သစ္ပင္သစ္ေတာ စနစ္တက် စိုက္ပ်ိဳးေရး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Sunday, August 11, 2019

သစ္ပင္သစ္ေတာ စနစ္တက် စိုက္ပ်ိဳးေရး


ေက်ာ္ေက်ာ္လင္း
.
ယခု ကာလသည္ မိုးရာသီျဖစ္၍ ျမန္မာ ျပည္အႏွံ႔အျပားတြင္ သစ္ပင္စိုက္ပြဲမ်ား ၿခိမ့္ၿခိမ့္ သဲက်င္းပေနၾကသည္။ အခ်ိဳ႕ေသာ အစိုးရမ ဟုတ္သည့္ အဖြဲ႕အစည္းမ်ားလည္း ပါဝင္ဆင္ႏႊဲ ၾကသည္။ ေႏြကာလမ်ားႏွင့္ ေဆာင္းေႏွာင္းကာ လမ်ားတြင္ ေသာက္သံုးေရရွားပါးသည့္ ဒဏ္ကို ခံစားရေသာသူမ်ားကလည္း ပါဝင္ၾကသည္။ သစ္ပင္စိုက္ပြဲမ်ား က်င္းပၾကေသာ္လည္း မရွင္ သန္ၾကသည့္အပင္မ်ားက အမ်ားႀကီးရွိေနသည္။ မေအာင္ျမင္ေသာ သစ္ပင္စိုက္ပြဲေတာ္မ်ားအျဖစ္ နိဂံုးခ်ဳပ္လိုက္သည္မ်ားက မနည္းမေနာျဖစ္ သည္။
.


.
သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အ တြက္ အဓိကအေရးႀကီးသည္မွာ အလြယ္တကူ ေျပာရလွ်င္ 3R
ကိုလုပ္ေဆာင္ေပးရမည္။ မိုး ေရကိုရေအာင္ယူၿပီး ထိန္းခ်ဳပ္ေပးျခင္းျဖစ္သည္။ (Rain Water Harvesting) ဟု လူသိမ်ားသည္။ ဒုတိယ R မွာ ျမစ္ထဲေခ်ာင္းေျမာင္းထဲတြင္ ေရ စီးေရလာေကာင္းေအာင္ လုပ္ေပးျခင္းျဖစ္သည္။ Room for the Riverဟုေခၚသည္။ တတိယနည္းမွာ သမား႐ိုးက်နည္းျဖစ္သည္။ Refore station ဟုေခၚသည္။ သစ္ပင္သစ္ေတာေတြ ျပန္ၿပီးျဖစ္လာေအာင္ လုပ္ေပးျခင္းျဖစ္သည္။ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းဖို႔ သစ္ပင္ စိုက္ရမယ္ဆိုတာကိုေတာ့ လူတိုင္းနီးပါးသိရွိၾက သည္။ ထို႔ေၾကာင့္မိုးတြင္းမွာ သစ္ပင္စိုက္ၾက သည္။ သို႔ေသာ္ သဘာဝပတ္ဝန္းက်င္ကို ထိ ထိေရာက္ေရာက္ အက်ိဳးရွိလာေအာင္ စိုက္ပ်ိဳး သည္ကိုမေတြ႕ရေပ။ ျမန္မာျပည္တြင္ ႏွစ္စဥ္ ႀကံဳေတြ႕ေနရေသာ ေရႀကီးေရလွ်ံမႈကို ကာ ကြယ္ေရးအတြက္ သစ္ေတာမ်ားျပန္လည္ရွင္ သန္ေအာင္ လုပ္ေဆာင္ေပးျခင္းက အေရးပါလွ သည္။
.

သစ္ေတာျဖစ္လာမွသာ သစ္ပင္မ်ားကျဖတ္ သန္းစီးဆင္းၿပီး ေရ၏အရွိန္ေႏွးသြားမည္။ သစ္ ပင္မ်ား၏ ေအာက္ေျခတြင္ရွိသည့္ အရြက္ ေျခာက္မ်ား၊ သစ္ကိုင္းေျခာက္မ်ား၊ ျမက္ပင္ ေလးမ်ား၏ အတားအဆီးရွိေနျခင္းေၾကာင့္ ေရ စီးေႏွးသြားၿပီး ေျမေအာက္ေရပိုတိုးလာမည္ျဖစ္ သည္။ ထိုအခ်က္ကိုသစ္ပင္စိုက္ေနသူမ်ားက သိရွိၾကသည္။ ထို႔ေၾကာင့္လည္း ကမၻာႏွင့္တစ္ ဝန္းသစ္ပင္စိုက္သူမ်ား မ်ားျပားလာျခင္းျဖစ္ သည္။ ထိုသူမ်ားေၾကာင့္ အမ်ားလည္းအက်ိဳးကို ခံစားရသည္။ ဥပမာ အင္တာနက္သတင္းတစ္ ပုဒ္တြင္ အင္ဒိုနီးရွားႏိုင္ငံမွ ဆာဒီမန္ဆိုသည့္ လူတစ္ေယာက္အေၾကာင္း ဖတ္လိုက္ရသည္။ ဂ်ာဗားကြၽန္းအလယ္ပိုင္း သူတို႔ရြာေဘး၌ရွိသည့္ သစ္ေတာမွာ မီးေလာင္မႈေၾကာင့္ႏွင့္ လူမ်ားဖ်က္ ဆီးမႈေၾကာင့္ ပ်က္ဆီးသြားသည္။ ထိုအခ်ိန္ တြင္ ရြာမ်ားတြင္ ေရခန္းေျခာက္လာသည္။ လယ္စိုက္ေနသည့္ လယ္သမားမ်ားလည္း ေရ မရွိေသာေၾကာင့္ လယ္စိုက္၍မရေတာ့ပါ။ ထိုအ ေျခအေနတြင္ ဆာဒီမန္က ေလးၫွင္းပြင့္ေလး မ်ားခူးၿပီးေရာင္းသည္။ ရေသာေငြမ်ားျဖင့္ ေညာင္ပင္ ပ်ိဳးပင္မ်ားဝယ္ၿပီး သစ္ေတာေနရာ ေဟာင္းမ်ားတြင္ သြားစိုက္ခဲ့သည္။ ထိုအခ်ိန္က အသီးလည္းသံုးမရ၊ အရြက္လည္းသံုးမရသည့္ ေညာင္ပင္ကို စိုက္ပ်ိဳးေနသည့္ ဆာဒီမန္ကို အ႐ူးဟုလူအမ်ားက သတ္မွတ္ေခၚဆိုၾကသည္။ ေနာင္ႏွစ္ ၂ဝ ခန္႔ၾကာသည့္အခါ ယခင္က စမ္း ေရေပါက္မ်ားသည္ စမ္းေရမ်ားျပန္ထြက္လာ သည္။ သူတို႔တစ္ရြာလံုးေရကို ေဖာေဖာသီသီ သံုးရသည္။ လယ္ေတြျပန္စိုက္လာႏိုင္သည္။ အဘယ္ေၾကာင့္ ယခုလိုေရမ်ားျပန္ထြက္လာ သည္ကို ဆန္းစစ္ၾကည့္သည့္အခါ ဆာဒီမန္စိုက္ ပ်ိဳးထားသည့္ ေညာင္ပင္မ်ားေၾကာင့္ ေရထြက္ လာျခင္းျဖစ္သည္။ အင္ဒိုနီးရွားႏိုင္ငံတြင္ Gendol သစ္ေတာမီးေလာင္ခံခဲ့ရၿပီး Dail ရြာတြင္ အငတ္ေဘးစိုက္ခဲ့ျခင္းကို ဆာဒီမန္မွ ဧက ေပါင္း ၂၅ဝ တြင္ေညာင္ပင္ ၁၁ဝဝဝ စိုက္ၿပီး ေျဖရွင္းခဲ့ပံုကိုတင္ျပထားသည္။ ထိုသူူမ်ားအပင္ ကိုဘယ္ေလာက္အ တိုင္းအတာအထိ စိုက္ပ်ိဳးခဲ့သည္ကို ၾကည့္လိုက္သည့္အခါ အနည္းဆံုးသူကအပင္ ၁၁ဝဝဝ ႏွင့္ ဧက ၁ဝဝ ေလာက္စိုက္မွ တကယ္အက်ိဳးျဖစ္သည္ကို ေတြ႕ရပါသည္။ ထို႔ေၾကာင့္အစုအဖြဲ႕ႏွင့္ စိုက္ၾကျခင္းအတြက္ အ နည္းဆံုးေတာ့ ေသာင္းဂဏန္းအေရအတြက္ေလာက္မွ အက်ိဳးျဖစ္ထြန္းပါမည္။
.
သစ္ပင္ကို တစ္ပင္ ၂ ပင္ စိုက္ေနျခင္းထက္ က်ယ္က်ယ္ျပန္႔ျပန္႔ႏွင့္ မ်ားမ်ားစို္က္ပ်ိဳးျခင္းက သဘာဝပတ္ဝန္းက်င္အတြက္ အက်ိဳးရွိပါလိမ့္ မည္။ ဒါေတာင္မွ အႏွစ္ ၂ဝ ေလာက္ၾကာမွ တ ကယ္အက်ိဳးရွိလာေပမည္။ သစ္ပင္သစ္ေတာ ေတြျပန္ၿပီးေကာင္းလာေအာင္ လုပ္သည့္နည္းမွာ ျမက္ပင္ေတြကလည္း အေရးပါ ပါသည္။ ျမက္ စိုက္ၿပီးလို႔ တစ္ႏွစ္ခန္႔ၾကာေသာ္ ျမက္ပင္မ်ား ၾကားတြင္ ထင္း႐ွဴးပင္၊ ေရတမာပင္၊ ေတာင္ဇ လပ္ပင္စသည့္ သစ္ပင္အႀကီးမ်ားကို စိုက္ရ ပါမည္။ အရင္ဆံုးအေနျဖင့္ ျမက္မ်ားကိုစိုက္ၿပီး ေျမထိန္းျခင္းျဖစ္သည္။ ေနာက္တစ္ဆင့္ကသစ္ ေတာမ်ား ျပန္လည္ျဖစ္ထြန္းလာရန္ အတြက္ျမက္ ကို အေထာက္အကူယူၿပီး အပင္ႀကီးမ်ားျပန္ လည္စိုက္ပ်ိဳးျခင္းျဖစ္သည္။ ျမက္သည္ေျမထိန္း ႐ံုတင္သာမက သစ္ပင္သစ္ေတာျဖစ္လာရန္အ တြက္ အေျခခံေကာင္းတစ္ခု ျဖစ္ေနပါသည္။ အခ်ိဳ႕ေသာ ကုန္းေစာင္းမ်ား ဆင္ေျခေလ်ာမ်ား တြင္ျမက္ပင္ငယ္မ်ားသာ အလြယ္တကူေပါက္ ေရာက္ႏိုင္ေသာေၾကာင့္ အပင္ႀကီးမ်ားစိုက္ပ်ိဳး ရန္ ျမက္ပင္မ်ားဦးစြာတမင္စိုက္ပ်ိဳးရသည္။
.
ျမန္မာျပည္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ျမစ္ဝကြၽန္းေပၚေဒသမ်ားတြင္ လပုေတာမ်ား၊ ဒီေရေရာက္ေတာမ်ားရွိပါသည္။ ထိုလပုေတာ၊ ဒီေရေရာက္ေတာမ်ားသည္ ေဒသခံေထာင္ ေပါင္း မ်ားစြာအသက္ရွင္ရပ္တည္ေရးအတြက္ အဓိကအေထာက္အကူျဖစ္သည့္ ငါးမ်ားေပ်ာ္စံ ရာေနရာျဖစ္သည္။ ထို႔အျပင္ ျမစ္ဝကြၽန္းေပၚေဒ သတြင္ လပုေတာမ်ားအျပည့္ရွိေနျခင္းေၾကာင့္  သဘာဝေဘးဒဏ္ကို ခုခံကာကြယ္ရန္အတြက္ အေကာင္းဆံုးအရန္အတားျဖစ္ေနသည္။ လပု ေတာမ်ားသည္ တိုက္စားမႈဒဏ္ကို ကာကြယ္ ေပး႐ံုသာမက ထိုေနရာတြင္ ငါးႏွင့္အျခားပင္ လယ္သတၱဝါ မ်ိဳးကြဲေျမာက္မ်ားစြာ က်င္လည္ က်က္စားၾကျခင္းေၾကာင့္ ရာႏွင့္ခ်ီသည့္ ေဒသခံ တံငါသည္မိသားစုမ်ား၏ စားဝတ္ေနေရးအ တြက္ပါ အားထားရသည္။

 ျမန္မာျပည္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ျမစ္ဝကြၽန္းေပၚေဒသမ်ားတြင္ လပုေတာမ်ား၊ ဒီေရေရာက္ေတာမ်ားရွိပါသည္။ ထိုလပုေတာ၊ ဒီေရေရာက္ေတာမ်ားသည္ ေဒသခံေထာင္ ေပါင္း မ်ားစြာအသက္ရွင္ရပ္တည္ေရးအတြက္ အဓိကအေထာက္အကူျဖစ္သည့္ ငါးမ်ားေပ်ာ္စံ ရာေနရာျဖစ္သည္။ ထို႔အျပင္ ျမစ္ဝကြၽန္းေပၚေဒ သတြင္ လပုေတာမ်ားအျပည့္ရွိေနျခင္းေၾကာင့္  သဘာဝေဘးဒဏ္ကို ခုခံကာကြယ္ရန္အတြက္ အေကာင္းဆံုးအရန္အတားျဖစ္ေနသည္။

.
ထိုလပုေတာေတြ ျပဳန္းကုန္ျခင္းသည္ ေရ လုပ္ငန္းျဖင့္ အသက္ေမြးသည့္ တံငါသည္မ်ား အတြက္ ဝင္ေငြေလ်ာ့နည္းသြားေစပါသည္။ တံ ငါသည္မ်ားသည္ ငါးရဖို႔အတြက္ပင္လယ္ျပင္ထဲ ပိုေဝးသည့္ေနရာကိုသြားၿပီး ငါးဖမ္းရျခင္းေၾကာင့္ သူတို႔စက္ေလွအတြက္ ဆီပိုျဖည့္ဖို႔ရန္လိုလာသ လို အခ်ိန္လည္းပိုကုန္ရပါသည္။ ထို႔အျပင္အပင္ မ်ားမရွိသည့္အတြက္ ပင္လယ္စာေတြမရေတာ့ ပါ။ လပုပင္မ်ားသာမက ငါးစာက်က္မ်ားလည္း အဖ်က္ဆီးခံလိုက္ရသည့္ သေဘာျဖစ္သည္။ ထို႔ေၾကာင့္လပုပင္ေတြဆံုး႐ႈံးရသလို တံငါသည္ မ်ား၏ဝင္ေငြမ်ားပါ က်ဆင္းခဲ့ရသည္။ တစ္ဖက္ ကၾကည့္လွ်င္ လပုေတာမ်ားသည္ ႏွစ္ေပါင္းမ်ား စြာ ကာဗြန္ကိုဖမ္းယူ သိမ္းဆည္းထားႏိုင္စြမ္း ရွိ ျခင္းေၾကာင့္ လပုပင္မ်ား ဆံုး႐ႈံးရျခင္းသည္ ကမၻာႀကီးပူေႏြးလာမႈႏွင့္ ဥတုရာသီေျပာင္းလဲမႈ မွာ အဓိကက်ၿပီး မလိုလားအပ္သည့္ ကာဗြန္ မ်ိဳးကို ေျခဖ်က္ေပးႏိုင္သည့္ စနစ္ပါဆံုး႐ႈံးရသည္ လပုပင္မ်ားရွိသည့္ ဒီေရေတာက ေျမဆီလႊာ မ်ားသည္ ကမၻာေပၚတြင္ ကာဗြန္အၾကြယ္ဝဆံုး ေျမဆီလႊာမ်ိဳးျဖစ္သည္။
.
လပုေတာမ်ားကို ဖ်က္ဆီးျခင္းသည္ ေလ ထုအတြင္းကာဗြန္ဒိုင္ေအာက္ဆိုဒ္မ်ား အမ်ား အျပားေရာက္သြားေစသည့္အတြက္ ကမၻာ႔ရာ သီဥတုအေျပာင္းအလဲမ်ားလည္း ျဖစ္ေစပါ သည္။ ထိုလပုေတာမ်ားႏွင့္ပတ္သက္ၿပီးေနာက္ ထပ္အေရးႀကီးသည့္အခ်က္မွာ ဇီဝမ်ိဳးကြဲ မ်ား အမ်ားအျပားအတြက္ တကယ့္ကိုအေရးပါ ပါ သည္။ ငါးမ်ားႏွင့္ အျခားေရသတၱဝါမ်ိဳးကြဲေပါင္း ေျမာက္မ်ားစြာအတြက္ သားေဖာက္ဖို႔ရန္ႏွင့္ ရွင္သန္လႈပ္ရွားရန္အတြက္ပါ အေကာင္းဆံုးေန ရာျဖစ္သည္ကိုေတြ႕ရသည္။
.
လပုေတာမ်ား၏ အေရးပါမႈကို အခ်ိဳ႕ေသာ လုပ္ငန္းရွင္မ်ားက လ်စ္လ်ဴ႐ႈေနသည္ကိုေတြ႔ရ ပါသည္။ လပုပင္မ်ားသာမက အျခားေသာ ကုန္း ေခါင္ေခါင္မွာ ေပါက္သည့္မန္က်ည္း၊ တမာ၊ ပိ ေတာက္၊ ပိႏၷဲ၊ အုန္းပင္၊ ထန္းပင္မ်ားလည္း ေန႔ျမင္ညေပ်ာက္ ဘဝသို႔ေရာက္ေနသည္။ ပတ္ ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ ပတ္သက္၍ သတိ ေပးမႈအားနည္းျခင္းေၾကာင့္ မဟုတ္တာေတာ့ ေသခ်ာသည္။ စည္ကမ္းမဲ့ေနသူမ်ားေၾကာင့္ လည္း မဟုတ္ဟုဆိုရမည္။ ျမန္မာျပည္သူမ်ား သည္ သစ္ပင္မခ်စ္ျခင္းေၾကာင့္လည္း မဟုတ္ ဟု ဆိုႏိုင္ေသာ္လည္း သဘာဝပတ္ဝန္းက်င္ ထိန္း သိမ္းဖို႔အတြက္ သစ္ပင္သစ္ေတာမ်ားကို စနစ္တက် ျပန္လည္စိုက္ပ်ိဳးမႈတြင္ အားနည္း ေနသည္ ဟုဆိုလိုက္ခ်င္ပါသည္။
.
ရာသီဥတုပူေႏြးလာမႈေၾကာင့္ မုန္တိုင္းအ မ်ိဳးမ်ိဳးတိုက္ခတ္လာသလို မုန္တိုင္းဒဏ္ကိုခံရ ေသာႏိုင္ငံအမ်ားအျပားရွိလာသည္။ ပင္လယ္ တြင္းရွိ ကြၽန္းႏိုင္ငံမ်ားသည္ ေရႏွင့္ ပတ္သက္ ေသာ ေရာဂါမ်ားစြာျဖစ္ေပၚခံစားေနရသည္။ လူ သားတိုင္း၊ တိရစၧာန္၊ သတၱဝါဟူသမွ်ေလထု၊ ေျမထုႏွင့္ မကင္းေခ်၊ လြန္ခဲ့ေသာႏွစ္အနည္းငယ္ အတြင္း ျမန္မာ့သစ္ေတာမ်ား အလ်င္အျမန္ျပဳန္း တီးလာသည္။ ေလထုအတြင္း ဓါတုဓာတ္ေငြမ်ား ေလ်ာ့ပါးေစေရး မီးေလာင္မႈေၾကာင့္ သစ္ေတာ ျပဳန္းတီးမႈမ်ားကိုလည္း ဦးစားေပးတားဆီးရေပ မည္။
.
အခ်ိဳ႕ေသာလုပ္ေဆာင္စရာမ်ားကို အစိုးရ မွ ဦးစီး လုပ္ေဆာင္မွသာ အဆင္ေျပေျပလုပ္ ေဆာင္ေပမည္။ အခ်ိဳ႕ေသာလုပ္ေဆာင္ခ်က္တို႔ ကို အစိုးရ၏အမိန္႔အာဏာျဖင့္ တားျမစ္လုပ္ ေဆာင္မွသာ ျဖစ္ႏိုင္သည္ကိုလည္း ေတြ႕ရသည္။ ထို႔ေၾကာင့္ပင္ သစ္ေတာမ်ားျပန္လည္ႀကီးထြား ေရး၊ ရွင္သန္စိမ္းလန္းေရးသည္ လူတစ္ဦးခ်င္း လုပ္ေဆာင္ရန္မ်ားစြာ အခက္အခဲရွိေနသည္။ သစ္ေတာမ်ားစနစ္တက် ျပန္လည္စိုက္ပ်ိဳးေရး သည္လည္း တစ္ဦးခ်င္း၊ တစ္ဖြဲ႕ခ်င္း၊လုပ္ေဆာင္ ရန္မွာ လက္ေတြ႕တြင္မျဖစ္ႏိုင္သည္ကို ေတြ႕ျမင္ ရေသာေၾကာင့္ ေဒသဆိုင္ရာအာဏာပိုင္မ်ား၏ အကူအညီမ်ားစြာ လိုအပ္ေနသည္ဟု ဆိုခ်င္ပါ သည္။
===============================================
သစ်ပင်သစ်တော စနစ်တကျ စိုက်ပျိုးရေး
ကျော်ကျော်လင်း
.
ယခု ကာလသည် မိုးရာသီဖြစ်၍ မြန်မာ ပြည်အနှံ့အပြားတွင် သစ်ပင်စိုက်ပွဲများ ခြိမ့်ခြိမ့် သဲကျင်းပနေကြသည်။ အချို့သော အစိုးရမ ဟုတ်သည့် အဖွဲ့အစည်းများလည်း ပါဝင်ဆင်နွှဲ ကြသည်။ နွေကာလများနှင့် ဆောင်းနှောင်းကာ လများတွင် သောက်သုံးရေရှားပါးသည့် ဒဏ်ကို ခံစားရသောသူများကလည်း ပါဝင်ကြသည်။ သစ်ပင်စိုက်ပွဲများ ကျင်းပကြသော်လည်း မရှင် သန်ကြသည့်အပင်များက အများကြီးရှိနေသည်။ မအောင်မြင်သော သစ်ပင်စိုက်ပွဲတော်များအဖြစ် နိဂုံးချုပ်လိုက်သည်များက မနည်းမနောဖြစ် သည်။
.
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အ တွက် အဓိကအရေးကြီးသည်မှာ အလွယ်တကူ ပြောရလျှင် 3R
ကိုလုပ်ဆောင်ပေးရမည်။ မိုး ရေကိုရအောင်ယူပြီး ထိန်းချုပ်ပေးခြင်းဖြစ်သည်။ (Rain Water Harvesting) ဟု လူသိများသည်။ ဒုတိယ R မှာ မြစ်ထဲချောင်းမြောင်းထဲတွင် ရေ စီးရေလာကောင်းအောင် လုပ်ပေးခြင်းဖြစ်သည်။ Room for the Riverဟုခေါ်သည်။ တတိယနည်းမှာ သမားရိုးကျနည်းဖြစ်သည်။ Refore station ဟုခေါ်သည်။ သစ်ပင်သစ်တောတွေ ပြန်ပြီးဖြစ်လာအောင် လုပ်ပေးခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ သစ်ပင် စိုက်ရမယ်ဆိုတာကိုတော့ လူတိုင်းနီးပါးသိရှိကြ သည်။ ထို့ကြောင့်မိုးတွင်းမှာ သစ်ပင်စိုက်ကြ သည်။ သို့သော် သဘာဝပတ်ဝန်းကျင်ကို ထိ ထိရောက်ရောက် အကျိုးရှိလာအောင် စိုက်ပျိုး သည်ကိုမတွေ့ရပေ။ မြန်မာပြည်တွင် နှစ်စဉ် ကြုံတွေ့နေရသော ရေကြီးရေလျှံမှုကို ကာ ကွယ်ရေးအတွက် သစ်တောများပြန်လည်ရှင် သန်အောင် လုပ်ဆောင်ပေးခြင်းက အရေးပါလှ သည်။
.
သစ်တောဖြစ်လာမှသာ သစ်ပင်များကဖြတ် သန်းစီးဆင်းပြီး ရေ၏အရှိန်နှေးသွားမည်။ သစ် ပင်များ၏ အောက်ခြေတွင်ရှိသည့် အရွက် ခြောက်များ၊ သစ်ကိုင်းခြောက်များ၊ မြက်ပင် လေးများ၏ အတားအဆီးရှိနေခြင်းကြောင့် ရေ စီးနှေးသွားပြီး မြေအောက်ရေပိုတိုးလာမည်ဖြစ် သည်။ ထိုအချက်ကိုသစ်ပင်စိုက်နေသူများက သိရှိကြသည်။ ထို့ကြောင့်လည်း ကမ္ဘာနှင့်တစ် ဝန်းသစ်ပင်စိုက်သူများ များပြားလာခြင်းဖြစ် သည်။ ထိုသူများကြောင့် အများလည်းအကျိုးကို ခံစားရသည်။ ဥပမာ အင်တာနက်သတင်းတစ် ပုဒ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ဆာဒီမန်ဆိုသည့် လူတစ်ယောက်အကြောင်း ဖတ်လိုက်ရသည်။ ဂျာဗားကျွန်းအလယ်ပိုင်း သူတို့ရွာဘေး၌ရှိသည့် သစ်တောမှာ မီးလောင်မှုကြောင့်နှင့် လူများဖျက် ဆီးမှုကြောင့် ပျက်ဆီးသွားသည်။ ထိုအချိန် တွင် ရွာများတွင် ရေခန်းခြောက်လာသည်။ လယ်စိုက်နေသည့် လယ်သမားများလည်း ရေ မရှိသောကြောင့် လယ်စိုက်၍မရတော့ပါ။ ထိုအ ခြေအနေတွင် ဆာဒီမန်က လေးညှင်းပွင့်လေး များခူးပြီးရောင်းသည်။ ရသောငွေများဖြင့် ညောင်ပင် ပျိုးပင်များဝယ်ပြီး သစ်တောနေရာ ဟောင်းများတွင် သွားစိုက်ခဲ့သည်။ ထိုအချိန်က အသီးလည်းသုံးမရ၊ အရွက်လည်းသုံးမရသည့် ညောင်ပင်ကို စိုက်ပျိုးနေသည့် ဆာဒီမန်ကို အရူးဟုလူအများက သတ်မှတ်ခေါ်ဆိုကြသည်။ နောင်နှစ် ၂ဝ ခန့်ကြာသည့်အခါ ယခင်က စမ်း ရေပေါက်များသည် စမ်းရေများပြန်ထွက်လာ သည်။ သူတို့တစ်ရွာလုံးရေကို ဖောဖောသီသီ သုံးရသည်။ လယ်တွေပြန်စိုက်လာနိုင်သည်။ အဘယ်ကြောင့် ယခုလိုရေများပြန်ထွက်လာ သည်ကို ဆန်းစစ်ကြည့်သည့်အခါ ဆာဒီမန်စိုက် ပျိုးထားသည့် ညောင်ပင်များကြောင့် ရေထွက် လာခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် Gendol သစ်တောမီးလောင်ခံခဲ့ရပြီး Dail ရွာတွင် အငတ်ဘေးစိုက်ခဲ့ခြင်းကို ဆာဒီမန်မှ ဧက ပေါင်း ၂၅ဝ တွင်ညောင်ပင် ၁၁ဝဝဝ စိုက်ပြီး ဖြေရှင်းခဲ့ပုံကိုတင်ပြထားသည်။ ထိုသူူများအပင် ကိုဘယ်လောက်အ တိုင်းအတာအထိ စိုက်ပျိုးခဲ့သည်ကို ကြည့်လိုက်သည့်အခါ အနည်းဆုံးသူကအပင် ၁၁ဝဝဝ နှင့် ဧက ၁ဝဝ လောက်စိုက်မှ တကယ်အကျိုးဖြစ်သည်ကို တွေ့ရပါသည်။ ထို့ကြောင့်အစုအဖွဲ့နှင့် စိုက်ကြခြင်းအတွက် အ နည်းဆုံးတော့ သောင်းဂဏန်းအရေအတွက်လောက်မှ အကျိုးဖြစ်ထွန်းပါမည်။
.
သစ်ပင်ကို တစ်ပင် ၂ ပင် စိုက်နေခြင်းထက် ကျယ်ကျယ်ပြန့်ပြန့်နှင့် များများစို်က်ပျိုးခြင်းက သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိပါလိမ့် မည်။ ဒါတောင်မှ အနှစ် ၂ဝ လောက်ကြာမှ တ ကယ်အကျိုးရှိလာပေမည်။ သစ်ပင်သစ်တော တွေပြန်ပြီးကောင်းလာအောင် လုပ်သည့်နည်းမှာ မြက်ပင်တွေကလည်း အရေးပါ ပါသည်။ မြက် စိုက်ပြီးလို့ တစ်နှစ်ခန့်ကြာသော် မြက်ပင်များ ကြားတွင် ထင်းရှူးပင်၊ ရေတမာပင်၊ တောင်ဇ လပ်ပင်စသည့် သစ်ပင်အကြီးများကို စိုက်ရ ပါမည်။ အရင်ဆုံးအနေဖြင့် မြက်များကိုစိုက်ပြီး မြေထိန်းခြင်းဖြစ်သည်။ နောက်တစ်ဆင့်ကသစ် တောများ ပြန်လည်ဖြစ်ထွန်းလာရန် အတွက်မြက် ကို အထောက်အကူယူပြီး အပင်ကြီးများပြန် လည်စိုက်ပျိုးခြင်းဖြစ်သည်။ မြက်သည်မြေထိန်း ရုံတင်သာမက သစ်ပင်သစ်တောဖြစ်လာရန်အ တွက် အခြေခံကောင်းတစ်ခု ဖြစ်နေပါသည်။ အချို့သော ကုန်းစောင်းများ ဆင်ခြေလျောများ တွင်မြက်ပင်ငယ်များသာ အလွယ်တကူပေါက် ရောက်နိုင်သောကြောင့် အပင်ကြီးများစိုက်ပျိုး ရန် မြက်ပင်များဦးစွာတမင်စိုက်ပျိုးရသည်။
.
မြန်မာပြည် ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် လပုတောများ၊ ဒီရေရောက်တောများရှိပါသည်။ ထိုလပုတော၊ ဒီရေရောက်တောများသည် ဒေသခံထောင် ပေါင်း များစွာအသက်ရှင်ရပ်တည်ရေးအတွက် အဓိကအထောက်အကူဖြစ်သည့် ငါးများပျော်စံ ရာနေရာဖြစ်သည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေ သတွင် လပုတောများအပြည့်ရှိနေခြင်းကြောင့်  သဘာဝဘေးဒဏ်ကို ခုခံကာကွယ်ရန်အတွက် အကောင်းဆုံးအရန်အတားဖြစ်နေသည်။ လပု တောများသည် တိုက်စားမှုဒဏ်ကို ကာကွယ် ပေးရုံသာမက ထိုနေရာတွင် ငါးနှင့်အခြားပင် လယ်သတ္တဝါ မျိုးကွဲမြောက်များစွာ ကျင်လည် ကျက်စားကြခြင်းကြောင့် ရာနှင့်ချီသည့် ဒေသခံ တံငါသည်မိသားစုများ၏ စားဝတ်နေရေးအ တွက်ပါ အားထားရသည်။

မြန်မာပြည် ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် လပုတောများ၊ ဒီရေရောက်တောများရှိပါသည်။ ထိုလပုတော၊ ဒီရေရောက်တောများသည် ဒေသခံထောင် ပေါင်း များစွာအသက်ရှင်ရပ်တည်ရေးအတွက် အဓိကအထောက်အကူဖြစ်သည့် ငါးများပျော်စံ ရာနေရာဖြစ်သည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေ သတွင် လပုတောများအပြည့်ရှိနေခြင်းကြောင့်  သဘာဝဘေးဒဏ်ကို ခုခံကာကွယ်ရန်အတွက် အကောင်းဆုံးအရန်အတားဖြစ်နေသည်။ လပု တောများသည် တိုက်စားမှုဒဏ်ကို ကာကွယ် ပေးရုံသာမက ထိုနေရာတွင် ငါးနှင့်အခြားပင် လယ်သတ္တဝါ မျိုးကွဲမြောက်များစွာ ကျင်လည် ကျက်စားကြခြင်းကြောင့် ရာနှင့်ချီသည့် ဒေသခံ တံငါသည်မိသားစုများ၏ စားဝတ်နေရေးအ တွက်ပါ အားထားရသည်။ 

.
ထိုလပုတောတွေ ပြုန်းကုန်ခြင်းသည် ရေ လုပ်ငန်းဖြင့် အသက်မွေးသည့် တံငါသည်များ အတွက် ဝင်ငွေလျော့နည်းသွားစေပါသည်။ တံ ငါသည်များသည် ငါးရဖို့အတွက်ပင်လယ်ပြင်ထဲ ပိုဝေးသည့်နေရာကိုသွားပြီး ငါးဖမ်းရခြင်းကြောင့် သူတို့စက်လှေအတွက် ဆီပိုဖြည့်ဖို့ရန်လိုလာသ လို အချိန်လည်းပိုကုန်ရပါသည်။ ထို့အပြင်အပင် များမရှိသည့်အတွက် ပင်လယ်စာတွေမရတော့ ပါ။ လပုပင်များသာမက ငါးစာကျက်များလည်း အဖျက်ဆီးခံလိုက်ရသည့် သဘောဖြစ်သည်။ ထို့ကြောင့်လပုပင်တွေဆုံးရှုံးရသလို တံငါသည် များ၏ဝင်ငွေများပါ ကျဆင်းခဲ့ရသည်။ တစ်ဖက် ကကြည့်လျှင် လပုတောများသည် နှစ်ပေါင်းများ စွာ ကာဗွန်ကိုဖမ်းယူ သိမ်းဆည်းထားနိုင်စွမ်း ရှိ ခြင်းကြောင့် လပုပင်များ ဆုံးရှုံးရခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ဥတုရာသီပြောင်းလဲမှု မှာ အဓိကကျပြီး မလိုလားအပ်သည့် ကာဗွန် မျိုးကို ခြေဖျက်ပေးနိုင်သည့် စနစ်ပါဆုံးရှုံးရသည် လပုပင်များရှိသည့် ဒီရေတောက မြေဆီလွှာ များသည် ကမ္ဘာပေါ်တွင် ကာဗွန်အြ<ွကယ်ဝဆုံး မြေဆီလွှာမျိုးဖြစ်သည်။
.
လပုတောများကို ဖျက်ဆီးခြင်းသည် လေ ထုအတွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များ အများ အပြားရောက်သွားစေသည့်အတွက် ကမ္ဘာ့ရာ သီဥတုအပြောင်းအလဲများလည်း ဖြစ်စေပါ သည်။ ထိုလပုတောများနှင့်ပတ်သက်ပြီးနောက် ထပ်အရေးကြီးသည့်အချက်မှာ ဇီဝမျိုးကွဲ များ အများအပြားအတွက် တကယ့်ကိုအရေးပါ ပါ သည်။ ငါးများနှင့် အခြားရေသတ္တဝါမျိုးကွဲပေါင်း မြောက်များစွာအတွက် သားဖောက်ဖို့ရန်နှင့် ရှင်သန်လှုပ်ရှားရန်အတွက်ပါ အကောင်းဆုံးနေ ရာဖြစ်သည်ကိုတွေ့ရသည်။
.
လပုတောများ၏ အရေးပါမှုကို အချို့သော လုပ်ငန်းရှင်များက လျစ်လျူရှုနေသည်ကိုတွေ့ရ ပါသည်။ လပုပင်များသာမက အခြားသော ကုန်း ခေါင်ခေါင်မှာ ပေါက်သည့်မန်ကျည်း၊ တမာ၊ ပိ တောက်၊ ပိန္နဲ၊ အုန်းပင်၊ ထန်းပင်များလည်း နေ့မြင်ညပျောက် ဘဝသို့ရောက်နေသည်။ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သတိ ပေးမှုအားနည်းခြင်းကြောင့် မဟုတ်တာတော့ သေချာသည်။ စည်ကမ်းမဲ့နေသူများကြောင့် လည်း မဟုတ်ဟုဆိုရမည်။ မြန်မာပြည်သူများ သည် သစ်ပင်မချစ်ခြင်းကြောင့်လည်း မဟုတ် ဟု ဆိုနိုင်သော်လည်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းဖို့အတွက် သစ်ပင်သစ်တောများကို စနစ်တကျ ပြန်လည်စိုက်ပျိုးမှုတွင် အားနည်း နေသည် ဟုဆိုလိုက်ချင်ပါသည်။
.
ရာသီဥတုပူနွေးလာမှုကြောင့် မုန်တိုင်းအ မျိုးမျိုးတိုက်ခတ်လာသလို မုန်တိုင်းဒဏ်ကိုခံရ သောနိုင်ငံအများအပြားရှိလာသည်။ ပင်လယ် တွင်းရှိ ကျွန်းနိုင်ငံများသည် ရေနှင့် ပတ်သက် သော ရောဂါများစွာဖြစ်ပေါ်ခံစားနေရသည်။ လူ သားတိုင်း၊ တိရစ္ဆာန်၊ သတ္တဝါဟူသမျှလေထု၊ မြေထုနှင့် မကင်းချေ၊ လွန်ခဲ့သောနှစ်အနည်းငယ် အတွင်း မြန်မာ့သစ်တောများ အလျင်အမြန်ပြုန်း တီးလာသည်။ လေထုအတွင်း ဓါတုဓာတ်ငွေများ လျော့ပါးစေရေး မီးလောင်မှုကြောင့် သစ်တော ပြုန်းတီးမှုများကိုလည်း ဦးစားပေးတားဆီးရပေ မည်။

ရာသီဥတုပူနွေးလာမှုကြောင့် မုန်တိုင်းအ မျိုးမျိုးတိုက်ခတ်လာသလို မုန်တိုင်းဒဏ်ကိုခံရ သောနိုင်ငံအများအပြားရှိလာသည်။ ပင်လယ် တွင်းရှိ ကျွန်းနိုင်ငံများသည် ရေနှင့် ပတ်သက် သော ရောဂါများစွာဖြစ်ပေါ်ခံစားနေရသည်။ လူ သားတိုင်း၊ တိရစ္ဆာန်၊ သတ္တဝါဟူသမျှလေထု၊ မြေထုနှင့် မကင်းချေ၊ လွန်ခဲ့သောနှစ်အနည်းငယ် အတွင်း မြန်မာ့သစ်တောများ အလျင်အမြန်ပြုန်း တီးလာသည်။ လေထုအတွင်း ဓါတုဓာတ်ငွေများ လျော့ပါးစေရေး မီးလောင်မှုကြောင့် သစ်တော ပြုန်းတီးမှုများကိုလည်း ဦးစားပေးတားဆီးရပေ မည်။

.
အချို့သောလုပ်ဆောင်စရာများကို အစိုးရ မှ ဦးစီး လုပ်ဆောင်မှသာ အဆင်ပြေပြေလုပ် ဆောင်ပေမည်။ အချို့သောလုပ်ဆောင်ချက်တို့ ကို အစိုးရ၏အမိန့်အာဏာဖြင့် တားမြစ်လုပ် ဆောင်မှသာ ဖြစ်နိုင်သည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့်ပင် သစ်တောများပြန်လည်ကြီးထွား ရေး၊ ရှင်သန်စိမ်းလန်းရေးသည် လူတစ်ဦးချင်း လုပ်ဆောင်ရန်များစွာ အခက်အခဲရှိနေသည်။ သစ်တောများစနစ်တကျ ပြန်လည်စိုက်ပျိုးရေး သည်လည်း တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊လုပ်ဆောင် ရန်မှာ လက်တွေ့တွင်မဖြစ်နိုင်သည်ကို တွေ့မြင် ရသောကြောင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ အကူအညီများစွာ လိုအပ်နေသည်ဟု ဆိုချင်ပါ သည်။

No comments:

Post a Comment

Journal Download

Photo of three cats