ငို႕ဘဒီမိုကေရစီ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, August 3, 2019

ငို႕ဘဒီမိုကေရစီ


စိုင္းသိခၤသူ
.
ျမန္မာႏိုင္ငံ၏ လြတ္လပ္ေရးကို ေဗဒင္ ကိန္းခန္းအလိုအရ စစ္မက္ထူေျပာသည့္ အ တန္႔တြင္ရွိေနခ်ိန္ ရယူခဲ့ျခင္းျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံသည္ ယခုအခ်ိန္ထိျပည္တြင္းစစ္မီး ေတာက္ေလာင္ေနျခင္းျဖစ္သည္ဟု ယံုၾကည္သူ မ်ားက ဆိုၾကသည္။ ယခုအေျခအေနတြင္ အ ေနာက္ဘက္အေရးအခင္းက ျပည္ပစစ္အေန ျဖင့္ပါ ကူးစက္ႏိုင္သည့္ အေနအထားတြင္ရွိေန ၿပီး စစ္ဘက္္ေခါင္းေဆာင္အခ်ိဳ႕ကိုပါ အေရးယူ ပိတ္ဆို႔သည့္ အေနအထားသို႔ ေရာက္လာေန ျခင္းသည္ လြတ္လပ္ေရးရယူခဲ့စဥ္က ေဗဒင္ပ ညာအလိုအရ ျဖစ္ေနသည္လား မသိႏို္င္ေပ။
.


.
ျမန္မာႏိုင္ငံတြင္ အာဏာရွင္စနစ္ဟု ဆိုႏိုင္ သည့္ ကာလမွာ ဒီမိုကေရစီထြန္းေတာက္သည္ ဟု ေခၚဆိုႏိုင္မည့္ အစိမ္းေရာင္အားျပဳ ဒီမိုက ေရစီရရွိလာသည္မွာ ယခုဆိုလွ်င္ ၈ ႏွစ္တာ ကာလသို႔တိုင္ ေရာက္ရွိလာေနၿပီျဖစ္ရာ ယခု ေရာက္ရွိေနသည့္ ကာလတြင္ အနီေရာင္ဘက္ ေတာ္သားမ်ားက အစိမ္းေရာင္မ်ား အားကိုး အားထားျပဳထားသည့္ စာအုပ္ကိုျပင္ဆင္ရန္ ႀကိဳးပမ္းလာမႈက လႊတ္ေတာ္အတြင္း ထိပ္တိုက္ ကိစၥရပ္မ်ား ျပင္းထန္စြာျဖစ္ေပၚလာေနသလို အမ်ားျပည္သူမ်ား အၾကားတြင္ ၄၅ ဦးေကာ္မ တီ၏ အစီရင္ခံစာကို ေထာက္ခံသူ/ မေထာက္ ခံသူမ်ား၏ ပြဲမ်ားဆက္တိုက္ေပၚေပါက္လာ လ်က္ရွိေပသည္။
.
သို႔ျဖစ္၍ လက္ရွိႏိုင္ငံေရးအားၿပိဳင္မႈမ်ားအား သံုးသပ္ေဝဖန္ျခင္းျဖင့္ ႏိုင္ငံေရးဇတ္ခံုတြင္ ျမန္မာ့လူထု အခန္းက႑မည္မွ်အေရးပါ အရာ ေရာက္သည္ကို မီးေမာင္းထိုးျပလိုျခင္း ျဖစ္ ေၾကာင္းပါ။
.
၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ၄၅ ဦးေကာ္မတီပါ အခ်က္မ်ားကို ေၾကညာၿပီး ေနာက္ပိုင္း ျဖစ္ေပၚလာသည့္ လႈပ္ရွားမႈမ်ားမွ ေကာက္ႏုတ္ေဖာ္ျပရမည္ဆိုလွ်င္ မႏၱေလးတြင္ ဇူလိုင္လ ၂၁ ရက္က ျပဳလုပ္ခဲ့သည့္ ေထာက္ခံ ပြဲတြင္ လြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း၏ အေထြေထြအတြင္းေရးမွဴးျဖစ္သူ တရားလႊတ္ ေတာ္ေရွ႕ေန ဦးသိန္းသန္းဦး၏ ေဟာေျပာခ်က္ မ်ားတြင္
.

'ဘာျပဳလို႔ ဒီအေျခခံဥပေဒႀကီး ေပၚေပါက္ လာတာလဲဆိုေတာ့ ၉ဝ ေရႊးေကာက္ပြဲ  NLD ႏိုင္လာတာကို အသိအမွတ္ျပဳခ်င္လို႔၊ ၁၉၉ဝ ေရႊးေကာက္ပြဲကို ဖ်က္သိမ္းခ်င္လို႔၊ အာဏာရွင္ စနစ္ကို ဖြဲ႕စည္းပံုအေျခခံဥပေဒ မ်က္ႏွာဖံုးစြပ္ ၿပီးေတာ့ ျပည္သူကို ရာသက္ပန္ စစ္ကြၽန္ျပဳခ်င္ လို႔၊ ဘယ္သူေတြေရးခဲ့တာလဲ စစ္ဗိုလ္ခ်ဳပ္ေတြ နဲ႔ အိတ္ဆြဲ ဖိနပ္ကိုင္ေတြ၊ စားၾကြင္းစားက်န္ ႐ိုးရင္းကိုက္ေတြ၊ ထားရာေနေစရာသြားေတြ၊ ေခါင္းေတာ္ၿငိမ့္ စိတ္ေတာ္သိေတြ၊ ေစသည့္ ကြၽန္ ထြန္သည့္ႏြားေတြ၊ သခင္အားရကြၽန္ပါးဝ ေတြ၊ နီးရာဓားေၾကာက္ရသူေတြ ေရးခဲ့တာ၊ ျပည္သူမပါဘူး၊ NLD မပါဘူး၊ ၂ဝဝ၈ ဖြဲ႕စည္း ပံုဆိုတာ ဘာလဲ၊ ၂ဝဝ၈ ဖြဲ႕စည္းပံုဆိုတာ စစ္ အာဏာရွင္ေတြနဲ႔ မိုက္ေဖာ္ဆိုးဖက္ေတြတည္း ဟူေသာ ေသာႏုတၴိဳရ္ေတြဟာ ဖြဲ႕စည္းပံုအေျခခံ တည္းဟူေသာ သကၤန္းကို ပုခံုးေပၚမွာလႊမ္းၿပီး ေတာ့ လက္နက္အားကိုးနဲ႔ ျပည္သူတည္းဟူ ေသာ ဆႏၵန္ဆင္မင္းကို လုပ္ႀကံသတ္ျဖတ္ခဲ့ တဲ့ လံၾကဳတ္လုပ္ဇတ္ဆိုတာ ကြၽန္ေတာ္ဒီေနရာ ကေနေၾကညာလိုက္ပါမယ္' ဟု ပါရွိခဲ့သည္။
.
အလားတူပင္ ဇူလိုင္ ၁၇ ရက္က ရန္ကုန္ ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမအနီး၊ ဧမာေႏြလခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းအနီးတြင္ ျပဳလုပ္ခြင့္ရသည့္ ၂ဝဝ၈ ဖြဲ႕စည္းပံုျပင္ဆင္ေရး ၄၅ ဦးေကာ္မတီ ၏ အစီရင္ခံစာ လႊတ္ေတာ္တြင္း တင္သြင္းမႈ ကို ႀကိဳဆိုေထာက္ခံ ဆႏၵျပဳသည့္ပြဲတြင္ ေဟာ ေျပာခဲ့သူ စာေရးဆရာ သရဝဏ္(ျပည္)က ဇူ လိုင္လ ၂၃ ရက္က ၎၏လူမႈကြန္ရက္တြင္ ဖြဲ႕စည္းပံုအေျခခံဥေပေဒကို မျပင္ဆင္လိုေသာ လူအခ်ိဳ႕က ေျပာ၏။ အမ်ိဳးသား ညီလာခံနဲ႔ ၈ ႏွစ္ေလာက္ဆြဲခဲ့တဲ့ အေျခခံဥပေဒႀကီးကို ရက္အနည္းငယ္နဲ႔ ျပင္လို႔ရပါ့မလား ဟူ၍ျဖစ္ သည္။
.
'ရက္အနည္းငယ္နဲ႔ ျပင္မည္ဟုလည္း ဘယ္သူကမွ ေျပာၾကားျခင္းမရွိ၊ ဖြဲ႕စည္းပံု အေျခခံ ဥပေဒျပင္ဆင္ေရးမွာ အခန္း ၁၂ ပုဒ္မ ၄၃၃ (က) အရ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ရန္ တင္သြင္းေသာအဆို (ဥပေဒၾကမ္း) ကိုျပည္ေထာင္စုလႊတ္ေတာ္တြင္ စတင္တင္သြင္း သည့္ အခ်ိန္မွစ၍ ပုဒ္မ ၄၃၆ (က) အရ ျပည္ လံုးကြၽတ္ဆႏၵခံယူပြဲ က်င္းပခ်ိန္အထိ အလုပ္ လုပ္ရဦးမည့္ အဆင့္ဆင့္သည္ အျမန္ဆံုး ၆ လ၊ အၾကာဆံုး ၁၂ လခန္႔ အခ်ိန္ေပးရမည္ျဖစ္ သည္။ ၈ ႏွစ္ေရးဆြဲခဲ့တာကို ၈ ရက္နဲ႔ ျပင္မရဟု ဆိုေနျခင္းျဖစ္သည္။ ၈ ႏွစ္ ေရးဆြဲခဲ့သူမ်ားကိုလည္း ေျပာခ်င္သည္။
.
ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔သည္ ၁၉၄၇ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ေရးဆြဲရာတြင္ ၇ လသာအခ်ိန္ၾကာခဲ့သည္။ ဒါေတာင္ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတို႔ လုပ္ႀကံခံရသျဖင့္ နာေရးအခမ္း အနားအတြက္ လႊတ္ေတာ္ေတြရပ္နားရတာနဲ႔ ဘာနဲ႔ ထိုမွ်ၾကာသြားျခင္းျဖစ္သည္။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းသာ သက္ရွိထင္ရွားရွိေနလွ်င္ ၅ လေလာက္ႏွင့္ ျပတ္မွာ ေသခ်ာသည္။
.
ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔သည္ ၁၉၄၇ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ေရးဆြဲရာတြင္ ၇ လသာအခ်ိန္ၾကာခဲ့သည္။ ဒါေတာင္ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတို႔ လုပ္ႀကံခံရသျဖင့္ နာေရးအခမ္း အနားအတြက္ လႊတ္ေတာ္ေတြရပ္နားရတာနဲ႔ ဘာနဲ႔ ထိုမွ်ၾကာသြားျခင္းျဖစ္သည္။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းသာ သက္ရွိထင္ရွားရွိေနလွ်င္ ၅ လေလာက္ႏွင့္ ျပတ္မွာ ေသခ်ာသည္။  
 
တဖန္ ၁၉၇၄ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ေတာ္လွန္ေရးေကာင္စီဥကၠဌဗိုလ္ခ်ဳပ္ေနဝင္း တို႔ ေရးဆြဲခဲ့စဥ္က ဆႏၵခံယူပြဲက်င္းပျခင္း၊ ဥပ ေဒၾကမ္းကို ခ်ျပျခင္းတို႔အပါအဝင္ စုစုေပါင္း ၂ ႏွစ္သာ အခ်ိန္ၾကာျမင့္ခဲ့သည္။ ဆိုလိုသည္မွာ ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုသည္မွာ အျမန္ဆံုး ၇ လ၊ အၾကာဆံုး ၂ ႏွစ္အတြင္း ေရးဆြဲၿပီးႏိုင္ ေသာ ကိစၥျဖစ္သည္။ ၂ ႏွစ္ထက္ပို၍ အခ်ိန္ ယူေနၿပီဆိုပါက ေသခ်ာသည္မွာ မဟုတ္တာ တစ္ခုခု ႀကိတ္လုပ္ေန၍ျဖစ္မည္'ဟု ဆိုထား သည္။
.
၎တို႔ေျပာၾကားခဲ့သည္မ်ားကို ဆန္းစစ္ ၾကည့္ရမည္ဆိုပါက ၂ဝဝ၈ ခုႏွစ္ ဖြဲ႕စည္းပံုေပၚ ေပါက္လာသည့္ အေၾကာင္းရင္းကို ျပန္သြား ၾကည့္ရေပမည္။ အမ်ိဳးသားညီလာခံဆိုသည္ကို ၁၉၉၃ ခုႏွစ္မွစတင္၍ က်င္းပကာ အေျခခံဥပ ေဒကို စဆြဲကာ ၂ဝဝ၈ ခုႏွစ္ၾကမွ အတည္ျပဳသ ျဖင့္ ၁၅ ႏွစ္ၾကာျမင့္ခဲ့ပါသည္။ ကမၻာေပၚတြင္ အရွည္ၾကာဆံုး ညီလာခံဟုပင္ ဆိုၾကသည္။
.
အဆိုပါ အမ်ိဳးသားညီလာခံတြင္ ႏိုင္ငံေရး ပါတီမ်ားက ၄၈ ဦး၊ ၁၉၉ဝ ေရြးေကာက္ခံအ မတ္မ်ားက ၉၉ ဦး၊ တိုင္းရင္းသားမ်ား ၂၁၂ ဦး၊ လယ္သမား ၉၃ ဦး၊ အလုပ္သမား ၄၄ ဦး၊ တတ္သိပညာရွင္ ၃၅ ဦး၊ ဝန္ထမ္း ၉ဝ ဦး၊ အျခားသင့္ေတာ္သူ ၈၁ ဦး၊ စုစုေပါင္း ၇ဝ၂ ဦးတို႔တက္ေရာက္ခဲ့ၾကၿပီး NLD ႏွင့္ SLD တို႔ ယင္းညီလာခံတက္ေနစဥ္ တက္ေရာက္မႈကို ရပ္စဲခဲ့ေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။
.
၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ စာအုပ္နိ ဒါန္းတြင္ အမ်ိဳးသားညီလာခံတြင္ ႏိုင္ငံေရး၊ လံုၿခံဳေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ ဥပေဒေရးရာ စသည့္႐ႈေထာင့္မ်ိဳးစံုမွ အေတြ႕ အႀကံဳၾကြယ္ဝသည့္ ပုဂၢိဳလ္မ်ားပါဝင္သကဲ့သို႔ ႏိုင္ငံေတာ္အတြင္းတည္ရွိသည့္ ၿမိဳ႕နယ္အားလံုး မွ တိုင္းရင္းသားကိုယ္စားလွယ္မ်ားလည္း ပါ ဝင္ခဲ့ၾကေပသည္ဟု ေဖာ္ျပထားသည္။
.
အမ်ိဳးသားညီလာခံက်င္းပရာတြင္ အခက္ အခဲအေႏွာင့္အယွက္မ်ား ႀကံဳေတြ႕ခဲ့ရေသာ္ လည္း ၂ဝဝ၃ ခုႏွစ္တြင္ ခ်မွတ္ခဲ့ေသာ ႏိုင္ငံ ေတာ္ေရွ႕ဆက္သြားမည့္ မူဝါဒလမ္းစဥ္ ၇ ရပ္ ႏွင့္အညီ အမ်ိဳးသားညီလာခံကို ၂ဝဝ၄ ခုႏွစ္ တြင္ မဆုတ္မနစ္ေသာ ဇြဲလံု႔လျဖင့္ ဆက္လက္ က်င္းပခဲ့ရာ ခိုင္မာေသာႏိုင္ငံေတာ္ ဖြဲ႕စည္းပံုအ ေျခခံဥပေဒ တစ္ရပ္ေပၚေပါက္ရန္အတြက္ အ ေျခခံရမည့္မႈမ်ားႏွင့္ အေသးစိတ္အေျခခံရမည့္ မႈမ်ားကို အႏွစ္သာရျပည့္ဝစြာ ခ်မွတ္ႏိုင္ခဲ့ၾက သျဖင့္ ၂ဝဝ၇ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္ေန႔တြင္ အမ်ိဳးသားညီလာခံ ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ေပသည္ဟု ေဖာ္ျပထားည္ကို ေတြ႕ ရသည္။
.
ႏိုင္ငံ၏ လြတ္လပ္ေရးသမိုင္းကို ျပန္ၾကည့္ မည္ဆိုပါက ၁၉၄၈-၂ဝဝ၈ ႏွစ္ ၅ဝ အတြင္း ဖြဲ႕စည္းပံုအေျခခံဥပေဒ ၃ မ်ိဳးေပၚေပါက္ခဲ့ၿပီး ျဖစ္သည္ကိို ေတြ႕ရေပမည္။
.
၁၉၄၇ ခုႏွစ္ အေျခခံဥပေဒမွာ ၁၉၆၂ ခု ႏွစ္တြင္ ဖ်က္သိမ္းခံရသျဖင့္ တရားဝင္သက္ တမ္း ၁၅ ႏွစ္ရွိသည္။ သို႔ေသာ္ ၁၉၅၈ ခုႏွစ္က တည္းက အိမ္ေစာင့္အစိုးရတက္ခဲ့သျဖင့့္ အေျခ ခံဥပေဒမွာ တန္ဖိုးမဲ့စကၠဴစုတ္ျဖစ္ခဲ့သျဖင့္ ၄၇ ဥပေဒမွာ ၁၉၄၈ ခုႏွစ္မွ ၁၉၅၈ ခုႏွစ္အထိသာ ျဖစ္သည့္အတြက္ ႏိုင္ငံေရးေပတံအရ ၁ဝ ႏွစ္ သက္တမ္း ဟုသာေျပာႏိုင္ေပသည္။
.
၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းပံုအေျခခံကမူ ၁၉၇၄ ခုႏွစ္မွ ၁၉၈၅  ခုႏွစ္အထိ သက္တမ္းရွည္ခဲ့သ ျဖင့္ ၁၄ ႏွစ္သက္တမ္းရွိခဲ့ေပသည္။ ထိုမွ ၈၈၈၈ အေရးေတာ္ပံုႀကီး ေပၚေပါက္ခဲ့ၿပီး စစ္ အုပ္ခ်ဳပ္ေရးသာရွိခဲ့ၿပီး ဖြဲ႕စည္းပံုအေျခခံဥပေဒ မရွိသည့္ကာလ ႏွစ္ ၂ဝ ခန္႔ကို ျဖတ္သန္းခဲ့ရ သည္။ ထိုမွ ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပ႒ာန္းလိုက္ေသာ္လည္း ၂ဝ၁ဝ ခုႏွစ္ၾကမွ စတင္က်င့္သံုးသျဖင့္ ယခုအခါ သက္တမ္း ၉ ႏွစ္ နီးပါး ရွိေနၿပီျဖစ္သည္။ လြတ္လပ္ေရးရၿပီး သက္တမ္း ၇၂ ႏွစ္အတြင္း ဖြဲ႕စည္းပံုအေျခခံဥ ပေဒရွိသည့္ကာလ ၃၃ ႏွစ္၊ ဥပေဒမဲ့အုပ္ခ်ဳပ္ သည့္ကာလ ၃၈ ႏွစ္ ျဖစ္သည့္အတြက္ အုပ္ ခ်ဳပ္ေရးကာလအရ ဥပေဒမဲ့အုပ္ခ်ဳပ္မႈက ပိုၾကာ ျမင့္သည္ကို ေတြ႕ရသည္။
.
အထက္ပါ ဥပေဒ ၃ မ်ိဳးကို ဆန္းစစ္ၾကည့္ ပါက ၄၇ ဥပေဒသည္ တိုင္းျပည္လြတ္လပ္ေရး ရယူရန္ အဓိကျဖစ္ခဲ့သည္ကို ေတြ႕ရမည္ျဖစ္ၿပီး အားနည္းခ်က္မ်ား ပါရွိေသာ္လည္း ျပဳျပင္ႏိုင္ သည့္ (Flexible Constitution) အမ်ိဳးအစား ျဖစ္ၿပီး ၇၄ ဥပေဒမွာမူ စစ္အာဏာရွင္စနစ္ကို တစ္ပါတီပံုစံျဖင့္ ဆိုရွယ္လစ္အလံတင္ထားခဲ့ ၿပီး ၂ဝဝ၈ တြင္မူ ပါတီစံု ဒီမိုကေရစီအလံတင္သည္ဟု ဆိုႏိုင္ေပမည္။ သို႔ေသာ္ ၇၄ ႏွင့္ ၂ဝဝ၈ အေျခခံဥပေဒမ်ားမွာ ျပဳျပင္ႏိုင္ရန္ မ လြယ္ကူေစသည့္ ရပ္တည္ခ်က္မ်ားျဖင့္ ျပဳလုပ္ ထားသည့္ ( Regid Constitution) အမ်ိဳးအစား ျဖစ္ေပသည္။
.
ကမၻာ႔ဥပေဒပညာရွင္ ေအာ္စတင္က အ ေျခခံဥပေဒသည္ အစိုးရအေဆာက္အအံုကို တည္ေဆာက္ေပးသည္ဟု ဆိုသည္။ ဒီေစးကမူ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာမ်ားကို ခြဲေဝရာ တြင္လည္းေကာင္း၊ လက္ေတြ႕က်င့္သံုးရာတြင္ လည္းေကာင္း၊ တိုက္႐ိုက္ သို႔တည္းမဟုတ္ သြယ္ဝိုက္၍ သက္ဆိုင္ေစေသာ စည္းကမ္းဥပ ေဒ အားလံုးကို အေျခခံဥပေဒဟုေခၚေၾကာင္း အဓိပၸာယ္ေဖာ္ျပၾကသည္။
.
ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုသည္မွာ ဖြဲ႕စည္း ပံုအေျခခံဥပေဒႏွင့္အညီ တက္လာသည့္ အစိုး ရကိုသာ တရားဝင္အစိုးရျဖစ္သည္ဟု လက္ခံ သည့္ ႏိုင္ငံေရးအယူအဆတစ္ခုျဖစ္သည္ဟု ဖြင့္ ဆိုၾကပါသည္။ ဖြဲ႕စည္းပံုအေျခခံဥပေဒဝါဒဆို သည္မွာ ဂြၽန္ေလာခ့္၏ ႏိုင္ငံေရးသေဘာတရား ႏွင့္ အေမရိကန္သမၼတႏိုင္ငံ တည္ေထာင္သူ မ်ား၏ မူလတရားကို ႏိုင္ငံေရးသေဘာတရား အယူတစ္ခုျဖစ္သည္ဟု ေလ့လာသိရွိရသည္။ ¤င္း၏အေျခခံသေဘာတရားတြင္ တိုင္းျပည္ ႏိုင္ငံတစ္ခု၏ ဖြဲ႕စည္းပံုအေျခခံဥပေဒတစ္ရပ္ သည္ အဆိုပါ တိုင္းျပည္၏ အစိုးရအာဏာ ကို ကန္႔သတ္ႏိုင္သည္၊ ကန္႔သတ္သင့္သည္ ဆိုသည့္ သေဘာတရားဟုဆိုသည္။ အစိုးရ၏ အခြင့္အာ ဏာႏွင့္ တရားဝင္မႈသည္ အဆိုပါ အကန္႔အသတ္ေပၚတြင္ မူတည္ေနျခင္း ျဖစ္ သည္။
.
ေရွးေခါမ ပညာရွင္မ်ားသည္ ဖြဲ႕စည္းအုပ္ ခ်ဳပ္ပံုစနစ္ကို စိုးမိုးအုပ္ခ်ဳပ္သူ စနစ္အေပၚတြင္ မူတည္၍ ခြဲဲျခားခဲ့ၾကရာ အခ်ဳပ္အျခာအာဏာ သည္ လူတစ္ဦးတစ္ေယာက္ထံတြင္ထားရွိလွ်င္ ဧကရာဇ္ (Monarchy) လူတစ္စုထံတြင္ ထား ရွိလွ်င္ အုပ္စုအာဏာရွင္ (မင္းမ်ိဳးမင္းႏြယ္) အ ရစၥတိုကေရစီ လူမ်ားစုတြင္ အခ်ဳပ္အျခာအပ္ ႏွင္းထားလွ်င္ Polity သို႔မဟုတ္ဒီမိုကေရစီဟု ေခၚတြင္ခဲ့ၾကသည္။

မ်က္ေမွာက္ေခတ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုစနစ္ မ်ားတြင္ ဒီမိုကေရစီႏွင့္ အာဏာရွင္ (Dictator) စစ္အာဏာရွင္အုပ္စု (Junta) ၊ မ်ားသာေတြ႕ရ ေပေတာ့သည္။ ဒီမိုကေရစီတြင္လည္း အမည္ နာမအမ်ိဳးမ်ိဳးျဖင့္ ဆိုဗီယက္ဒီမိုကေရစီ၊ ျပည္ သူ႕ဒီမိုကေရစီ၊ ဒီမိုကေရစီအသစ္၊ အေနာက္ တိုင္းဒီမိုကေရစီ၊ အင္ဒိုနီးရွားသမၼတဆူကာႏို ေခၚတြင္ခဲ့သည့္ ပဲ့ကိုင္ဒီမိုကေရစီ စသည္ျဖင့္ ေခၚတြင္ခဲ့ၾကသလို အာဏာရွင္စနစ္တြင္လည္း ဖက္ဆစ္အာဏာရွင္၊ ပစၥည္းမဲ့အာဏာရွင္၊ ျပည္သူ႔ဒီမိုကေရစီအာဏာရွင္ စနစ္ဟူ၍ ကြဲ ျပားေလသည္။ အဓိကမွာ ဒီမိုကေရစီကို အာ ဏာရွင္မ်ားအလိုက် အသံုးျပဳေနၾကျခင္းပင္။
.
ဒီမိုကေရစီေပၚအေျခခံ၍ ဖြဲ႕စည္းထားေသာ အုပ္ခ်ဳပ္ပံုစနစ္မ်ားတြင္ Federal ေခၚ ျပည္ေထာင္စုစနစ္ႏွင့္ Unitary ေခၚ တစ္ျပည္ေထာင္ စနစ္ (ဝါ) အစိုးရတစ္ဖြဲ႕တည္းဟူ၍ ႏွစ္မ်ိဳး ႏွစ္ စားရွိေၾကာင္း ေတာင္ႀကီးဦးထြန္းျမင့္ (ရွမ္း)က ျပည္ေထာင္စုတြင္းမွ တန္းတူေသာ ရွမ္းျပည္ တြင္ ဆိုထားသည္။ အဆိုတြင္ ႐ုရွား၊ အေမရိကန္၊ ဆြစ္ဇာလန္၊ ကေနဒါ၊ ယူဂိုဆလား ဗီးယား အစရွိသည့္ႏိုင္ငံမ်ားမွာ ျပည္ေထာင္စုစ နစ္ျဖစ္ၿပီး ၿဗိတိန္၊ ျပင္သစ္၊ ဘယ္လ္ဂ်ီယန္၊ ခ်က္ကိုစလိုေဗးကီးယား၊ အီတလီ၊ တ႐ုတ္ျပည္ စသည္တုိ႔မွာ တစ္ျပည္ေထာင္စနစ္(ဝါ) အစိုးရ တစ္ဖြဲ႕စနစ္ျဖင့္ ဖြဲ႕စည္းထားၾကသည္ဟု ဆိုသည္။ (အက်ယ္ကို ဆလိုင္းလ်န္မုန္း စုေဆာင္း တင္ျပသည့္ ပင္လံုကတိကဝတ္မ်ား စာအုပ္တြင္႐ႈ)
.
ယခုတြင္ တရားဝင္ထုတ္ေဝထားသည့္ ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒစာအုပ္ပါ ေၾက ညာခ်က္မ်ားကို ဆန္းစစ္ေလ့လာၾကည့္ၾက ရေအာင္ပါ။
.
စာအုပ္၏ စာမ်က္ႏွာအစတြင္ ျပည္လံုး ကြၽတ္ဆႏၵခံယူပြဲ ေကာ္မရွင္၏ ၂ဝဝ၈ ခုႏွစ္၊ ေမလ ၁၅ ရက္စြဲပါ ေၾကညာခ်က္ အမွတ္ ၁ဝ/ ၂ဝဝ၈ တြင္ ျမန္မာႏိုင္ငံ၏ ၿမိဳ႕နယ္ေပါင္း ၃၂၅ ၿမိဳ႕ရွိသည့္အနက္ ၂၇၈ ၿမိဳ႕နယ္တြင္ ျပည္လံုး ကြၽတ္ဆႏၵခံယူပြဲကုိ ၂ဝဝ၈ ခုႏွစ္၊ ေမလ ၁ဝ ရက္ေန႔တြင္ ေအာင္ျမင္စြာက်င္းပခဲ့ေၾကာင္း၊ ဤေကာ္မရွင္၏ ၂ဝဝ၈ ခုႏွစ္၊ ေမလ ၆ ရက္ ရက္စြဲပါ ေၾကညာခ်က္အမွတ္ (၈/၂ဝဝ၈)ျဖင့္ နာဂစ္မုန္တိုင္းဒဏ္ ခံခဲ့ရေသာ ရန္ကုန္တိုင္းမွ ၿမိဳ႕နယ္ေပါင္း ၄ဝ ႏွင့္ ဧရာဝတီတိုင္းမွ ၇ ၿမိဳ႕နယ္တို႔အတြက္ က်င္းပရန္ရွိသည့္ ဆႏၵခံယူ ပြဲကို ၂ဝဝ၈ ခုႏွစ္၊ ေမလ ၂၄ ရက္တြင္ က်င္း ပမည္ဟု ေၾကညာခဲ့ေၾကာင္း၊ ျပည္ေထာင္စု တစ္ဝန္းလံုးရွိ လူဦးေရမွာ ၅၇၅ဝ၄၃၆၈ ဦးျဖစ္ ၍ အသက္ ၁၈ ႏွစ္ျပည့္ၿပီး ဆႏၵမဲေပးပိုင္ခြင့္ ရွိသူဦးေရမွာ ၂၇၃၆၉၉၅၇ ဦးျဖစ္ေၾကာင္း ၿမိဳ႕ နယ္ ၂၇၈ ၿမိဳ႕နယ္တြင္ က်င္းပခဲ့ေသာ ျပည္ လံုးကြၽတ္ ဆႏၵခံယူပြဲ၌ ရရွိသည့္ ဆႏၵမဲအေျခ အေနမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ေၾကာင္း
.
ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူ ၂၂၇ဝ၈၄၃၄ ဦး၊ ဆႏၵမဲေပးသူ ၂၂၄၉၆၆၆ဝ ဦး၊ ေထာက္ခံဆႏၵ မဲေပးသူ ၂ဝ၇၈၆၅၉၆ ဦး၊ ကန္႔ကြက္ဆႏၵမဲေပး သူ ၁၃၇၅၄၈ဝ ဦး၊ ပယ္မဲ ၃၃၄၅၈၄ ဦးဟု ေဖာ္ျပထားၿပီး ဆႏၵမဲေပးသည့္ ဦးေရအရ ရာ ခိုင္ႏႈန္း ၉၉ ဒသမ ဝ၇ ေတြ႕ရွိရေၾကာင္း၊ သို႔ပါ၍ ဆႏၵမဲေပးသူ ၂၂၄၉၆၆၆ဝ ဦးတြင္ ေထာက္ခံမဲ ၂ဝ၇၈၆၅၉၆ ဦး ျဖစ္သည့္အတြက္ ေထာက္ခံသည့္ အေရအတြက္ ၉၂ ဒသမ ၄ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ၿပီးစီးခဲ့သည့္ ဆႏၵခံယူ ပြဲ၏ ရလဒ္အား ေၾကညာပါသည္ဟု (ေအာင္ တိုး) ဥကၠဌ ျပည္လံုးကြၽတ္ဆႏၵခံယူက်င္းပေရး ေကာ္မရွင္ဟု ေတြ႕ရသည္။
.
ယင္းေကာ္မရွင္၏ ၂ဝဝ၈ ခုႏွစ္၊ ေမလ ၂၆ ရက္စြဲပါ ေၾကညာခ်က္ ၁၁/၂ဝဝ၈ တြင္ နာဂစ္မုန္တိုင္းေၾကာင့္ ဆႏၵခံယူပြဲကို ေမလ ၂၄ ရက္က က်င္းပခဲ့သည့္အတြက္ အသက္ ၁၈ ႏွစ္ျပည့္ၿပီး ဆႏၵမဲေပးခြင့္ရွိသူ ၄၅၈ဝ၃၉၃ ဦး၊ ဆႏၵမဲေပးသူ ၄၂၈ဝဝ၁၅ ဦး (၉၃ ဒသမ ၄၄) ရာခိုင္ႏႈန္း၊ ေထာက္ခံဆႏၵမဲေပးသူ ၃၉၇၇၅၂၈ ဦး (၉၂ ဒသမ ၉၃) ရာခိုင္ႏႈန္း၊ ကန္႔ကြက္ဆႏၵမဲေပးသူ ၂၅၆၂၃၂ ဦး (၅ ဒသမ ၉၉)၊ ပယ္မဲ ၄၆၂၂၅ ဦး(၁ ဒသမ ဝ၈) ၇ာခိုင္ ႏႈန္း၊ ေထာက္ခံသည့္ ရာခိုင္ႏႈန္း ၉၂ ဒသမ ၉၃ ရာခိုင္ႏႈန္းဟု ဦးေအာင္တိုးကပင္ ထုတ္ျပန္ ေၾကညာထားသည္ကို ေတြ႔ရသည္။
.
၎ေန႔တြင္ပင္ ထုတ္ျပန္ေၾကညာခ်က္ ၁၂/၂ဝဝ၈ ျဖင့္ တစ္ႏုိင္ငံလံုး ၁၈ ႏွစ္ျပည့္ၿပီး မဲေပးခြင့္ရွိသူ ၂၇၂၈၈၈၂၇ ဦးတြင္ ဆႏၵမဲေပးသူ ၂၆၇၇၆၆၇၅ ဦး၊ (၉၈ ဒသမ ၁၂) ရာခိုင္ႏႈန္း၊ ေထာက္ခံဆႏၵမဲေပးသူ ၂၄၇၆၄၁၂၄ ဦး(၉၈ ဒသမ ၄၈) ရာခိုင္ႏႈန္း၊ ကန္႔ကြက္ဆႏၵမဲေပးသူ ၁၆၃၁၇၁၂ ဦး(၆ ဒသမ ၁) ရာခိုင္ႏႈန္း၊ ပယ္မဲ ၃၈ဝ၈၃၉ ဦး(၁ ဒသမ ၄၂) ရာခိုင္ႏႈန္းဟု ေဖာ္ျပခဲ့ၿပီး ထူးျခားခ်က္မွာ ႀကိဳတင္ဆႏၵမဲ ၄၆၂၁၇ဝ၅ ဦးရွိသည္ဟု ေဖာ္ျပထားၿပီး ဖြဲ႕ စည္းပံုအေျခခံဥပေဒမူၾကမ္းကို အတည္ျပဳေပး ရန္ ေထာက္ခံသည့္ ရာခိုင္ႏႈန္း (၉၂ ဒသမ ၄၈) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ျပည္လံုးကြၽတ္ဆႏၵ ခံယူပြဲ ဥပေဒပုဒ္မ ၂၃ အရ ေၾကညာလိုက္ ေၾကာင္း (ဦးေအာင္တိုး) အေနျဖင့္ပင္ ေဖာ္ျပ ထားသည္။
.
ယင္းသို႔ ျပည္လံုးကြၽတ္ဆႏၵခံယူပြဲ ရလဒ္ မ်ား အစီရင္ခံခ်က္အရ ျပည္ေထာင္စုသမၼတျမန္ မာႏိုင္ငံေတာ္ ဖြဲ႕စည္းပံုအေျခခံဥပေဒကို အ တည္ျပဳ ျပ႒ာန္းလိုက္ေၾကာင္း ႏိုင္ငံေတာ္ေအး ခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ၏ ၂ဝဝ၈ ခုႏွစ္ ေမလ ၂၉ ရက္စြဲပါ ေၾကညာခ်က္ အမွတ္ ၇/၂ဝဝ၈ ျဖင့္ (ပံု) သန္းေရႊ ဗိုလ္ခ်ဳပ္ မွဴးႀကီး ဥကၠဌ၊ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရး ႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီဟု ေဖာ္ျပပါရွိသည္ကို ေတြ႕ရသည္။ ဤသည္မ်ားသည္ သမိုင္းတြင္ သည့္ အခ်က္အလက္မ်ားျဖစ္ပါသည္။
.
ျမန္မာႏိုင္ငံတြင္ သန္းေခါင္စာရင္း သမိုင္း မွတ္တမ္း အေထာက္အထားမ်ားအရ ၁၉၇၃ ခုႏွစ္၊ ၁၉၈၃ ခုႏွစ္ႏွင့္ ၂ဝ၁၄ ခုႏွစ္မ်ားတြင္ သန္းေခါင္စာရင္းေကာက္ယူခဲ့ရာတြင္ ၂ဝဝ၈ ခုႏွစ္၊ ေနာက္ပိုင္းအခ်ိန္တြင္ ေကာက္ယူခဲ့သည့္ ၂ဝ၁၄ ခုႏွစ္ သန္းေခါင္စာရင္းကိုသာ ေဖာ္ျပလို ပါသည္။
.
၂ဝ၁၄ ခုႏွစ္ ျမန္မာႏိုင္ငံ လူဦးေရႏွင့္ အိမ္ အေၾကာင္းအရာ သန္းေခါင္စာရင္း ျပည္ ေထာင္စုသန္းေခါင္စာရင္း အစီရင္ခံစာ အတြဲ ၂ တြင္ ျမန္မာတစ္ႏိုင္ငံလံုးတြင္ တိုင္းေဒသႀကီး ျပည္နယ္ (ေနျပည္ေတာ္အပါအဝင္) အေရအ တြက္ ၁၅ ခု၊ ခ႐ိုင္အေရအတြက္ ၇၄ ခု၊ ၿမိဳ႕ နယ္/ၿမိဳ႕နယ္ခြဲအေရအတြက္ ၄၁၂ ခုတို႔မွ လူ ဦးေရ ၅၁၄၈၆၂၅၃ ဦးရွိေၾကာင္း ေဖာ္ျပခဲ့သည္။ ႏွစ္စဥ္လူဦးေရ တိုးႏႈန္းကို ဝ ဒသမ ၈၉ ရာခိုင္ ႏႈန္းဟုလည္းေကာင္း၊ လူဦးေရ ပိရမစ္တြင္ ၁၉၈၃ ခုႏွစ္ႏွင့္ ၂ဝ၁၄ ႏိႈင္းယွဥ္မႈတြင္ လူဦးေရ ဆုလာဘ္ရရွိေနသည့္ အေျခအေနဟု ဆိုထား ၿပီး အသက္ဖြဲ႕စည္းမႈအရ အလုပ္လုပ္ႏိုင္သည့္ အသက္အရြယ္ လူအုပ္စု တျဖည္းျဖည္းတိုးျမင့္ လာသည္ဟု ေဖာ္ျပထားေၾကာင္း ေတြ႕ရသည္။ ဆိုလိုသည္မွာ ၂ဝဝ၈ ခုႏွစ္က ဖြဲ႕စည္းပံုအေျခခံ ဥပေဒ အတည္ျပဳျပ႒ာန္းႏိုင္မႈတြင္ တစ္ႏိုင္ငံ လံုးရွိလူဦးေရ (၅၇၅ဝ၄၃၆၈) ဦးႏွင့္ ၂ဝ၁၄ ခု ႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ (၅၁၄၈၆၂၅ ၃) ဦး ကြာျခားခ်က္ကို အမ်ားျပည္သူ သတိမူ မိေစရန္ ေဖာ္ျပလိုရင္းျဖစ္သည္။
.
ယေန႔အခ်ိန္တြင္ ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒမွာ Constitiitonal Crisis ဟုေခၚသည့္ ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုင္ရာ အၾကပ္အတည္း ႏွင့္ ရင္ဆိုင္ေနရၿပီး ယင္းအၾကပ္အတည္းအရ လူဦးေရအေပၚတြင္ မူတည္သည့္ မဲေပးမႈအရ တစ္တိုင္းျပည္လံုး ဆႏၵမဲအမွန္ကို ကိုယ္စားျပဳ သည့္ ဖြဲ႕စည္းပံုအေျခခံဥပေဒျဖစ္ရန္ လိုအပ္ လာေပသည္။ ဤသို႔ေသာအေျခအေနတြင္ အသစ္ေရး ဆြဲႏိုင္ခြင့္မရေသာ္မွ လူထုဆႏၵမွန္ ႏွင့္ ကိုက္ညီေသာ အတတ္ႏိုင္ဆံုး ျပင္ႏိုင္သည့္ အေနအထားေရာက္ရန္ ေမွ်ာ္လင့္ရေပသည္။
.
သို႔တည္းမူကား ျပည္သူကို အျပည့္အဝ ကိုယ္စားမျပဳသည့္ ဒီမိုကေရစီစနစ္၏ ဖြဲ႕စည္းပံု အေျခခံဥပေဒဆိုသည္မွာ (ငို႔ဘဒီမိုကေရစီ)စနစ္ကိုသာ ေဖာ္ေဆာင္မည္ဟု ယံုၾကည္ေၾကာင္းပါ။
===========================================
ငို့ဘဒီမိုကရေစီ
စိုင်းသိင်္ခသူ
.
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ဗေဒင် ကိန်းခန်းအလိုအရ စစ်မက်ထူပြောသည့် အ တန့်တွင်ရှိနေချိန် ရယူခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် ယခုအချိန်ထိပြည်တွင်းစစ်မီး တောက်လောင်နေခြင်းဖြစ်သည်ဟု ယုံကြည်သူ များက ဆိုကြသည်။ ယခုအခြေအနေတွင် အ နောက်ဘက်အရေးအခင်းက ပြည်ပစစ်အနေ ဖြင့်ပါ ကူးစက်နိုင်သည့် အနေအထားတွင်ရှိနေ ပြီး စစ်ဘက််ခေါင်းဆောင်အချို့ကိုပါ အရေးယူ ပိတ်ဆို့သည့် အနေအထားသို့ ရောက်လာနေ ခြင်းသည် လွတ်လပ်ရေးရယူခဲ့စဉ်က ဗေဒင်ပ ညာအလိုအရ ဖြစ်နေသည်လား မသိနို်င်ပေ။
.
မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ဟု ဆိုနိုင် သည့် ကာလမှာ ဒီမိုကရေစီထွန်းတောက်သည် ဟု ခေါ်ဆိုနိုင်မည့် အစိမ်းရောင်အားပြု ဒီမိုက ရေစီရရှိလာသည်မှာ ယခုဆိုလျှင် ၈ နှစ်တာ ကာလသို့တိုင် ရောက်ရှိလာနေပြီဖြစ်ရာ ယခု ရောက်ရှိနေသည့် ကာလတွင် အနီရောင်ဘက် တော်သားများက အစိမ်းရောင်များ အားကိုး အားထားပြုထားသည့် စာအုပ်ကိုပြင်ဆင်ရန် ကြိုးပမ်းလာမှုက လွှတ်တော်အတွင်း ထိပ်တိုက် ကိစ္စရပ်များ ပြင်းထန်စွာဖြစ်ပေါ်လာနေသလို အများပြည်သူများ အကြားတွင် ၄၅ ဦးကော်မ တီ၏ အစီရင်ခံစာကို ထောက်ခံသူ/ မထောက် ခံသူများ၏ ပွဲများဆက်တိုက်ပေါ်ပေါက်လာ လျက်ရှိပေသည်။
.
သို့ဖြစ်၍ လက်ရှိနိုင်ငံရေးအားပြိုင်မှုများအား သုံးသပ်ဝေဖန်ခြင်းဖြင့် နိုင်ငံရေးဇတ်ခုံတွင် မြန်မာ့လူထု အခန်းကဏ္ဍမည်မျှအရေးပါ အရာ ရောက်သည်ကို မီးမောင်းထိုးပြလိုခြင်း ဖြစ် ကြောင်းပါ။
.
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးကော်မတီပါ အချက်များကို ကြေညာပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် လှုပ်ရှားမှုများမှ ကောက်နုတ်ဖော်ပြရမည်ဆိုလျှင် မန္တလေးတွင် ဇူလိုင်လ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ထောက်ခံ ပွဲတွင် လွတ်လပ်သော ရှေ့နေများအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ တရားလွှတ် တော်ရှေ့နေ ဦးသိန်းသန်းဦး၏ ဟောပြောချက် များတွင်
.
'ဘာပြုလို့ ဒီအခြေခံဥပဒေကြီး ပေါ်ပေါက် လာတာလဲဆိုတော့ ၉ဝ ရွှေးကောက်ပွဲ  NLD နိုင်လာတာကို အသိအမှတ်ပြုချင်လို့၊ ၁၉၉ဝ ရွှေးကောက်ပွဲကို ဖျက်သိမ်းချင်လို့၊ အာဏာရှင် စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ မျက်နှာဖုံးစွပ် ပြီးတော့ ပြည်သူကို ရာသက်ပန် စစ်ကျွန်ပြုချင် လို့၊ ဘယ်သူတွေရေးခဲ့တာလဲ စစ်ဗိုလ်ချုပ်တွေ နဲ့ အိတ်ဆွဲ ဖိနပ်ကိုင်တွေ၊ စားကြွင်းစားကျန် ရိုးရင်းကိုက်တွေ၊ ထားရာနေစေရာသွားတွေ၊ ခေါင်းတော်ငြိမ့် စိတ်တော်သိတွေ၊ စေသည့် ကျွန် ထွန်သည့်နွားတွေ၊ သခင်အားရကျွန်ပါးဝ တွေ၊ နီးရာဓားကြောက်ရသူတွေ ရေးခဲ့တာ၊ ပြည်သူမပါဘူး၊ NLD မပါဘူး၊ ၂ဝဝ၈ ဖွဲ့စည်း ပုံဆိုတာ ဘာလဲ၊ ၂ဝဝ၈ ဖွဲ့စည်းပုံဆိုတာ စစ် အာဏာရှင်တွေနဲ့ မိုက်ဖော်ဆိုးဖက်တွေတည်း ဟူသော သောနုတ္ထိုရ်တွေဟာ ဖွဲ့စည်းပုံအခြေခံ တည်းဟူသော သင်္ကန်းကို ပုခုံးပေါ်မှာလွှမ်းပြီး တော့ လက်နက်အားကိုးနဲ့ ပြည်သူတည်းဟူ သော ဆန္ဒန်ဆင်မင်းကို လုပ်ကြံသတ်ဖြတ်ခဲ့ တဲ့ လံကြုတ်လုပ်ဇတ်ဆိုတာ ကျွန်တော်ဒီနေရာ ကနေကြေညာလိုက်ပါမယ်' ဟု ပါရှိခဲ့သည်။
.
အလားတူပင် ဇူလိုင် ၁၇ ရက်က ရန်ကုန် မြို့ မြို့တော်ခန်းမအနီး၊ ဧမာနွေလခရစ်ယာန် ဘုရားရှိခိုးကျောင်းအနီးတွင် ပြုလုပ်ခွင့်ရသည့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီ ၏ အစီရင်ခံစာ လွှတ်တော်တွင်း တင်သွင်းမှု ကို ကြိုဆိုထောက်ခံ ဆန္ဒပြုသည့်ပွဲတွင် ဟော ပြောခဲ့သူ စာရေးဆရာ သရဝဏ်(ပြည်)က ဇူ လိုင်လ ၂၃ ရက်က ၎င်း၏လူမှုကွန်ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပေဒေကို မပြင်ဆင်လိုသော လူအချို့က ပြော၏။ အမျိုးသား ညီလာခံနဲ့ ၈ နှစ်လောက်ဆွဲခဲ့တဲ့ အခြေခံဥပဒေကြီးကို ရက်အနည်းငယ်နဲ့ ပြင်လို့ရပါ့မလား ဟူ၍ဖြစ် သည်။
.
'ရက်အနည်းငယ်နဲ့ ပြင်မည်ဟုလည်း ဘယ်သူကမှ ပြောကြားခြင်းမရှိ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးမှာ အခန်း ၁၂ ပုဒ်မ ၄၃၃ (က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် တင်သွင်းသောအဆို (ဥပဒေကြမ်း) ကိုပြည်ထောင်စုလွှတ်တော်တွင် စတင်တင်သွင်း သည့် အချိန်မှစ၍ ပုဒ်မ ၄၃၆ (က) အရ ပြည် လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပချိန်အထိ အလုပ် လုပ်ရဦးမည့် အဆင့်ဆင့်သည် အမြန်ဆုံး ၆ လ၊ အကြာဆုံး ၁၂ လခန့် အချိန်ပေးရမည်ဖြစ် သည်။ ၈ နှစ်ရေးဆွဲခဲ့တာကို ၈ ရက်နဲ့ ပြင်မရဟု ဆိုနေခြင်းဖြစ်သည်။ ၈ နှစ် ရေးဆွဲခဲ့သူများကိုလည်း ပြောချင်သည်။
.
ဗိုလ်ချုပ်အောင်ဆန်းတို့သည် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် ၇ လသာအချိန်ကြာခဲ့သည်။ ဒါတောင်ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရသဖြင့် နာရေးအခမ်း အနားအတွက် လွှတ်တော်တွေရပ်နားရတာနဲ့ ဘာနဲ့ ထိုမျှကြာသွားခြင်းဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေလျှင် ၅ လလောက်နှင့် ပြတ်မှာ သေချာသည်။
.
တဖန် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို တော်လှန်ရေးကောင်စီဥက္ကဌဗိုလ်ချုပ်နေဝင်း တို့ ရေးဆွဲခဲ့စဉ်က ဆန္ဒခံယူပွဲကျင်းပခြင်း၊ ဥပ ဒေကြမ်းကို ချပြခြင်းတို့အပါအဝင် စုစုပေါင်း ၂ နှစ်သာ အချိန်ကြာမြင့်ခဲ့သည်။ ဆိုလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အမြန်ဆုံး ၇ လ၊ အကြာဆုံး ၂ နှစ်အတွင်း ရေးဆွဲပြီးနိုင် သော ကိစ္စဖြစ်သည်။ ၂ နှစ်ထက်ပို၍ အချိန် ယူနေပြီဆိုပါက သေချာသည်မှာ မဟုတ်တာ တစ်ခုခု ကြိတ်လုပ်နေ၍ဖြစ်မည်'ဟု ဆိုထား သည်။
.
၎င်းတို့ပြောကြားခဲ့သည်များကို ဆန်းစစ် ကြည့်ရမည်ဆိုပါက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံပေါ် ပေါက်လာသည့် အကြောင်းရင်းကို ပြန်သွား ကြည့်ရပေမည်။ အမျိုးသားညီလာခံဆိုသည်ကို ၁၉၉၃ ခုနှစ်မှစတင်၍ ကျင်းပကာ အခြေခံဥပ ဒေကို စဆွဲကာ ၂ဝဝ၈ ခုနှစ်ကြမှ အတည်ပြုသ ဖြင့် ၁၅ နှစ်ကြာမြင့်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ညီလာခံဟုပင် ဆိုကြသည်။
.
အဆိုပါ အမျိုးသားညီလာခံတွင် နိုင်ငံရေး ပါတီများက ၄၈ ဦး၊ ၁၉၉ဝ ရွေးကောက်ခံအ မတ်များက ၉၉ ဦး၊ တိုင်းရင်းသားများ ၂၁၂ ဦး၊ လယ်သမား ၉၃ ဦး၊ အလုပ်သမား ၄၄ ဦး၊ တတ်သိပညာရှင် ၃၅ ဦး၊ ဝန်ထမ်း ၉ဝ ဦး၊ အခြားသင့်တော်သူ ၈၁ ဦး၊ စုစုပေါင်း ရဝ၂ ဦးတို့တက်ရောက်ခဲ့ကြပြီး NLD နှင့် SLD တို့ ယင်းညီလာခံတက်နေစဉ် တက်ရောက်မှုကို ရပ်စဲခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
.
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်နိ ဒါန်းတွင် အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့ အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံး မှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါ ဝင်ခဲ့ကြပေသည်ဟု ဖော်ပြထားသည်။
.

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်နိ ဒါန်းတွင် အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့ အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံး မှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါ ဝင်ခဲ့ကြပေသည်ဟု ဖော်ပြထားသည်။  
 
အမျိုးသားညီလာခံကျင်းပရာတွင် အခက် အခဲအနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော် လည်း ၂ဝဝ၃ ခုနှစ်တွင် ချမှတ်ခဲ့သော နိုင်ငံ တော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ၇ ရပ် နှင့်အညီ အမျိုးသားညီလာခံကို ၂ဝဝ၄ ခုနှစ် တွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဆက်လက် ကျင်းပခဲ့ရာ ခိုင်မာသောနိုင်ငံတော် ဖွဲ့စည်းပုံအ ခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်ရန်အတွက် အ ခြေခံရမည့်မှုများနှင့် အသေးစိတ်အခြေခံရမည့် မှုများကို အနှစ်သာရပြည့်ဝစွာ ချမှတ်နိုင်ခဲ့ကြ သဖြင့် ၂ဝဝရ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီလာခံ အောင်မြင်စွာ ပြီးမြောက်ခဲ့ပေသည်ဟု ဖော်ပြထားည်ကို တွေ့ ရသည်။
.
နိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကို ပြန်ကြည့် မည်ဆိုပါက ၁၉၄၈-၂ဝဝ၈ နှစ် ၅ဝ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ မျိုးပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်ကိို တွေ့ရပေမည်။
.
၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ၁၉၆၂ ခု နှစ်တွင် ဖျက်သိမ်းခံရသဖြင့် တရားဝင်သက် တမ်း ၁၅ နှစ်ရှိသည်။ သို့သော် ၁၉၅၈ ခုနှစ်က တည်းက အိမ်စောင့်အစိုးရတက်ခဲ့သဖြင့့် အခြေ ခံဥပဒေမှာ တန်ဖိုးမဲ့စက္ကူစုတ်ဖြစ်ခဲ့သဖြင့် ၄၇ ဥပဒေမှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိသာ ဖြစ်သည့်အတွက် နိုင်ငံရေးပေတံအရ ၁ဝ နှစ် သက်တမ်း ဟုသာပြောနိုင်ပေသည်။
.
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံကမူ ၁၉၇၄ ခုနှစ်မှ ၁၉၈၅  ခုနှစ်အထိ သက်တမ်းရှည်ခဲ့သ ဖြင့် ၁၄ နှစ်သက်တမ်းရှိခဲ့ပေသည်။ ထိုမှ ၈၈၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပြီး စစ် အုပ်ချုပ်ရေးသာရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသည့်ကာလ နှစ် ၂ဝ ခန့်ကို ဖြတ်သန်းခဲ့ရ သည်။ ထိုမှ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းလိုက်သော်လည်း ၂ဝ၁ဝ ခုနှစ်ကြမှ စတင်ကျင့်သုံးသဖြင့် ယခုအခါ သက်တမ်း ၉ နှစ် နီးပါး ရှိနေပြီဖြစ်သည်။ လွတ်လပ်ရေးရပြီး သက်တမ်း ၇၂ နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥ ပဒေရှိသည့်ကာလ ၃၃ နှစ်၊ ဥပဒေမဲ့အုပ်ချုပ် သည့်ကာလ ၃၈ နှစ် ဖြစ်သည့်အတွက် အုပ် ချုပ်ရေးကာလအရ ဥပဒေမဲ့အုပ်ချုပ်မှုက ပိုကြာ မြင့်သည်ကို တွေ့ရသည်။
.
အထက်ပါ ဥပဒေ ၃ မျိုးကို ဆန်းစစ်ကြည့် ပါက ၄၇ ဥပဒေသည် တိုင်းပြည်လွတ်လပ်ရေး ရယူရန် အဓိကဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပြီး အားနည်းချက်များ ပါရှိသော်လည်း ပြုပြင်နိုင် သည့် (Flexible Constitution) အမျိုးအစား ဖြစ်ပြီး ၇၄ ဥပဒေမှာမူ စစ်အာဏာရှင်စနစ်ကို တစ်ပါတီပုံစံဖြင့် ဆိုရှယ်လစ်အလံတင်ထားခဲ့ ပြီး ၂ဝဝ၈ တွင်မူ ပါတီစုံ ဒီမိုကရေစီအလံတင်သည်ဟု ဆိုနိုင်ပေမည်။ သို့သော် ၇၄ နှင့် ၂ဝဝ၈ အခြေခံဥပဒေများမှာ ပြုပြင်နိုင်ရန် မ လွယ်ကူစေသည့် ရပ်တည်ချက်များဖြင့် ပြုလုပ် ထားသည့် ( Regid Constitution) အမျိုးအစား ဖြစ်ပေသည်။
.
ကမ္ဘာ့ဥပဒေပညာရှင် အော်စတင်က အ ခြေခံဥပဒေသည် အစိုးရအဆောက်အအုံကို တည်ဆောက်ပေးသည်ဟု ဆိုသည်။ ဒီစေးကမူ နိုင်ငံ၏ အချုပ်အခြာအာဏာများကို ခွဲဝေရာ တွင်လည်းကောင်း၊ လက်တွေ့ကျင့်သုံးရာတွင် လည်းကောင်း၊ တိုက်ရိုက် သို့တည်းမဟုတ် သွယ်ဝိုက်၍ သက်ဆိုင်စေသော စည်းကမ်းဥပ ဒေ အားလုံးကို အခြေခံဥပဒေဟုခေါ်ကြောင်း အဓိပ္ပာယ်ဖော်ပြကြသည်။
.
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ တက်လာသည့် အစိုး ရကိုသာ တရားဝင်အစိုးရဖြစ်သည်ဟု လက်ခံ သည့် နိုင်ငံရေးအယူအဆတစ်ခုဖြစ်သည်ဟု ဖွင့် ဆိုကြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဝါဒဆို သည်မှာ ဂျွန်လောခ့်၏ နိုင်ငံရေးသဘောတရား နှင့် အမေရိကန်သမ္မတနိုင်ငံ တည်ထောင်သူ များ၏ မူလတရားကို နိုင်ငံရေးသဘောတရား အယူတစ်ခုဖြစ်သည်ဟု လေ့လာသိရှိရသည်။ ¤င်း၏အခြေခံသဘောတရားတွင် တိုင်းပြည် နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် သည် အဆိုပါ တိုင်းပြည်၏ အစိုးရအာဏာ ကို ကန့်သတ်နိုင်သည်၊ ကန့်သတ်သင့်သည် ဆိုသည့် သဘောတရားဟုဆိုသည်။ အစိုးရ၏ အခွင့်အာ ဏာနှင့် တရားဝင်မှုသည် အဆိုပါ အကန့်အသတ်ပေါ်တွင် မူတည်နေခြင်း ဖြစ် သည်။
.
ရှေးခေါမ ပညာရှင်များသည် ဖွဲ့စည်းအုပ် ချုပ်ပုံစနစ်ကို စိုးမိုးအုပ်ချုပ်သူ စနစ်အပေါ်တွင် မူတည်၍ ခွဲဲခြားခဲ့ကြရာ အချုပ်အခြာအာဏာ သည် လူတစ်ဦးတစ်ယောက်ထံတွင်ထားရှိလျှင် ဧကရာဇ် (Monarchy) လူတစ်စုထံတွင် ထား ရှိလျှင် အုပ်စုအာဏာရှင် (မင်းမျိုးမင်းနွယ်) အ ရစ္စတိုကရေစီ လူများစုတွင် အချုပ်အခြာအပ် နှင်းထားလျှင် Polity သို့မဟုတ်ဒီမိုကရေစီဟု ခေါ်တွင်ခဲ့ကြသည်။

မျက်မှောက်ခေတ် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ် များတွင် ဒီမိုကရေစီနှင့် အာဏာရှင် (Dictator) စစ်အာဏာရှင်အုပ်စု (Junta) ၊ များသာတွေ့ရ ပေတော့သည်။ ဒီမိုကရေစီတွင်လည်း အမည် နာမအမျိုးမျိုးဖြင့် ဆိုဗီယက်ဒီမိုကရေစီ၊ ပြည် သူ့ဒီမိုကရေစီ၊ ဒီမိုကရေစီအသစ်၊ အနောက် တိုင်းဒီမိုကရေစီ၊ အင်ဒိုနီးရှားသမ္မတဆူကာနို ခေါ်တွင်ခဲ့သည့် ပဲ့ကိုင်ဒီမိုကရေစီ စသည်ဖြင့် ခေါ်တွင်ခဲ့ကြသလို အာဏာရှင်စနစ်တွင်လည်း ဖက်ဆစ်အာဏာရှင်၊ ပစ္စည်းမဲ့အာဏာရှင်၊ ပြည်သူ့ဒီမိုကရေစီအာဏာရှင် စနစ်ဟူ၍ ကွဲ ပြားလေသည်။ အဓိကမှာ ဒီမိုကရေစီကို အာ ဏာရှင်များအလိုကျ အသုံးပြုနေကြခြင်းပင်။
.
ဒီမိုကရေစီပေါ်အခြေခံ၍ ဖွဲ့စည်းထားသော အုပ်ချုပ်ပုံစနစ်များတွင် Federal ခေါ် ပြည်ထောင်စုစနစ်နှင့် Unitary ခေါ် တစ်ပြည်ထောင် စနစ် (ဝါ) အစိုးရတစ်ဖွဲ့တည်းဟူ၍ နှစ်မျိုး နှစ် စားရှိကြောင်း တောင်ကြီးဦးထွန်းမြင့် (ရှမ်း)က ပြည်ထောင်စုတွင်းမှ တန်းတူသော ရှမ်းပြည် တွင် ဆိုထားသည်။ ၎င်းအဆိုတွင် ရုရှား၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ယူဂိုဆလား ဗီးယား အစရှိသည့်နိုင်ငံများမှာ ပြည်ထောင်စုစ နစ်ဖြစ်ပြီး ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယန်၊ ချက်ကိုစလိုဗေးကီးယား၊ အီတလီ၊ တရုတ်ပြည် စသည်တို့မှာ တစ်ပြည်ထောင်စနစ်(ဝါ) အစိုးရ တစ်ဖွဲ့စနစ်ဖြင့် ဖွဲ့စည်းထားကြသည်ဟု ဆိုသည်။ (အကျယ်ကို ဆလိုင်းလျန်မုန်း စုဆောင်း တင်ပြသည့် ပင်လုံကတိကဝတ်များ စာအုပ်တွင်ရှု)
.
ယခုတွင် တရားဝင်ထုတ်ဝေထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ပါ ကြေ ညာချက်များကို ဆန်းစစ်လေ့လာကြည့်ကြ ရအောင်ပါ။
.
စာအုပ်၏ စာမျက်နှာအစတွင် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ကော်မရှင်၏ ၂ဝဝ၈ ခုနှစ်၊ မေလ ၁၅ ရက်စွဲပါ ကြေညာချက် အမှတ် ၁ဝ/ ၂ဝဝ၈ တွင် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၂၅ မြို့ရှိသည့်အနက် ၂၇၈ မြို့နယ်တွင် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကို ၂ဝဝ၈ ခုနှစ်၊ မေလ ၁ဝ ရက်နေ့တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း၊ ဤကော်မရှင်၏ ၂ဝဝ၈ ခုနှစ်၊ မေလ ၆ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၈/၂ဝဝ၈)ဖြင့် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ရန်ကုန်တိုင်းမှ မြို့နယ်ပေါင်း ၄ဝ နှင့် ဧရာဝတီတိုင်းမှ ၇ မြို့နယ်တို့အတွက် ကျင်းပရန်ရှိသည့် ဆန္ဒခံယူ ပွဲကို ၂ဝဝ၈ ခုနှစ်၊ မေလ ၂၄ ရက်တွင် ကျင်း ပမည်ဟု ကြေညာခဲ့ကြောင်း၊ ပြည်ထောင်စု တစ်ဝန်းလုံးရှိ လူဦးရေမှာ ၅၇၅ဝ၄၃၆၈ ဦးဖြစ် ၍ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေမှာ ၂၇၃၆၉၉၅၇ ဦးဖြစ်ကြောင်း မြို့ နယ် ၂၇၈ မြို့နယ်တွင် ကျင်းပခဲ့သော ပြည် လုံးကျွတ် ဆန္ဒခံယူပွဲ၌ ရရှိသည့် ဆန္ဒမဲအခြေ အနေများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း
.
ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၂၂ရဝ၈၄၃၄ ဦး၊ ဆန္ဒမဲပေးသူ ၂၂၄၉၆၆၆ဝ ဦး၊ ထောက်ခံဆန္ဒ မဲပေးသူ ၂ဝရ၈၆၅၉၆ ဦး၊ ကန့်ကွက်ဆန္ဒမဲပေး သူ ၁၃၇၅၄၈ဝ ဦး၊ ပယ်မဲ ၃၃၄၅၈၄ ဦးဟု ဖော်ပြထားပြီး ဆန္ဒမဲပေးသည့် ဦးရေအရ ရာ ခိုင်နှုန်း ၉၉ ဒသမ ဝရ တွေ့ရှိရကြောင်း၊ သို့ပါ၍ ဆန္ဒမဲပေးသူ ၂၂၄၉၆၆၆ဝ ဦးတွင် ထောက်ခံမဲ ၂ဝရ၈၆၅၉၆ ဦး ဖြစ်သည့်အတွက် ထောက်ခံသည့် အရေအတွက် ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း ပြီးစီးခဲ့သည့် ဆန္ဒခံယူ ပွဲ၏ ရလဒ်အား ကြေညာပါသည်ဟု (အောင် တိုး) ဥက္ကဌ ပြည်လုံးကျွတ်ဆန္ဒခံယူကျင်းပရေး ကော်မရှင်ဟု တွေ့ရသည်။
.
ယင်းကော်မရှင်၏ ၂ဝဝ၈ ခုနှစ်၊ မေလ ၂၆ ရက်စွဲပါ ကြေညာချက် ၁၁/၂ဝဝ၈ တွင် နာဂစ်မုန်တိုင်းကြောင့် ဆန္ဒခံယူပွဲကို မေလ ၂၄ ရက်က ကျင်းပခဲ့သည့်အတွက် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၄၅၈ဝ၃၉၃ ဦး၊ ဆန္ဒမဲပေးသူ ၄၂၈ဝဝ၁၅ ဦး (၉၃ ဒသမ ၄၄) ရာခိုင်နှုန်း၊ ထောက်ခံဆန္ဒမဲပေးသူ ၃၉၇၇၅၂၈ ဦး (၉၂ ဒသမ ၉၃) ရာခိုင်နှုန်း၊ ကန့်ကွက်ဆန္ဒမဲပေးသူ ၂၅၆၂၃၂ ဦး (၅ ဒသမ ၉၉)၊ ပယ်မဲ ၄၆၂၂၅ ဦး(၁ ဒသမ ဝ၈) ရာခိုင် နှုန်း၊ ထောက်ခံသည့် ရာခိုင်နှုန်း ၉၂ ဒသမ ၉၃ ရာခိုင်နှုန်းဟု ဦးအောင်တိုးကပင် ထုတ်ပြန် ကြေညာထားသည်ကို တွေ့ရသည်။
.
၎င်းနေ့တွင်ပင် ထုတ်ပြန်ကြေညာချက် ၁၂/၂ဝဝ၈ ဖြင့် တစ်နိုင်ငံလုံး ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူ ၂၇၂၈၈၈၂၇ ဦးတွင် ဆန္ဒမဲပေးသူ ၂၆၇၇၆၆၇၅ ဦး၊ (၉၈ ဒသမ ၁၂) ရာခိုင်နှုန်း၊ ထောက်ခံဆန္ဒမဲပေးသူ ၂၄၇၆၄၁၂၄ ဦး(၉၈ ဒသမ ၄၈) ရာခိုင်နှုန်း၊ ကန့်ကွက်ဆန္ဒမဲပေးသူ ၁၆၃၁၇၁၂ ဦး(၆ ဒသမ ၁) ရာခိုင်နှုန်း၊ ပယ်မဲ ၃၈ဝ၈၃၉ ဦး(၁ ဒသမ ၄၂) ရာခိုင်နှုန်းဟု ဖော်ပြခဲ့ပြီး ထူးခြားချက်မှာ ကြိုတင်ဆန္ဒမဲ ၄၆၂၁ရဝ၅ ဦးရှိသည်ဟု ဖော်ပြထားပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုပေး ရန် ထောက်ခံသည့် ရာခိုင်နှုန်း (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းဖြစ်ကြောင်း ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ဥပဒေပုဒ်မ ၂၃ အရ ကြေညာလိုက် ကြောင်း (ဦးအောင်တိုး) အနေဖြင့်ပင် ဖော်ပြ ထားသည်။
.
ယင်းသို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ရလဒ် များ အစီရင်ခံချက်အရ ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အ တည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂ဝဝ၈ ခုနှစ် မေလ ၂၉ ရက်စွဲပါ ကြေညာချက် အမှတ် ၇/၂ဝဝ၈ ဖြင့် (ပုံ) သန်းရွှေ ဗိုလ်ချုပ် မှူးကြီး ဥက္ကဌ၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဟု ဖော်ပြပါရှိသည်ကို တွေ့ရသည်။ ဤသည်များသည် သမိုင်းတွင် သည့် အချက်အလက်များဖြစ်ပါသည်။
.
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း သမိုင်း မှတ်တမ်း အထောက်အထားများအရ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်များတွင် သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင် ၂ဝဝ၈ ခုနှစ်၊ နောက်ပိုင်းအချိန်တွင် ကောက်ယူခဲ့သည့် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကိုသာ ဖော်ပြလို ပါသည်။
.
၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ပြည် ထောင်စုသန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ ၂ တွင် မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီး ပြည်နယ် (နေပြည်တော်အပါအဝင်) အရေအ တွက် ၁၅ ခု၊ ခရိုင်အရေအတွက် ၇၄ ခု၊ မြို့ နယ်/မြို့နယ်ခွဲအရေအတွက် ၄၁၂ ခုတို့မှ လူ ဦးရေ ၅၁၄၈၆၂၅၃ ဦးရှိကြောင်း ဖော်ပြခဲ့သည်။ နှစ်စဉ်လူဦးရေ တိုးနှုန်းကို ဝ ဒသမ ၈၉ ရာခိုင် နှုန်းဟုလည်းကောင်း၊ လူဦးရေ ပိရမစ်တွင် ၁၉၈၃ ခုနှစ်နှင့် ၂ဝ၁၄ နှိုင်းယှဉ်မှုတွင် လူဦးရေ ဆုလာဘ်ရရှိနေသည့် အခြေအနေဟု ဆိုထား ပြီး အသက်ဖွဲ့စည်းမှုအရ အလုပ်လုပ်နိုင်သည့် အသက်အရွယ် လူအုပ်စု တဖြည်းဖြည်းတိုးမြင့် လာသည်ဟု ဖော်ပြထားကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ ၂ဝဝ၈ ခုနှစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်မှုတွင် တစ်နိုင်ငံ လုံးရှိလူဦးရေ (၅၇၅ဝ၄၃၆၈) ဦးနှင့် ၂ဝ၁၄ ခု နှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၅၁၄၈၆၂၅ ၃) ဦး ကွာခြားချက်ကို အများပြည်သူ သတိမူ မိစေရန် ဖော်ပြလိုရင်းဖြစ်သည်။
.
ယနေ့အချိန်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ Constitiitonal Crisis ဟုခေါ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်း နှင့် ရင်ဆိုင်နေရပြီး ယင်းအကြပ်အတည်းအရ လူဦးရေအပေါ်တွင် မူတည်သည့် မဲပေးမှုအရ တစ်တိုင်းပြည်လုံး ဆန္ဒမဲအမှန်ကို ကိုယ်စားပြု သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရန် လိုအပ် လာပေသည်။ ဤသို့သောအခြေအနေတွင် အသစ်ရေး ဆွဲနိုင်ခွင့်မရသော်မှ လူထုဆန္ဒမှန် နှင့် ကိုက်ညီသော အတတ်နိုင်ဆုံး ပြင်နိုင်သည့် အနေအထားရောက်ရန် မျှော်လင့်ရပေသည်။
.
သို့တည်းမူကား ပြည်သူကို အပြည့်အဝ ကိုယ်စားမပြုသည့် ဒီမိုကရေစီစနစ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ (ငို့ဘဒီမိုကရေစီ)စနစ်ကိုသာ ဖော်ဆောင်မည်ဟု ယုံကြည်ကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats