အခ်စ္သီခ်င္းထက္ ဘဝသီခ်င္းက ကြၽန္ေတာ့္အတြက္ ပို အႀကိဳက္ေတြ႕ေစပါတယ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, August 10, 2019

အခ်စ္သီခ်င္းထက္ ဘဝသီခ်င္းက ကြၽန္ေတာ့္အတြက္ ပို အႀကိဳက္ေတြ႕ေစပါတယ္


ေတးသံရွင္ ခြန္ငယ္လင္းႏွင့္ ဆက္သြယ္ေမးျမန္းျခင္း
.
ျမန္မာႏိုင္ငံ၏ ေရာ့ခ္ဂီတ သမိုင္းတစ္ ေလွ်ာက္တြင္ ႏိုင္ငံေက်ာ္ ေတးသံရွင္ မ်ားစြာကို ေမြးထုတ္ေပးခဲ့သလို လက္ရွိတြင္လည္း မ်ိဳး ဆက္သစ္ ေတးသံရွင္မ်ားစြာ၊ ဂီတကို႐ူးသြပ္ ျမတ္ႏိုးသူ လူငယ္မ်ားစြာကို ေမြးထုတ္ေပးႏိုင္  ေသာၿမိဳ႕ကို ျပပါဆိုလွ်င္ ရွမ္းျပည္နယ္၏ၿမိဳ႕ ေတာ္ ေတာင္ႀကီးၿမိဳ႕ကိုပင္ ၫႊန္းရမည္ ျဖစ္ပါ သည္။
.
ယင္းကဲ့သို႔ ေတာင္ႀကီးၿမိဳ႕မွ ထြက္ေပၚလာ သည့္ မ်ိဳးဆက္သစ္ ေတးသံရွင္မ်ား အနက္ ပအိုဝ္းတိုင္းရင္းသား မ်ိဳးဆက္သစ္ ေတးသံရွင္ တစ္ဦးျဖစ္ေသာ ခြန္ငယ္လင္းႏွင့္ ဆက္သြယ္ ေမးျမန္းခဲ့ပါသည္။
.



Galaxy Star မၿပိဳင္ခင္ Mingalar Mandalay Singing Contest သီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ခဲ့ ဖူးပါတယ္။ အဲဒီတုန္းက Winner ဆု ရရွိခဲ့ပါတယ္။

.
ကေမၻာဇတိုင္း အစ္ကုိ႕ရဲ႕ ကိုယ္ေရးအက်ဥ္း နဲ႔ မိသားစုအေၾကာင္း မိတ္ဆက္ေပးပါဦးဗ်။
ခြန္ငယ္လင္း  ကြၽန္ေတာ့္ နာမည္အရင္းက ေတာ့ ခြန္ျပည့္ၿဖိဳးေမာင္ ျဖစ္ပါတယ္။ အႏုပညာ နာမည္ကေတာ့ ခြန္ငယ္လင္းပါ။ ကြၽန္ေတာ့္ေမြး ရပ္ကေတာ့ ေတာင္ႀကီးၿမိဳ႕ပါပဲ။ ပအိုဝ္းတိုင္း ရင္းသား တစ္ေယာက္ပါ။ ကြၽန္ေတာ့္မိသားစု အေၾကာင္း ေျပာရရင္ ကြၽန္ေတာ့္ေက်းဇူးရွင္ မိဘ၂ ပါးနဲ႔အတူ ညီအစ္ကိုေမာင္ႏွမရင္းခ်ာ အားလံုးေပါင္း ၁ဝ ေယာက္ ရွိပါတယ္။ ပညာ ေရးကေတာ့ B. Sc. (Maths)နဲ႔ ေက်ာင္းၿပီးထား ပါၿပီ။
.

ကေမၻာဇတိုင္း ဂီတအႏုပညာကို ဘယ္အ ခ်ိန္ကတည္းက စၿပီးေတာ့ ဝါသနာပါခဲ့တာပါ လဲ။ ေနာက္ၿပီးေတာ့ ဂီတ အျပင္ တျခားေကာ ဘာေတြ ဝါသနာပါေသးလဲ။
ခြန္ငယ္လင္း  ဂီတအႏုပညာကို ကေလး ဘဝ ကတည္းက သီခ်င္းေတြကို စၿပီးခံစားနား ေထာင္တတ္တဲ့ အခ်ိန္မွာပဲ  အရမ္းကို ႐ူးသြပ္ ဝါသနာပါခဲ့တာပါ။ အဓိကကေတာ့ အဆိုသ မား တစ္ေယာက္လို႔ ခံယူထားတဲ့အတြက္ အ ဆိုပညာကိုပဲ အဓိက ဝါသနာပါခဲ့ပါတယ္။ တ ျခားကေတာ့ ခရီးထြက္ၿပီး ဆန္းသစ္တဲ့ သဘာ ဝ ပတ္ဝန္းက်င္ကို လိုက္ၿပီး ေလ့လာရတာ ဝါ သနာပါပါတယ္။
.
ကေမၻာဇတိုင္း ဂီတကို ဘယ္အခ်ိန္က တည္းက စတင္ဝင္ေရာက္ လုပ္ကိုင္ခဲ့တာပါလဲ။ အခု ေလာေလာလတ္လတ္မွာ ဂီတအျပင္ တ ျခား ဘာအလုပ္ေတြ လုပ္ပါသလဲ။
ခြန္ငယ္လင္း  ၂ဝ၁၅ ခုႏွစ္ေလာက္မွာ စၿပီး လုပ္ကိုင္ျဖစ္သြားတာပါ။ အခု ေလာေလာ လတ္လတ္ေတာ့ အႏုပညာ ဂီတလုပ္ငန္း တစ္ ခုပဲ လုပ္ကိုင္ျဖစ္ေနပါတယ္။
.
ကေမၻာဇတိုင္း အစ္ကို႕ရဲ႕ အခ်စ္ေရး အေျခ အေနကိုေကာ သိလို႔ရမလား။
ခြန္ငယ္လင္း  အခ်စ္ေရး အေျခအေနက ေတာ့ အခုေလာေလာဆယ္ ကြၽန္ေတာ့္ကို ကြၽန္ ေတာ္ အခ်စ္ဆံုးပါပဲ။ ကြၽန္ေတာ္ လက္ခံတဲ့ ဘဝ အေနအထားတစ္ခုကို ေရာက္လို႔ ကြၽန္ေတာ့္ စိတ္သေဘာထားနဲ႔ နားလည္ လက္ခံေပးႏိုင္ မယ့္ မိန္းကေလး ရွိလာခဲ့ရင္ေတာ့ ကြၽန္ေတာ့္ ဘဝ လက္တြဲေဖာ္အျဖစ္ စိတ္တူကိုယ္တူနဲ႔ ေလွ်ာက္လွမ္းသြားမွာပါ။
.
ကေမၻာဇတိုင္း Galaxy Star ၿပိဳင္ပြဲအျပင္ တျခား ဘာၿပိဳင္ပြဲေတြ ဝင္ၿပိဳင္ဖူးေသးလဲ။ ဆုေတြေကာ ရရွိခဲ့တာ ရွိပါ သလား။
ခြန္ငယ္လင္း  Galaxy Star မၿပိဳင္ခင္ Mingalar Mandalay Singing Contest သီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ခဲ့ ဖူးပါတယ္။ အဲဒီတုန္းက Winner ဆု ရရွိခဲ့ပါတယ္။

.
ကေမၻာဇတိုင္း အဲဒီလို ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္တဲ့ အခ်ိန္မွာ ဘယ္လို အခက္အခဲမ်ိဳးေတြ ႀကံဳေတြ႕ ခဲ့ရပါသလဲ။
ခြန္ငယ္လင္း  ေတးဆိုၿပိဳင္ပြဲ ဝင္ခ်ိန္မွာအ ေတြ႕အႀကံဳကေတာ့ အမ်ားႀကီး ရခဲ့ပါတယ္။ အဓိက အခက္အခဲကေတာ့ ကိုယ္ပိုင္အားနည္း ခ်က္နဲ႔ အေျဖကို ရွာေဖြခြင့္ရတာရယ္၊ ဆန္း က်ယ္လွတဲ့ အႏုပညာဂီတအလုုပ္ကို ပိုၿပီးလုပ္ ဖို႔အတြက္ တစ္စိုက္မတ္မတ္ ကိုယ့္ကိုယ္ကို တြန္းအားေပးျဖစ္သြားတာက ကြၽန္ေတာ့္အတြက္ အဓိပၸါယ္ရွိတဲ့ အခက္အခဲလို႔ပဲ ခံယူပါတယ္။
.
ကေမၻာဇတိုင္း ေတးဆိုအျပင္ ေတးေရးနဲ႔ အတီးဘက္ကိုေရာ လုပ္ျဖစ္ပါသလား။ အခုလို အႏုပညာလမ္းေၾကာင္းကို ေလွ်ာက္လွမ္းတဲ့အ ခါမွာ ကူညီပံ့ပိုးတဲ့သူေတြ ရွိခဲ့ပါသလား။
ခြန္ငယ္လင္း  ေတးဆိုအျပင္ ကြၽန္ေတာ္ သီခ်င္းေတြလည္း ေရးပါတယ္။ အတီးပိုင္းလည္း လုပ္ျဖစ္ပါတယ္။ ဂီတအႏုပညာ ညီအစ္ကိုေတြ နဲ႔ အျပန္အလွန္ ေဖးမကူညီပံ့ပိုးရင္းနဲ႔ပဲ စီးရီး ေတြ လုပ္ျဖစ္ခဲ့ပါတယ္။
.
ကေမၻာဇတိုင္း သီခ်င္းဆိုတဲ့အခါ ပအိုဝ္းသီ ခ်င္းေရာ ဗမာသီခ်င္းေရာ ဆိုတာ ေတြ႕ရတယ္။ ဘယ္ဘာသာကို ပိုၿပီး အားသန္ပါသလဲ။ ဘယ္ လို ဂီတအမ်ိဳးအစားကို ပိုအားသန္ၿပီးေတာ့ ဆို ျဖစ္ပါသလဲ။
ခြန္ငယ္လင္း  ကြၽန္ေတာ္က ပအိုဝ္းတိုင္း သား လူမ်ိဳးျဖစ္တဲ့တြက္ ပအိုဝ္းသီခ်င္းလည္း ဆိုပါတယ္။ အဆိုပိုင္းမွာ ဘယ္ဘာသာကို အား သန္တယ္လို႔ေတာ့ မ႐ွိပါဘူး။ ျမန္မာႏိုင္ငံမွာ ေမြးၿပီး ျမန္မာႏိုင္ငံသား တစ္ေယာက္အျဖစ္ ခံယူထားတဲ့အတြက္ ျမန္မာသီခ်င္းေတြကို အ မ်ားႀကီး ပိုၿပီးလုပ္ျဖစ္သြားဖို႔ မ်ားပါတယ္။ ဂီတ ကိုေတာ့ အမ်ိဳးအစား အားလံုးႀကိဳက္တယ္ လက္ခံတယ္။ ဒါေပမဲ့ Rock  ဂီတကိုပဲ ပို႐ူးသြပ္ၿပီး ပိုလဲဆိုျဖစ္ပါတယ္။
.
ကေမၻာဇတိုင္း အေခြေတြ ထုတ္တဲ့ခ်ိန္မွာ ဘယ္လို အခက္အခဲမ်ိဳး ရင္ဆိုင္ခဲ့ရလဲ။ မွတ္မွတ္ ရရ ျဖစ္ခဲ့ဖူးတာေတြေကာ ဘာေတြျဖစ္မလဲ။
ခြန္ငယ္လင္း  Album ေခြထုတ္တဲ့ အခ်ိန္ အခက္ခဲေတြကေတာ့ အမ်ားႀကီးပါ။ အဓိကေတာ့ ေငြေၾကးအခက္ ခဲေပါ့။ ၿပီးေတာ့ ကိုယ့္စိတ္ကူးထားတဲ့အတိုင္း ဖန္တီးမယ့္ သီခ်င္းကို အေကာင္ထည္ေဖာ္ႏိုင္ေအာင္ Band ေတြနဲ႔ အခ်ိန္ယူ တိုင္ပင္ရတာပါပဲ။ မွတ္မွတ္ရရေတာ့ သီခ်င္းေကာင္းေကာင္းေလးဖန္တီးၿပီး နားဆင္ခံစားႏိုင္ဖို႔က အခ်ိန္အင္အား လူအင္အား ေငြအင္အား ေပါင္းစည္းမႈ ပညာအင္အား အမ်ားႀကီး လိုအပ္တယ္ဆိုတာပါပဲ။
.
ကေမၻာဇတိုင္း အစ္ကိုဆိုတဲ့သီခ်င္း ဒါမွမ ဟုတ္ ေရးတဲ့သီခ်င္းေတြထဲမွာ ဘယ္သီခ်င္းကို အႀကိဳက္ဆံုးလဲ။ အစ္ကိုေရးတဲ့ သီခ်င္းေတြ၊ ဆိုတဲ့သီခ်င္းေတြထဲမွာ အခ်စ္သီခ်င္းထက္ဘဝ သီခ်င္းေတြဆိုတာ ပိုေတြ႕ရတယ္။ ဘာေၾကာင့္ ပါလဲ။
ခြန္ငယ္လင္း  လူ႕ဘဝကႀကိဳး Album မွာ ခြန္ေနမ်ိဳးေရးၿပီး ကြၽန္ေတာ္ဆိုထားတဲ့ ''မလြန္ ဆန္ႏိုင္ဘူး'' တစ္ ပုဒ္ရယ္၊ ခြန္ဆက္နဲ႔ ေဒးဗစ္ ခြန္ေနာင္ေရးတဲ့ ''ေရွာင္ပုန္းရက္သူ'' သီခ်င္းေတြကို အႀကိဳက္ဆံုးပါပဲ။လူ႕ဘဝဒႆန သီခ်င္းက ကြၽန္ေတာ့္အတြက္ ပိုအႀကိဳက္ေတြ႕ေစၿပီး ပိုၿပီးအဓိပၸါယ္႐ွိလို႔ပါ။ လူသားအားလံုးကို ခ်စ္တဲ့စိတ္လည္း ပါတာေပါ့။ အဲဒါေၾကာင့္လည္း ဘဝသီခ်င္းေတြကို ပိုဆိုျဖစ္သြားတာပါ။
.
ကေမၻာဇတိုင္း အစ္ကို႔ အေနနဲ႔ Album ဘယ္ႏွေခြ ထြက္ၿပီးၿပီလဲ။ ဘယ္ေနရာေတြကို ျဖန္႔ျဖစ္ပါသလဲ။ ေနာက္ထပ္ေကာ Album ေတြ ထပ္ထုတ္ဖို႔ ရွိပါသလား။ ေရွ႕ဆက္ဂီတနဲ႔ ပတ္သက္လို႔ဘာေတြ ထပ္ၿပီး လုပ္ေဆာင္သြား ဖို႔ ရွိပါသလဲ။
ခြန္ငယ္လင္း  တစ္ကိုယ္ေတာ္ ဗူဘကာ အေခြကေတာ့ တစ္ေခြပဲ ထြက္ျဖစ္ပါေသးတယ္။ က်န္တာ တစ္ပုဒ္စ ႏွစ္ပုဒ္ Groups  အေခြ ေတြမွာေတာ့ ပါဝင္ျဖစ္ပါတယ္။ ျဖန္႔ခ်ိတာက ေတာ့တစ္ႏိုင္ငံလံုးပါပဲ။ ေခြေပါင္း ၃ဝဝဝ ထုတ္ ျဖစ္ပါတယ္။ ေနာက္ထပ္ ထုတ္ဖို႔ အမ်ားၾကီး အစီစဥ္႐ွိပါတယ္။ ေ႐ွ႕ဆက္ ဂီတကိုေတာ့ အ ေကာင္းဆံုး လုပ္ေဆာင္သြားမွာပါ။ အားနည္း ေနတဲ့ ဂီတပညာေတြကို ေလ့လာဆည္းပူး ျဖည့္ စြက္ရင္း နားဆင္ခံစားသူ ခ်စ္ပရိသတ္ေတြကို လည္း ဆန္းသစ္တဲ့ ဖန္တီးမႈေတြနဲ႔ အေကာင္း ဆံုး ႀကိဳးစားၿပီး အၿမဲနားဆင္ႏိုင္ေအာင္ လုပ္ ေဆာင္ သြားမွာပါ။
.
ကေမၻာဇတိုင္း လူ႕ဘဝကႀကိဳးဆိုတဲ့ သီခ်င္းကို ဘာေၾကာင့္ Album Title ေပးျဖစ္တယ္ ဆိုတာကိုလည္း ေျပာျပေပးပါဦး။
ခြန္ငယ္လင္း  ဒီ Album ထဲမွာ ကြၽန္ေတာ္ အားအရဆံုး သီခ်င္းကေတာ့ လူ႕ဘဝကႀကိဳးပါပဲ။ သီခ်င္းအားလံုးကို  ၿခံဳၾကည့္ၿပီးေတာ့ လူ႕ဘ ဝကႀကိဳး ဆိုၿပီး ေပးျဖစ္သြားတာပါ။
.
ကေမၻာဇတိုင္း ပအိုဝ္းတိုင္းရင္းသား တစ္ ေယာက္အေနနဲ႔ ခုလို ေတးေရး/ေတးဆို လုပ္ တဲ့ခ်ိန္မွာ ဘယ္လို အခက္အခဲမ်ိဳး ရွိခဲ့ပါသလဲ။
ခြန္ငယ္လင္း  ပအိုဝ္းတိုင္းရင္းသား တစ္ ေယာက္အေနနဲ႔ ေတးေရး/ေတးဆိုမွာ ေထြေထြ ထူးထူး အခက္ခဲေတာ့ မ႐ွိပါဘူး။ အဓိကေတာ့ သီခ်င္းဆိုတဲ့အခ်ိန္ စကားလံုး မပီသတာေလး ေတြေပါ့။ အဲဒါေလးကိုေတာ့ သတိထားၿပီး ျပင္ ဆိုရပါတယ္။
.
ကေမၻာဇတိုင္း လက္႐ွိ ေဆာင္ရြက္ေနတဲ့ အႏုပညာ ဂီတအေပၚ ကိုယ့္ကိုယ္ကို အားရ ေက်နပ္မႈ ႐ွိၿပီလား။ ကိုယ့္ကိုယ္ကို လိုအပ္မႈ ႐ွိေနေသးတယ္လို႔ ယူဆမိပါသလားဗ်။
ခြန္ငယ္လင္း  လက္႐ွိ အႏုပညာဂီတနဲ႔ ပတ္သက္လို႔ လုပ္ေဆာင္ေနတဲ့ ေနရာမွာ ကိုယ့္ ကိုယ္ကို သိပ္ၿပီး အားရေက်နပ္မႈ မရွိေသးပါ ဘူး။ ကိုယ္ဖန္တီးခ်င္တာေတြ အမ်ားႀကီး အ ေကာင္အထည္ ေဖာ္ရဦးမွာပါ။ လိုအပ္ခ်က္ေတြ ကေတာ့ ကိုယ္ထပ္ၿပီး ဖန္တီးခ်င္တဲ့ ဂီတေတြမ ထြက္လာႏိုင္ေသးခ်ိန္ပါပဲ။
.
ကေမၻာဇတိုင္း ရွမ္းျပည္နယ္ရဲ႕ ႏိုင္ငံေရး အေျခအေနနဲ႔ ပတ္သက္လို႔ေကာ ဘယ္လိုမ်ား မွတ္ခ်က္ျပဳ ေျပာၾကားလိုပါသလဲ။
ခြန္ငယ္လင္း  ႏိုင္ငံေရး အေျခအေနနဲ႔ ပတ္သက္လို႔ေတာ့ ကြၽန္ေတာ္ သိပ္မသိပါဘူး။ ဒါေပမဲ့ ျပည္သူေတြအားလံုး အဆင္ေျပေျပနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနေစခ်င္ပါတယ္။
.
ေတးသံရွင္ ခြန္ငယ္လင္းသည္ လတ္တေလာတြင္ လူ႕ဘဝကႀကိဳး အမည္ရ တစ္ကိုယ္ေတာ္ ေတးအယ္လ္ဘမ္ တစ္ခ်ပ္ကို ထုတ္ေဝထားၿပီး အျခားေသာ အုပ္စုအယ္လ္ဘမ္မ်ားတြင္လည္း ေတးသီးခ်င္းမ်ား တစ္ပုဒ္စ၊ ႏွစ္ပုဒ္စ သီဆိုထားၿပီးကာ ေတးသီခ်င္း မ်ားစြာကိုလည္း ထပ္မံဖန္တီးရန္ ရွိေနေသးသည္ဟု သိရပါသည္။
.
==============================================
အချစ်သီချင်းထက် ဘဝသီချင်းက ကျွန်တော့်အတွက် ပို အကြိုက်တွေ့စေပါတယ်
တေးသံရှင် ခွန်ငယ်လင်းနှင့် ဆက်သွယ်မေးမြန်းခြင်း
.
မြန်မာနိုင်ငံ၏ ရော့ခ်ဂီတ သမိုင်းတစ် လျှောက်တွင် နိုင်ငံကျော် တေးသံရှင် များစွာကို မွေးထုတ်ပေးခဲ့သလို လက်ရှိတွင်လည်း မျိုး ဆက်သစ် တေးသံရှင်များစွာ၊ ဂီတကိုရူးသွပ် မြတ်နိုးသူ လူငယ်များစွာကို မွေးထုတ်ပေးနိုင်  သောမြို့ကို ပြပါဆိုလျှင် ရှမ်းပြည်နယ်၏မြို့ တော် တောင်ကြီးမြို့ကိုပင် ညွှန်းရမည် ဖြစ်ပါ သည်။
.
ယင်းကဲ့သို့ တောင်ကြီးမြို့မှ ထွက်ပေါ်လာ သည့် မျိုးဆက်သစ် တေးသံရှင်များ အနက် ပအိုဝ်းတိုင်းရင်းသား မျိုးဆက်သစ် တေးသံရှင် တစ်ဦးဖြစ်သော ခွန်ငယ်လင်းနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။     အစ်ကို့ရဲ့ ကိုယ်ရေးအကျဉ်း နဲ့ မိသားစုအကြောင်း မိတ်ဆက်ပေးပါဦးဗျ။
ခွန်ငယ်လင်း။      ကျွန်တော့် နာမည်အရင်းက တော့ ခွန်ပြည့်ဖြိုးမောင် ဖြစ်ပါတယ်။ အနုပညာ နာမည်ကတော့ ခွန်ငယ်လင်းပါ။ ကျွန်တော့်မွေး ရပ်ကတော့ တောင်ကြီးမြို့ပါပဲ။ ပအိုဝ်းတိုင်း ရင်းသား တစ်ယောက်ပါ။ ကျွန်တော့်မိသားစု အကြောင်း ပြောရရင် ကျွန်တော့်ကျေးဇူးရှင် မိဘ၂ ပါးနဲ့အတူ ညီအစ်ကိုမောင်နှမရင်းချာ အားလုံးပေါင်း ၁ဝ ယောက် ရှိပါတယ်။ ပညာ ရေးကတော့ B. Sc. (Maths)နဲ့ ကျောင်းပြီးထား ပါပြီ။
.
ကမ္ဘောဇတိုင်း။     ဂီတအနုပညာကို ဘယ်အ ချိန်ကတည်းက စပြီးတော့ ဝါသနာပါခဲ့တာပါ လဲ။ နောက်ပြီးတော့ ဂီတ အပြင် တခြားကော ဘာတွေ ဝါသနာပါသေးလဲ။
ခွန်ငယ်လင်း။      ဂီတအနုပညာကို ကလေး ဘဝ ကတည်းက သီချင်းတွေကို စပြီးခံစားနား ထောင်တတ်တဲ့ အချိန်မှာပဲ  အရမ်းကို ရူးသွပ် ဝါသနာပါခဲ့တာပါ။ အဓိကကတော့ အဆိုသ မား တစ်ယောက်လို့ ခံယူထားတဲ့အတွက် အ ဆိုပညာကိုပဲ အဓိက ဝါသနာပါခဲ့ပါတယ်။ တ ခြားကတော့ ခရီးထွက်ပြီး ဆန်းသစ်တဲ့ သဘာ ဝ ပတ်ဝန်းကျင်ကို လိုက်ပြီး လေ့လာရတာ ဝါ သနာပါပါတယ်။
.
ကမ္ဘောဇတိုင်း။     ဂီတကို ဘယ်အချိန်က တည်းက စတင်ဝင်ရောက် လုပ်ကိုင်ခဲ့တာပါလဲ။ အခု လောလောလတ်လတ်မှာ ဂီတအပြင် တ ခြား ဘာအလုပ်တွေ လုပ်ပါသလဲ။
ခွန်ငယ်လင်း။      ၂ဝ၁၅ ခုနှစ်လောက်မှာ စပြီး လုပ်ကိုင်ဖြစ်သွားတာပါ။ အခု လောလော လတ်လတ်တော့ အနုပညာ ဂီတလုပ်ငန်း တစ် ခုပဲ လုပ်ကိုင်ဖြစ်နေပါတယ်။
.
ကမ္ဘောဇတိုင်း။     အစ်ကို့ရဲ့ အချစ်ရေး အခြေ အနေကိုကော သိလို့ရမလား။
ခွန်ငယ်လင်း။      အချစ်ရေး အခြေအနေက တော့ အခုလောလောဆယ် ကျွန်တော့်ကို ကျွန် တော် အချစ်ဆုံးပါပဲ။ ကျွန်တော် လက်ခံတဲ့ ဘဝ အနေအထားတစ်ခုကို ရောက်လို့ ကျွန်တော့် စိတ်သဘောထားနဲ့ နားလည် လက်ခံပေးနိုင် မယ့် မိန်းကလေး ရှိလာခဲ့ရင်တော့ ကျွန်တော့် ဘဝ လက်တွဲဖော်အဖြစ် စိတ်တူကိုယ်တူနဲ့ လျှောက်လှမ်းသွားမှာပါ။
.
ကမ္ဘောဇတိုင်း။     Galaxy Star ပြိုင်ပွဲအပြင် တခြား ဘာပြိုင်ပွဲတွေ ဝင်ပြိုင်ဖူးသေးလဲ။ ဆုတွေကော ရရှိခဲ့တာ ရှိပါ သလား။
ခွန်ငယ်လင်း။      Galaxy Star မပြိုင်ခင် Mingalar Mandalay Singing Contest သီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ ဖူးပါတယ်။ အဲဒီတုန်းက Winner ဆု ရရှိခဲ့ပါတယ်။
.
ကမ္ဘောဇတိုင်း။     အဲဒီလို ပြိုင်ပွဲတွေ ဝင်ပြိုင်တဲ့ အချိန်မှာ ဘယ်လို အခက်အခဲမျိုးတွေ ကြုံတွေ့ ခဲ့ရပါသလဲ။
ခွန်ငယ်လင်း။      တေးဆိုပြိုင်ပွဲ ဝင်ချိန်မှာအ တွေ့အကြုံကတော့ အများကြီး ရခဲ့ပါတယ်။ အဓိက အခက်အခဲကတော့ ကိုယ်ပိုင်အားနည်း ချက်နဲ့ အဖြေကို ရှာဖွေခွင့်ရတာရယ်၊ ဆန်း ကျယ်လှတဲ့ အနုပညာဂီတအလုုပ်ကို ပိုပြီးလုပ် ဖို့အတွက် တစ်စိုက်မတ်မတ် ကိုယ့်ကိုယ်ကို တွန်းအားပေးဖြစ်သွားတာက ကျွန်တော့်အတွက် အဓိပ္ပါယ်ရှိတဲ့ အခက်အခဲလို့ပဲ ခံယူပါတယ်။
.
ကမ္ဘောဇတိုင်း။     တေးဆိုအပြင် တေးရေးနဲ့ အတီးဘက်ကိုရော လုပ်ဖြစ်ပါသလား။ အခုလို အနုပညာလမ်းကြောင်းကို လျှောက်လှမ်းတဲ့အ ခါမှာ ကူညီပံ့ပိုးတဲ့သူတွေ ရှိခဲ့ပါသလား။
ခွန်ငယ်လင်း။      တေးဆိုအပြင် ကျွန်တော် သီချင်းတွေလည်း ရေးပါတယ်။ အတီးပိုင်းလည်း လုပ်ဖြစ်ပါတယ်။ ဂီတအနုပညာ ညီအစ်ကိုတွေ နဲ့ အပြန်အလှန် ဖေးမကူညီပံ့ပိုးရင်းနဲ့ပဲ စီးရီး တွေ လုပ်ဖြစ်ခဲ့ပါတယ်။
.
ကမ္ဘောဇတိုင်း။     သီချင်းဆိုတဲ့အခါ ပအိုဝ်းသီ ချင်းရော ဗမာသီချင်းရော ဆိုတာ တွေ့ရတယ်။ ဘယ်ဘာသာကို ပိုပြီး အားသန်ပါသလဲ။ ဘယ် လို ဂီတအမျိုးအစားကို ပိုအားသန်ပြီးတော့ ဆို ဖြစ်ပါသလဲ။
ခွန်ငယ်လင်း။      ကျွန်တော်က ပအိုဝ်းတိုင်း သား လူမျိုးဖြစ်တဲ့တွက် ပအိုဝ်းသီချင်းလည်း ဆိုပါတယ်။ အဆိုပိုင်းမှာ ဘယ်ဘာသာကို အား သန်တယ်လို့တော့ မရှိပါဘူး။ မြန်မာနိုင်ငံမှာ မွေးပြီး မြန်မာနိုင်ငံသား တစ်ယောက်အဖြစ် ခံယူထားတဲ့အတွက် မြန်မာသီချင်းတွေကို အ များကြီး ပိုပြီးလုပ်ဖြစ်သွားဖို့ များပါတယ်။ ဂီတ ကိုတော့ အမျိုးအစား အားလုံးကြိုက်တယ် လက်ခံတယ်။ ဒါပေမဲ့ Rock  ဂီတကိုပဲ ပိုရူးသွပ်ပြီး ပိုလဲဆိုဖြစ်ပါတယ်။

ကျွန်တော်က ပအိုဝ်းတိုင်း သား လူမျိုးဖြစ်တဲ့တွက် ပအိုဝ်းသီချင်းလည်း ဆိုပါတယ်။ အဆိုပိုင်းမှာ ဘယ်ဘာသာကို အား သန်တယ်လို့တော့ မရှိပါဘူး။ မြန်မာနိုင်ငံမှာ မွေးပြီး မြန်မာနိုင်ငံသား တစ်ယောက်အဖြစ် ခံယူထားတဲ့အတွက် မြန်မာသီချင်းတွေကို အ များကြီး ပိုပြီးလုပ်ဖြစ်သွားဖို့ များပါတယ်။ ဂီတ ကိုတော့ အမျိုးအစား အားလုံးကြိုက်တယ် လက်ခံတယ်။ ဒါပေမဲ့ Rock  ဂီတကိုပဲ ပိုရူးသွပ်ပြီး ပိုလဲဆိုဖြစ်ပါတယ်။

.
ကမ္ဘောဇတိုင်း။     အခွေတွေ ထုတ်တဲ့ချိန်မှာ ဘယ်လို အခက်အခဲမျိုး ရင်ဆိုင်ခဲ့ရလဲ။ မှတ်မှတ် ရရ ဖြစ်ခဲ့ဖူးတာတွေကော ဘာတွေဖြစ်မလဲ။
ခွန်ငယ်လင်း။      Album ခွေထုတ်တဲ့ အချိန် အခက်ခဲတွေကတော့ အများကြီးပါ။ အဓိကတော့ ငွေကြေးအခက် ခဲပေါ့။ ပြီးတော့ ကိုယ့်စိတ်ကူးထားတဲ့အတိုင်း ဖန်တီးမယ့် သီချင်းကို အကောင်ထည်ဖော်နိုင်အောင် Band တွေနဲ့ အချိန်ယူ တိုင်ပင်ရတာပါပဲ။ မှတ်မှတ်ရရတော့ သီချင်းကောင်းကောင်းလေးဖန်တီးပြီး နားဆင်ခံစားနိုင်ဖို့က အချိန်အင်အား လူအင်အား ငွေအင်အား ပေါင်းစည်းမှု ပညာအင်အား အများကြီး လိုအပ်တယ်ဆိုတာပါပဲ။
.
ကမ္ဘောဇတိုင်း။     အစ်ကိုဆိုတဲ့သီချင်း ဒါမှမ ဟုတ် ရေးတဲ့သီချင်းတွေထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံးလဲ။ အစ်ကိုရေးတဲ့ သီချင်းတွေ၊ ဆိုတဲ့သီချင်းတွေထဲမှာ အချစ်သီချင်းထက်ဘဝ သီချင်းတွေဆိုတာ ပိုတွေ့ရတယ်။ ဘာကြောင့် ပါလဲ။
ခွန်ငယ်လင်း။      လူ့ဘဝကကြိုး Album မှာ ခွန်နေမျိုးရေးပြီး ကျွန်တော်ဆိုထားတဲ့ ''မလွန် ဆန်နိုင်ဘူး'' တစ် ပုဒ်ရယ်၊ ခွန်ဆက်နဲ့ ဒေးဗစ် ခွန်နောင်ရေးတဲ့ ''ရှောင်ပုန်းရက်သူ'' သီချင်းတွေကို အကြိုက်ဆုံးပါပဲ။လူ့ဘဝဒဿန သီချင်းက ကျွန်တော့်အတွက် ပိုအကြိုက်တွေ့စေပြီး ပိုပြီးအဓိပ္ပါယ်ရှိလို့ပါ။ လူသားအားလုံးကို ချစ်တဲ့စိတ်လည်း ပါတာပေါ့။ အဲဒါကြောင့်လည်း ဘဝသီချင်းတွေကို ပိုဆိုဖြစ်သွားတာပါ။
.
ကမ္ဘောဇတိုင်း။     အစ်ကို့ အနေနဲ့ Album ဘယ်နှခွေ ထွက်ပြီးပြီလဲ။ ဘယ်နေရာတွေကို ဖြန့်ဖြစ်ပါသလဲ။ နောက်ထပ်ကော Album တွေ ထပ်ထုတ်ဖို့ ရှိပါသလား။ ရှေ့ဆက်ဂီတနဲ့ ပတ်သက်လို့ဘာတွေ ထပ်ပြီး လုပ်ဆောင်သွား ဖို့ ရှိပါသလဲ။
ခွန်ငယ်လင်း။      တစ်ကိုယ်တော် ဗူဘကာ အခွေကတော့ တစ်ခွေပဲ ထွက်ဖြစ်ပါသေးတယ်။ ကျန်တာ တစ်ပုဒ်စ နှစ်ပုဒ် Groups  အခွေ တွေမှာတော့ ပါဝင်ဖြစ်ပါတယ်။ ဖြန့်ချိတာက တော့တစ်နိုင်ငံလုံးပါပဲ။ ခွေပေါင်း ၃ဝဝဝ ထုတ် ဖြစ်ပါတယ်။ နောက်ထပ် ထုတ်ဖို့ အများကြီး အစီစဉ်ရှိပါတယ်။ ရှေ့ဆက် ဂီတကိုတော့ အ ကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ အားနည်း နေတဲ့ ဂီတပညာတွေကို လေ့လာဆည်းပူး ဖြည့် စွက်ရင်း နားဆင်ခံစားသူ ချစ်ပရိသတ်တွေကို လည်း ဆန်းသစ်တဲ့ ဖန်တီးမှုတွေနဲ့ အကောင်း ဆုံး ကြိုးစားပြီး အမြဲနားဆင်နိုင်အောင် လုပ် ဆောင် သွားမှာပါ။
.
ကမ္ဘောဇတိုင်း။     လူ့ဘဝကကြိုးဆိုတဲ့ သီချင်းကို ဘာကြောင့် Album Title ပေးဖြစ်တယ် ဆိုတာကိုလည်း ပြောပြပေးပါဦး။
ခွန်ငယ်လင်း။      ဒီ Album ထဲမှာ ကျွန်တော် အားအရဆုံး သီချင်းကတော့ လူ့ဘဝကကြိုးပါပဲ။ သီချင်းအားလုံးကို  ခြုံကြည့်ပြီးတော့ လူ့ဘ ဝကကြိုး ဆိုပြီး ပေးဖြစ်သွားတာပါ။
.
ကမ္ဘောဇတိုင်း။     ပအိုဝ်းတိုင်းရင်းသား တစ် ယောက်အနေနဲ့ ခုလို တေးရေး/တေးဆို လုပ် တဲ့ချိန်မှာ ဘယ်လို အခက်အခဲမျိုး ရှိခဲ့ပါသလဲ။
ခွန်ငယ်လင်း။      ပအိုဝ်းတိုင်းရင်းသား တစ် ယောက်အနေနဲ့ တေးရေး/တေးဆိုမှာ ထွေထွေ ထူးထူး အခက်ခဲတော့ မရှိပါဘူး။ အဓိကတော့ သီချင်းဆိုတဲ့အချိန် စကားလုံး မပီသတာလေး တွေပေါ့။ အဲဒါလေးကိုတော့ သတိထားပြီး ပြင် ဆိုရပါတယ်။
.
ကမ္ဘောဇတိုင်း။     လက်ရှိ ဆောင်ရွက်နေတဲ့ အနုပညာ ဂီတအပေါ် ကိုယ့်ကိုယ်ကို အားရ ကျေနပ်မှု ရှိပြီလား။ ကိုယ့်ကိုယ်ကို လိုအပ်မှု ရှိနေသေးတယ်လို့ ယူဆမိပါသလားဗျ။
ခွန်ငယ်လင်း။      လက်ရှိ အနုပညာဂီတနဲ့ ပတ်သက်လို့ လုပ်ဆောင်နေတဲ့ နေရာမှာ ကိုယ့် ကိုယ်ကို သိပ်ပြီး အားရကျေနပ်မှု မရှိသေးပါ ဘူး။ ကိုယ်ဖန်တီးချင်တာတွေ အများကြီး အ ကောင်အထည် ဖော်ရဦးမှာပါ။ လိုအပ်ချက်တွေ ကတော့ ကိုယ်ထပ်ပြီး ဖန်တီးချင်တဲ့ ဂီတတွေမ ထွက်လာနိုင်သေးချိန်ပါပဲ။
.
ကမ္ဘောဇတိုင်း။     ရှမ်းပြည်နယ်ရဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ကော ဘယ်လိုများ မှတ်ချက်ပြု ပြောကြားလိုပါသလဲ။
ခွန်ငယ်လင်း။      နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့တော့ ကျွန်တော် သိပ်မသိပါဘူး။ ဒါပေမဲ့ ပြည်သူတွေအားလုံး အဆင်ပြေပြေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်ပါတယ်။
.
တေးသံရှင် ခွန်ငယ်လင်းသည် လတ်တလောတွင် လူ့ဘဝကကြိုး အမည်ရ တစ်ကိုယ်တော် တေးအယ်လ်ဘမ် တစ်ချပ်ကို ထုတ်ဝေထားပြီး အခြားသော အုပ်စုအယ်လ်ဘမ်များတွင်လည်း တေးသီးချင်းများ တစ်ပုဒ်စ၊ နှစ်ပုဒ်စ သီဆိုထားပြီးကာ တေးသီချင်း များစွာကိုလည်း ထပ်မံဖန်တီးရန် ရှိနေသေးသည်ဟု သိရပါသည်။

No comments:

Post a Comment