ပညာေရးကို လက္ပိုက္ၾကည့္ေနၾကေတာ့မွာလား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, August 13, 2019

ပညာေရးကို လက္ပိုက္ၾကည့္ေနၾကေတာ့မွာလား

ေက်ာ္လင္းထြန္း (ေခ်ာင္းဦး)
.
လူသားတို႔သည္ လူလားေျမာက္သည္မွ ေသသည္အထိ 'ပညာ'ႏွင့္ထိေတြ႕ၾကရသည္။ ထို႔အတူပညာေရးကိစၥ သည္မူႀကိဳအရြယ္၊ KG အရြယ္မွသည္ မိဘမ်ား၊ အုပ္ထိန္းသူမ်ား၊ ဆရာဆရာမမ်ားအပါအဝင္ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္အထိ အားလံုးႏွင့္ သက္ဆိုင္ပါသည္။ ပညာေရးကိစၥကို ပညာေရး ဝန္ႀကီးဌာနႏွင့္ ပညာေရးဝန္ထမ္းမ်ား၊ ဆရာ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား၏ အ ေရးကိစၥဟုသာ သေဘာထားၿပီး ေဘးမွေဝဖန္၊ ေလကန္၊ အျပစ္ဖို႔ရင္း လက္ပိုက္ၾကည့္ေနၾက၍ မျဖစ္ပါ။
.


.
ပညာေရးသည္ ႏိုင္ငံ့အေရး၊ ႏိုင္ငံေရးျဖစ္ သည္။ အမ်ိဳးသားေရးသာမက ကမၻာ႔ၿငိမ္းခ်မ္း ေရး ျဖစ္သည္။ ပညာေရးသည္ မိမိဘဝအသက္ ရွင္ရပ္တည္ေရး၊ ႀကီးပြားတိုးတက္ေရးသာမက အတူယွဥ္တြဲေနထိုင္ေရးလည္းျဖစ္သည္။ နည္း ပညာတိုးတက္ေျပာင္းလဲေရးသာမက ေခတ္စ နစ္ေျပာင္းလဲေရးလည္းျဖစ္သည္။ သို႔ျဖစ္ေလ ရာ မိမိကိုယ္တိုင္သည္လည္း လူ႔ေလာကကမၻာ တြင္ ရွင္သန္ရပ္တည္ေနသေရြ႕ ပညာေရးႏွင့္ ကင္း၍မရပါ။ ''ပညာလို အိုသည္မရွိ'' ဆိုသည္ ႏွင့္အညီ မိမိ၏႐ုပ္ခႏၶာေၾ<ြကပ်က္သုဥ္း၊ စိတ္ က်န္းမာေရး သံုးမရေသာအခါမွသာ ပညာေရး ႏွင့္ မိမိကင္းကြာရပါမည္။
.

ကိုယ္ က်န္းမာေရး၊ စိတ္ က်န္းမာေရး ေကာင္းမြန္ေနသူမွန္ပါက ပညာေရးကိုစိတ္ဝင္ စားသင့္ပါ၏၊ စိတ္က်န္းမာေရးေကာင္းမြန္သူ ဆိုသည္မွာ အတၱမဆန္သူ၊ တစ္ကိုယ္ေကာင္း မဆန္သူ၊ လူ႕ေဘာင္ေလာကသာယာလွပေစ ခ်င္သူ၊ မိမိ၏အနာဂတ္သာမက ပတ္ဝန္းက်င္ ၏အနာဂတ္ကိုပါ ဖန္တီးေပးခ်င္သူကို ဆိုလိုပါ သည္။ လူအမ်ားစု၏ စိတ္ေနစ႐ိုက္၏ ပင္ကို သဘာဝမွာ ယဥ္ေက်းၾကသည္။ ႐ိုးသားၾကပါ သည္။ သို႔ေသာ္ ေခတ္စနစ္ႏွင့္ ပတ္ဝန္းက်င္တို႔ ၏ သေဘာသဘာဝအေပၚ မူတည္၍ ေရသာခို လိုၾက၊ အတၱဆန္ၾကစသျဖင့္ အသိဉာဏ္ကင္း မဲ့လာၾကၿပီး အမွားအမွန္ေဝဖန္ဆန္းစစ္မႈ အား နည္းလာၾကသည္။
ပံုျပင္ေတြမေျပာၾကေတာ့ဘူးလား
.
