ေအးသာယာၿမိဳ႕တည္ ႏွစ္ ၃၀ ျပည့္ ပုလဲပန္း ရသစံုမဂၢဇင္း ထုတ္ေဝ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Monday, August 5, 2019

ေအးသာယာၿမိဳ႕တည္ ႏွစ္ ၃၀ ျပည့္ ပုလဲပန္း ရသစံုမဂၢဇင္း ထုတ္ေဝ


ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေအးသာယာၿမိဳ႕တည္ ႏွစ္ ၃၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ပုလဲပန္း ရသစံုမဂၢဇင္း ကို ေတာင္ႀကီးႏွင့္ ေအးသာယာၿမိဳ႕မွ စာေရးဆရာမ်ား၊ ရွမ္းျပည္နယ္အတြင္းမွ စာေရးဆရာမ်ား စုေပါင္းအားျဖင့္ ထုတ္ေဝခဲ့ၾကၿပီး မဂၢဇင္း မိတ္ဆက္ပြဲအခမ္းအနားကို ဩဂုတ္လ ရက္က ေအးသာယာၿမိဳ႕၊ ေနာင္အင္ဘုုန္းေတ္ ႀကီးေက်ာင္းတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
ေအးသာယာအေျခစိုက္စာေရးဆရာေတြ၊ ေတာင္ႀကီးအေျခစိုက္ စာေရးဆရာနဲ႔ ရွမ္းျပည္နယ္အတြင္းက စာေရးဆရာေတြ၊ စာမူရွင္အသစ္ေတြ၊ ကေလာင္သစ္ေတြကို အားျပဳၿပီး ထုတ္တာပါ။ မိတ္ဆက္ပြဲမွာ စာမူရွင္ေတြ တစ္ဦးခ်င္း မိတ္ဆက္ခဲ့ပါတယ္ဟု ပုလဲပန္းမဂၢဇင္း အယ္ဒီတာ ကိုစိုင္းထြန္းေနာင္က ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ပုလဲပန္းရသစံုမဂၢဇင္းကို မိတ္ဆက္ပြဲတြင္ ေအးသာယာၿမိဳ႕ ရတုမဂၢဇင္းမ်ား ထပ္မံ ထုတ္ေဝႏိုင္ေရး၊ ကဗ်ာစာအုပ္ ထုတ္ေဝႏိုင္ေရး၊ ေအးသာယာအေျခစိုက္ စာေရးဆရာအသင္း ဖြဲ႕စည္းေရးႏွင့္ စာၾကည့္တိုက္ ထူ ေထာင္ႏိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္က ေအးသာယာၿမိဳ႕တည္ ေငြရတုမဂၢဇင္းအား ပထဆံုးအႀကိမ္အျဖစ္ ထုတ္ေဝခဲ့ၿပီး ယခု ႏွစ္ ၃၀ ျပည့္ အထိမ္းအမွတ္ ထုတ္ေဝသည့္ ပုလဲပန္းရသစံုမဂၢဇင္းမွာ ေအးသာယာၿမိဳ႕အတြက္ ဒုတိယေျမာက္ ေျခလွမ္းျဖစ္ကာ မဂၢဇင္းတြင္ စာမူရွင္ ၄၀ ေက်ာ္၏ ဝတၳဳ၊ ေဆာင္းပါး၊ ကဗ်ာ၊ ကာတြန္း စသည့္က႑စံု၊ ရသစံု ထည့္ သြင္းပံုႏွိပ္ ထုတ္ေဝခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
စာအုပ္မိတ္ဆက္ပြဲတြင္ ေနာင္အင္ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္မွ အဖြင့္ဩဝါဒစကား ႁမြက္ၾကား ခဲ့ၿပီး ထုတ္ေဝသူ/အယ္ဒီတာ ကိုစိုင္းထြန္းေနာင္၊ ေတာင္ႀကီးၿမိဳ႕နယ္စာေရးဆရာအသင္း ဥကၠဌ ေမာင္ခြန္ႏြယ္ (အင္းေလး) ႏွင့္ ျမန္မာႏိုင္ငံသတင္းစာဆရာအသင္း (ရွမ္းျပည္နယ္) ဥကၠဌ ေဒၚေမေမနီတို႔က အမွာစကားမ်ား အသီးသီးေျပာၾကားကာ စာမူရွင္မ်ားအား မဂၢဇင္းစာအုပ္မ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
.
============================================================
အေးသာယာမြို့တည် နှစ် ၃၀ ပြည့် ပုလဲပန်း ရသစုံမဂ္ဂဇင်း ထုတ်ဝေ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့တည် နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ပုလဲပန်း ရသစုံမဂ္ဂဇင်း ကို တောင်ကြီးနှင့် အေးသာယာမြို့မှ စာရေးဆရာများ၊ ရှမ်းပြည်နယ်အတွင်းမှ စာရေးဆရာများ စုပေါင်းအားဖြင့် ထုတ်ဝေခဲ့ကြပြီး မဂ္ဂဇင်း မိတ်ဆက်ပွဲအခမ်းအနားကို ဩဂုတ်လ ၄ ရက်က အေးသာယာမြို့၊ နောင်အင်ဘုုန်းတေ် ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အေးသာယာအခြေစိုက်စာရေးဆရာတွေ၊ တောင်ကြီးအခြေစိုက် စာရေးဆရာနဲ့ ရှမ်းပြည်နယ်အတွင်းက စာရေးဆရာတွေ၊ စာမူရှင်အသစ်တွေ၊ ကလောင်သစ်တွေကို အားပြုပြီး ထုတ်တာပါ။ မိတ်ဆက်ပွဲမှာ စာမူရှင်တွေ တစ်ဦးချင်း မိတ်ဆက်ခဲ့ပါတယ်ဟု ပုလဲပန်းမဂ္ဂဇင်း အယ်ဒီတာ ကိုစိုင်းထွန်းနောင်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပုလဲပန်းရသစုံမဂ္ဂဇင်းကို မိတ်ဆက်ပွဲတွင် အေးသာယာမြို့ ရတုမဂ္ဂဇင်းများ ထပ်မံ ထုတ်ဝေနိုင်ရေး၊ ကဗျာစာအုပ် ထုတ်ဝေနိုင်ရေး၊ အေးသာယာအခြေစိုက် စာရေးဆရာအသင်း ဖွဲ့စည်းရေးနှင့် စာကြည့်တိုက် ထူ ထောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က အေးသာယာမြို့တည် ငွေရတုမဂ္ဂဇင်းအား ပထဆုံးအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး ယခု နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထုတ်ဝေသည့် ပုလဲပန်းရသစုံမဂ္ဂဇင်းမှာ အေးသာယာမြို့အတွက် ဒုတိယမြောက် ခြေလှမ်းဖြစ်ကာ မဂ္ဂဇင်းတွင် စာမူရှင် ၄၀ ကျော်၏ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း စသည့်ကဏ္ဍစုံ၊ ရသစုံ ထည့် သွင်းပုံနှိပ် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စာအုပ်မိတ်ဆက်ပွဲတွင် နောင်အင်ဘုန်းတော်ကြီးကျောင်း ဆရာတော်မှ အဖွင့်ဩဝါဒစကား မြွက်ကြား ခဲ့ပြီး ထုတ်ဝေသူ/အယ်ဒီတာ ကိုစိုင်းထွန်းနောင်၊ တောင်ကြီးမြို့နယ်စာရေးဆရာအသင်း ဥက္ကဌ မောင်ခွန်နွယ် (အင်းလေး) နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းပြည်နယ်) ဥက္ကဌ ဒေါ်မေမေနီတို့က အမှာစကားများ အသီးသီးပြောကြားကာ စာမူရှင်များအား မဂ္ဂဇင်းစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats