အောင်ပန်းတွင် လမ်းလျှောက်လာသော အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, August 3, 2019



.
မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ၊ အောင်ပန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ရေထွက်ဦးလမ်း အတိုင်း လမ်းလျှောက်လာသူ မြို့ဟောင်းရပ်ကွက်၊ နယ်မြေ(၈)နေ ကျော်အေားး စစ်ဆေးရှာဖွေမှုများ ပြုလုပ်စဉ်  ၎င်း လွယ်ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
.

=================
.
အောင်ပန်းတွင် လမ်းလျှောက်လာသော အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
.
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် လမ်းလျှောက်လာသော အမျိုးသား တစ်ဦးထံမှ ဒေသကာလပေါက်ဈေး ၁၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ပြားအား သြဂုတ်လ ၂ ရက်၊ ညပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ၊ အောင်ပန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ရေထွက်ဦးလမ်း အတိုင်း လမ်းလျှောက်လာသူ မြို့ဟောင်းရပ်ကွက်၊ နယ်မြေ(၈)နေ ကျော်အေး အား စစ်ဆေးရှာဖွေမှုများ ပြုလုပ်စဉ်  ၎င်း လွယ်ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ကျော်အေးအား အောင်ပန်းနယ်မြေ ရဲစခန်းတွင် မယ(ပ) ၁၅/၂၀၁၉ ၊  မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)