မိဘအုပ္ထိန္းသူမ်ားအေနျဖင့္ ကေလးသူ ငယ္မ်ားကိုညအိပ္ရာဝင္ပံုျပင္ေျပာၾကားမႈအား နည္းလာၾကသည္။ အေျခခံပညာအထက္တန္း မွ နဝမတန္းေက်ာင္းသားေက်ာင္းသူ (ဗုဒၶဘာ သာျမန္မာလူမ်ိဳးကေလးငယ္) တစ္ေယာက္အ ေနျဖင့္ အဇာတသတ္ကိုမၾကားဖူးဟုဆိုလာၾက သည္မွာ မိဘအုပ္ထိန္းသူတို႔၏ တာဝန္မကင္းဟု ယူဆရေပမည္။ အေျခခံပညာအလယ္တန္းအ ဆင့္က သားသမီးဝတ္၊ မိဘဝတ္၊ မသိၾကျခင္း ႏွင့္ ၅ ပါးသီလကို လံုးေစ့ပတ္ေစ့ မသိၾကျခင္း မွာ ေက်ာင္းမွဆရာဆရာမမ်ားတြင္ အျပစ္မရွိ ဟု ခံစားမိပါသည္။ တကၠသိုလ္တက္ေနေသာ ျမန္မာစာအဓိက ေက်ာင္းသားေက်ာင္းသူမ်ား က သုေမဓာရွင္ရေသ့တို႔၊ စာေရးဆရာႀကီးေမာင္ ခင္မင္ (ဓႏုျဖဴ) တို႔ ေတးဂီတလုလင္ႀကီး ႏိုင္ငံ ေက်ာ္ၿမိဳ႕မၿငိမ္းတို႔ကို မၾကားဖူးၾကသည္ဟု ဆို ျခင္းမွာ ငယ္ရြယ္စဥ္အရြယ္က ကေလးငယ္မ်ား ကို လက္လြတ္စပယ္ပစ္ထားေသာ မိဘအုပ္ ထိန္းသူမ်ား၏ အိမ္တြင္းပညာေရးညံ့ဖ်င္းမႈ ေၾကာင့္ျဖစ္ပါသည္။ ေျပာရလွ်င္ အုပ္ထိန္းသူ မိဘႏွင့္ ဆရာဆရာမအမ်ားစုကိုယ္တိုင္ စာေပ ဗဟုသုတအျပင္ ရင္ေသြးငယ္၊ ေက်ာင္းသား ေက်ာင္းသူ ထိန္းသိမ္းမႈအႏုပညာ အားနည္းေန ၾကသည္။ ပညာေရးကို အေလးထားအာ႐ံုစိုက္ မႈ အားနည္းလာၾကၿပီးကိုယ္တိုင္ဖုန္းဟန္းဆက္ အသံုးျပဳခ်ိန္မ်ား၊ အေပ်ာ္အပါးလိုက္စားျခင္းမ်ား ႏွင့္သာ အခ်ိန္ကုန္ေနၾကပါသည္။
.
ဆရာဆရာမေတြ၏အလုပ္
ဆရာ၊ဆရာမ ၂ မ်ိဳး ခြဲျပရပါေတာ့မည္။ အ စိုးရဝန္ထမ္း ဆရာဆရာမမ်ားႏွင့္ ျပင္ပဆရာဆ ရာမမ်ားတို႔ ျဖစ္သည္။ တကယ္ဆိုရလွ်င္ မည္ သည့္ဆရာ ဆရာမပင္ျဖစ္ေစ တပည့္ေတြ၏ ေနာင္အနာဂတ္သာယာလွပေအာင္ သင္ၾကား ၾက၊ ဆံုးမၾကရေပမည္။ သို႔ေသာ္ အစိုးရဝန္ထမ္း ဆရာ၊ ဆရာမမ်ားက သင္တန္းမ်ား၊ ေက်ာင္း တြင္းလႈပ္ရွားမႈမ်ား၊ အျခားေသာေက်ာင္းလုပ္ ငန္းမ်ားေၾကာင့္ မအားလပ္မႈကို အေၾကာင္းျပ ၾကကာ ေက်ာင္းသင္႐ိုးကို ကုန္ေအာင္မသင္ၾက ေတာ့ေပ။ အခ်ိဳ႕ကေတာ့ ကေလးငယ္မ်ား၏ စာေလ့လာႏိုင္စြမ္းႏွင့္ စိတ္ဝင္စားမႈ (စာတတ္ ေျမာက္လိုစိတ္) အားနည္းလာျခင္းကို ဆင္ေျခ ေပး အေၾကာင္းျပ၍ သင္႐ိုးကုန္ မသင္ၾကေတာ့ ေပ။ နစ္နာၾကသူမ်ားမွာ ေက်ာင္းသားေက်ာင္း သူငယ္ရြယ္သူအျဖဴထည္ကေလးမ်ားပင္ ျဖစ္ သည္။
.
ျပင္ပဆရာဆရာမမ်ားကို စဥ္းစားၾကည့္ ေသာ္ ယခင္ေခတ္စနစ္၏ မူဝါဒကိုမနစ္သက္ၾက ၍တကယ့္ဆရာဆရာမျဖစ္လိုၾကသူ လူနည္းစု ဆရာဆရာမမ်ားလည္း ရွိၾကပါ၏။ တခ်ိဳ႕ကမူ ေငြေၾကးဝင္ေငြအရႏွင့္ နာမည္ေက်ာ္ၾကားလိုမႈ (အသင္အျပေကာင္းမြန္မႈ)ကို ေရွ႕တန္းတင္ၿပီး ဆရာႏွင့္ တပည့္အၾကား ေငြေၾကးႏွင့္ မာန္မာန မ်ား စည္းျခားေနၾကသည္လည္း ရွိသည္။ ဆရာ့ ဝတ္ထက္ ေငြေၾကး(သို႔မဟုတ္) ထင္ေပၚေၾကာ္ ၾကားလိုမႈက ပထမဦးစားေပး ျဖစ္ေနတတ္ပါ သည္။  
ျပင္ပဆရာဆရာမမ်ားကို စဥ္းစားၾကည့္ ေသာ္ ယခင္ေခတ္စနစ္၏ မူဝါဒကိုမနစ္သက္ၾက ၍တကယ့္ဆရာဆရာမျဖစ္လိုၾကသူ လူနည္းစု ဆရာဆရာမမ်ားလည္း ရွိၾကပါ၏။ တခ်ိဳ႕ကမူ ေငြေၾကးဝင္ေငြအရႏွင့္ နာမည္ေက်ာ္ၾကားလိုမႈ (အသင္အျပေကာင္းမြန္မႈ)ကို ေရွ႕တန္းတင္ၿပီး ဆရာႏွင့္ တပည့္အၾကား ေငြေၾကးႏွင့္ မာန္မာန မ်ား စည္းျခားေနၾကသည္လည္း ရွိသည္။ ဆရာ့ ဝတ္ထက္ ေငြေၾကး(သို႔မဟုတ္) ထင္ေပၚေၾကာ္ ၾကားလိုမႈက ပထမဦးစားေပး ျဖစ္ေနတတ္ပါ သည္။  
.
တတိယေျမာက္ျပင္ပ ဆရာဆရာမတစ္မ်ိဳး မွာ ပရဟိတဆရာဆရာမမ်ား ျဖစ္ၾကသည္။ အ မ်ားစုမွာ စိတ္ေစတနာရွိၾကၿပီး သင္ၾကားမႈအႏု ပညာႏွင့္ ဘာသာရပ္ကြၽမ္းက်င္ႏွံ႔စပ္မႈ အား နည္းၾကသည္။ အခ်ိဳ႕ကေတာ့ ဆရာဆရာမအ ရည္အခ်င္းပင္ မရွိၾကဘဲ ပရဟိတအခ်ိတ္အ ဆက္ႏွင့္ ေငြေၾကးပဓာန မထားျခင္းဟူေသာ အားသာခ်က္ျဖင့္ မိမိမတတ္ကြၽမ္းေသာ နယ္ ပယ္တြင္တတ္ေယာင္ကား လုပ္ေနၾကသည္။ မိ မိကိုပရဟိတအတြက္ အသံုးမခ်ဘဲ ပရဟိတကို မိမိအတြက္အသံုးခ်ၿပီး ပညာေရးႏွင့္ ကေလး မ်ားကို ခုတံုးလုပ္၍ သူမ်ား မ်က္ခံုးေမႊးေပၚ စႀကႍေလွ်ာက္ေနၾကေလ၏။ အသံုးခ်ခံ ကေလး ငယ္ေလးမ်ား၏ အနာဂတ္ႏွင့္တကြ ပုဂၢိဳလ္ေရး ခင္မင္ရင္းႏွီးမႈမ်ားကို ထည့္သြင္းေတြးေတာေနမႈ မ်ားကို စဥ္းစားရေပေတာ့မည္။ သို႔မဟုတ္ပါက ပညာေရးႏွင့္အတူ ဘာသာေရးပါ ထိခိုက္နစ္နာ ရေတာ့မည္။
.
စာၾကည့္တိုက္၊ အင္တာနက္ႏွင့္ ပညာေရး
စာအုပ္စာေပ မဖတ္ၾကေသာ လူ႕အသိုင္းအ ဝိုင္းကို ျမင္ေတြ႕ေနရသည္မွာ အလြန္အင္မတန္ ပင္စိတ္ဆင္းရဲစရာေကာင္းလွသည္။ ယခင္ ေခတ္မ်ားဆီက ဦးစီးဦးေဆာင္ေနၾကေသာ လူ ႀကီး၊ လူလတ္ပိုင္းအမ်ားစုမွာ စာေကာင္းေပမြန္ မ်ား ဖတ္ၾကသည္။ ဘာသာေရး အဆံုးအမမ်ား၊ အုပ္ခ်ဳပ္ေရးစနစ္အမ်ိဳးမ်ိဳး၊ ျမန္မာ့သမိုင္း ကမၻာ႔ သမိုင္းအေၾကာင္းအရာစံုႏွင့္ ေတာေတာင္ေရ ေျမသဘာဝ၊ လူ႕သေဘာ လူ႕မေနာႏွင့္ စ႐ိုက္ လကၡဏာအမ်ိဳးမ်ိဳးကို သိေနသူမ်ားမွာ စာအုပ္ စာေပဖတ္႐ႈၾကသူမ်ားျဖစ္သည္။ ယေန႔ေခတ္ တြင္မူ စာၾကည့္တိုက္မ်ား၊ စာအုပ္အငွားဆိုင္ မ်ား ကြယ္ေပ်ာက္ကုန္ပါၿပီ။ ေမွးမိန္သြားၾကပါၿပီ။ ဝမ္းနည္းဖြယ္ေကာင္းေလစြ။ စာၾကည့္တိုက္မ်ား ထူေထာင္ၾကေသာ္လည္း စာၾကည့္တိုက္ရွင္သန္ ေရး ဦးေဆာင္သူအမ်ားစုမွာ လူျမင္ေကာင္း ေအာင္စာၾကည့္တိုက္ဖြင့္ၿပီး ရက္ပိုင္းအတြင္းသာ ႐ုပ္လံုးျပ၊ ေလလံုးထြားၾကၿပီး လူေျပာမသန္မ်ား ျဖစ္၍ ဦးေဆာင္သူ တည္ေထာင္သူ အနည္းငယ္ မွာ အားျပတ္ၾကရသည္။ ကိုယ္တိုင္စာေပ ဖတ္ ႐ႈေလ့လာသူမ်ားသည္သာ စာအုပ္စာေပကို တန္ဖိုးထားၿပီး စာၾကည့္တိုက္ကို ခ်စ္ျမတ္ႏိုးေပ လိမ့္မည္။
.
အခ်ိဳ႕ကေျပာၾကသည္။ Phone ႏွင့္ပင္စာ ဖတ္သည္။ အင္တာနက္မွာစာအုပ္ေတြအမ်ား ႀကီးရွာ ႀကိဳက္ရာေရြးဖတ္ ၊Download လုပ္ လိုက္႐ံုပဲ စသျဖင့္ အလြယ္ေျပာ၊ ေပါ့ေပါ့ေန ေသာ ေခတ္ပညာတတ္ (အတတ္ပညာရွိမရွိမသိ၊ အသိပညာအလြန္အားနည္းေသာေယာင္ ဝါးဝါးပညာတတ္)မ်ားကို ပတ္ဝန္းက်င္တြင္ ေတြ႕ျမင္ေနရသည္။ တကယ့္စာေပသမား တိုး တက္ေသာမ်ိဳးဆက္ဖန္တီးလိုေသာ ပညာေရးမားတို႔သည္ အင္တာနက္မွစာအုပ္ကို ရွာၾကပါ ၏၊ အေရးႏွင့္အေၾကာင္းဆို လြယ္ေအာင္ download ဆြဲထားၾကပါ၏၊ သို႔ေသာ္ဖုန္း handest, laptop
ျဖင့္ ေန႔စဥ္ႏွင့္အမွ်ဖတ္ေန၍ မျဖစ္ႏိုင္၊ ဖတ္လည္းမဖတ္ၾကပါ။ အဘယ့္ ေၾကာင့္နည္း။ Screen  မွရရွိေသာ ေရာဂါ ကို သိေနၾက၍ျဖစ္သည္။ က်န္းမာေရးအရ Screen    မွလာေသာ rays  မ်ားသည္ မ်က္စိႏွင့္ အာ႐ံု ေၾကာကို ထိခိုက္ေစသည္။ ေနာက္ ဂုတ္ဆက္(ဇက္ေၾကာ) က်ီးေပါင္း၊ အထိုင္ပံုမမွန္၍ ေသြးေလလည္ပတ္မႈ မူမ မွန္ေသာအခါ အဆီ တက္၊ အဝလြန္(သို႔မဟုတ္) ေသြးတိုး၊ ဆီးခ်ိဳ စေသာ ေရာဂါမ်ားကို ရရွိႏိုင္ေၾကာင္း သိၾက၍ တ ကယ့္ စာေပအသိရွိေသာ ပညာတတ္စာေပ ဖတ္႐ႈသူသည္ Screen hour ထက္ Page hour ကိုသာခံုမင္ႏွစ္ သက္ၾက၍ လက္ထဲတြင္ စာအုပ္ကိုင္ကာသာ ဖတ္႐ႈေလ့လာၾကပါသည္။
ပညာတတ္စာေပ ဖတ္႐ႈသူသည္ Screen hour ထက္ Page hour ကိုသာခံုမင္ႏွစ္ သက္ၾက၍ လက္ထဲတြင္ စာအုပ္ကိုင္ကာသာ ဖတ္႐ႈေလ့လာၾကပါသည္။
.
ပညာေရးမွ ရရွိေသာ က်န္းမာေရး အသိအျမင္
ပညာေရး ျပည့္စံုေကာင္းမြန္ေသာ လူ႕အဖြဲ႕ အစည္းတြင္ က်န္းမာေသာလူ႕မႈဝန္းက်င္ရွိေနပါ မည္။ လူမစည္ကားအပ္ေသာ ေနရာ ၃ ခုျဖစ္ သည့္ ေဆး႐ံုေဆးခန္း၊ ရဲစခန္း၊ တရား႐ံုးႏွင့္ သခ်ႋဳင္းကုန္းတို႔တြင္ လူမ်ားစည္ကားေနၾကသည္ မွာ အားလံုး အသိပင္။ အေျဖကရွင္းေနပါသည္။ အသိပညာ အားနည္းၾက၍ပင္ ျဖစ္သည္။ ဘာ သာေရးအသိမရွိၾကေသာ လူ႕အသိုင္းအဝိုင္း သည္ ရဲစခန္း တရား႐ံုးႏွင့္ ဝင္ထြက္မႈမ်ားေနမည္။ က်န္းမာေရးအသိမရွိေသာ လူ႕အသိုင္းအဝိုင္း တြင္ ေဆး႐ံုေဆးေပးခန္းမ်ား၌ လူမ်ားေနလိမ့္ မည္။ ယေန႔ေခတ္တြင္ မိမိတို႔တိုင္းျပည္၌ ေပါ မ်ားလွေသာ ကြမ္းယာ၊ စီးကရက္၊ ဘီယာ၊ အ ရက္၊ က်န္းမာေရးႏွင့္ မညီေသာမုန္႔ပဲသြားရည္ စာဆိုင္ႏွင့္ စားေသာက္ဆိုင္မ်ား၏ ေဘးထြက္ ဆိုးက်ိဳးအေနျဖင့္ လူမစည္ကားအပ္ေသာေနရာ မ်ားတြင္ စည္ကားေနပါသည္။ ပညာေရးကို အ ေလးမထားၾကေသာ လူရြယ္လူႀကီးမ်ား (မိဘ အုပ္ထိန္းသူ၊ ဆရာဆရာမမ်ား၊ အုပ္ခ်ဳပ္သူအ ႀကီးအကဲမ်ား) ၏ တာဝန္မကင္းၾကပါ။ လက္ရွိ ျမန္မာ့ပညာေရးသည္ အေရးေပၚအႏၱရာယ္အ ဆင့္တြင္ ေရာက္ေနပါၿပီ။ တိုင္းျပည္၏အနာ ဂတ္၊ ျမန္မာ့လူ႕ေဘာင္၏အနာဂတ္၊ ကမၻာ ေလာကႀကီး၏အနာဂတ္ တို႔အတြက္ၿပီးျပည့္စံု ၍ အသိ၊ အတတ္ရွိေသာ ပညာေရး (အိမ္တြင္း ဝန္းက်င္၊ လူမႈဆက္ဆံမႈပညာေရး) ေပၚေပါက္ လာေစဖို႔ လက္ပိုက္ၾကည့္မေနၾကဘဲ ဝိုင္းဝန္း ဖန္တီးေပးၾကပါစို႔။
.
=========================================
ပညာရေးကို လက်ပိုက်ကြည့်နေကြတော့မှာလား
ကျော်လင်းထွန်း (ချောင်းဦး)
.
လူသားတို့သည် လူလားမြောက်သည်မှ သေသည်အထိ 'ပညာ'နှင့်ထိတွေ့ကြရသည်။ ထို့အတူပညာရေးကိစ္စ သည်မူကြိုအရွယ်၊ KG အရွယ်မှသည် မိဘများ၊ အုပ်ထိန်းသူများ၊ ဆရာဆရာမများအပါအဝင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အထိ အားလုံးနှင့် သက်ဆိုင်ပါသည်။ ပညာရေးကိစ္စကို ပညာရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ အ ရေးကိစ္စဟုသာ သဘောထားပြီး ဘေးမှဝေဖန်၊ လေကန်၊ အပြစ်ဖို့ရင်း လက်ပိုက်ကြည့်နေကြ၍ မဖြစ်ပါ။
.
ပညာရေးသည် နိုင်ငံ့အရေး၊ နိုင်ငံရေးဖြစ် သည်။ အမျိုးသားရေးသာမက ကမ္ဘာ့ငြိမ်းချမ်း ရေး ဖြစ်သည်။ ပညာရေးသည် မိမိဘဝအသက် ရှင်ရပ်တည်ရေး၊ ကြီးပွားတိုးတက်ရေးသာမက အတူယှဉ်တွဲနေထိုင်ရေးလည်းဖြစ်သည်။ နည်း ပညာတိုးတက်ပြောင်းလဲရေးသာမက ခေတ်စ နစ်ပြောင်းလဲရေးလည်းဖြစ်သည်။ သို့ဖြစ်လေ ရာ မိမိကိုယ်တိုင်သည်လည်း လူ့လောကကမ္ဘာ တွင် ရှင်သန်ရပ်တည်နေသရွေ့ ပညာရေးနှင့် ကင်း၍မရပါ။ ''ပညာလို အိုသည်မရှိ'' ဆိုသည် နှင့်အညီ မိမိ၏ရုပ်ခန္ဓာေြ<ွကပျက်သုဉ်း၊ စိတ် ကျန်းမာရေး သုံးမရသောအခါမှသာ ပညာရေး နှင့် မိမိကင်းကွာရပါမည်။
.
ကိုယ် ကျန်းမာရေး၊ စိတ် ကျန်းမာရေး ကောင်းမွန်နေသူမှန်ပါက ပညာရေးကိုစိတ်ဝင် စားသင့်ပါ၏၊ စိတ်ကျန်းမာရေးကောင်းမွန်သူ ဆိုသည်မှာ အတ္တမဆန်သူ၊ တစ်ကိုယ်ကောင်း မဆန်သူ၊ လူ့ဘောင်လောကသာယာလှပစေ ချင်သူ၊ မိမိ၏အနာဂတ်သာမက ပတ်ဝန်းကျင် ၏အနာဂတ်ကိုပါ ဖန်တီးပေးချင်သူကို ဆိုလိုပါ သည်။ လူအများစု၏ စိတ်နေစရိုက်၏ ပင်ကို သဘာဝမှာ ယဉ်ကျေးကြသည်။ ရိုးသားကြပါ သည်။ သို့သော် ခေတ်စနစ်နှင့် ပတ်ဝန်းကျင်တို့ ၏ သဘောသဘာဝအပေါ် မူတည်၍ ရေသာခို လိုကြ၊ အတ္တဆန်ကြစသဖြင့် အသိဉာဏ်ကင်း မဲ့လာကြပြီး အမှားအမှန်ဝေဖန်ဆန်းစစ်မှု အား နည်းလာကြသည်။
ပုံပြင်တွေမပြောကြတော့ဘူးလား
.
မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးသူ ငယ်များကိုညအိပ်ရာဝင်ပုံပြင်ပြောကြားမှုအား နည်းလာကြသည်။ အခြေခံပညာအထက်တန်း မှ နဝမတန်းကျောင်းသားကျောင်းသူ (ဗုဒ္ဓဘာ သာမြန်မာလူမျိုးကလေးငယ်) တစ်ယောက်အ နေဖြင့် အဇာတသတ်ကိုမကြားဖူးဟုဆိုလာကြ သည်မှာ မိဘအုပ်ထိန်းသူတို့၏ တာဝန်မကင်းဟု ယူဆရပေမည်။ အခြေခံပညာအလယ်တန်းအ ဆင့်က သားသမီးဝတ်၊ မိဘဝတ်၊ မသိကြခြင်း နှင့် ၅ ပါးသီလကို လုံးစေ့ပတ်စေ့ မသိကြခြင်း မှာ ကျောင်းမှဆရာဆရာမများတွင် အပြစ်မရှိ ဟု ခံစားမိပါသည်။ တက္ကသိုလ်တက်နေသော မြန်မာစာအဓိက ကျောင်းသားကျောင်းသူများ က သုမေဓာရှင်ရသေ့တို့၊ စာရေးဆရာကြီးမောင် ခင်မင် (ဓနုဖြူ) တို့ တေးဂီတလုလင်ကြီး နိုင်ငံ ကျော်မြို့မငြိမ်းတို့ကို မကြားဖူးကြသည်ဟု ဆို ခြင်းမှာ ငယ်ရွယ်စဉ်အရွယ်က ကလေးငယ်များ ကို လက်လွတ်စပယ်ပစ်ထားသော မိဘအုပ် ထိန်းသူများ၏ အိမ်တွင်းပညာရေးညံ့ဖျင်းမှု ကြောင့်ဖြစ်ပါသည်။ ပြောရလျှင် အုပ်ထိန်းသူ မိဘနှင့် ဆရာဆရာမအများစုကိုယ်တိုင် စာပေ ဗဟုသုတအပြင် ရင်သွေးငယ်၊ ကျောင်းသား ကျောင်းသူ ထိန်းသိမ်းမှုအနုပညာ အားနည်းနေ ကြသည်။ ပညာရေးကို အလေးထားအာရုံစိုက် မှု အားနည်းလာကြပြီးကိုယ်တိုင်ဖုန်းဟန်းဆက် အသုံးပြုချိန်များ၊ အပျော်အပါးလိုက်စားခြင်းများ နှင့်သာ အချိန်ကုန်နေကြပါသည်။
.
ဆရာဆရာမတွေ၏အလုပ်
ဆရာ၊ဆရာမ ၂ မျိုး ခွဲပြရပါတော့မည်။ အ စိုးရဝန်ထမ်း ဆရာဆရာမများနှင့် ပြင်ပဆရာဆ ရာမများတို့ ဖြစ်သည်။ တကယ်ဆိုရလျှင် မည် သည့်ဆရာ ဆရာမပင်ဖြစ်စေ တပည့်တွေ၏ နောင်အနာဂတ်သာယာလှပအောင် သင်ကြား ကြ၊ ဆုံးမကြရပေမည်။ သို့သော် အစိုးရဝန်ထမ်း ဆရာ၊ ဆရာမများက သင်တန်းများ၊ ကျောင်း တွင်းလှုပ်ရှားမှုများ၊ အခြားသောကျောင်းလုပ် ငန်းများကြောင့် မအားလပ်မှုကို အကြောင်းပြ ကြကာ ကျောင်းသင်ရိုးကို ကုန်အောင်မသင်ကြ တော့ပေ။ အချို့ကတော့ ကလေးငယ်များ၏ စာလေ့လာနိုင်စွမ်းနှင့် စိတ်ဝင်စားမှု (စာတတ် မြောက်လိုစိတ်) အားနည်းလာခြင်းကို ဆင်ခြေ ပေး အကြောင်းပြ၍ သင်ရိုးကုန် မသင်ကြတော့ ပေ။ နစ်နာကြသူများမှာ ကျောင်းသားကျောင်း သူငယ်ရွယ်သူအဖြူထည်ကလေးများပင် ဖြစ် သည်။
.
ပြင်ပဆရာဆရာမများကို စဉ်းစားကြည့် သော် ယခင်ခေတ်စနစ်၏ မူဝါဒကိုမနစ်သက်ကြ ၍တကယ့်ဆရာဆရာမဖြစ်လိုကြသူ လူနည်းစု ဆရာဆရာမများလည်း ရှိကြပါ၏။ တချို့ကမူ ငွေကြေးဝင်ငွေအရနှင့် နာမည်ကျော်ကြားလိုမှု (အသင်အပြကောင်းမွန်မှု)ကို ရှေ့တန်းတင်ပြီး ဆရာနှင့် တပည့်အကြား ငွေကြေးနှင့် မာန်မာန များ စည်းခြားနေကြသည်လည်း ရှိသည်။ ဆရာ့ ဝတ်ထက် ငွေကြေး(သို့မဟုတ်) ထင်ပေါ်ကြော် ကြားလိုမှုက ပထမဦးစားပေး ဖြစ်နေတတ်ပါ သည်။ 
.
တတိယမြောက်ပြင်ပ ဆရာဆရာမတစ်မျိုး မှာ ပရဟိတဆရာဆရာမများ ဖြစ်ကြသည်။ အ များစုမှာ စိတ်စေတနာရှိကြပြီး သင်ကြားမှုအနု ပညာနှင့် ဘာသာရပ်ကျွမ်းကျင်နှံ့စပ်မှု အား နည်းကြသည်။ အချို့ကတော့ ဆရာဆရာမအ ရည်အချင်းပင် မရှိကြဘဲ ပရဟိတအချိတ်အ ဆက်နှင့် ငွေကြေးပဓာန မထားခြင်းဟူသော အားသာချက်ဖြင့် မိမိမတတ်ကျွမ်းသော နယ် ပယ်တွင်တတ်ယောင်ကား လုပ်နေကြသည်။ မိ မိကိုပရဟိတအတွက် အသုံးမချဘဲ ပရဟိတကို မိမိအတွက်အသုံးချပြီး ပညာရေးနှင့် ကလေး များကို ခုတုံးလုပ်၍ သူများ မျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်နေကြလေ၏။ အသုံးချခံ ကလေး ငယ်လေးများ၏ အနာဂတ်နှင့်တကွ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုများကို ထည့်သွင်းတွေးတောနေမှု များကို စဉ်းစားရပေတော့မည်။ သို့မဟုတ်ပါက ပညာရေးနှင့်အတူ ဘာသာရေးပါ ထိခိုက်နစ်နာ ရတော့မည်။
.
စာကြည့်တိုက်၊ အင်တာနက်နှင့် ပညာရေး
စာအုပ်စာပေ မဖတ်ကြသော လူ့အသိုင်းအ ဝိုင်းကို မြင်တွေ့နေရသည်မှာ အလွန်အင်မတန် ပင်စိတ်ဆင်းရဲစရာကောင်းလှသည်။ ယခင် ခေတ်များဆီက ဦးစီးဦးဆောင်နေကြသော လူ ကြီး၊ လူလတ်ပိုင်းအများစုမှာ စာကောင်းပေမွန် များ ဖတ်ကြသည်။ ဘာသာရေး အဆုံးအမများ၊ အုပ်ချုပ်ရေးစနစ်အမျိုးမျိုး၊ မြန်မာ့သမိုင်း ကမ္ဘာ့ သမိုင်းအကြောင်းအရာစုံနှင့် တောတောင်ရေ မြေသဘာဝ၊ လူ့သဘော လူ့မနောနှင့် စရိုက် လက္ခဏာအမျိုးမျိုးကို သိနေသူများမှာ စာအုပ် စာပေဖတ်ရှုကြသူများဖြစ်သည်။ ယနေ့ခေတ် တွင်မူ စာကြည့်တိုက်များ၊ စာအုပ်အငှားဆိုင် များ ကွယ်ပျောက်ကုန်ပါပြီ။ မှေးမိန်သွားကြပါပြီ။ ဝမ်းနည်းဖွယ်ကောင်းလေစွ။ စာကြည့်တိုက်များ ထူထောင်ကြသော်လည်း စာကြည့်တိုက်ရှင်သန် ရေး ဦးဆောင်သူအများစုမှာ လူမြင်ကောင်း အောင်စာကြည့်တိုက်ဖွင့်ပြီး ရက်ပိုင်းအတွင်းသာ ရုပ်လုံးပြ၊ လေလုံးထွားကြပြီး လူပြောမသန်များ ဖြစ်၍ ဦးဆောင်သူ တည်ထောင်သူ အနည်းငယ် မှာ အားပြတ်ကြရသည်။ ကိုယ်တိုင်စာပေ ဖတ် ရှုလေ့လာသူများသည်သာ စာအုပ်စာပေကို တန်ဖိုးထားပြီး စာကြည့်တိုက်ကို ချစ်မြတ်နိုးပေ လိမ့်မည်။
စာအုပ်စာပေ မဖတ်ကြသော လူ့အသိုင်းအ ဝိုင်းကို မြင်တွေ့နေရသည်မှာ အလွန်အင်မတန် ပင်စိတ်ဆင်းရဲစရာကောင်းလှသည်။ ယခင် ခေတ်များဆီက ဦးစီးဦးဆောင်နေကြသော လူ ကြီး၊ လူလတ်ပိုင်းအများစုမှာ စာကောင်းပေမွန် များ ဖတ်ကြသည်။ ဘာသာရေး အဆုံးအမများ၊ အုပ်ချုပ်ရေးစနစ်အမျိုးမျိုး၊ မြန်မာ့သမိုင်း ကမ္ဘာ့ သမိုင်းအကြောင်းအရာစုံနှင့် တောတောင်ရေ မြေသဘာဝ၊ လူ့သဘော လူ့မနောနှင့် စရိုက် လက္ခဏာအမျိုးမျိုးကို သိနေသူများမှာ စာအုပ် စာပေဖတ်ရှုကြသူများဖြစ်သည်။
.
အချို့ကပြောကြသည်။ Phone နှင့်ပင်စာ ဖတ်သည်။ အင်တာနက်မှာစာအုပ်တွေအများ ကြီးရှာ ကြိုက်ရာရွေးဖတ် ၊Download လုပ် လိုက်ရုံပဲ စသဖြင့် အလွယ်ပြော၊ ပေါ့ပေါ့နေ သော ခေတ်ပညာတတ် (အတတ်ပညာရှိမရှိမသိ၊ အသိပညာအလွန်အားနည်းသောယောင် ဝါးဝါးပညာတတ်)များကို ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည်။ တကယ့်စာပေသမား တိုး တက်သောမျိုးဆက်ဖန်တီးလိုသော ပညာရေးသမားတို့သည် အင်တာနက်မှစာအုပ်ကို ရှာကြပါ ၏၊ အရေးနှင့်အကြောင်းဆို လွယ်အောင် download ဆွဲထားကြပါ၏၊ သို့သော်ဖုန်း handest, laptop
ဖြင့် နေ့စဉ်နှင့်အမျှဖတ်နေ၍ မဖြစ်နိုင်၊ ဖတ်လည်းမဖတ်ကြပါ။ အဘယ့် ကြောင့်နည်း။ Screen  မှရရှိသော ရောဂါ ကို သိနေကြ၍ဖြစ်သည်။ ကျန်းမာရေးအရ Screen    မှလာသော rays  များသည် မျက်စိနှင့် အာရုံ ကြောကို ထိခိုက်စေသည်။ ၎င်းနောက် ဂုတ်ဆက်(ဇက်ကြော) ကျီးပေါင်း၊ အထိုင်ပုံမမှန်၍ သွေးလေလည်ပတ်မှု မူမ မှန်သောအခါ အဆီ တက်၊ အဝလွန်(သို့မဟုတ်) သွေးတိုး၊ ဆီးချို စသော ရောဂါများကို ရရှိနိုင်ကြောင်း သိကြ၍ တ ကယ့် စာပေအသိရှိသော ပညာတတ်စာပေ ဖတ်ရှုသူသည် Screen hour ထက် Page hour ကိုသာခုံမင်နှစ် သက်ကြ၍ လက်ထဲတွင် စာအုပ်ကိုင်ကာသာ ဖတ်ရှုလေ့လာကြပါသည်။
.
ပညာရေးမှ ရရှိသော ကျန်းမာရေး အသိအမြင်
ပညာရေး ပြည့်စုံကောင်းမွန်သော လူ့အဖွဲ့ အစည်းတွင် ကျန်းမာသောလူ့မှုဝန်းကျင်ရှိနေပါ မည်။ လူမစည်ကားအပ်သော နေရာ ၃ ခုဖြစ် သည့် ဆေးရုံဆေးခန်း၊ ရဲစခန်း၊ တရားရုံးနှင့် သချုင်းကုန်းတို့တွင် လူများစည်ကားနေကြသည် မှာ အားလုံး အသိပင်။ အဖြေကရှင်းနေပါသည်။ အသိပညာ အားနည်းကြ၍ပင် ဖြစ်သည်။ ဘာ သာရေးအသိမရှိကြသော လူ့အသိုင်းအဝိုင်း သည် ရဲစခန်း တရားရုံးနှင့် ဝင်ထွက်မှုများနေမည်။ ကျန်းမာရေးအသိမရှိသော လူ့အသိုင်းအဝိုင်း တွင် ဆေးရုံဆေးပေးခန်းများ၌ လူများနေလိမ့် မည်။ ယနေ့ခေတ်တွင် မိမိတို့တိုင်းပြည်၌ ပေါ များလှသော ကွမ်းယာ၊ စီးကရက်၊ ဘီယာ၊ အ ရက်၊ ကျန်းမာရေးနှင့် မညီသောမုန့်ပဲသွားရည် စာဆိုင်နှင့် စားသောက်ဆိုင်များ၏ ဘေးထွက် ဆိုးကျိုးအနေဖြင့် လူမစည်ကားအပ်သောနေရာ များတွင် စည်ကားနေပါသည်။ ပညာရေးကို အ လေးမထားကြသော လူရွယ်လူကြီးများ (မိဘ အုပ်ထိန်းသူ၊ ဆရာဆရာမများ၊ အုပ်ချုပ်သူအ ကြီးအကဲများ) ၏ တာဝန်မကင်းကြပါ။ လက်ရှိ မြန်မာ့ပညာရေးသည် အရေးပေါ်အန္တရာယ်အ ဆင့်တွင် ရောက်နေပါပြီ။ တိုင်းပြည်၏အနာ ဂတ်၊ မြန်မာ့လူ့ဘောင်၏အနာဂတ်၊ ကမ္ဘာ လောကကြီး၏အနာဂတ် တို့အတွက်ပြီးပြည့်စုံ ၍ အသိ၊ အတတ်ရှိသော ပညာရေး (အိမ်တွင်း ဝန်းကျင်၊ လူမှုဆက်ဆံမှုပညာရေး) ပေါ်ပေါက် လာစေဖို့ လက်ပိုက်ကြည့်မနေကြဘဲ ဝိုင်းဝန်း ဖန်တီးပေးကြပါစို့။

No comments:

Post a Comment

Journal Download

Photo of three cats