အေျပာင္းအလဲေစာင့္ရင္း ျပည္သူေတြ ငါးပါးေမွာက္ေနၾကဆဲ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, August 29, 2019

အေျပာင္းအလဲေစာင့္ရင္း ျပည္သူေတြ ငါးပါးေမွာက္ေနၾကဆဲ

ေအာင္ဆန္း၀င္း
.
အလုပ္အကိုင္ ေကာင္းလား၊ မေကာင္း လားေတာ့ မေျပာတတ္ဘူး။ တစ္ေန႔တစ္ေန႔ သြားလုိက္ လာလိုက္ ဓာတ္ဆီဖိုးကုန္၊ အခ်ိန္ ေတြကုန္နဲ႔ ေနာက္ဆံုးမိုးမိၿပီးဖ်ားတာပဲ အဖတ္ တင္တယ္။ ထီးျဖဴဖိနပ္ပါးဆိုတဲ့ စကားလိုေပါ့။ ဟိုဖက္နားခပ္လႈပ္လႈပ္ အသံေတြၾကားလို႔သြား ၾကည့္။ အသံပဲရွိတယ္။ အလုပ္ကမျဖစ္ဘူး။ ေနာက္တစ္ေနရာအဝယ္လိုက္တယ္ အသံၾကား တာနဲ႔ အေရာက္ေျပးတယ္။ ထံုးစံအတုိင္း ဘာ အလုပ္မွမျဖစ္ဘူး။ တကယ္ျဖစ္ေနတာကေရာင္း ခ်င္တဲ့လူမ်ားေနတာ။ အမွန္တကယ္ဝယ္မယ့္ လူကမရွိဘူး။ လက္ထဲပိုက္မိေနတဲ့လူေတြက ဟိုအေၾကာင္းျပ၊ ဒီအေၾကာင္းျပ၊ ဟိုစီမံကိန္းရွိ တယ္၊ ဒီစီမံကိန္းႀကီးလာေတာ့မွာဆိုၿပီး အဝယ္ လႈပ္ေအာင္ ေလွ်ာက္ေျပာေနတာေလ။ အကြက္ ႀကီးေတြအလုပ္ျဖစ္ဖို႔မေျပာနဲ႔ ေစ်းနည္းေစ်းသင့္ တဲ့ အကြက္ငယ္ေတြေတာင္ တစ္လေနလို႔ တစ္ ကြက္အေရာင္းအဝယ္မျဖစ္ဘူး။
.
ရြာေတြဘက္မွာရွိတဲ့ ေျမကြက္အလုပ္မျဖစ္ လို႔ ၿမိဳ႕ေပၚမွာေကာအေရာင္းအဝယ္ျဖစ္လား မ ေမးနဲ႔။ ၿမိဳ႕ေပၚအိမ္ၿခံေျမေစ်းေခါင္ခိုက္ေနေတာ့ အလုပ္ျဖစ္ဖို႔ပိုေတာင္ေဝးေသးတယ္။ ရပ္ကြက္ ေတြထဲသြားရင္းလာရင္း ေတြ႕ဖူးမွာေပါ့။ အိမ္တံ ခါး ၿခံတံခါးမွာကပ္ထားတဲ့ အိမ္ေရာင္းမည္ ၿခံ ေရာင္းမည္ဆိုင္းဘုတ္ေတြ။ ဆိုင္းဘုတ္ေဆြးလို႕ အသစ္ျပန္ေရးကပ္ရတာ ဆိုင္းဘုတ္ဖိုးေငြကုန္ တာပဲရွိတယ္။ သတင္းေမးေစ်းေမးတဲ့လူေတာင္ မရွိဘူး။ ဒီလုပ္ငန္းထဲမွာက်င္လည္ခဲ့တဲ့ လက္ ႀကီးေတာ္ေတာ္မ်ားမ်ား အခုဒီအလုပ္ဖက္လွည့္ ေတာင္မၾကည့္ၾကေတာ့ဘူး။ တခ်ိဳ႕ေတြအလုပ္ အကိုင္ေျပာင္းသြားတယ္။ တခ်ိဳ႕ကသူတို႔မူလ လက္ငုတ္လက္ရင္း အလုပ္ေတြဖက္ျပန္သြားၾက တာေပါ့။ လူၾကားေကာင္းေအာင္ အလုပ္ျဖစ္သ လိုလို ဘာလိုလိုေျပာေနၾကတာ။ လက္ေတြ႕က ထမင္းငတ္မယ့္အလုပ္ျဖစ္ေနၿပီတဲ့။
.
အိမ္ၿခံေျမေလာကမွာ ႏွစ္ေပါင္း ၂ဝ ေလာက္ က်င္လည္ေနတဲ့ ပြဲစားတစ္ေယာက္ရဲ႕ စကားသံ။ သူလုပ္ကိုင္လာတဲ့သက္တမ္းတစ္ ေလွ်ာက္ အခုအခ်ိန္ေလာက္အလုပ္ပါးတာမ်ိဳး မႀကံဳဖူးေသးဘူးလို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ဦးသိန္း စိန္အစိုးရလက္ထက္က ေတာင္ႀကီးၿမိဳ႕အနီးတစ္ ဝိုက္မွာ ရွိတဲ့ အိမ္ၿခံေျမ အေရာင္းအဝယ္ အ ေတာ္ႀကီးျဖစ္ခဲ့တယ္။ ၿမိဳ႕ေပၚကေငြေၾကးတတ္ ႏိုင္တဲ့လူေတြ၊ ရပ္ေဝးကလာေရာက္ရင္းႏွီးျမဳပ္ႏွံ တဲ့လူေတြေၾကာင့္ ေတာ္ေတာ္ႀကီးလႈပ္လႈပ္ခတ္ ခတ္ ျဖစ္ခဲ့ဖူးပါတယ္။ အေရာင္းအဝယ္မျဖစ္တဲ့ ေန႔မရွိခဲ့ဘူး။ ၿမိဳ႕ေပၚၿမိဳ႕ျပင္ တစ္ေနရာမဟုတ္ တစ္ေနရာေတာ့ စာခ်ဳပ္ခ်ဳပ္သံၾကားေနရတယ္။ လံုးဝအေရာင္းအဝယ္ မရွိေအာင္ျဖစ္သြားတာ လက္ရွိအစိုးရလက္ထက္မွာလို႔ ေျပာၾကပါတယ္။ ဘယ္လိုအေၾကာင္း အရင္းေၾကာင့္ ျဖစ္တာ လည္း ေမးၾကည့္ေတာ့ ခိုင္မာတိက်တဲ့အေျဖမရွိ ၾကဘူး။
.

.
လက္ရွိအစိုးရ ၄ ႏွစ္သက္တမ္းျပန္ၾကည့္ ရင္ အိမ္ၿခံေျမေလာကမွ မဟုတ္ပါဘူး။ အ ဘက္ဘက္က က်ဆင္းေနတာ ျမင္ေတြ႕ေနရ တယ္။ အဓိကက်ဆင္းေနတာ တိုင္းျပည္ရဲ႕စီးပြား  ေရးပါ။ ဘာေတြဘယ္ေလာက္လုပ္ေနတယ္ေျပာ ေျပာ လက္ေတြ႕က်က်မြဲေနတဲ့ျပည္သူေတြကို ေသေသခ်ာခ်ာၾကည့္ရင္ျမင္ႏိုင္ပါလိမ့္မယ္။ ေျမ ျပင္အေျခအေနမသိဘဲ ပလႅင္ေပၚကငုတ္တုတ္ ထိုင္ၾကည့္ေန႐ံုနဲ႔ေတာ့ ဘာတစ္ခုမွျမင္ႏိုင္သိႏိုင္ မွာမဟုတ္ပါဘူး။ ျမန္မာႏိုင္ငံဟာ အာဆီယံမွာ ဖြံ႕ၿဖိဳးတိုးတက္ဆံုးစာရင္း ထိပ္ဆံုး ေရာက္တယ္ လို႔ ေျပာဆိုသံေတြ ထြက္ေနပါတယ္။ ဘယ္လို စံခ်ိန္ စံၫႊန္းနဲ႔တိုင္းတာေျပာမွန္းေတာ့မသိပါဘူး။ ျမန္ မာႏိုင္ငံတစ္ဝန္း၊ ရွမ္းျပည္နယ္အတြင္း မွီတင္း ေနထိုင္ၾကတဲ့ ျပည္သူေတြကေတာ့ ဆင္းရဲမြဲေတမႈတြင္းထဲ ဆင္းသထက္ ဆင္း ေနၾကတာ တိုင္းနဲ႔ ျပည္နယ္ ၁၄ ခုလံုးမွာ ရွိတဲ့ ျပည္သူေတြ အသိ ျဖစ္ပါတယ္။
.
''ဦးသိန္းစိန္အစိုးရလက္ထက္တုန္းက ၿခံ ကြက္အေရာင္းအဝယ္ေတာ္ေတာ္ႀကီး အလုပ္ ျဖစ္ခဲ့တယ္။ ၿမိဳ႕ေတာင္ဘက္မွာအမ်ားဆံုးျဖစ္ တာေပါ့။ ေနာက္ဘုရားျဖဴရပ္ကြက္ဘက္မွာျဖစ္ တယ္။ အခုအစိုးရလက္ထက္က်ေတာ့ ဘယ္လို ျဖစ္တယ္ေတာ့မေျပာတတ္ဘူး။ အေရာင္းအ ဝယ္မရွိသေလာက္ကိုျဖစ္ေနတယ္။ တိုင္းျပည္စီး ပြားေရးပို္င္းကအစစအရာရာ က်ဆင္းေနေတာ့ ျပည္သူေတြလက္ထဲ ေငြမရွိတာလည္းပါမယ္ ထင္ပါတယ္။ အရင္လိုရန္ကုန္၊ မႏၱေလးဘက္ ကလုပ္ငန္းရွင္သူေဌးေတြလာဝယ္တာလည္း မ ရွိေတာ့ဘူး။ အခုလက္ရွိေျမကြက္ပိုင္ရွင္ေတြက ေနာက္ဆံုးပိတ္မိတဲ့ သေဘာျဖစ္ေနတာေပါ့။ ၿမိဳ႕ေတာင္ဘက္ျခမ္းရြာေတြမွာ အစ္ကိုတို႔ ဝယ္ ထားတဲ့ ေျမကြက္ေတြ အမ်ားႀကီးက်န္ေနတယ္။ မင္းသား လြင္မိုး အကြက္နဲ႔ တစ္ဆက္တည္း။ အခုေစ်းေလ်ာ့ေရာင္းတာေတာင္ ဝယ္သူမရွိျဖစ္ ေနတယ္''လို႔ ၿခံကြက္အေရာင္းအဝယ္လုပ္တဲ့ ကိုရာမက ေျပာပါတယ္။
.

တိုင္းျပည္ စီးပြားေရး က်ဆင္းရတဲ့ အ ေၾကာင္းအရင္းတစ္ခုက အစိုးရရဲ႕ခိုင္မာတိက်တဲ့ မူဝါဒမရွိတာေၾကာင့္ ျဖစ္တယ္လို႔ သံုးသပ္ေျပာ ဆိုသံလည္း ၾကားေနရပါတယ္။ ၄ ႏွစ္တာသက္ တမ္းအတြင္း ျပန္ၾကည့္ဆိုရင္လည္း အစိုးရရဲ႕ ေကာင္းမြန္တိက်တဲ့ လုပ္ေဆာင္ခ်က္ေတြ ထူး ထူးျခားျခား ျမင္ေတြ႕ရျခင္းေတာ့မရွိေသးပါဘူး။ အသံၾကားတဲ့ေနာက္ကေယာင္ကတမ္း ေလွ်ာက္ လိုက္ေနတဲ့ ကေလးငယ္ အဆင့္ေလာက္သာ ျဖစ္ေနပါတယ္။ အစိုးရတစ္ရပ္မွာရွိသင့္ရွိထိုက္ တဲ့ အရည္အခ်င္းမ်ိဳးရွိမေနတဲ့အတြက္ အခ်ိန္ ေတြကုန္ၿပီး တိုင္းျပည္ကလံုးပါးပါးတဲ့အဆင့္ ကတက္မလာႏိုင္ပါဘူး။ အစိုးရတစ္ရပ္အတြက္ အေရးႀကီးဆံုး အရည္အခ်င္းက တိုင္းျပည္စီးပြား ေရး တိုးတက္ေအာင္လုပ္ေဆာင္ႏိုင္ျခင္းလို႔ ဆို ၾကပါတယ္။ လက္ရွိအစိုးရအေနနဲ႔ မွန္ကန္တဲ့ ျပဳျပင္ေျပာင္းလဲမႈ မလုပ္ႏိုင္သေရြ႕ တိုင္းျပည္စီး ပြားေရးေဇာက္ထိုးက်ဆင္းေနဦးမွာျဖစ္ပါတယ္။
.
အစိုးရအုပ္ခ်ဳပ္မႈ ယႏၱရားအတြင္း အေပၚနဲ႔ ေအာက္ခ်ိတ္ဆက္မႈ အားနည္းျခင္းကလည္း တိုင္းျပည္တိုးတက္ေအာင္ လုပ္ေဆာင္တဲ့ ေန ရာမွာ အားနည္းခ်က္တစ္ရပ္လို ျဖစ္ေနပါတယ္။ အေပၚအစိုးရသာ ေျပာင္းလဲခဲ့တာ ျဖစ္ၿပီး ေအာက္ ေျခက နဂိုအတိုင္းျဖစ္ေနတဲ့အတြက္ တခ်ိဳ႕ ေသာကိစၥရပ္ေတြမွာ လုပ္ကိုင္ရခက္ခဲတာ ရွိေန ဆဲျဖစ္ပါတယ္။ အေျပာင္းအလဲေနာက္လိုက္ပါ လိုတဲ့ လူရွိသလို၊ အေဟာင္းထဲမွာက်င္လည္ခ်င္ တဲ့လူလည္း ရွိတဲ့အတြက္ အစိုးရအေနနဲ႔ စိတ္ ထင္တိုင္းမေပါက္ႏိုင္ေသးပါဘူး။ တိက်ခိုင္မာ ျပတ္သားတဲ့ မူဝါဒနဲ႔ေဆာင္ရြက္မွ အေျပာင္းအ လဲကို စနစ္တက်ေဖာ္ေဆာင္ႏိုင္လိမ့္မယ္ ထင္ ပါတယ္။ ေလွသူႀကီးဘယ္ေလာက္ေတာ္ေတာ္ ဘယ္လိုဦးေဆာင္မႈေကာင္းပါေစ၊ ေလွထိုးသား ေတြညံ့ရင္ ခပ္ခ်ာခ်ာေလွထိုးသားေတြမ်ားရင္ ဘယ္လိုမွ ခရီးေပါက္ႏိုင္မွာမဟုတ္ပါဘူး။
.
ျမန္မာျပည္သူေတြဟာ ဆင္းရဲမြဲေတမႈနဲ႔ က်င့္သားရခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ လမ္းေဟာင္းထဲကေဖာက္ထြက္ႏိုင္ ေအာင္ ႀကိဳးပမ္းတာလည္း အႀကိမ္ႀကိမ္အခါခါ ပါ။ အေျပာင္းအလဲကို အမွန္တကယ္လိုခ်င္လို႔ ေျပာင္းလဲခ်ိန္တန္ၿပီဆိုတဲ့ ေၾ<ြကးေၾကာ္မႈေနာက္ ကို ေသာင္ၿပိဳကမ္းၿပိဳ လိုက္ပါအားေပးခဲ့ၾက တယ္။ ျပည္သူေတြရဲ႕အင္အားနဲ႔ ျပည္သူ႔အတြက္ အလုပ္လုပ္မယ့္ အစိုးရတစ္ရပ္ကို တင္ေျမာက္ ေပးခဲ့ၾကပါတယ္။ ျပည္သူဘက္က တာဝန္ေက် ေပမယ့္အစိုးရဘက္ကေတာ့ အားနည္းခ်က္ေတြ ရွိေနတုန္းလို႔ ဆိုရမွာပါ။ တိုင္းျပည္တိုးတက္ေရး ကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူမ်ား အားလံုးကိုယ္စီ တာဝန္ခံမႈ မရွိသ၍ ေကာင္းမြန္ တဲ့အေျပာင္းအလဲေပၚဖို႔ လမ္းစေပ်ာက္ေနဦးမွာ ျဖစ္ပါတယ္။ ျပည္သူေတြကို အမွန္တကယ္မ်က္ ႏွာမူမွ ျပည္သူအတြက္ အလုပ္လုပ္ႏိုင္ၾကမွာ ျဖစ္ပါတယ္။
.
ျမန္မာႏုိင္ငံ တိုးတက္ေျပာင္းလဲေအာင္ဆင္း ရဲတြင္းလြတ္ေအာင္လုပ္ဖို႔က အစိုးရ၊ တပ္မ ေတာ္နဲ႔၊ တိုင္းရင္းသားလက္နက္ကိုုင္ အဖြဲ႕အ စည္းအားလံုး ၫွိႏႈိင္းအေျဖရွာရမယ့္ ပုစၧာ ေဟာင္း တစ္ပုဒ္လို႔ ေျပာရမွာေပါ့။ ႏွစ္ေပါင္းမ်ား စြာအေျဖရွာေနတဲ့ ပုစၧာေဟာင္းႀကီး။ ေမးခြန္းရွိ ၿပီး အေျဖေပ်ာက္ေနတဲ့ပုစၧာ၊ စစ္မွန္တဲ့ၿငိမ္းခ်မ္း ေရးမရွိဘဲနဲ႔ေတာ့ တိုင္းျပည္တိုးတက္ေအာင္ လုပ္ဖို႔က အခက္အခဲေတြ စိန္ေခၚမႈေတြ ရွိေနