုင်ငံလို နိုင်င့ံရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးပွေလီတဲ့ နိုင်ငံမှာ အစိုးရ တစ်ရပ်အဖြစ် ရပ်တည်ရတာ လွယ်ကူတဲ့ အ နေအထားတော့ မဟုတ်ပါဘူး။ တပ်မတော် ပါဝင် အခန်းကဏ္ဍက ကြီးမားနေဆဲ ဖြစ်တဲ့အတွက် အစိုးရနှစ်ရပ် အုပ်ချုပ်တဲ့နိုင်ငံလို့တောင် ကမ္ဘာ့ နိုင်ငံတွေ သုံးသပ်ကြပါတယ်။ တိုင်းရင်းသား နယ်မြေတွေနဲ့ ပြည်ထောင်စု အစိုးရကြားမှာ လည်း ကွဲလွဲတဲ့ သဘောထားတွေ ရှိနေသေးတဲ့ အတွက် မြန်မာနိုင်ငံမှာ အစိုးရတစ်ရပ် အဖြစ် တာဝန်ယူရတာ ြ<ွကပ်ြ<ွကပ်အိတ် ခေါင်းစွတ်ပြီး အသက်ရှူတယ်လို့ ဆိုရမယ့်အတိုင်းပါ။ အသက် တော့ ရှူရပါတယ်။ စိတ်ကြိုက်တစ်ဝလေရှူ ခွင့်မရတော့ နိုင်ငံ့ကျန်းမာရေး အခြေအနေက ထိုက်သင့်သလောက် ကောင်းမွန်တိုးတက်လာ ခြင်း မရှိပါဘူး။ ဘယ်လိုအကြောင်းချင်းရာပဲဖြစ် ဖြစ် အစိုးရတစ်ရပ်အဖြစ် တာဝန်ယူမှု ရှိလာပြီ ဆိုရင်တော့ အစိုးရတာဝန် ကျြေ>ွပန်ဖို့ လိုအပ် ပါတယ်။
.
ပြည်တွင်းငြိမ်းချမ်းရေးရှိမှ တိုင်းပြည်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်လို့ ဆို ကြတယ်။ လက်ရှိအစိုးရရဲ့ ၄ နှစ်တာ သက်တမ်း ကို ပြန်ကြည့်မယ်ဆိုရင်လည်း ငြိမ်းချမ်းရေးကိစ္စ တစ်စိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့နိုင် ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရှိမှ တိုင်းပြည် စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်မယ် လို့ အလုံးစုံ လက်ခံထားရင်တော့ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်လာစရာ အကြောင်းမမြင်ပါ ဘူး။ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး တိုးတက်မှုဆက် စပ်မှုရှိတယ်ဆိုတာ ထိုက်သင့်သလောက် လက် ခံလို့ရပေမယ့် အလုံးစုံ လက်ခံထားတာကိုတော့ အစိုးရ အနေနဲ့ ပြန်လည်သုံးသပ်ရမယ့် အပိုင်း လို ဖြစ်နေပါတယ်။ ပြည်ထောင်စု အစိုးရ၊ တပ် မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေကြားက အက်ကြောင်းတွေ ရင် ကြားမစေ့သရွေ့တော့ အဓိကနစ်နာနေရတာက အောက်ခြေ ပြည်သူလူထုတွေပါ။
ပြည်တွင်းငြိမ်းချမ်းရေးရှိမှ တိုင်းပြည်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်လို့ ဆို ကြတယ်။ လက်ရှိအစိုးရရဲ့ ၄ နှစ်တာ သက်တမ်း ကို ပြန်ကြည့်မယ်ဆိုရင်လည်း ငြိမ်းချမ်းရေးကိစ္စ တစ်စိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့နိုင် ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရှိမှ တိုင်းပြည် စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်မယ် လို့ အလုံးစုံ လက်ခံထားရင်တော့ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်လာစရာ အကြောင်းမမြင်ပါ ဘူး။
.
''ပြီးခဲ့တဲ့ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ မဲပေးရမယ့် အချိန်တုန်းက ကျွန်တော်ဆိုက် ခေါင်မှာ ရောက်နေတာ။ ကျွန်တော် မဲပေးရမယ့် စာရင်းက တောင်ကြီးက အမေတို့ အိမ်ထောင် စုစာရင်းထဲမှာ ပါတယ်။ အပြောင်းအလဲအတွက် မဲပေးချင်လို့ ကျွန်တော်တောင်ကြီး တက်လာ ပြီး မဲပေးတယ်။ ပေးရမယ့် မဲရုံကိုလည်း မနက် အစောကြီးတည်းက ရောက်အောင် သွားတယ်။ ဘဝမှာ အဲဒီတစ်ခါ ပထမဆုံး အကြိမ်မဲပေးဖူး တာဆိုတော့ ကိုယ်ပေးချင်တဲ့ ပါတီကို အမှား အယွင်း မရှိပေးနိုင်အောင် တော်တော်ဂရုစိုက် ပြီး ပေးခဲ့ရတာပါ။ အပြောင်းအလဲ လိုချင်လို့ မဲပေးခဲ့တာဗျာ။ လက်ရှိ ၄ နှစ်အတွင်း မြင် တွေ့နေရတဲ့ အနေအထားက ပြည်သူတွေအ တွက် အပြောင်းအလဲဖြစ်အောင် လုပ်နိုင်တာ တစ်ခုမှ မတွေ့သေးဘူး။ လာမယ့်ရွေးကောက် ပွဲကျရင် ဘယ်ပါတီကို ယုံစားပြီး မဲပေးရမှန်း တောင် မသိတော့ဘူး'' လို့ ခွန်အောင်ခမ်းက သူ့အမြင်ကို ပြောပါတယ်။
.
ပြည်သူတစ်ယောက်ဖြစ်တဲ့ ခွန်အောင်ခမ်း ပြောကြားချက်အရ နိုင်ငံပိုင် သတင်းစာတွေမှာ အမြဲလို တွေ့ရတဲ့ အစိုးရရဲ့ ပြည်သူ့အတွက် တစ်နှစ်တာ ဆိုတဲ့ ကိစ္စရပ်တွေက အမှန်တကယ် ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းခြင်း ရှိရဲ့ လားဆိုတာ တွေးတောချင့်ချိန်စရာ ဖြစ်လာပါ တယ်။ အခြေခံပြည်သူဆိုတာ အစိုးရတစ်ရပ် အမြင်လိုတော့ မြင်နိုင်မှာ၊ မြင်တတ်မှာ မဟုတ် ပါဘူး။ လက်တွေ့ကျကျ ကြုံတွေ့နေရတဲ့ ပြည် သူတစ်ယောက်ရဲ့ အမြင်အတိုင်းသာ မြင်တတ် ကြတာပါ။ မြန်မာနိုင်ငံတစ်ဝန်း၊ ရှမ်းပြည်နယ် တစ်ခွင်လုံးမှာ ရှိတဲ့ အောက်ခြေပြည်သူအား လုံး ဆင်းရဲကျပ်တည်းမှုဒဏ်ကို ခါးစည်းခံ၊ ရင် ကော့ခံ၊ ခေါင်းငုံ့ခံ၊ မခံချင်လည်း ခံနေရတာ အားလုံး အသိဖြစ်ပါတယ်။ ပြည်သူ ရွေးကောက် တင်မြှောက်ထားတဲ့ ပြောင်းလဲချိန်တန်ပြီ အစိုး ရလက်ထက်မှာလည်း ထူးထူးခြားခြား ပြောင်း လဲလာအောင် လုပ်နိုင်ခြင်း မတွေ့ရသေးပါဘူး။
.
ဘာစနစ်နဲ့ အုပ်ချုပ်အုပ်ချုပ် ပြည်သူတွေ ကို ထမင်းဝအောင် ကျွေးနိုင်ရင် အုပ်ချုပ်လို့ရ တယ်လို့ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ တိန့်ရှောင်ဖိန်က ပြောခဲ့ဖူးပါ တယ်။ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုစနစ်ကို ကြည့် မယ်ဆိုရင် ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်နေတယ် လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ စီးပွားရေးပိုင်း ဆိုင်ရာမှာတော့ တံခါးဖွင့်ဝါဒ (Open Market) ကို စနစ်တကျ ကျင့်သုံးတဲ့အတွက် တရုတ်နိုင်ငံ ခေါင်းဆောင်တွေဟာ တရုတ်ပြည်သူတွေကို ထမင်းဝအောင် ကျွေးထားနိုင်တာ အနီးစပ်ဆုံး သက်သေ သာဓကတစ်ခုလို့ ဆိုရမှာပါ။ တရုတ် ပြည် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အခု လို ကမ္ဘာ့အဆင့် တစ်နေရာမျက်စောင်းထိုးနိုင် တဲ့ အကြောင်းရင်းက ပြည်တွင်းစစ်မီးတောက် ရှိမနေခြင်းပါ။ ဘာစနစ်နဲ့ အုပ်ချုပ်အုပ်ချုပ် ပြည်သူတွေ ထမင်းဝဖို့ အဓိကလိုအပ်ချက်တစ် ခုလို့ ဆိုရပါလိမ့်မယ်။
.
အောက်ခြေပြည်သူတချို့ စကားသံသုံးသပ်  ချက်အရ ပြည်သူတွေက ဘာစနစ်၊ ညာစနစ် ဆိုတာတွေ စိတ်ဝင်စားခြင်း မရှိကြတော့ပါဘူး။ ပြည်သူတွေ လိုအပ်နေတာ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ဖို့နဲ့ လူမှုစီးပွားရေး ချောင်လည်ဖို့သာ ဖြစ် ပါတယ်။ နိုင်ငံရေးအရ ရှုပ်ထွေးပွေလီမှု၊ ပါဝင် စွက်ဖက်မှုများတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာနေရ တာကို အုပ်ချုပ်သူ အစိုးရ အပါအဝင်၊ တပ်မ တော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်း၊ ပြည်သူတွေ ကောင်းကောင်းနားလည် သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ လက်တွဲညီ ညီ ဝိုင်းဝန်းဖြေရှင်းမှ တိုင်းပြည်တိုးတက်မှာ သိ ပါရက်နဲ့ ခုချိန်ထိ သူတစ်လူ ငါတစ်ပေါက်ထင် ရာဖောက်တဲ့ အဆင့်က တက်မလာနိုင်သေးပါ ဘူး။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့သက် ဆိုင်သူအားလုံး သတိချပ်သင့်ပြီလို့ ယူဆမိပါ တယ်။
.
''ပြည်သူတွေ ဆင်းရဲကျပ်တည်းနေလား၊ စီး ပွားရေးလုပ်ငန်းတွေ ချောင်လည်နေလားသိချင် ရင် အောက်ခြေဆင်းကြည့်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ အောက်ခြေပြည်သူတွေ လက် တွေ့ကျကျ ရင်ဆိုင်နေရတာက တစ်နေ့လုပ်တစ် နေ့စားဖို့တောင် မလွယ်ကူတော့ဘူး။ လုပ်တော့ လုပ်နေကြတယ်။ စားတော့ စားနေရတယ်။ ဝမ်း ဝရုံ စားရတယ်ပြောရမှာပေါ့။ လူစဉ်မမီဘူး။ အ ခု မီတာခတွေ တိုးကောက်တယ်။ မီတာခ တိုး တာနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်လာ မှာပဲ။ ကုန်ကျစရိတ် မြင့်လာတာနဲ့ အစစအရာ ရာ စျေးတက်လာမယ်။ သယ်ယူပို့ဆောင်ခတွေ ပါ စျေးတက်လာနိုင်တော့ နဂိုတည်းက လှုပ်မ ရအောင် ကျပ်နေတဲ့ ပြည်သူတွေ ဒီထက်ထပ် ကျပ်ရင် အုပ်ချုပ်သူ အစိုးရကို နောက်တစ်ကြိမ် လှည့်ကြည့်မှာ မဟုတ်တော့ဘူး''လို့ နိုင်ငံရေး ဆောင်းပါး ရေးသားနေတဲ့ စာရေးဆရာကြီး စိုင်းကျော်မောင်က သူ့အမြင်ကို ပြောပါတယ်။
.
တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသ ဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေး အဆင့်အ တန်းကို အခွင့်အရေးတန်းတူ ရနိုင်တဲ့ အခြေ အထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တ ကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်လို့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးပါတယ်။ လက်ရှိမြန်မာနိုင်ငံ အစိုးရ ဟာ ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းနေတဲ့ အစိုးရတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ် ပြောစကားလိုတော့ ဖော်ဆောင်နိုင်ခြင်း မရှိ သေးပါဘူး။ စနစ်ဆိုတာ စိတ်ဝင်စားခြင်း မရှိ တော့တဲ့ ပြည်သူနဲ့ ဆင်းရဲမွဲတေတဲ့ ပြည်သူအ တွက် လက်ရှိအစိုးရအနေနဲ့ ပြင်ဆင်မှုကောင်း မလုပ်နိုင်ရင် လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲ ကြီးက စိုးရိမ်ရေမှတ် ရောက်မယ်လို့ ထင်မြင်မိ ကြောင်းပါ။

No comments:

Post a Comment