အေျခမဲ့ ညီလာခံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, August 6, 2019

အေျခမဲ့ ညီလာခံ


ေဒါက္တာေအာင္ေက်ာ္ (သြား/ဆရာဝန္)
.
.
ၿမိဳ႕အဂၤါ
.
ၿမိဳ႕တစ္ၿမိဳ႕ တည္မည္ဆိုလွ်င္ ေျမက်ယ္ က်ယ္လြင့္လြင့္ ရွိဖို႔၊ ရာသီဥတု ေကာင္းမြန္ဖို႕၊ လမ္းပန္းဆက္သြယ္ေရး လြယ္ကူေစဖို႔ (ျဖစ္ႏိုင္ လွ်င္ လြယ္ကူေရးတြက္ အရပ္ရပ္၏ အလယ္ဗ ဟိုဆံုရပ္ ျဖစ္ႏိုင္ပါက ပိုေကာင္း)၊ ေက်ာေထာက္ ေနာက္ခံသဘာဝသစ္ ေတာထြက္၊ ေျမေအာက္ သယံဇာတ သတၲဳ ေရနံ၊ ေက်ာက္မ်က္စသည္ ေကာင္းဖို႔၊ စိုက္ပ်ိဳးေရး ျဖစ္ထြန္းဖို႔ ၊ ေမြးျမဴေရး ေအာင္ျမင္ႏိုင္ေျခ ရွိဖို႔၊ ေဒသခံ လူမ်ိဳးတို႕၏ စိတ္ေနစိတ္ထား ေကာင္းဖို႕ စသည္အားျဖင့္ ေရ ခံေျမခံ သင့္တင့္ေလ်ာက္ပတ္ ေကာင္းေနဖို႕ အလြန္မတန္မွ အေရးႀကီးပါသည္။ ေရ၊မီး စံု လင္ေစဖို႔မွာ မီးကိုဖန္တီးယူ၍ ရႏိုင္ေသး၏။ မရွိမျဖစ္ လိုအပ္သည္ကေတာ့ ေရအရင္းအျမစ္၊ စိမ့္စမ္း၊ ကန္ေခ်ာင္း၊ အင္းအိုင္၊ ျမစ္ေျမာင္း၊ ေရထြက္ စသည္ အရန္သင့္ ရွိေနဖို႕ေတာ့အေရး တႀကီး လိုအပ္၏။ ေရွးေခတ္တုန္းက ယာဥ္ဆို ၍ ႏြားလွည္းကို အားကိုးရသည္ျဖစ္၍၊ ျဖည္း ျဖည္းသာသာ၊ တစ္ရက္ ခရီးသည္ ၁၀ မိုင္ ခန္႔သာ ခရီးေပါက္ႏိုင္၏။ ညအိပ္နားရန္ စခန္း ဟူသည္ ေရရွိရာ အရပ္ကို ေရြးခ်ယ္ၾကရ၏။ ခ်က္ျပဳတ္ေရး၊ ေလွ်ာ္ဖြပ္ေရးႏွင့္ ခ်ိဳးရန္ ေရ သည္ မရွိမျဖစ္ လိုအပ္၏။ ေနာက္တစ္ရက္ ခရီးစဥ္အတြက္၊ ေန႔လယ္စာရိကၡာ ခ်က္ျပဳတ္ သြားရပါဦးမည္။ ေသာက္ေရ ျဖည့္ၿပီး သယ္ ေဆာင္သြားရလိမ့္မည္။ ထိုသို႔ေသာ အေရးႀကီး ကိစၥမ်ားအတြက္ ေရသည္ ပထမဦးစားေပး အ ခ်က္ပါ။ မီးကား ေကာင္းကင္၏ မီးအိမ္၊ လမင္း ႀကီး မသာကာမွ ေနေရာ၊ ကညင္ဆီမီး တုတ္ ထြန္းမည္။ ေရနံစိမ္းကိုလည္း အားကိုးႏိုင္၏။ ေရကိုေတာ့ လူတို႔ဖန္တီးႏိုင္သည္ မဟုတ္။ ယ ခုေခတ္က်မွသာလွ်င္၊ ေျမနက္နက္ ေျမေအာက္ ေရလႊာကို စက္ေရတြင္း ေပေလးငါးရွစ္ရာ တစ္ ေထာင္ တူးေဖာ္ရရွိႏိုင္သည္ ဟုတ္။
.

 မ်က္ေမွာက္ေခတ္ႀကီးမွာ ပဲဆီစစ္ တစ္ပိ ႆာ ေျခာက္ေထာင္ေက်ာ္တဲ့။ မုန္႔ဟင္းခါးတစ္ ပြဲ အေႀကာ္ငါးဆုပ္ဘဲဥ အစံုပါလွ်င္ ရွစ္ရာ တစ္ေထာင္။ ပြဲဟိုတုန္းကလို မႀကီး။ အာသာေျပ႐ံုသာ။ ဗိုက္မဝႏိုင္ပါ။ ေငြေၾကး ေဖာင္းပြ၊ ကုန္ ေဈးႏႈန္း ႀကီးျမင့္။ ေငြရွာရခက္ ေငြတြင္းနက္ လြန္း။

.
အိမ္ေဆာက္လွ်င္ ငယ္ငယ္၊ လမ္းေဖာက္ လွ်င္ က်ယ္က်ယ္ဟု ေရွးလူႀကီး သူမတို႔က ဆို ႐ိုးျပဳခဲ့ၾက၏။ ကြ်န္ေတာ္တို႔၏ ၿမိဳ႕ေတာ္ ေတာင္ ႀကီးမွာ ၿမိဳ႕သက္တစ္ရာ့အစိတ္ (လာမည့္ စက္ တင္ဘာလ ၁၅ ရက္) ရွိလာခ်ိန္တြင္ ၿမိဳ႕အလြန္ မတန္ ႀကီးထြား၊ ကားေတြ ေမာ္ေတာ္ဆိုင္ကယ္ ေတြ မတရား ေပါမ်ား၊ ၿမိဳ႕လမ္းမ်ားကား ေရွးတုန္းက က်ယ္လြန္းခဲ့ေပမယ့္ ယခုေတာ့ အလြန္ က်ဥ္းေျမာင္းကုန္ပါၿပီ။ ၿမိဳ႕ေရွာင္လမ္းႀကီးက လည္း မေပၚေပါက္လာႏိုင္ေသးေတာ့ ကုန္တင္ ကားႀကီး ေလးငါးေျခာက္ဆက္ မကသည့္ တြဲ ကားရွည္ရွည္ ႀကီးႀကီျမင့္ျမင့္ေတြေၾကာင့္ လမ္း ေၾကာပိတ္၊ ဓာတ္ႀကိဳးျပတ္ ျပဳတ္က်လမ္းေတြ လကမၻာေျမလို ခြက္ခ်ိဳင့္ အေပါက္အၿပဲေတြ ဗရပ်စ္၊ ကုန္အျပည့္အေမာက္ ကုန္ကားႀကီးမ်ား ညဥ့္သန္းေခါင္ အရွိန္ျပင္းျပင္း ျဖတ္ေမာင္းလွ်င္ အိမ္ေတြ တုန္ခါ၊ နားမခ်မ္းသာ၊ မီးႀကိဳးဖုန္းႀကိဳး ျဖတ္ခ်ခဲ့လည္း တရားခံ မေပၚႏိုင္၊ အိမ္ရွင္ေတြ သာ ကုန္ၿပီးရင္း ထပ္ထပ္ကုန္။ မသက္သာလွ ေတာ့ပါ။ ၿမိဳ႕ႀကီးလာေလ အမိႈက္႐ႈပ္ပြေလ၊ ေရ ေျမာင္း ပိတ္ဆို႕ပုပ္နံ႕ ေထာင္းေလ၊ ျခင္ယင္ေျမ ျြကက္ ေပါမ်ားလာေလ။ ေရာဂါထူေျပာလာေလ။ ေဆးခန္း ေဆး႐ံု သြားရေလ။ က်န္းမာေရး စ ရိတ္ ပိုႀကီးမားလာေလ။ ၿပီးေတာ့ စိတ္မႏွံ႕သူ ေတြ ေပါမ်ားလာေလ။ အေျခအေနမဲ့ေတြေတာင္း ရမ္း စားေသာက္သူေတြ။
.
ပိုက်ပ္တည္းလာ
.
ေျမႀကီးရွားပါးလာ၍ ေရွးက အိမ္ဝင္းက်ယ္ ႀကီးေတြ ခြဲစိတ္ေရာင္းရင္း ဝင္းကြက္ငယ္ေတြ အေရအတြက္ ပိုမ်ားလာ၊ အိမ္ေတြ ပူးကပ္က်ပ္ ညပ္ျြပတ္သိပ္လာ၊ လူေနထူထပ္ သိပ္သည္း လာ၊ အညစ္အေၾကး ပိုမ်ားလာ၊ လူမသန္႔ေတာ့ ဘဲ လူအမ်ိဳးမ်ိဳး ေရာျြပမ္းလာ၊ ခါးပိုက္ႏိႈက္၊ သူ ခိုးလူဆိုးေတြ ေပါမ်ားလာ၊ အရက္သမား လူ ရမ္းကားေတြ ထူေျပာလာ၊ ေဆးခ်သမား ေဆး ျပားသံုးသူမ်ား ပို၍ ပို၍ မ်ားလာကာ ဒုစ႐ိုက္ ပိုမို က်ဴးလြန္လာၾကေတာ့သည္။ ကြမ္းယာဆိုင္ ေတြ လမ္းေထာင့္တိုင္းရွိ၊ တစ္လမ္းတည္းမွာ  ဘီယာဆိုင္ေတြ တန္းစီေန။ ဘီယာသည္ အ ရက္ မဟုတ္ပါ။ ေႀကာ္ျငာေတြက ေက်ာ္ေအာင္ ညာၾကေသာ္လည္း အယ္လ္ကိုေဟာဆိုေသာ အရက္ပါဝင္ႏႈန္း နည္းျခင္း မ်ားျခင္းသာလွ်င္ ကြာျခားပါမည္။ အဝင္မ်ားလွ်င္ မူးယစ္လာသည္ သာ။ မူးယစ္လွ်င္ ပံုမွန္စိတ္ အေနအထား မ ဟုတ္ေတာ့ဘဲ၊ မေကာင္းမႈဘက္သို႔ ေရွး႐ႈေနပါ ၿပီ။ ျပစ္မႈက်ဴးလြန္ရန္ လြယ္ကူသြားေပေတာ့ မည္ေလ။ ၿပီးေတာ့ စကားဆက္ခ်င္ေသး၏။ စည္ ဘီယာ ဆိုေပသိ၊ အရက္ျပင္းအရက္ပုန္းေတြ ပါ ေပၚတင္ႀကီး တင္ေရာင္းၾကေသးေတာ့၊ ပိုလို႔ ပိုလို႕ မူးၾကယစ္ၾက။ အရစ္တက္ၾက၊ ျငင္းခံုၾက၊ စကားကေတာက္ကဆ ျဖစ္၊ ရန္ျဖစ္ ခုတ္ထစ္ ၾက။ ရပ္ကြက္ထဲမွာ နားမခ်မ္းသာ စရာ၊ စိတ္ လည္း မခ်မ္းသာ။ ၿမိဳ႕ႀကီးလာေလ၊ လူမ်ားလာ ေလ။ စကားမ်ားေလ၊ ေခ်းမ်ားေလ။
.
ေဒၚဝင္းေရ ကြ်န္ေတာ္ ေဖာင္ႀကီး သင္ တန္းတက္တဲ့ ၁၉၇၅ ခုႏွစ္တုန္းကမ်ား၊ ေကာက္ ညႇင္းေပါင္း၊ တစ္မတ္ဖိုး၊ ဗိုက္႐ိုက္စားပါေလ။ လွည္းကူးဝန္းက်င္ဆိုတာ စပါးခင္းေတြက ေမွ်ာ္ တေခၚႀကီး။ ဆန္ေပါ ေကာက္ညႇင္းေပါ။ ခုမ်ား ေတာ့ ႏွစ္ရာဖိုး တစ္ထုပ္ဟာ ဟိုတုန္းက ဆယ္ ျပားဖိုးေလာက္ေတာင္ မႀကီးခ်င္ေတာ့ဘူး။ အာ မထိ လွ်ာမထိ ေပဘူး။ နံၾကားလည္း မထိခ်င္ ခ်င္ရယ္ပါ
.
အဲဒီေခတ္မ်ိဳး ျပန္မလာေတာ့ဘူး ဆရာ ေရ။ ပံုျပင္ထဲ ထားရစ္ခဲ့ေတာ့။ ကြ်န္မက ဆရာ ထက္ ေလးငါးရွစ္ႏွစ္ပဲ ငယ္တာဆိုေတာ့ မုန္႕ ဟင္းခါး တစ္ပြဲတစ္မတ္၊ ၾကာေကြးနံျပား ဆယ္ ျပားေခတ္ကို မီခဲ့ပါေသးတယ္။ တစ္မတ္ဖိုး မကုန္လို႔ က်န္ရစ္ခဲ့ေသး။ ၾကာေကြးကို ဖဲ့ၿပီးေခြး ေကြ်းေသး
.
အဘြားတို႔ ေျပာဖူးတယ္။ မင္းတို႔ေခတ္က လည္း ရွာေတာ့ အဂၤလိပ္ပိုက္ဆံ။ သံုးေတာ့ အသံုးမခံလိုက္ပံု ဂ်ပန္ပိုက္ဆံတဲ့ေလ ေဒၚဝင္းရ
.
ဆရာ့ အဘြားဆံုးေတာ့ ၁၉၆၈ ခုႏွစ္ ဟုတ္လား။ ခုေနခါမ်ား အဘြားႀကီး ရွိေနေသး ရင္ ဘာမွ မ်ိဳလို႔က်ႏိုင္ေတာ့မွာ မဟုတ္ဘူး။ ပိုက္ဆံ ကိုက္စားေနရသလိုလို႔ ေျပာမွာေပါ့
.
အင္း ႏွစ္ ၅၀ ဆိုတဲ့ ရာစုေခတ္ တစ္ ဝက္အတြင္း စနစ္အဖံုဖံု၊ မင္းအစံုစံု၊ ရွင္ႀကီးဝမ္း လည္း ဝင္ခဲ့ၿပီ။ ရွင္ငယ္ဝမ္းလည္း ဝင္ခဲ့ၿပီ။ ဘယ္ဝမ္းမွလည္း နံ႕သာမေမႊး။ ေခ်းေစာ္နံလို႔ ျပန္ခဲ့ၿပီလို႔ ကြ်န္ေတာ္အဘြားအႀကီး ျမည္တမ္း မွာ ၾကားေယာင္မိေသးတယ္
.
စစ္ေအးလို႔ပဲ ေျပာရမလား။ ရွာစားေဖြစား ျဖစ္ေသးလို႔ ေတာ္ပါေသးရဲ႕။ ဂ်ပန္ေခတ္တုန္းက လို ေျပးဟဲ့လႊားဟဲ့၊ စားသုတ္သုတ္ သြားသုတ္ သုတ္နဲ႔ စာရင္ ေက်းဇူးတင္ရလို႕ အဘြားႀကီးဆို မွာ
.
မေအးခ်မ္းႏိုင္
.
အဖြဲ႕အစည္းနဲ႔ အစိုးရတပ္ ထိပ္တိုက္ေတြ႕ တဲ့ အရပ္မ်ား၊ ရန္ပံုေငြ ခဏခဏေတာင္း၊ တပ္သားသစ္ စုေဆာင္းလို႔ ခဏခဏ လူဆြဲ၊မထင္ ရင္ ပစ္သတ္ျပ၊ ေျပးစရာ ေျမမရွိ၊  ေပးစရာေငြ မရွိတဲ့ ရပ္သူရြာသားေတြနဲ႔ ႏိႈင္းစာရင္ ကြ်န္ ေတာ္တို႔က အပံုႀကီး ေအးခ်မ္းပါေသးတယ္ ေဖာက္သည္ႀကီးေရ
.
စကားေကာင္းေနလို႔ မျဖစ္ေသးဘူး။ ေန ျမင့္လာၿပီ ဆရာ။ ေဟာဒီက ေကာက္ညႇင္းေပါင္း ပဲျပဳတ္ေတာ္ေရ
.
ေျပာေျပာဆိုဆိုႏွင့္ ကြ်န္ေတာ့္ေဖာက္သည္ ႀကီး ေဒၚဝင္း၊ အိုးရြက္ကာ အသံက်ယ္က်ယ္ ဟစ္ေအာ္ရင္း ထြက္သြားခဲ့ ေလၿပီ။ ေျမးသံုး ေယာက္အတြက္ ငခ်ိပ္ေပါင္း စေတာ္ပဲျပဳတ္တစ္ ေထာင္ဖိုးက သူတို႔ ဘယ္နံၾကားကပ္ေလမည္ မသိ။ ကြ်န္ေတာ္ ၁၉၆၆ ခုႏွစ္ ကုန္ခါနီး ရန္ ကုန္တကၠသိုလ္မွာ ေက်ာင္းတက္ရစဥ္တုန္းက ေငြတစ္က်ပ္ ၾကက္ဥငါးလံုး၊ ဘဲဥ ခုႏွစ္လံုး၊ ဆယ္လအတြက္ ေငြႏွစ္ေထာင္ ထည့္ေပးလိုက္ တာ၊ သူေဌးသံုး သံုးႏိုင္ပါ၏။ ေက်ာင္းလခ၊ အေဆာင္ေၾကး၊ ဖယ္ရီကားခေပးၿပီး ေနာက္မုန္႔ဖိုး ေန႔တြက္ ေလးက်ပ္ က်န္၏။ ထိုစဥ္က တစ္ေန႔ လုပ္အားခ သံုးက်ပ္ဆယ့္ငါးျပား ေခတ္။ ၿမိဳ႕ ေတာ္မဟာ ရန္ကုန္သို႔ ေရာက္စ နယ္ေက်ာင္း သားမို႔ မသံုးစြဲတတ္ေသးရကား ႏွစ္ကုန္အိမ္အ ျပန္ အိမ္သား လူေစ့တြက္ လက္ေဆာင္ဝယ္ျပန္ တာေတာင္ က်ပ္ကိုးရာ အိမ္ျပန္ပါလာသည္။ ေျပာျပက ယံုတမ္းစကား ထင္ၾကမည္။ ထား ေတာ့။ ေနရစ္ေတာ့ ေခတ္ေဟာင္း။
.
မ်က္ေမွာက္ေခတ္ႀကီးမွာ ပဲဆီစစ္ တစ္ပိ ႆာ ေျခာက္ေထာင္ေက်ာ္တဲ့။ မုန္႔ဟင္းခါးတစ္ ပြဲ အေႀကာ္ငါးဆုပ္ဘဲဥ အစံုပါလွ်င္ ရွစ္ရာ တစ္ေထာင္။ ပြဲဟိုတုန္းကလို မႀကီး။ အာသာေျပ႐ံုသာ။ ဗိုက္မဝႏိုင္ပါ။ ေငြေၾကး ေဖာင္းပြ၊ ကုန္ ေဈးႏႈန္း ႀကီးျမင့္။ ေငြရွာရခက္ ေငြတြင္းနက္ လြန္း။ တစ္ရက္ၿပီး ေနာက္တစ္ရက္အတြက္ အ လ်ဥ္မမီခ်င္။ တစ္နပ္ၿပီး ေနာက္တစ္နပ္တြက္ ခက္ခဲရွာသူေတြ အမ်ားႀကီး။ တိုင္းျပည္ႀကီးဘယ္ ေတာ့မွ ေအးခ်မ္းႏိုင္မည္။ သာယာဝေျပာ ႏိုင္ မည္ မသိပါ။ ၿငိမ္းခ်မ္းေရး မရႏိုင္ေသး သမွ် ေတာ့ ခ်ာခ်ာလည္ ေနပါလိမ့္ဦးမည္။ ျပည္တြင္း စစ္ ျပည္ပစစ္ ေအးၿငိမ္းေစခ်င္လွၿပီ။ ၿငိမ္းခ်မ္း ေရး အျပည့္အဝ ထာဝရ ရေစခ်င္ပါၿပီ။ တပ္ပ်က္ ဗိုလ္လုပ္ရရွာေသာ လက္ရွိအစိုးရကိုလည္းအ လြန္ ကိုယ္ခ်င္းစာမိ၏။ အ႐ႈပ္ထုပ္ေတြ အမ်ား ႀကီးကို လက္ေျပာင္းလက္လႊဲ လုပ္ျခင္း လက္ခံ ရယူထားရရွာေတာ့လည္း သံုးႏွစ္ေတာင္ ရက္ ေပါင္း တစ္ေထာင္ကို ရက္ရာမ်ား ေက်ာ္ေအာင္ ႐ုန္းခဲ့ေပေသာ္ျငား ရွင္းလို႔မွ မၿပီးစီးႏိုင္ေသး။ အစိုးရ စပ္ကူးမပ္ကူး။ ရက္ ၁၀ဝ ဆိုသည္ကား မ်က္ေခ်းေလာက္သာရွိသည့္ ကာလတိုေလးမို႔ ဘာမွ မေရြ႕ႏိုင္ေသး။ ခုေတာင္ အေရြ႕ေသးေသး သာ ေရြႊ႕ႏိုင္ေသး၏။ အေရြ႕ႀကီးႀကီးကို ရည္မွန္း တုန္းမွာ သံုးႏွစ္ခြဲေတာ့မည္။ မၾကာမီေလးႏွစ္ ျပည့္မီမည္။ ၂၀၂၀ ေရြးေကာက္ပြဲက မ်က္စ လွမ္းၿပီး ပစ္ျပေနၿပီ။ ေအာင္ႏိုင္ေရး စည္း႐ံုးေရး မဲဆြယ္ေရးေတြႏွင့္ တိုင္းျပည္အတြက္ လုပ္ႏိုင္ဖို႔ ဘာမွ မက်န္ေတာ့။ ျပည္သူလူထုကေတာ့ အေရြ႕ႀကီးအတြက္ ဝိုင္းဝန္းတြန္းကူဖို႔ အဆင္ သင့္။
.
အေျခအေနမဲ့
.
ဆရာတို႔ရဲ႕ ဟိုေထာင့္ အိမ္နားမွာ အ႐ူး ေတြ ညီလာခံနဲ႔ တူတယ္
.
စိတ္မျပည့္သူလို႔ ယဥ္ယဥ္ေက်းေက်း သံုးရတယ္။ အ႐ူး စကားလံုးက ႐ိုင္းသတဲ့
.
အ႐ူး အ႐ူးနဲ႔ အိမ္ဦးတက္ေခ်းပါသတဲ့ ဆရာ။ ဟိုတေလာတုန္းက ေသးေကာ့ပန္းေန လို႕
.
ဟုတ္ပါ့ မသီရာ။ ခင္မ်ား လာေျပးေျပာ ေပလို႔ အကြက္ဆိုက္တုန္း၊ ရပ္ကြက္႐ံုးကို အ ေၾကာင္းၾကားလိုက္ႏိုင္ေတာ့ တာဝန္ရွိသူမ်ား လာေမာင္းထုတ္ေပးတာ ေက်းဇူးတင္ေနရ တယ္
.
ခုလည္း ၾကည့္လုပ္ဦးေနာ္။ ဆရာတို႔ကို ဒုကၡေပးသြားပါဦးမယ္။ စိတ္ပူရတယ္ေနာ္
.
ဟုတ္ကဲ့။ လာေျပာေပးေဖာ္ရလို႔ အိမ္နား နီးခ်င္း ေဆြမ်ိဳးရင္း ေက်းဇူးပဲဗ်ာ
.
တစ္မနက္ခင္း၊ အေတာ္ေစာပါေသး၏။ နံနက္ ၇ နာရီ မထိုးတတ္ေသးပါ။ အ႐ူးေတာ့ မဟုတ္ႏိုင္။ စိတ္က်ပ္သိပ္မျပည့္တာ ပါေကာင္း ပါမည္။ ငါးဦးသား စည္းေဝးထိုင္ေနၾကပံု ေပၚ ပါ၏။ ပထမ မနက္ႏွစ္ေယာက္။ ေနာက္ရက္ သံုးေယာက္၊ ခုမနက္ ငါးေယာက္။ အင္အားေတြ တိုးလို႔သာလာေနပါသည္။ ၿမိဳ႕ခံထဲက ျဖစ္မည္ မထင္။ အေဝးတစ္ရပ္တစ္ရြာက ေရၾကည္ရာ ျမက္ႏုရာ ေျပးခိုေနထိုင္ၾကသည့္ ေရႊဧည့္မဟာ မ်ားေပလားမသိ။ လြန္ခဲ့ေသာ ႏွစ္ေတြကတည္း က မ်က္ႏွာစိမ္းေတြ၊ အဝတ္အစား စုတ္ျပတ္ ေပညစ္၊ ဆာလာအိတ္ တစ္လံုး၊ တုတ္တစ္ ေခ်ာင္းႏွင့္ လာနားခိုတတ္သည္။ ျြကပ္ျြကပ္အိတ္ ဆြဲစားစရာ ထိုင္စားတတ္၏။ ေခြးေတြ ဝိုင္းဝိုင္း လည္။ ေအာင္မယ္ သူကေခြးေတြကိုေတာင္ မွ် ေဝၿပီး ေကြ်းေနေသး၏။ ေရာေရာေထြးေထြးပါ ပဲ။ အေကာင္းဆိုရေအာင္လည္း အခက္။ အ႐ူး ေျပာဖို႕ကလည္း မတရား ႏွိမ္ေျပာရာ က်ေပဦး ေတာ့မည္။ အထုပ္ကို ေခါင္းအံုး၊ ေက်ာမ်ားပင္ ဆန္႔လို႕ စည္းစိမ္ေကာင္းလိုက္ပံုမ်ား၊ မပူမပင္ မေၾကာင့္မၾက။ ေနာက္ပိုင္း ညမ်ားပါ စတည္းခ် ၾကပါေတာ့သည္။
.
တစ္ဦးတည္းတုန္းက ပတ္ဝန္းက်င္ကိုနည္း နည္း ရွိန္ေသး၏။ ႏွစ္ဦး ျဖစ္လာေတာ့ သိပ္ၿပီး မမႈခ်င္ေတာ့။ တံခါးကို ေသးေကာ့ပန္း၍ ထြက္ ၾကည့္ရာ၊ ကေလာ္ထုတ္ေတာ့၏။ အားကိုးရွိၿပီ ေလ။ ညအိပ္က ခက္၏။ ဟိုအိမ္ သည္အိမ္အ တိုအစ ေပ်ာက္တာ ထားေတာ့။ ေရေမာ္တာ ေတြ ျဖဳတ္ခိုးၾကတာ ခံရေတာ့ မ်က္ျဖဴဆိုက္ၾက ၿပီ။ မ်က္ျမင္မဟုတ္ေတာ့ မစြပ္စြဲသာ။ တျခား ေဆးျပားစြဲ ေဆးဘဲေတြလည္း ျဖစ္ႏိုင္ေသးတာ ကိုး။ အခု ငါးဦးေတာင္ဆိုေတာ့ မေတြးဝံ့ေတာ့ ၿပီ။ မနက္တိုင္း ညီလာခံ က်င္းပၿပီးေတာ့ လူစု ခြဲၾက၏။ နယ္ေျမ သတ္မွတ္ၾကသည္လား။ အ ေတြ႕အႀကံဳ ဖလွယ္ၾကသည္လား။ တစ္ခုခုေတာ့ တစ္ခုခုပဲ။ စစ္ေျပးစစ္ေရွာင္ထဲကလား။ အိမ္က ႏွင္ခ်တာ ခံရလို႔ပဲလား။ စိတ္မေဖာက္တေဖာက္ ေတြပဲလား။ ေနာက္တစ္မ်ိဳး ျဖစ္ႏိုင္ဦးမလား။ တစ္ေခတ္တုန္းကလို သတင္းေပးမ်ားလား။ ေထာက္လွမ္းေရး တပ္သားေတြပဲလား မသိ။ မထင္ေကာင္းေသာ္လည္း အ႐ူးဟန္ေဆာင္ ေထာက္လွမ္း။ သူေတာင္းစား ဟန္ေဆာင္ ေထာက္လွမ္းတာေတြလည္း ၾကားဖူးေတြ႕ဖူးေန ေတာ့ စဥ္းစားရခက္။ ဆံုးျဖတ္ရခက္။ မေျပး ေသာ္လည္း ကန္ရာရွိ။ ေခတ္ႀကီးကိုက ဒီလိုပါ ဟုဆိုရမည့္ အေနအထား ဘာေၾကာင့္ျဖစ္ျဖစ္၊ ေတာေျခအံုၾကား၊ ျပည္သူမ်ား အပါအဝင္၊အား လံုးတို႔ကေတာ့ ၿငိမ္းခ်မ္းေရးႀကီး ရရွိခိုင္ၿမဲေစခ်င္ ၾကၿပီ။ ပဲပုပ္ေထာင္းစား ေခါင္းျပားေအာင္ အိပ္ခ်င္။
.
============================================================
အခြေမဲ့ ညီလာခံ
.
ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
မြို့အင်္ဂါ
.
မြို့တစ်မြို့ တည်မည်ဆိုလျှင် မြေကျယ် ကျယ်လွင့်လွင့် ရှိဖို့၊ ရာသီဥတု ကောင်းမွန်ဖို့၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေဖို့ (ဖြစ်နိုင် လျှင် လွယ်ကူရေးတွက် အရပ်ရပ်၏ အလယ်ဗ ဟိုဆုံရပ် ဖြစ်နိုင်ပါက ပိုကောင်း)၊ ကျောထောက် နောက်ခံသဘာဝသစ် တောထွက်၊ မြေအောက် သယံဇာတ သတ္တု ရေနံ၊ ကျောက်မျက်စသည် ကောင်းဖို့၊ စိုက်ပျိုးရေး ဖြစ်ထွန်းဖို့ ၊ မွေးမြူရေး အောင်မြင်နိုင်ခြေ ရှိဖို့၊ ဒေသခံ လူမျိုးတို့၏ စိတ်နေစိတ်ထား ကောင်းဖို့ စသည်အားဖြင့် ရေ ခံမြေခံ သင့်တင့်လျောက်ပတ် ကောင်းနေဖို့ အလွန်မတန်မှ အရေးကြီးပါသည်။ ရေ၊မီး စုံ လင်စေဖို့မှာ မီးကိုဖန်တီးယူ၍ ရနိုင်သေး၏။ မရှိမဖြစ် လိုအပ်သည်ကတော့ ရေအရင်းအမြစ်၊ စိမ့်စမ်း၊ ကန်ချောင်း၊ အင်းအိုင်၊ မြစ်မြောင်း၊ ရေထွက် စသည် အရန်သင့် ရှိနေဖို့တော့အရေး တကြီး လိုအပ်၏။ ရှေးခေတ်တုန်းက ယာဉ်ဆို ၍ နွားလှည်းကို အားကိုးရသည်ဖြစ်၍၊ ဖြည်း ဖြည်းသာသာ၊ တစ်ရက် ခရီးသည် ၁၀ မိုင် ခန့်သာ ခရီးပေါက်နိုင်၏။ ညအိပ်နားရန် စခန်း ဟူသည် ရေရှိရာ အရပ်ကို ရွေးချယ်ကြရ၏။ ချက်ပြုတ်ရေး၊ လျှော်ဖွပ်ရေးနှင့် ချိုးရန် ရေ သည် မရှိမဖြစ် လိုအပ်၏။ နောက်တစ်ရက် ခရီးစဉ်အတွက်၊ နေ့လယ်စာရိက္ခာ ချက်ပြုတ် သွားရပါဦးမည်။ သောက်ရေ ဖြည့်ပြီး သယ် ဆောင်သွားရလိမ့်မည်။ ထိုသို့သော အရေးကြီး ကိစ္စများအတွက် ရေသည် ပထမဦးစားပေး အ ချက်ပါ။ မီးကား ကောင်းကင်၏ မီးအိမ်၊ လမင်း ကြီး မသာကာမှ နေရော၊ ကညင်ဆီမီး တုတ် ထွန်းမည်။ ရေနံစိမ်းကိုလည်း အားကိုးနိုင်၏။ ရေကိုတော့ လူတို့ဖန်တီးနိုင်သည် မဟုတ်။ ယ ခုခေတ်ကျမှသာလျှင်၊ မြေနက်နက် မြေအောက် ရေလွှာကို စက်ရေတွင်း ပေလေးငါးရှစ်ရာ တစ် ထောင် တူးဖော်ရရှိနိုင်သည် ဟုတ်။
.
အိမ်ဆောက်လျှင် ငယ်ငယ်၊ လမ်းဖောက် လျှင် ကျယ်ကျယ်ဟု ရှေးလူကြီး သူမတို့က ဆို ရိုးပြုခဲ့ကြ၏။ ကျွန်တော်တို့၏ မြို့တော် တောင် ကြီးမှာ မြို့သက်တစ်ရာ့အစိတ် (လာမည့် စက် တင်ဘာလ ၁၅ ရက်) ရှိလာချိန်တွင် မြို့အလွန် မတန် ကြီးထွား၊ ကားတွေ မော်တော်ဆိုင်ကယ် တွေ မတရား ပေါများ၊ မြို့လမ်းများကား ရှေးတုန်းက ကျယ်လွန်းခဲ့ပေမယ့် ယခုတော့ အလွန် ကျဉ်းမြောင်းကုန်ပါပြီ။ မြို့ရှောင်လမ်းကြီးက လည်း မပေါ်ပေါက်လာနိုင်သေးတော့ ကုန်တင် ကားကြီး လေးငါးခြောက်ဆက် မကသည့် တွဲ ကားရှည်ရှည် ကြီးကြီမြင့်မြင့်တွေကြောင့် လမ်း ကြောပိတ်၊ ဓာတ်ကြိုးပြတ် ပြုတ်ကျလမ်းတွေ လကမ္ဘာမြေလို ခွက်ချိုင့် အပေါက်အပြဲတွေ ဗရပျစ်၊ ကုန်အပြည့်အမောက် ကုန်ကားကြီးများ ညဉ့်သန်းခေါင် အရှိန်ပြင်းပြင်း ဖြတ်မောင်းလျှင် အိမ်တွေ တုန်ခါ၊ နားမချမ်းသာ၊ မီးကြိုးဖုန်းကြိုး ဖြတ်ချခဲ့လည်း တရားခံ မပေါ်နိုင်၊ အိမ်ရှင်တွေ သာ ကုန်ပြီးရင်း ထပ်ထပ်ကုန်။ မသက်သာလှ တော့ပါ။ မြို့ကြီးလာလေ အမှိုက်ရှုပ်ပွလေ၊ ရေ မြောင်း ပိတ်ဆို့ပုပ်နံ့ ထောင်းလေ၊ ခြင်ယင်မြေ ြွကက် ပေါများလာလေ။ ရောဂါထူပြောလာလေ။ ဆေးခန်း ဆေးရုံ သွားရလေ။ ကျန်းမာရေး စ ရိတ် ပိုကြီးမားလာလေ။ ပြီးတော့ စိတ်မနှံ့သူ တွေ ပေါများလာလေ။ အခြေအနေမဲ့တွေတောင်း ရမ်း စားသောက်သူတွေ။
.

 မျက်မှောက်ခေတ်ကြီးမှာ ပဲဆီစစ် တစ်ပိ ဿာ ခြောက်ထောင်ကျော်တဲ့။ မုန့်ဟင်းခါးတစ် ပွဲ အကြော်ငါးဆုပ်ဘဲဥ အစုံပါလျှင် ရှစ်ရာ တစ်ထောင်။ ပွဲဟိုတုန်းကလို မကြီး။ အာသာပြေရုံသာ။ ဗိုက်မဝနိုင်ပါ။ ငွေကြေး ဖောင်းပွ၊ ကုန် ဈေးနှုန်း ကြီးမြင့်။ ငွေရှာရခက် ငွေတွင်းနက် လွန်း။

.
ပိုကျပ်တည်းလာ
.
မြေကြီးရှားပါးလာ၍ ရှေးက အိမ်ဝင်းကျယ် ကြီးတွေ ခွဲစိတ်ရောင်းရင်း ဝင်းကွက်ငယ်တွေ အရေအတွက် ပိုများလာ၊ အိမ်တွေ ပူးကပ်ကျပ် ညပ်ြွပတ်သိပ်လာ၊ လူနေထူထပ် သိပ်သည်း လာ၊ အညစ်အကြေး ပိုများလာ၊ လူမသန့်တော့ ဘဲ လူအမျိုးမျိုး ရောြွပမ်းလာ၊ ခါးပိုက်နှိုက်၊ သူ ခိုးလူဆိုးတွေ ပေါများလာ၊ အရက်သမား လူ ရမ်းကားတွေ ထူပြောလာ၊ ဆေးချသမား ဆေး ပြားသုံးသူများ ပို၍ ပို၍ များလာကာ ဒုစရိုက် ပိုမို ကျူးလွန်လာကြတော့သည်။ ကွမ်းယာဆိုင် တွေ လမ်းထောင့်တိုင်းရှိ၊ တစ်လမ်းတည်းမှာ  ဘီယာဆိုင်တွေ တန်းစီနေ။ ဘီယာသည် အ ရက် မဟုတ်ပါ။ ကြော်ငြာတွေက ကျော်အောင် ညာကြသော်လည်း အယ်လ်ကိုဟောဆိုသော အရက်ပါဝင်နှုန်း နည်းခြင်း များခြင်းသာလျှင် ကွာခြားပါမည်။ အဝင်များလျှင် မူးယစ်လာသည် သာ။ မူးယစ်လျှင် ပုံမှန်စိတ် အနေအထား မ ဟုတ်တော့ဘဲ၊ မကောင်းမှုဘက်သို့ ရှေးရှုနေပါ ပြီ။ ပြစ်မှုကျူးလွန်ရန် လွယ်ကူသွားပေတော့ မည်လေ။ ပြီးတော့ စကားဆက်ချင်သေး၏။ စည် ဘီယာ ဆိုပေသိ၊ အရက်ပြင်းအရက်ပုန်းတွေ ပါ ပေါ်တင်ကြီး တင်ရောင်းကြသေးတော့၊ ပိုလို့ ပိုလို့ မူးကြယစ်ကြ။ အရစ်တက်ကြ၊ ငြင်းခုံကြ၊ စကားကတောက်ကဆ ဖြစ်၊ ရန်ဖြစ် ခုတ်ထစ် ကြ။ ရပ်ကွက်ထဲမှာ နားမချမ်းသာ စရာ၊ စိတ် လည်း မချမ်းသာ။ မြို့ကြီးလာလေ၊ လူများလာ လေ။ စကားများလေ၊ ချေးများလေ။
.
ဒေါ်ဝင်းရေ ကျွန်တော် ဖောင်ကြီး သင် တန်းတက်တဲ့ ၁၉၇၅ ခုနှစ်တုန်းကများ၊ ကောက် ညှင်းပေါင်း၊ တစ်မတ်ဖိုး၊ ဗိုက်ရိုက်စားပါလေ။ လှည်းကူးဝန်းကျင်ဆိုတာ စပါးခင်းတွေက မျှော် တခေါ်ကြီး။ ဆန်ပေါ ကောက်ညှင်းပေါ။ ခုများ တော့ နှစ်ရာဖိုး တစ်ထုပ်ဟာ ဟိုတုန်းက ဆယ် ပြားဖိုးလောက်တောင် မကြီးချင်တော့ဘူး။ အာ မထိ လျှာမထိ ပေဘူး။ နံကြားလည်း မထိချင် ချင်ရယ်ပါ
.
အဲဒီခေတ်မျိုး ပြန်မလာတော့ဘူး ဆရာ ရေ။ ပုံပြင်ထဲ ထားရစ်ခဲ့တော့။ ကျွန်မက ဆရာ ထက် လေးငါးရှစ်နှစ်ပဲ ငယ်တာဆိုတော့ မုန့် ဟင်းခါး တစ်ပွဲတစ်မတ်၊ ကြာကွေးနံပြား ဆယ် ပြားခေတ်ကို မီခဲ့ပါသေးတယ်။ တစ်မတ်ဖိုး မကုန်လို့ ကျန်ရစ်ခဲ့သေး။ ကြာကွေးကို ဖဲ့ပြီးခွေး ကျွေးသေး
.
အဘွားတို့ ပြောဖူးတယ်။ မင်းတို့ခေတ်က လည်း ရှာတော့ အင်္ဂလိပ်ပိုက်ဆံ။ သုံးတော့ အသုံးမခံလိုက်ပုံ ဂျပန်ပိုက်ဆံတဲ့လေ ဒေါ်ဝင်းရ
.
ဆရာ့ အဘွားဆုံးတော့ ၁၉၆၈ ခုနှစ် ဟုတ်လား။ ခုနေခါများ အဘွားကြီး ရှိနေသေး ရင် ဘာမှ မျိုလို့ကျနိုင်တော့မှာ မဟုတ်ဘူး။ ပိုက်ဆံ ကိုက်စားနေရသလိုလို့ ပြောမှာပေါ့
.
အင်း နှစ် ၅၀ ဆိုတဲ့ ရာစုခေတ် တစ် ဝက်အတွင်း စနစ်အဖုံဖုံ၊ မင်းအစုံစုံ၊ ရှင်ကြီးဝမ်း လည်း ဝင်ခဲ့ပြီ။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီ။ ဘယ်ဝမ်းမှလည်း နံ့သာမမွှေး။ ချေးစော်နံလို့ ပြန်ခဲ့ပြီလို့ ကျွန်တော်အဘွားအကြီး မြည်တမ်း မှာ ကြားယောင်မိသေးတယ်
.
စစ်အေးလို့ပဲ ပြောရမလား။ ရှာစားဖွေစား ဖြစ်သေးလို့ တော်ပါသေးရဲ့။ ဂျပန်ခေတ်တုန်းက လို ပြေးဟဲ့လွှားဟဲ့၊ စားသုတ်သုတ် သွားသုတ် သုတ်နဲ့ စာရင် ကျေးဇူးတင်ရလို့ အဘွားကြီးဆို မှာ
.
မအေးချမ်းနိုင်
.
အဖွဲ့အစည်းနဲ့ အစိုးရတပ် ထိပ်တိုက်တွေ့ တဲ့ အရပ်များ၊ ရန်ပုံငွေ ခဏခဏတောင်း၊ တပ်သားသစ် စုဆောင်းလို့ ခဏခဏ လူဆွဲ၊မထင် ရင် ပစ်သတ်ပြ၊ ပြေးစရာ မြေမရှိ၊  ပေးစရာငွေ မရှိတဲ့ ရပ်သူရွာသားတွေနဲ့ နှိုင်းစာရင် ကျွန် တော်တို့က အပုံကြီး အေးချမ်းပါသေးတယ် ဖောက်သည်ကြီးရေ
.
စကားကောင်းနေလို့ မဖြစ်သေးဘူး။ နေ မြင့်လာပြီ ဆရာ။ ဟောဒီက ကောက်ညှင်းပေါင်း ပဲပြုတ်တော်ရေ
.
ပြောပြောဆိုဆိုနှင့် ကျွန်တော့်ဖောက်သည် ကြီး ဒေါ်ဝင်း၊ အိုးရွက်ကာ အသံကျယ်ကျယ် ဟစ်အော်ရင်း ထွက်သွားခဲ့ လေပြီ။ မြေးသုံး ယောက်အတွက် ငချိပ်ပေါင်း စတော်ပဲပြုတ်တစ် ထောင်ဖိုးက သူတို့ ဘယ်နံကြားကပ်လေမည် မသိ။ ကျွန်တော် ၁၉၆၆ ခုနှစ် ကုန်ခါနီး ရန် ကုန်တက္ကသိုလ်မှာ ကျောင်းတက်ရစဉ်တုန်းက ငွေတစ်ကျပ် ကြက်ဥငါးလုံး၊ ဘဲဥ ခုနှစ်လုံး၊ ဆယ်လအတွက် ငွေနှစ်ထောင် ထည့်ပေးလိုက် တာ၊ သူဌေးသုံး သုံးနိုင်ပါ၏။ ကျောင်းလခ၊ အဆောင်ကြေး၊ ဖယ်ရီကားခပေးပြီး နောက်မုန့်ဖိုး နေ့တွက် လေးကျပ် ကျန်၏။ ထိုစဉ်က တစ်နေ့ လုပ်အားခ သုံးကျပ်ဆယ့်ငါးပြား ခေတ်။ မြို့ တော်မဟာ ရန်ကုန်သို့ ရောက်စ နယ်ကျောင်း သားမို့ မသုံးစွဲတတ်သေးရကား နှစ်ကုန်အိမ်အ ပြန် အိမ်သား လူစေ့တွက် လက်ဆောင်ဝယ်ပြန် တာတောင် ကျပ်ကိုးရာ အိမ်ပြန်ပါလာသည်။ ပြောပြက ယုံတမ်းစကား ထင်ကြမည်။ ထား တော့။ နေရစ်တော့ ခေတ်ဟောင်း။
.
မျက်မှောက်ခေတ်ကြီးမှာ ပဲဆီစစ် တစ်ပိ ဿာ ခြောက်ထောင်ကျော်တဲ့။ မုန့်ဟင်းခါးတစ် ပွဲ အကြော်ငါးဆုပ်ဘဲဥ အစုံပါလျှင် ရှစ်ရာ တစ်ထောင်။ ပွဲဟိုတုန်းကလို မကြီး။ အာသာပြေရုံသာ။ ဗိုက်မဝနိုင်ပါ။ ငွေကြေး ဖောင်းပွ၊ ကုန် ဈေးနှုန်း ကြီးမြင့်။ ငွေရှာရခက် ငွေတွင်းနက် လွန်း။ တစ်ရက်ပြီး နောက်တစ်ရက်အတွက် အ လျဉ်မမီချင်။ တစ်နပ်ပြီး နောက်တစ်နပ်တွက် ခက်ခဲရှာသူတွေ အများကြီး။ တိုင်းပြည်ကြီးဘယ် တော့မှ အေးချမ်းနိုင်မည်။ သာယာဝပြော နိုင် မည် မသိပါ။ ငြိမ်းချမ်းရေး မရနိုင်သေး သမျှ တော့ ချာချာလည် နေပါလိမ့်ဦးမည်။ ပြည်တွင်း စစ် ပြည်ပစစ် အေးငြိမ်းစေချင်လှပြီ။ ငြိမ်းချမ်း ရေး အပြည့်အဝ ထာဝရ ရစေချင်ပါပြီ။ တပ်ပျက် ဗိုလ်လုပ်ရရှာသော လက်ရှိအစိုးရကိုလည်းအ လွန် ကိုယ်ချင်းစာမိ၏။ အရှုပ်ထုပ်တွေ အများ ကြီးကို လက်ပြောင်းလက်လွှဲ လုပ်ခြင်း လက်ခံ ရယူထားရရှာတော့လည်း သုံးနှစ်တောင် ရက် ပေါင်း တစ်ထောင်ကို ရက်ရာများ ကျော်အောင် ရုန်းခဲ့ပေသော်ငြား ရှင်းလို့မှ မပြီးစီးနိုင်သေး။ အစိုးရ စပ်ကူးမပ်ကူး။ ရက် ၁ဝဝ ဆိုသည်ကား မျက်ချေးလောက်သာရှိသည့် ကာလတိုလေးမို့ ဘာမှ မရွေ့နိုင်သေး။ ခုတောင် အရွေ့သေးသေး သာ ရွွှေ့နိုင်သေး၏။ အရွေ့ကြီးကြီးကို ရည်မှန်း တုန်းမှာ သုံးနှစ်ခွဲတော့မည်။ မကြာမီလေးနှစ် ပြည့်မီမည်။ ၂၀၂၀ ရွေးကောက်ပွဲက မျက်စ လှမ်းပြီး ပစ်ပြနေပြီ။ အောင်နိုင်ရေး စည်းရုံးရေး မဲဆွယ်ရေးတွေနှင့် တိုင်းပြည်အတွက် လုပ်နိုင်ဖို့ ဘာမှ မကျန်တော့။ ပြည်သူလူထုကတော့ အရွေ့ကြီးအတွက် ဝိုင်းဝန်းတွန်းကူဖို့ အဆင် သင့်။
.
အခြေအနေမဲ့
.
ဆရာတို့ရဲ့ ဟိုထောင့် အိမ်နားမှာ အရူး တွေ ညီလာခံနဲ့ တူတယ်
.
စိတ်မပြည့်သူလို့ ယဉ်ယဉ်ကျေးကျေး သုံးရတယ်။ အရူး စကားလုံးက ရိုင်းသတဲ့
.
အရူး အရူးနဲ့ အိမ်ဦးတက်ချေးပါသတဲ့ ဆရာ။ ဟိုတလောတုန်းက သေးကော့ပန်းနေ လို့
.
ဟုတ်ပါ့ မသီရာ။ ခင်များ လာပြေးပြော ပေလို့ အကွက်ဆိုက်တုန်း၊ ရပ်ကွက်ရုံးကို အ ကြောင်းကြားလိုက်နိုင်တော့ တာဝန်ရှိသူများ လာမောင်းထုတ်ပေးတာ ကျေးဇူးတင်နေရ တယ်
.
ခုလည်း ကြည့်လုပ်ဦးနော်။ ဆရာတို့ကို ဒုက္ခပေးသွားပါဦးမယ်။ စိတ်ပူရတယ်နော်
.
ဟုတ်ကဲ့။ လာပြောပေးဖော်ရလို့ အိမ်နား နီးချင်း ဆွေမျိုးရင်း ကျေးဇူးပဲဗျာ
.
တစ်မနက်ခင်း၊ အတော်စောပါသေး၏။ နံနက် ၇ နာရီ မထိုးတတ်သေးပါ။ အရူးတော့ မဟုတ်နိုင်။ စိတ်ကျပ်သိပ်မပြည့်တာ ပါကောင်း ပါမည်။ ငါးဦးသား စည်းဝေးထိုင်နေကြပုံ ပေါ် ပါ၏။ ပထမ မနက်နှစ်ယောက်။ နောက်ရက် သုံးယောက်၊ ခုမနက် ငါးယောက်။ အင်အားတွေ တိုးလို့သာလာနေပါသည်။ မြို့ခံထဲက ဖြစ်မည် မထင်။ အဝေးတစ်ရပ်တစ်ရွာက ရေကြည်ရာ မြက်နုရာ ပြေးခိုနေထိုင်ကြသည့် ရွှေဧည့်မဟာ များပေလားမသိ။ လွန်ခဲ့သော နှစ်တွေကတည်း က မျက်နှာစိမ်းတွေ၊ အဝတ်အစား စုတ်ပြတ် ပေညစ်၊ ဆာလာအိတ် တစ်လုံး၊ တုတ်တစ် ချောင်းနှင့် လာနားခိုတတ်သည်။ ြွကပ်ြွကပ်အိတ် ဆွဲစားစရာ ထိုင်စားတတ်၏။ ခွေးတွေ ဝိုင်းဝိုင်း လည်။ အောင်မယ် သူကခွေးတွေကိုတောင် မျှ ဝေပြီး ကျွေးနေသေး၏။ ရောရောထွေးထွေးပါ ပဲ။ အကောင်းဆိုရအောင်လည်း အခက်။ အရူး ပြောဖို့ကလည်း မတရား နှိမ်ပြောရာ ကျပေဦး တော့မည်။ အထုပ်ကို ခေါင်းအုံး၊ ကျောများပင် ဆန့်လို့ စည်းစိမ်ကောင်းလိုက်ပုံများ၊ မပူမပင် မကြောင့်မကြ။ နောက်ပိုင်း ညများပါ စတည်းချ ကြပါတော့သည်။
.
တစ်ဦးတည်းတုန်းက ပတ်ဝန်းကျင်ကိုနည်း နည်း ရှိန်သေး၏။ နှစ်ဦး ဖြစ်လာတော့ သိပ်ပြီး မမှုချင်တော့။ တံခါးကို သေးကော့ပန်း၍ ထွက် ကြည့်ရာ၊ ကလော်ထုတ်တော့၏။ အားကိုးရှိပြီ လေ။ ညအိပ်က ခက်၏။ ဟိုအိမ် သည်အိမ်အ တိုအစ ပျောက်တာ ထားတော့။ ရေမော်တာ တွေ ဖြုတ်ခိုးကြတာ ခံရတော့ မျက်ဖြူဆိုက်ကြ ပြီ။ မျက်မြင်မဟုတ်တော့ မစွပ်စွဲသာ။ တခြား ဆေးပြားစွဲ ဆေးဘဲတွေလည်း ဖြစ်နိုင်သေးတာ ကိုး။ အခု ငါးဦးတောင်ဆိုတော့ မတွေးဝံ့တော့ ပြီ။ မနက်တိုင်း ညီလာခံ ကျင်းပပြီးတော့ လူစု ခွဲကြ၏။ နယ်မြေ သတ်မှတ်ကြသည်လား။ အ တွေ့အကြုံ ဖလှယ်ကြသည်လား။ တစ်ခုခုတော့ တစ်ခုခုပဲ။ စစ်ပြေးစစ်ရှောင်ထဲကလား။ အိမ်က နှင်ချတာ ခံရလို့ပဲလား။ စိတ်မဖောက်တဖောက် တွေပဲလား။ နောက်တစ်မျိုး ဖြစ်နိုင်ဦးမလား။ တစ်ခေတ်တုန်းကလို သတင်းပေးများလား။ ထောက်လှမ်းရေး တပ်သားတွေပဲလား မသိ။ မထင်ကောင်းသော်လည်း အရူးဟန်ဆောင် ထောက်လှမ်း။ သူတောင်းစား ဟန်ဆောင် ထောက်လှမ်းတာတွေလည်း ကြားဖူးတွေ့ဖူးနေ တော့ စဉ်းစားရခက်။ ဆုံးဖြတ်ရခက်။ မပြေး သော်လည်း ကန်ရာရှိ။ ခေတ်ကြီးကိုက ဒီလိုပါ ဟုဆိုရမည့် အနေအထား ဘာကြောင့်ဖြစ်ဖြစ်၊ တောခြေအုံကြား၊ ပြည်သူများ အပါအဝင်၊အား လုံးတို့ကတော့ ငြိမ်းချမ်းရေးကြီး ရရှိခိုင်မြဲစေချင် ကြပြီ။ ပဲပုပ်ထောင်းစား ခေါင်းပြားအောင် အိပ်ချင်။
.

No comments:

Post a Comment