အစိုးရနည္းပညာ အထက္တန္းေက်ာင္း (ေတာင္ႀကီး)တြင္ ကာလတို စက္ခ်ဳပ္သင္တန္းဖြင့္လွစ္သင္ၾကားေပး လ်က္ရွိ - Kanbawza Tai News

Breaking

Monday, August 12, 2019

အစိုးရနည္းပညာ အထက္တန္းေက်ာင္း (ေတာင္ႀကီး)တြင္ ကာလတို စက္ခ်ဳပ္သင္တန္းဖြင့္လွစ္သင္ၾကားေပး လ်က္ရွိ


ေအာင္ဆန္း၀င္း
.
ပညာေရး၀န္ႀကီးဌာန၊ နည္းပညာအသက္ေမြး၀မ္းေၾကာင္းႏွင့္ ေလ့က်င့္ေရးဦးစီးဌာန လက္ေအာက္ရွိ အစိုးရ နည္းပညာအထက္တန္းေက်ာင္း (ေတာင္ႀကီး)တြင္ ဂ်ာမနီႏုိင္ငံ GIZ အဖြဲ႕အစည္း၏ ေထာက္ပံ့မႈျဖင့္ ကာလတို စက္ခ်ဳပ္သင္တန္း ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိ ေၾကာင္း သိရွိရသည္။
.
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕တြင္ ဖြင့္လွစ္ထားသည့္ အစိုးရနည္းပညာ အထက္တန္းေက်ာင္း (ေတာင္ႀကီး)တြင္ ေဒသအက်ိဳးျပဳ ကာလတို သက္ေမြးအေျခခံ စက္ခ်ဳပ္သင္တန္း အမွတ္စဥ္ () အား ဖြင့္လွစ္သင္ၾကားေပးလ်က္ ရွိၿပီး သင္တန္းကာလ တစ္လ သတ္မွတ္ထားကာ အမွန္တကယ္ စက္ခ်ဳပ္တတ္ေျမာက္လိုသူမ်ားအား စက္ခ်ဳပ္ပညာ ကၽြမ္းက်င္သည့္ ဆရာမ ငွားရမ္းသင္ၾကားေနျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ဆရာတို႔ ဒီသင္တန္းကို ဂ်ာမနီႏုိင္ငံ GIZ အဖြဲ႕အစည္းရဲ႕ ကူညီေထာက္ပံ့မႈနဲ႔ ဖြင့္ထားတာ ျဖစ္ပါတယ္။ ေက်ာင္းပညာေရး တစ္ပိုင္းတစ္စနဲ႕ အလုပ္အကုိင္ ရွာေဖြခက္ခဲေနတဲ့ ကေလးေတြ၊ စက္ခ်ဳပ္ပညာ အမွန္တကယ္ တတ္ခ်င္တဲ့ အမ်ိဳးသမီးေတြအတြက္ ရည္ရြယ္ၿပီး ဖြင့္ေပးထားတာပါ။ စက္ခ်ဳပ္ပညာတတ္ခ်င္တဲ့ ဘယ္သူမဆို လာတက္လို႔ ရပါတယ္။ အခု သင္ၾကားေပးေနတာ သင္တန္းစဥ္ အမွတ္ () ပါ။ သင္တန္းတစ္ႀကိမ္ ကို ၁၀ ေယာက္ႏႈန္း သင္ၾကားေပးေနပါတယ္။ ေနာက္ထပ္ သင္တန္းေတြလည္း ဆက္ဖြင့္သြားဖို႔ ရွိတယ္  ဟု ဆိုပါေၾကာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးသာတင္ညြန္႔က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
စက္ခ်ဳပ္သင္တန္း ကုန္က်စရိတ္မ်ားအား ဂ်ာမနီႏိုင္ငံ GIZ အဖြဲ႕အစည္းမွ ကူညီေထာက္ပံ့ထားသည့္အတြက္ သင္တန္းတက္ေရာက္သူမ်ားအေနျဖင့္ ခရီးစရိတ္ရွိလွ်င္ သင္တန္းသို႔ အခမဲ့ တက္ေရာက္သင္ၾကားႏုိင္ေၾကာင္း သိရသည္။
.
ျပင္ပတြင္ စက္ခ်ဳပ္သင္တန္း တက္ေရာက္မည္ဆိုပါက အေျခခံအတြက္ ၃ သိန္း၊ အဆင့္ျမင့္အတြက္ ၆ သိန္းနီးပါး ကုန္က်ႏုိင္သည္ ျဖစ္ရာ ယခု ဖြင့္လွစ္သင္ၾကားေပးေသာ သင္တန္းသည္ တက္ေရာက္သူမ်ား အတြက္ အဆင္ေျပေၾကာင္း သင္တန္းသူတစ္ဦးမွလည္း ေျပာၾကားသည္။
.
အစိုးရနည္းပညာ အထက္တန္းေက်ာင္း (ေတာင္ႀကီး)တြင္ ဖြင့္လွစ္သင္ၾကားေပးေနသည့္ သက္ေမြးအေျခခံစက္ခ်ဳပ္သင္တန္း အမွတ္စဥ္ () တြင္ ေအးသာယာၿမိဳ႕ခံမ်ားအျပင္ ေတာင္ႀကီး၊ ေရႊေညာင္၊ ေအာင္သေျပႏွင့္ အျခားနီးစပ္ရာ ေဒသမ်ားမွ စိတ္၀င္စားသူမ်ား တက္ေရာက္လ်က္ရွိၿပီး သင္တန္းအမွတ္ ၃/၄ မ်ား ဆက္လက္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
အစိုးရနည်းပညာ အထက်တန်းကျောင်း (တောင်ကြီး)တွင် ကာလတို စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေး လျက်ရှိ
.
အောင်ဆန်းဝင်း
.
ပညာရေးဝန်ကြီးဌာန၊ နည်းပညာအသက်မွေးဝမ်းကြောင်းနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ အစိုးရ နည်းပညာအထက်တန်းကျောင်း (တောင်ကြီး)တွင် ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်း၏ ထောက်ပံ့မှုဖြင့် ကာလတို စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း သိရှိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဖွင့်လှစ်ထားသည့် အစိုးရနည်းပညာ အထက်တန်းကျောင်း (တောင်ကြီး)တွင် ဒေသအကျိုးပြု ကာလတို သက်မွေးအခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ် (၂) အား ဖွင့်လှစ်သင်ကြားပေးလျက် ရှိပြီး သင်တန်းကာလ တစ်လ သတ်မှတ်ထားကာ အမှန်တကယ် စက်ချုပ်တတ်မြောက်လိုသူများအား စက်ချုပ်ပညာ ကျွမ်းကျင်သည့် ဆရာမ ငှားရမ်းသင်ကြားနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ဆရာတို့ ဒီသင်တန်းကို ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှုနဲ့ ဖွင့်ထားတာ ဖြစ်ပါတယ်။ ကျောင်းပညာရေး တစ်ပိုင်းတစ်စနဲ့ အလုပ်အကိုင် ရှာဖွေခက်ခဲနေတဲ့ ကလေးတွေ၊ စက်ချုပ်ပညာ အမှန်တကယ် တတ်ချင်တဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဖွင့်ပေးထားတာပါ။ စက်ချုပ်ပညာတတ်ချင်တဲ့ ဘယ်သူမဆို လာတက်လို့ ရပါတယ်။ အခု သင်ကြားပေးနေတာ သင်တန်းစဉ် အမှတ် (၂) ပါ။ သင်တန်းတစ်ကြိမ် ကို ၁၀ ယောက်နှုန်း သင်ကြားပေးနေပါတယ်။ နောက်ထပ် သင်တန်းတွေလည်း ဆက်ဖွင့်သွားဖို့ ရှိတယ်  ဟု အဆိုပါကြောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာတင်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စက်ချုပ်သင်တန်း ကုန်ကျစရိတ်များအား ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းမှ ကူညီထောက်ပံ့ထားသည့်အတွက် သင်တန်းတက်ရောက်သူများအနေဖြင့် ခရီးစရိတ်ရှိလျှင် သင်တန်းသို့ အခမဲ့ တက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။
.
ပြင်ပတွင် စက်ချုပ်သင်တန်း တက်ရောက်မည်ဆိုပါက အခြေခံအတွက် ၃ သိန်း၊ အဆင့်မြင့်အတွက် ၆ သိန်းနီးပါး ကုန်ကျနိုင်သည် ဖြစ်ရာ ယခု ဖွင့်လှစ်သင်ကြားပေးသော သင်တန်းသည် တက်ရောက်သူများ အတွက် အဆင်ပြေကြောင်း သင်တန်းသူတစ်ဦးမှလည်း ပြောကြားသည်။
.
အစိုးရနည်းပညာ အထက်တန်းကျောင်း (တောင်ကြီး)တွင် ဖွင့်လှစ်သင်ကြားပေးနေသည့် သက်မွေးအခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၂) တွင် အေးသာယာမြို့ခံများအပြင် တောင်ကြီး၊ ရွှေညောင်၊ အောင်သပြေနှင့် အခြားနီးစပ်ရာ ဒေသများမှ စိတ်ဝင်စားသူများ တက်ရောက်လျက်ရှိပြီး သင်တန်းအမှတ် ၃/၄ များ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats