ရွဲ သရဲေတြထက္ ဆိုးတဲ့ အြန္လိုင္းစာသူခိုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, August 28, 2019

ရွဲ သရဲေတြထက္ ဆိုးတဲ့ အြန္လိုင္းစာသူခိုး

လိႈင္းၾကာျဖဴ (လား႐ိႈး)
.
စာ ေရးတဲ့သူက ေငြေၾကးအင္အားတတ္ႏိုင္ လို႔ေသာ္လည္းေကာင္း နာမည္ႀကီးခ်င္လို႔ေသာ္ လည္းေကာင္း တကယ့္စာေရးသူဆီက စာမူကို သူ႕နာမည္နဲ႔ထုတ္၊ စာေရးဆရာကေတာ့ မျဖစ္ စေလာက္ ဉာဏ္ပူေဇာ္ခေလာက္ပဲ ရတာပါ။ တ ခ်ိဳ႕ကိုယ္တိုင္ေရး စာေရးဆရာေတြဟာ စာအုပ္ တိုက္တစ္ခုနဲ႔ စာခ်ဳပ္ ခ်ဳပ္ေတာ့မယ္ဆို တခ်ိဳ႕ ထုတ္ေဝသူေတြက သူတို႔ကို ဘယ္ႏွစ္အုပ္ အလ ကား ေရးေပးရမယ္ဆိုတာမ်ိဳး ခ်ဳပ္ကိုင္ထားတာ လည္း ကြၽန္မ ၾကားဖူးပါတယ္။ အဲ့ဒါကိုအရပ္အ ေခၚ ရွဲဒိုးေရးတယ္လို႔ ၾကားဖူးပါတယ္။
.
စာေပေလာကမွာ အဲ့လိုျပႆနာေတြ ခဏ ခဏတက္ခဲ့ပါတယ္။ မူရင္းစာေရးသူဟာ သူ ေရးတဲ့စာအုပ္ေတြနဲ႔ အျခားနာမည္ခံထားသူ ေအာင္ျမင္ေနတဲ့အခါ မခံစားႏိုင္လို႔ Suicide  လုပ္သြားတဲ့အျဖစ္လည္းႀကံဳဖူးပါတယ္။ နာမည္ ဘယ္သူဘယ္ဝါဆိုတာ ထုတ္မေျပာေတာ့ပါဘူး။ သူ႔ခမ်ာသူကေတာ့ကိုယ္စိတ္ႏွလံုး ၃ ပါးစလံုးနဲ႔ ခံစားၿပီး ေရးဖြဲ႕ထားရတာ တကယ့္တကယ္စာ အုပ္ကေအာင္ျမင္ ေရးသူကနာမည္ႀကီးေတာ့ သူမဟုတ္ဘဲ အျခားတစ္ေယာက္ဆိုေတာ့ သူ ဘယ္ခံစားႏိုင္မလဲ။ ဟုတ္တာေပါ့။ ေနာက္ျဖစ္ ရပ္တစ္ခုက လြန္ခဲ့တဲ့ ၁ဝ ႏွစ္ေလာက္က ျဖစ္ ခဲ့တာ ထုတ္ေဝသူတစ္ေယာက္ဟာ သူ႕နာမည္ ခံၿပီး စာေရးဆရာမရဲ႕ စာအုပ္ေတြထုတ္ ေနာက္ အဲ့ဒီဆရာမရဲ႕ စာအုပ္ေတြကေအာင္ျမင္လြန္းမ ကေအာင္ျမင္လာ။ ေစာင္ေရတက္ေပမယ့္ ထုတ္ေဝသူက ပိုက္ဆံတိုးမေပးသလို သူ႕နာ မည္နဲ႔ထုတ္လည္းမေပး၊ အျခားေသာတိုက္ေတြ နဲ႔လည္းစာခ်ဳပ္ခ်ဳပ္ခြင့္မျပဳ ေနာက္ေတာ့အဲ့ဒီစာ ေရးသူနဲ႔ ထုတ္ေဝသူတိုင္းသိျပည္သိ အႀကီးအ က်ယ္ ျပႆနာတက္ေတာ့တာပဲ။ ဒီေတာ့မွ ပရိ သတ္ေတြကလည္း အဲ့ဒီ စာအုပ္ေတြကို ေရးေန သူ အစစ္အမွန္ကို သိတဲ့ေနာက္ အဲ့ဒီနာမည္ခံသူ ကို အျပင္းအထန္ ႐ႈံ႕ခ်ၾကတယ္ သူ႕စာေတြကို အားမေပးေတာ့ဘူး။ မူရင္း စာေရးသူရဲ႕အလား အလာကို သိတဲ့တျခားေသာ ထုတ္ေဝသူက စာမူခထိုက္ထိုက္တန္တန္ေပးေတာ့ အဲ့ဆရာမ ကအဲ့တိုက္မွာေရးၿပီေလ။ ဟိုနာမည္ခံထားတဲ့ သူကေတာ့ သူကိုယ္တိုင္ပဲေရးသလား၊ အရင္ လို စာေရးသူတစ္ဦးပဲေမြးမလားမသိဘူး။ သူ႕ နာမည္နဲ႔ ဆက္ထြက္တာပဲ အေရးအသားေတြ ကေတာ့ အရင္အေရးအသားနဲ႔ ဘယ္တူပါ့မလဲ အသိသာႀကီးေပါ့။ ကြၽန္မတို႔ လံုးခ်င္းေလာကမွာ အဲ့လိုရွဲသရဲေတြႀကီးစိုးခဲ့ပါတယ္။
.
အဲ့ဒီလိုရွဲဒိုးအမည္ခံထားတဲ့ စာေရးဆရာ ေတြကို သိတဲ့စာေရးဆရာေတြ ဘယ္သူမွအ ေပါင္းအသင္းမလုပ္ခ်င္ၾကပါဘူး။ အဲ့ဒီလိုလူကို စာေရးဆရာလို႔ေတာင္ သတ္မွတ္လို႔မရတာ။ စာေပေလာကမွာ ရွဲ သရဲေတြကေတာ့ ေခတ္အ ဆက္ဆက္ရွိခဲ့တာပဲ။ ပိုမ်ားတာေတာ့ ကြၽန္မတို႔ လံုးခ်င္း ဝတၴဳအသိုင္းအဝိုင္းမွာ ပိုမ်ားပါတယ္။
.
ယခင္က ယိုင္႐ံုယိုင္ခဲ့တဲ့ စာေပေလာကႀကီး ဟာ ဖုန္းကိုလူေတြက တြင္တြင္က်ယ္က်ယ္သံုး လာႏိုင္တဲ့အခ်ိန္မွာ တအိအိနဲ႔ ၿပိဳက်ခဲ့ပါတယ္။ စာေပေလာကနဲ႔ စာအုပ္ထုတ္ေဝေရးေလာကရဲ႕ စစ္တမ္းအရ စာအုပ္အငွားဆိုင္ေတြဆိုတာ လူ ေတြစာအုပ္ငွားမဖတ္ၾကလို႔ မရွိေတာ့ဘူး။ ၿမိဳ႕ တိုင္းၿမိဳ႕တိုင္းမွာေတာင္ စာအုပ္အေရာင္းဆိုင္ဆို တာ လက္ခ်ိဳးေရလို႔ေတာင္ လက္တစ္ဖက္မ ျပည့္ေတာ့ဘူးတဲ့။ ၂ဝ၁၅ ေနာက္ပိုင္းမွာ ကြၽန္မ တို႔လံုးခ်င္းဝတၴဳေလာကႀကီးက လံုးဝကို ယိုင္နဲ႔ ၿပိဳက်လာပါတယ္။
.
လူေတာ္မ်ားမ်ားဟာ ဖုန္းေပၚမွာ အခ်ိန္ ကုန္လာခဲ့ၾကတယ္။ စာဖတ္သူေတြကလည္း ဖုန္းနဲ႔စာအုပ္လင့္ေတြကို ေဒါင္းလုတ္လုပ္ၿပီး ဖတ္ရတာပိုလြယ္ကူတယ္လို႔ ယူဆလာၾကတယ္။ စာအုပ္ကို လက္နဲ႔ကိုင္ဖတ္ရတဲ့ အရသာကို ႀကိဳက္ႏွစ္သက္သူေတြကလြဲလို႔ လူေတြကဖုန္း ေပၚမွာပဲဖတ္ၾကေတာ့တယ္။ တခ်ိဳ႕ ethics နား မလည္သူေတြဆိုရင္ စာအုပ္ထုတ္တာက တစ္လ ၂ လ မရွိေသးဘူး ေစ်းကြက္မွာစာအုပ္ျဖန္႔ တာေတာင္ ပူပူေႏြးေႏြးရွိေနခ်ိန္မွာ အဲ့စာအုပ္ကို ေဒါင္းလုတ္လင့္ လုပ္လိုက္တဲ့အခါ လူေတြက ပိုက္ဆံေပးဝယ္ရမယ့္ စာအုပ္အင္တာနက္ေလး ဖြင့္ၿပီး ေဒါင္းလိုက္ရင္ တန္းဖတ္ၾကေတာ့တာေပါ့။ စာအုပ္သြားဝယ္ရတဲ့ဒုကၡ၊ ပိုက္ဆံကုန္ရမယ့္ ဒု ကၡေတြ သူတို႔မွာ မရွိေပမယ့္ အဲ့ဒီဆိုးက်ိဳးဟာ စာေရးသူနဲ႔ ထုတ္ေဝသူအေပၚ အမ်ားႀကီးသက္ ေရာက္သြားတယ္။ ထုတ္ေဝသူက အ႐ံႈးေပၚသ လို စာေရးသူကလည္း မ်က္ႏွာပန္း မလွပါဘူး။ လစဥ္လစဥ္ စာအုပ္ေတြရဲ႕ေရာင္းအား ေစာင္ေရ ေတြက်လို႔ဆိုတဲ့ ထုတ္ေဝသူရဲ႕ ညည္းညဴသံ ၾကားတိုင္း ႏွလံုးေရာဂါရမတတ္ ကြၽန္မခံစားခဲ့ရ ဖူးပါတယ္။
.


.
ကြၽန္မလံုးခ်င္းထြက္တဲ့ကာလက ၂ဝ၁၅ ခုႏွစ္ အေစာပိုင္းကာလပါ။ စာအုပ္ေလာကႀကီး တအိအိၿပိဳက်ေနတဲ့ ကြၽန္မက ကပ္ေခတ္မွာ စာေရးသူျဖစ္လာသလိုပဲ။ ကြၽန္မကေရႊပေဒသာ နဲ႔ စာခ်ဳပ္ၿပီး ဝတၴဳေရးပါတယ္။ ေခတ္ပ်က္ႀကီး ေပမယ့္ ထုတ္ေဝသူဟာ စာခ်ဳပ္အရ စာမူခနည္း ေပမယ့္ ကြၽန္မနာမည္နဲ႔ပဲ ကြၽန္မစာအုပ္ေတြကို ထုတ္ေပးတာပါ။ ကိုယ္ေတြက ရွဲသရဲဆိုတဲ့ ထိတ္လန္႔စရာကာလကို ၾကားသိထားဖူးေတာ့ စာမူခနည္းတာထက္ ကိုယ့္နာမည္နဲ႔ထုတ္ေပး တာကိုပဲ ေက်းဇူးတင္ရတာပါ။
.
စာအုပ္ထုတ္ေဝေရး၊ ျဖန္႔ခ်ိေရး၊ ေရာင္း ဝယ္ေရးဆိုတာ တစ္စထက္တစ္စ ယိုယြင္းပ်က္ စီးေနေတာ့ ၂ဝ၁၈ ခုႏွစ္မွာ စာအုပ္ထုတ္ေဝေရး ေတြ တစ္ခုၿပီးတစ္ခု ရပ္နားလာပါတယ္။ ဝတၴဳ ေလာကတင္မဟုတ္ပါဘူး။ မဂၢဇင္းေလာက၊ ဂ်ာနယ္ေလာကေတြလည္း ထိုနည္းလည္း ေကာင္းပါပဲ။ ဥပမာေပးရရင္ ဂ်ာမန္ေတြဟာ ဂ်ဴးေတြကို ၾသစဝစ္အက်ဥ္းေထာင္ထဲက ထုတ္ ၿပီး အေသသတ္သလို ဘယ္အခ်ိန္မွာ ဘယ္မဂၢ ဇင္းေတာ့ ဘာေၾကာင့္ရပ္နားၿပီ၊ ဘယ္ဂ်ာနယ္ ေတာ့ နားၿပီ အဲ့လိုေၾကာ္ျငာေတြေတြ႕ရင္ ကိုယ့္ အသည္းႏွလံုးကို ဆြဲႏုတ္ခံရသလိုပါပဲ။ စိတ္မ ခ်မ္းသာရပါဘူး။ ကြၽန္မကလံုးခ်င္းေရးတယ္ ဆိုေပမယ့္ မဂၢဇင္းေတြမွာ ကဗ်ာေတြ၊ ဝတၴဳတို ေတြေရးၿပီး စာေပေလာကထဲ ေရာက္ခဲ့ေတာ့ မဂၢဇင္းေလာကက အေမဆို၊ လံုးခ်င္းေလာက က အေဖပါပဲ။
.

လြန္ခဲ့တဲ့ တစ္ပတ္က ကဗ်ာဆရာအစ္ကို တစ္ေယာက္က ဖုန္းဆက္လာပါတယ္။ နင့္ကို လိုင္းေပၚမေတြ႕လို႔ လိုင္းေပၚမွာ စာပို႔ထားတယ္။ အေရးႀကီးတယ္။ တက္ၾကည့္ဦးဆိုေတာ့ ကြၽန္မ လည္း တက္ၾကည့္ပါတယ္။ အဲ့ဒီေတာ့မွ စာ ေရးဆရာမ ၾကည္ႏုေခတ္နဲ႔ ကဗ်ာဆရာလင္း သွ်ီလတို႔က ကြၽန္မကို လင့္တစ္ခု ပို႔ထားတာ ေတြ႕ရတယ္။ ဘာပါလိမ့္ေပါ။ ကြၽန္မအဲ့ဒီလင့္ ကို ဝင္ဖတ္ေတာ့မွ Harry Shane ဆိုတဲ့ အ ေကာင့္ပိုင္ရွင္က ထြက္ရွိၿပီးခဲ့တဲ့ ကြၽန္မရဲ႕ 'ခ်စ္ ျခင္းရယ္ ကိုယ္ရယ္ မင္းရယ္' လံုးခ်င္းဝတၴဳရယ္၊ 'အမုန္းသင့္က်ိန္စာ' ဆိုတဲ့ လံုးခ်င္းဝတၴဳ ၂ အုပ္စလံုးကို ျဖတ္ၫွပ္ကပ္ လုပ္တာမဟုတ္ဘဲ ဤသည္မေရြး အစအဆံုး ကူးၿပီး သူ႔နာမည္နဲ႔ လိုင္းေပၚ အခန္းဆက္ဝတၴဳတင္ေနတာပါ။ တစ္ လံုးမွကို အလြဲ မရွိပါဘူး။ ဇာတ္ေကာင္နာမည္၊ ဝတၴဳနာမည္က အစ တူေနတာပါ။
.
ဒါနဲ႔ ကြၽန္မအေကာင့္ထဲ ဝင့္ၾကည့္လိုက္ ေတာ့ Harry Shane (ရင္ခြင္ျမႇား)' ဆိုတဲ့ နာ မည္နဲ႔ အခန္းဆက္ဝတၴဳေတြ အမ်ားႀကီးတင္ ထားတာကို ေတြ႕ရပါတယ္။ အြန္လိုင္းေပၚက ကြၽန္မပရိသတ္ေတြ ပို႔ေပးလာတဲ့ အခ်က္အ လက္ေတြအရ ဒီေကာင္ေလးဟာ ထုတ္ေဝၿပီးတဲ့ စာေရးဆရာမေတြရဲ႕ ဝတၴဳ ေတာ္ေတာ္မ်ားမ်ား ကို သူ႕နာမည္နဲ႔ လိုင္းေပၚတင္ေနတာ ပရိသတ္ ေတာ္ေတာ္ေတာင္ရေနပါၿပီ။ ကြၽန္မတို႔စာအုပ္ ဖတ္ဖူးသူေတြက အဲ့အခန္းဆက္ဝတၴဳတင္တဲ့ Page ေအာက္မွာ အဲ့စာအုပ္က ဆရာမဘယ္သူ ရဲ႕ ဝတၴဳပါေျပာရင္ သူ႕ကိုအားေပးတဲ့သူက ေျပာသူကို ဝိုင္းဆဲတယ္။ အေကာင့္ကို ရီပိုစ့္ထု တယ္တဲ့။
.
လတ္တေလာအတြင္းမွာျဖစ္သြားတာေတာ့ ဆရာမသွ်င္မပါ။ ဆရာမသွ်င္မရဲ႕ ဝတၴဳေတြကို လည္း အဲ့လိုတိုက္႐ိုက္ကူးေနၿပီး နာမည္က်မွာ သူတို႔နာမည္ေျပာင္းတင္ေနတာ တစ္အုပ္လည္း မဟုတ္၊ ၂ အုပ္လည္းမဟုတ္ေတာ့ ဆရာမက အဲ့လိုမလုပ္ၾကဖို႔၊ မခိုးၾကဖို႔ ေမတၱာရပ္ခံတဲ့အခါ ဆရာမအေကာင့္ထဲဝင္ၿပီး ဘာသက္ေသရွိလို႔လဲ ဆိ္ုၿပီး ဆဲၾကဆိုၾကပါတယ္။ အဲ့ကေလးေတြဟာ ၂ဝ ပတ္လည္ အသက္ အစိတ္မေက်ာ္ေသးတဲ့ ကေလးေတြမွန္ေပမယ့္ အသက္ ၅ဝ ေက်ာ္အ ရြယ္ ဆရာမကို နင္ပဲငါဆဆဲဆိုၿပီး အေကာင့္ ကို ဝိုင္းရီပိုစ့္ထုေတာ့ ဆရာမအေကာင့္ဟာ ပ်က္သြားပါတယ္။
.
ကြၽန္မကို ဝတၴဳေကာ္ပီကူးထားတဲ့ စာအုပ္ လင့္ေတြကို လိုင္းေပၚတင္ၿပီး ကြၽန္မစာအုပ္ခိုး ကူးတဲ့ ကေလးကို လာေတာင္းပန္ေပးပါ။ ကူး ထားတဲ့ဝတၴဳေတြအားလံုး ျဖဳတ္ခ်ေပးပါဆိုၿပီး ေၾကညာလိုက္ပါတယ္။ အဲ့ဒီအခ်ိန္မွာ Harry Shane အေကာင့္ပိုင္ရွင္ဟာ ကြၽန္မတို႔အေကာင့္ ေတြကိုဝင္ဘေလာ့ၿပီး ကိုယ္ေယာင္ေဖ်ာက္ေနခဲ့ ပါတယ္။ ေတာင္းလည္းမေတာင္းပန္သလို ကူး ထားတဲ့ဝတၴဳေတြကိုလည္း ျဖဳတ္မခ်ခဲ့ပါဘူး။ သူ ခိုးကူးတဲ့ဝတၴဳရဲ႕ စာရင္းကိုကြၽန္မျပဳစုလိုုက္တဲ့အခါမွာ စာေရးဆရာမ ဆုအဥၨလီရဲ႕ ဝတၴဳက ၅ အုပ္၊ စာေရးဆရာမမိုးစက္ပြင့္ရဲ႕ စာအုပ္က ၂ အုပ္၊ ကြၽန္မစာအုပ္က ၂ အုပ္ စုစုေပါင္း ၉ အုပ္ဆိုတာ ကြၽန္မစာရင္းရခဲ့ပါတယ္။ က်န္တဲ့ ဟာေတြကေတာ့ ကြၽန္မမဖတ္ႏိုင္လို႔ ဘယ္စာ အုပ္ေတြထပ္ကူးေသးသလဲ၊ ကိုယ္တိုင္ေရး ဟုတ္လား မဟုတ္လား မစမ္းစစ္ႏိုင္ပါဘူး။
.
ကြၽန္မကမေတာင္းပန္ရင္ တရားစြဲမယ္၊ အ ေရးယူမယ္လို႔အဲ့ဒီ Page ကိုသြားေျပာေတာ့မွ အဲ့ဒီ Page  ကကေလးေတြက သူ႕ကိုဆက္သြယ္ ၿပီး ေတာင္းပန္ခိုင္းပံုရတယ္။ chat box ကေန ကြၽန္မကို စာပို႔လာတာက ေအာက္ပါအတိုင္းပါ။
.
''မဂၤလာပါဆရာမ ကြၽန္ေတာ္ကဆရာမ ေျပာေနတဲ့ Harry Shane ဆိုတဲ့ အေကာင့္ပိုင္ ရွင္ပါ။ ဆရာမတို႔ေျပာေနတဲ့ copy  ယူတဲ့တရား ခံက ကြၽန္ေတာ္ပဲထားပါေတာ့၊ အာ့ေၾကာင့္ ကြၽန္ေတာ္လာၿပီး ေတာင္းပန္တာပါ။ ဥပေဒအရ အေရးယူတာ မယူတာ ဆရာမတို႔ အပိုင္းပါ။ အမွန္အတိုင္းေျပာရရင္ ဆရာမရဲ႕ကေလာင္နာ မည္ လိႈင္းၾကာျဖဴဆိုတာ သိလည္းမသိ ၾကား လည္းမၾကားဖူးပါဘူး။ ဆရာမကတရားဥပေဒနဲ႔ အေရးယူမယ္လို႔ ေျပာထားတာေတြ႕ရပါတယ္။ လိုင္းေပၚကလူတစ္ေယာက္ကို ဆရာမဘယ္လို ရွာမလဲ ကြၽန္ေတာ့္ပံုေရာ ဆရာမျမင္ဖူးလို႔လား၊ ဘယ္မွာေနတာေကာသိလို႔လား၊ ရွိန္းဂဏၰဆိုတဲ့ နာမည္ကေကာ အမွန္လို႔ ထင္ေနလား။ ''
.
ကူးတာလဲသူ ေတာင္းပန္တဲ့ေလသံက လည္း ေတာင္းပန္တဲ့ေလသံနဲ႔မတူဘဲ ၿခိမ္း ေျခာက္တာနဲ႔တူေနေရာ။ အခုေနာက္ပိုင္းမွာ တခ်ိဳ႕ online writer ေတြဟာ အဲ့လိုပဲကူးေန ၾကတာတဲ့၊ သူတို႔ဘက္က Like ေတြအမ်ား ႀကီးရထားတဲ့ ဆယ္လီေတြဆိုေတာ့ အင္အား ေတာင့္တယ္ဆိုရမယ္။ မေက်မနပ္ေျပာမိတဲ့ ကိုယ့္မန္႔ေအာက္မွာ ဝိုင္းဆဲၾကတဲ့ကေလးတခ်ိဳ႕ ေတြ၊ ကြယ္ရာမွာဂ႐ုဖြဲ႕ၿပီး အတင္းတုတ္တဲ့ က ေလးေတြေၾကာင့္ သူတို႔အနာဂတ္ကို ေတြး ၾကည့္ၿပီးရင္ေမာမိတယ္။
.
သူတို႔ေျပာသလို ကြၽန္မဝတၴဳက ယုတ္ေလ်ာ့ သြားစရာမရွိေပမယ့္ အဲ့ေကာင္ေလးေတြက စာေပကိုတကယ္ခ်စ္ျမတ္ႏိုးၾကတာ မဟုတ္ဘူး ေလ။ လိုင္းေပၚမွာနာမည္ႀကီးခ်င္႐ံုကလြဲရင္ စာ ေပအသိမရွိတဲ့သူေတြေပါ့။ လိုင္းေပၚမွာကိုယ့္ ဘာသာ ႐ိုး႐ိုးသားသားေရးေနတဲ့ကေလးေတြလည္း ေတြ႕ဖူးပါတယ္။ ကြၽန္မတို႔ေတာင္ ေစာင့္ ဖတ္ရေလာက္တဲ့အထိ ေကာင္းပါတယ္။ ဒါေပ မယ့္ အခုနလို အြန္လိုင္း သူခိုးေတြေၾကာင့္ သူတို႔ခမ်ာေရာအေျပာခံေနရတာ စိတ္မေကာင္း ပါဘူး။ ေနာက္ပိုင္းမွာ နာမည္ႀကီး ကဗ်ာဆရာ၊ စာေရးဆရာေတြရဲ႕ စာေတြကို ျဖတ္ၫွပ္ကပ္လုပ္ ၿပီး နာမည္ႀကီးလာတဲ့ကေလးေတြက မနည္းပါ ဘူး။
.
စာေရးဆရာအသင္းဆီ ဘယ္လိုလုပ္ရင္ ေကာင္းမလဲ ကြၽန္မအႀကံေတာင္းေတာ့ နာမည္ ေနရပ္လိပ္စာမသိဘဲနဲ႔ ဘာမွလုပ္လို႔ရမွာမဟုတ္ ဘူး၊ သတင္းစာထဲမွာေရွ႕ေနနဲ႔ ေၾကညာခ်က္ ထုတ္ပါတဲ့။ ေရွ႕ေနနဲ႔ေၾကညာခ်က္ထုတ္ရင္ အ ခ်ိန္ကုန္ပိုက္ဆံကုန္တာက ကြၽန္မတို႔ပါ။ တစ္ ရာဖိုး ၃ ေကာင့္တန္ေတြနဲ႔ အေကာင့္တစ္ေကာင့္ ပ်က္ရင္ ေနာက္တစ္ေကာင့္နဲ႔ေရးေနတဲ့ ကေလး ေတြအတြက္ ကြၽန္မတိို႔က ဟားစရာျဖစ္ေနပါ တယ္။ ဘယ္သူဘယ္ဝါမွန္းမသိ လိုက္ရွာရမယ့္ ကြၽန္မတို႔လိုစာေရးသူေတြအတြက္ အခက္အခဲ ရွိပါတယ္။ စာေရးဆရာနဲ႔ ပတ္သက္တဲ့ အဖြဲ႕ အစည္းတစ္ခုခုက ကြၽန္မတို႔စာေရးသူေတြဘက္ က ကာကြြယ္ေပးႏိုင္မယ့္ စီမံခ်က္တစ္ခုခုမ်ိဳး လုပ္ေပးရင္ ေကာင္းမွာပဲလို႔ ကြၽန္မယူဆပါတယ္။
.
အခုေတာ့ စာေရးဆရာ၊ ကဗ်ာဆရာေတြ ဟာ ေသာင္ျပင္မွာလြတ္ထားခဲ့ရတဲ့ေခြးေတြ လို  အကာအကြယ္မဲ့ေနတယ္လို႔ ကြၽန္မခံစားရပါ တယ္။ မူပိုင္ခြင့္ဥပေဒကေတာ့ ရွိပါရဲ႕။ ဘယ္သူ မွန္းမသိတဲ့သူေတြကို ကြၽန္မတို႔ဘယ္လိုတရားစြဲ မလဲ။ အင္တာနက္ေပၚတက္လိုက္တာနဲ႔ ေန႔စဥ္ နဲဲ႔အမွ် ဘယ္ကဗ်ာဆရာရဲ႕ ကဗ်ာကို ဘယ္သူ ကခိုးသြားတာ။ ဘယ္စာေရးသူရဲ႕ဝတၴဳကို လိုင္း ေပၚခပ္တည္တည္တင္ၿပီး နာမည္ေကာက္တပ္ တယ္ဆိုတဲ့ ျပႆနာကို ကြၽန္မတို႔ မၾကာခဏ ႀကံဳေနရပါတယ္။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေျဖ ရွင္းမယ္ဆိုေတာ့လည္း facebook ေပၚမွာအ ခ်က္အလက္အမွန္က မျဖည့္၊ profile ပံုအစစ္ အမွန္ကမတင္ ကြၽန္မတို႕ကဘယ္လိုစံုစမ္းစစ္ ေဆးမလဲ။ စာေပနဲ႔သက္ဆိုင္တဲ့ အာဏာပိုင္ ေတြက ဒီအတြက္ ထိေရာက္စြာ အေရးယူဖို႔စီမံ ခ်က္ေတြ၊ နည္းလမ္းေတြခ်မွတ္ေပးရင္ သိပ္ ေကာင္းမွာပဲလို႔ ကြၽန္မဆႏၵျပဳမိပါတယ္။
.
===================================
ရှဲ သရဲတွေထက် ဆိုးတဲ့ အွန်လိုင်းစာသူခိုး
လှိုင်းကြာဖြူ (လားရှိုး)
.
စာရေးတဲ့သူက ငွေကြေးအင်အားတတ်နိုင် လို့သော်လည်းကောင်း နာမည်ကြီးချင်လို့သော် လည်းကောင်း တကယ့်စာရေးသူဆီက စာမူကို သူ့နာမည်နဲ့ထုတ်၊ စာရေးဆရာကတော့ မဖြစ် စလောက် ဉာဏ်ပူဇော်ခလောက်ပဲ ရတာပါ။ တ ချို့ကိုယ်တိုင်ရေး စာရေးဆရာတွေဟာ စာအုပ် တိုက်တစ်ခုနဲ့ စာချုပ် ချုပ်တော့မယ်ဆို တချို့ ထုတ်ဝေသူတွေက သူတို့ကို ဘယ်နှစ်အုပ် အလ ကား ရေးပေးရမယ်ဆိုတာမျိုး ချုပ်ကိုင်ထားတာ လည်း ကျွန်မ ကြားဖူးပါတယ်။ အဲ့ဒါကိုအရပ်အ ခေါ် ရှဲဒိုးရေးတယ်လို့ ကြားဖူးပါတယ်။
.
စာပေလောကမှာ အဲ့လိုပြဿနာတွေ ခဏ ခဏတက်ခဲ့ပါတယ်။ မူရင်းစာရေးသူဟာ သူ ရေးတဲ့စာအုပ်တွေနဲ့ အခြားနာမည်ခံထားသူ အောင်မြင်နေတဲ့အခါ မခံစားနိုင်လို့ Suicide  လုပ်သွားတဲ့အဖြစ်လည်းကြုံဖူးပါတယ်။ နာမည် ဘယ်သူဘယ်ဝါဆိုတာ ထုတ်မပြောတော့ပါဘူး။ သူ့ခမျာသူကတော့ကိုယ်စိတ်နှလုံး ၃ ပါးစလုံးနဲ့ ခံစားပြီး ရေးဖွဲ့ထားရတာ တကယ့်တကယ်စာ အုပ်ကအောင်မြင် ရေးသူကနာမည်ကြီးတော့ သူမဟုတ်ဘဲ အခြားတစ်ယောက်ဆိုတော့ သူ ဘယ်ခံစားနိုင်မလဲ။ ဟုတ်တာပေါ့။ နောက်ဖြစ် ရပ်တစ်ခုက လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဖြစ် ခဲ့တာ ထုတ်ဝေသူတစ်ယောက်ဟာ သူ့နာမည် ခံပြီး စာရေးဆရာမရဲ့ စာအုပ်တွေထုတ် နောက် အဲ့ဒီဆရာမရဲ့ စာအုပ်တွေကအောင်မြင်လွန်းမ ကအောင်မြင်လာ။ စောင်ရေတက်ပေမယ့် ထုတ်ဝေသူက ပိုက်ဆံတိုးမပေးသလို သူ့နာ မည်နဲ့ထုတ်လည်းမပေး၊ အခြားသောတိုက်တွေ နဲ့လည်းစာချုပ်ချုပ်ခွင့်မပြု နောက်တော့အဲ့ဒီစာ ရေးသူနဲ့ ထုတ်ဝေသူတိုင်းသိပြည်သိ အကြီးအ ကျယ် ပြဿနာတက်တော့တာပဲ။ ဒီတော့မှ ပရိ သတ်တွေကလည်း အဲ့ဒီ စာအုပ်တွေကို ရေးနေ သူ အစစ်အမှန်ကို သိတဲ့နောက် အဲ့ဒီနာမည်ခံသူ ကို အပြင်းအထန် ရှုံ့ချကြတယ် သူ့စာတွေကို အားမပေးတော့ဘူး။ မူရင်း စာရေးသူရဲ့အလား အလာကို သိတဲ့တခြားသော ထုတ်ဝေသူက စာမူခထိုက်ထိုက်တန်တန်ပေးတော့ အဲ့ဆရာမ ကအဲ့တိုက်မှာရေးပြီလေ။ ဟိုနာမည်ခံထားတဲ့ သူကတော့ သူကိုယ်တိုင်ပဲရေးသလား၊ အရင် လို စာရေးသူတစ်ဦးပဲမွေးမလားမသိဘူး။ သူ့ နာမည်နဲ့ ဆက်ထွက်တာပဲ အရေးအသားတွေ ကတော့ အရင်အရေးအသားနဲ့ ဘယ်တူပါ့မလဲ အသိသာကြီးပေါ့။ ကျွန်မတို့ လုံးချင်းလောကမှာ အဲ့လိုရှဲသရဲတွေကြီးစိုးခဲ့ပါတယ်။
.
အဲ့ဒီလိုရှဲဒိုးအမည်ခံထားတဲ့ စာရေးဆရာ တွေကို သိတဲ့စာရေးဆရာတွေ ဘယ်သူမှအ ပေါင်းအသင်းမလုပ်ချင်ကြပါဘူး။ အဲ့ဒီလိုလူကို စာရေးဆရာလို့တောင် သတ်မှတ်လို့မရတာ။ စာပေလောကမှာ ရှဲ သရဲတွေကတော့ ခေတ်အ ဆက်ဆက်ရှိခဲ့တာပဲ။ ပိုများတာတော့ ကျွန်မတို့ လုံးချင်း ဝတ္ထုအသိုင်းအဝိုင်းမှာ ပိုများပါတယ်။
.
ယခင်က ယိုင်ရုံယိုင်ခဲ့တဲ့ စာပေလောကကြီး ဟာ ဖုန်းကိုလူတွေက တွင်တွင်ကျယ်ကျယ်သုံး လာနိုင်တဲ့အချိန်မှာ တအိအိနဲ့ ပြိုကျခဲ့ပါတယ်။ စာပေလောကနဲ့ စာအုပ်ထုတ်ဝေရေးလောကရဲ့ စစ်တမ်းအရ စာအုပ်အငှားဆိုင်တွေဆိုတာ လူ တွေစာအုပ်ငှားမဖတ်ကြလို့ မရှိတော့ဘူး။ မြို့ တိုင်းမြို့တိုင်းမှာတောင် စာအုပ်အရောင်းဆိုင်ဆို တာ လက်ချိုးရေလို့တောင် လက်တစ်ဖက်မ ပြည့်တော့ဘူးတဲ့။ ၂ဝ၁၅ နောက်ပိုင်းမှာ ကျွန်မ တို့လုံးချင်းဝတ္ထုလောကကြီးက လုံးဝကို ယိုင်နဲ့ ပြိုကျလာပါတယ်။
.
လူတော်များများဟာ ဖုန်းပေါ်မှာ အချိန် ကုန်လာခဲ့ကြတယ်။ စာဖတ်သူတွေကလည်း ဖုန်းနဲ့စာအုပ်လင့်တွေကို ဒေါင်းလုတ်လုပ်ပြီး ဖတ်ရတာပိုလွယ်ကူတယ်လို့ ယူဆလာကြတယ်။ စာအုပ်ကို လက်နဲ့ကိုင်ဖတ်ရတဲ့ အရသာကို ကြိုက်နှစ်သက်သူတွေကလွဲလို့ လူတွေကဖုန်း ပေါ်မှာပဲဖတ်ကြတော့တယ်။ တချို့ ethics နား မလည်သူတွေဆိုရင် စာအုပ်ထုတ်တာက တစ်လ ၂ လ မရှိသေးဘူး စျေးကွက်မှာစာအုပ်ဖြန့် တာတောင် ပူပူနွေးနွေးရှိနေချိန်မှာ အဲ့စာအုပ်ကို ဒေါင်းလုတ်လင့် လုပ်လိုက်တဲ့အခါ လူတွေက ပိုက်ဆံပေးဝယ်ရမယ့် စာအုပ်အင်တာနက်လေး ဖွင့်ပြီး ဒေါင်းလိုက်ရင် တန်းဖတ်ကြတော့တာပေါ့။ စာအုပ်သွားဝယ်ရတဲ့ဒုက္ခ၊ ပိုက်ဆံကုန်ရမယ့် ဒု က္ခတွေ သူတို့မှာ မရှိပေမယ့် အဲ့ဒီဆိုးကျိုးဟာ စာရေးသူနဲ့ ထုတ်ဝေသူအပေါ် အများကြီးသက် ရောက်သွားတယ်။ ထုတ်ဝေသူက အရှုံးပေါ်သ လို စာရေးသူကလည်း မျက်နှာပန်း မလှပါဘူး။ လစဉ်လစဉ် စာအုပ်တွေရဲ့ရောင်းအား စောင်ရေ တွေကျလို့ဆိုတဲ့ ထုတ်ဝေသူရဲ့ ညည်းညူသံ ကြားတိုင်း နှလုံးရောဂါရမတတ် ကျွန်မခံစားခဲ့ရ ဖူးပါတယ်။
.
ကျွန်မလုံးချင်းထွက်တဲ့ကာလက ၂ဝ၁၅ ခုနှစ် အစောပိုင်းကာလပါ။ စာအုပ်လောကကြီး တအိအိပြိုကျနေတဲ့ ကျွန်မက ကပ်ခေတ်မှာ စာရေးသူဖြစ်လာသလိုပဲ။ ကျွန်မကရွှေပဒေသာ နဲ့ စာချုပ်ပြီး ဝတ္ထုရေးပါတယ်။ ခေတ်ပျက်ကြီး ပေမယ့် ထုတ်ဝေသူဟာ စာချုပ်အရ စာမူခနည်း ပေမယ့် ကျွန်မနာမည်နဲ့ပဲ ကျွန်မစာအုပ်တွေကို ထုတ်ပေးတာပါ။ ကိုယ်တွေက ရှဲသရဲဆိုတဲ့ ထိတ်လန့်စရာကာလကို ကြားသိထားဖူးတော့ စာမူခနည်းတာထက် ကိုယ့်နာမည်နဲ့ထုတ်ပေး တာကိုပဲ ကျေးဇူးတင်ရတာပါ။
.
စာအုပ်ထုတ်ဝေရေး၊ ဖြန့်ချိရေး၊ ရောင်း ဝယ်ရေးဆိုတာ တစ်စထက်တစ်စ ယိုယွင်းပျက် စီးနေတော့ ၂ဝ၁၈ ခုနှစ်မှာ စာအုပ်ထုတ်ဝေရေး တွေ တစ်ခုပြီးတစ်ခု ရပ်နားလာပါတယ်။ ဝတ္ထု လောကတင်မဟုတ်ပါဘူး။ မဂ္ဂဇင်းလောက၊ ဂျာနယ်လောကတွေလည်း ထိုနည်းလည်း ကောင်းပါပဲ။ ဥပမာပေးရရင် ဂျာမန်တွေဟာ ဂျူးတွေကို သြစဝစ်အကျဉ်းထောင်ထဲက ထုတ် ပြီး အသေသတ်သလို ဘယ်အချိန်မှာ ဘယ်မဂ္ဂ ဇင်းတော့ ဘာကြောင့်ရပ်နားပြီ၊ ဘယ်ဂျာနယ် တော့ နားပြီ အဲ့လိုကြော်ငြာတွေတွေ့ရင် ကိုယ့် အသည်းနှလုံးကို ဆွဲနုတ်ခံရသလိုပါပဲ။ စိတ်မ ချမ်းသာရပါဘူး။ ကျွန်မကလုံးချင်းရေးတယ် ဆိုပေမယ့် မဂ္ဂဇင်းတွေမှာ ကဗျာတွေ၊ ဝတ္ထုတို တွေရေးပြီး စာပေလောကထဲ ရောက်ခဲ့တော့ မဂ္ဂဇင်းလောကက အမေဆို၊ လုံးချင်းလောက က အဖေပါပဲ။
စာအုပ်ထုတ်ဝေရေး၊ ဖြန့်ချိရေး၊ ရောင်း ဝယ်ရေးဆိုတာ တစ်စထက်တစ်စ ယိုယွင်းပျက် စီးနေတော့ ၂ဝ၁၈ ခုနှစ်မှာ စာအုပ်ထုတ်ဝေရေး တွေ တစ်ခုပြီးတစ်ခု ရပ်နားလာပါတယ်။ ဝတ္ထု လောကတင်မဟုတ်ပါဘူး။ မဂ္ဂဇင်းလောက၊ ဂျာနယ်လောကတွေလည်း ထိုနည်းလည်း ကောင်းပါပဲ။
.
လွန်ခဲ့တဲ့ တစ်ပတ်က ကဗျာဆရာအစ်ကို တစ်ယောက်က ဖုန်းဆက်လာပါတယ်။ နင့်ကို လိုင်းပေါ်မတွေ့လို့ လိုင်းပေါ်မှာ စာပို့ထားတယ်။ အရေးကြီးတယ်။ တက်ကြည့်ဦးဆိုတော့ ကျွန်မ လည်း တက်ကြည့်ပါတယ်။ အဲ့ဒီတော့မှ စာ ရေးဆရာမ ကြည်နုခေတ်နဲ့ ကဗျာဆရာလင်း သျှီလတို့က ကျွန်မကို လင့်တစ်ခု ပို့ထားတာ တွေ့ရတယ်။ ဘာပါလိမ့်ပေါ။ ကျွန်မအဲ့ဒီလင့် ကို ဝင်ဖတ်တော့မှ Harry Shane ဆိုတဲ့ အ ကောင့်ပိုင်ရှင်က ထွက်ရှိပြီးခဲ့တဲ့ ကျွန်မရဲ့ 'ချစ် ခြင်းရယ် ကိုယ်ရယ် မင်းရယ်' လုံးချင်းဝတ္ထုရယ်၊ 'အမုန်းသင့်ကျိန်စာ' ဆိုတဲ့ လုံးချင်းဝတ္ထု ၂ အုပ်စလုံးကို ဖြတ်ညှပ်ကပ် လုပ်တာမဟုတ်ဘဲ ဤသည်မရွေး အစအဆုံး ကူးပြီး သူ့နာမည်နဲ့ လိုင်းပေါ် အခန်းဆက်ဝတ္ထုတင်နေတာပါ။ တစ် လုံးမှကို အလွဲ မရှိပါဘူး။ ဇာတ်ကောင်နာမည်၊ ဝတ္ထုနာမည်က အစ တူနေတာပါ။
.
ဒါနဲ့ ကျွန်မအကောင့်ထဲ ဝင့်ကြည့်လိုက် တော့ ‘Harry Shane (ရင်ခွင်မြှား)' ဆိုတဲ့ နာ မည်နဲ့ အခန်းဆက်ဝတ္ထုတွေ အများကြီးတင် ထားတာကို တွေ့ရပါတယ်။ အွန်လိုင်းပေါ်က ကျွန်မပရိသတ်တွေ ပို့ပေးလာတဲ့ အချက်အ လက်တွေအရ ဒီကောင်လေးဟာ ထုတ်ဝေပြီးတဲ့ စာရေးဆရာမတွေရဲ့ ဝတ္ထု တော်တော်များများ ကို သူ့နာမည်နဲ့ လိုင်းပေါ်တင်နေတာ ပရိသတ် တော်တော်တောင်ရနေပါပြီ။ ကျွန်မတို့စာအုပ် ဖတ်ဖူးသူတွေက အဲ့အခန်းဆက်ဝတ္ထုတင်တဲ့ Page အောက်မှာ အဲ့စာအုပ်က ဆရာမဘယ်သူ ရဲ့ ဝတ္ထုပါပြောရင် သူ့ကိုအားပေးတဲ့သူက ပြောသူကို ဝိုင်းဆဲတယ်။ အကောင့်ကို ရီပိုစ့်ထု တယ်တဲ့။
.
လတ်တလောအတွင်းမှာဖြစ်သွားတာတော့ ဆရာမသျှင်မပါ။ ဆရာမသျှင်မရဲ့ ဝတ္ထုတွေကို လည်း အဲ့လိုတိုက်ရိုက်ကူးနေပြီး နာမည်ကျမှာ သူတို့နာမည်ပြောင်းတင်နေတာ တစ်အုပ်လည်း မဟုတ်၊ ၂ အုပ်လည်းမဟုတ်တော့ ဆရာမက အဲ့လိုမလုပ်ကြဖို့၊ မခိုးကြဖို့ မေတ္တာရပ်ခံတဲ့အခါ ဆရာမအကောင့်ထဲဝင်ပြီး ဘာသက်သေရှိလို့လဲ ဆိ်ုပြီး ဆဲကြဆိုကြပါတယ်။ အဲ့ကလေးတွေဟာ ၂ဝ ပတ်လည် အသက် အစိတ်မကျော်သေးတဲ့ ကလေးတွေမှန်ပေမယ့် အသက် ၅ဝ ကျော်အ ရွယ် ဆရာမကို နင်ပဲငါဆဆဲဆိုပြီး အကောင့် ကို ဝိုင်းရီပိုစ့်ထုတော့ ဆရာမအကောင့်ဟာ ပျက်သွားပါတယ်။
.
ကျွန်မကို ဝတ္ထုကော်ပီကူးထားတဲ့ စာအုပ် လင့်တွေကို လိုင်းပေါ်တင်ပြီး ကျွန်မစာအုပ်ခိုး ကူးတဲ့ ကလေးကို လာတောင်းပန်ပေးပါ။ ကူး ထားတဲ့ဝတ္ထုတွေအားလုံး ဖြုတ်ချပေးပါဆိုပြီး ကြေညာလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ Harry Shane အကောင့်ပိုင်ရှင်ဟာ ကျွန်မတို့အကောင့် တွေကိုဝင်ဘလော့ပြီး ကိုယ်ယောင်ဖျောက်နေခဲ့ ပါတယ်။ တောင်းလည်းမတောင်းပန်သလို ကူး ထားတဲ့ဝတ္ထုတွေကိုလည်း ဖြုတ်မချခဲ့ပါဘူး။ သူ ခိုးကူးတဲ့ဝတ္ထုရဲ့ စာရင်းကိုကျွန်မပြုစုလိုုက်တဲ့အခါမှာ စာရေးဆရာမ ဆုအဥ္ဇလီရဲ့ ဝတ္ထုက ၅ အုပ်၊ စာရေးဆရာမမိုးစက်ပွင့်ရဲ့ စာအုပ်က ၂ အုပ်၊ ကျွန်မစာအုပ်က ၂ အုပ် စုစုပေါင်း ၉ အုပ်ဆိုတာ ကျွန်မစာရင်းရခဲ့ပါတယ်။ ကျန်တဲ့ ဟာတွေကတော့ ကျွန်မမဖတ်နိုင်လို့ ဘယ်စာ အုပ်တွေထပ်ကူးသေးသလဲ၊ ကိုယ်တိုင်ရေး ဟုတ်လား မဟုတ်လား မစမ်းစစ်နိုင်ပါဘူး။
.
ကျွန်မကမတောင်းပန်ရင် တရားစွဲမယ်၊ အ ရေးယူမယ်လို့အဲ့ဒီ Page ကိုသွားပြောတော့မှ အဲ့ဒီ Page  ကကလေးတွေက သူ့ကိုဆက်သွယ် ပြီး တောင်းပန်ခိုင်းပုံရတယ်။ chat box ကနေ ကျွန်မကို စာပို့လာတာက အောက်ပါအတိုင်းပါ။
.
''မင်္ဂလာပါဆရာမ ကျွန်တော်ကဆရာမ ပြောနေတဲ့ Harry Shane ဆိုတဲ့ အကောင့်ပိုင် ရှင်ပါ။ ဆရာမတို့ပြောနေတဲ့ copy  ယူတဲ့တရား ခံက ကျွန်တော်ပဲထားပါတော့၊ အာ့ကြောင့် ကျွန်တော်လာပြီး တောင်းပန်တာပါ။ ဥပဒေအရ အရေးယူတာ မယူတာ ဆရာမတို့ အပိုင်းပါ။ အမှန်အတိုင်းပြောရရင် ဆရာမရဲ့ကလောင်နာ မည် လှိုင်းကြာဖြူဆိုတာ သိလည်းမသိ ကြား လည်းမကြားဖူးပါဘူး။ ဆရာမကတရားဥပဒေနဲ့ အရေးယူမယ်လို့ ပြောထားတာတွေ့ရပါတယ်။ လိုင်းပေါ်ကလူတစ်ယောက်ကို ဆရာမဘယ်လို ရှာမလဲ ကျွန်တော့်ပုံရော ဆရာမမြင်ဖူးလို့လား၊ ဘယ်မှာနေတာကောသိလို့လား၊ ရှိန်းဂဏ္ဏဆိုတဲ့ နာမည်ကကော အမှန်လို့ ထင်နေလား။ ''
.
ကူးတာလဲသူ တောင်းပန်တဲ့လေသံက လည်း တောင်းပန်တဲ့လေသံနဲ့မတူဘဲ ခြိမ်း ခြောက်တာနဲ့တူနေရော။ အခုနောက်ပိုင်းမှာ တချို့ online writer တွေဟာ အဲ့လိုပဲကူးနေ ကြတာတဲ့၊ သူတို့ဘက်က Like တွေအများ ကြီးရထားတဲ့ ဆယ်လီတွေဆိုတော့ အင်အား တောင့်တယ်ဆိုရမယ်။ မကျေမနပ်ပြောမိတဲ့ ကိုယ့်မန့်အောက်မှာ ဝိုင်းဆဲကြတဲ့ကလေးတချို့ တွေ၊ ကွယ်ရာမှာဂရုဖွဲ့ပြီး အတင်းတုတ်တဲ့ က လေးတွေကြောင့် သူတို့အနာဂတ်ကို တွေး ကြည့်ပြီးရင်မောမိတယ်။
.
သူတို့ပြောသလို ကျွန်မဝတ္ထုက ယုတ်လျော့ သွားစရာမရှိပေမယ့် အဲ့ကောင်လေးတွေက စာပေကိုတကယ်ချစ်မြတ်နိုးကြတာ မဟုတ်ဘူး လေ။ လိုင်းပေါ်မှာနာမည်ကြီးချင်ရုံကလွဲရင် စာ ပေအသိမရှိတဲ့သူတွေပေါ့။ လိုင်းပေါ်မှာကိုယ့် ဘာသာ ရိုးရိုးသားသားရေးနေတဲ့ကလေးတွေလည်း တွေ့ဖူးပါတယ်။ ကျွန်မတို့တောင် စောင့် ဖတ်ရလောက်တဲ့အထိ ကောင်းပါတယ်။ ဒါပေ မယ့် အခုနလို အွန်လိုင်း သူခိုးတွေကြောင့် သူတို့ခမျာရောအပြောခံနေရတာ စိတ်မကောင်း ပါဘူး။ နောက်ပိုင်းမှာ နာမည်ကြီး ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ စာတွေကို ဖြတ်ညှပ်ကပ်လုပ် ပြီး နာမည်ကြီးလာတဲ့ကလေးတွေက မနည်းပါ ဘူး။
.
စာရေးဆရာအသင်းဆီ ဘယ်လိုလုပ်ရင် ကောင်းမလဲ ကျွန်မအကြံတောင်းတော့ နာမည် နေရပ်လိပ်စာမသိဘဲနဲ့ ဘာမှလုပ်လို့ရမှာမဟုတ် ဘူး၊ သတင်းစာထဲမှာရှေ့နေနဲ့ ကြေညာချက် ထုတ်ပါတဲ့။ ရှေ့နေနဲ့ကြေညာချက်ထုတ်ရင် အ ချိန်ကုန်ပိုက်ဆံကုန်တာက ကျွန်မတို့ပါ။ တစ် ရာဖိုး ၃ ကောင့်တန်တွေနဲ့ အကောင့်တစ်ကောင့် ပျက်ရင် နောက်တစ်ကောင့်နဲ့ရေးနေတဲ့ ကလေး တွေအတွက် ကျွန်မတိို့က ဟားစရာဖြစ်နေပါ တယ်။ ဘယ်သူဘယ်ဝါမှန်းမသိ လိုက်ရှာရမယ့် ကျွန်မတို့လိုစာရေးသူတွေအတွက် အခက်အခဲ ရှိပါတယ်။ စာရေးဆရာနဲ့ ပတ်သက်တဲ့ အဖွဲ့ အစည်းတစ်ခုခုက ကျွန်မတို့စာရေးသူတွေဘက် က ကာကွွယ်ပေးနိုင်မယ့် စီမံချက်တစ်ခုခုမျိုး လုပ်ပေးရင် ကောင်းမှာပဲလို့ ကျွန်မယူဆပါတယ်။
.
အခုတော့ စာရေးဆရာ၊ ကဗျာဆရာတွေ ဟာ သောင်ပြင်မှာလွတ်ထားခဲ့ရတဲ့ခွေးတွေ လို  အကာအကွယ်မဲ့နေတယ်လို့ ကျွန်မခံစားရပါ တယ်။ မူပိုင်ခွင့်ဥပဒေကတော့ ရှိပါရဲ့။ ဘယ်သူ မှန်းမသိတဲ့သူတွေကို ကျွန်မတို့ဘယ်လိုတရားစွဲ မလဲ။ အင်တာနက်ပေါ်တက်လိုက်တာနဲ့ နေ့စဉ် နဲဲ့အမျှ ဘယ်ကဗျာဆရာရဲ့ ကဗျာကို ဘယ်သူ ကခိုးသွားတာ။ ဘယ်စာရေးသူရဲ့ဝတ္ထုကို လိုင်း ပေါ်ခပ်တည်တည်တင်ပြီး နာမည်ကောက်တပ် တယ်ဆိုတဲ့ ပြဿနာကို ကျွန်မတို့ မကြာခဏ ကြုံနေရပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေ ရှင်းမယ်ဆိုတော့လည်း facebook ပေါ်မှာအ ချက်အလက်အမှန်က မဖြည့်၊ profile ပုံအစစ် အမှန်ကမတင် ကျွန်မတို့ကဘယ်လိုစုံစမ်းစစ် ဆေးမလဲ။ စာပေနဲ့သက်ဆိုင်တဲ့ အာဏာပိုင် တွေက ဒီအတွက် ထိရောက်စွာ အရေးယူဖို့စီမံ ချက်တွေ၊ နည်းလမ်းတွေချမှတ်ပေးရင် သိပ် ကောင်းမှာပဲလို့ ကျွန်မဆန္ဒပြုမိပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats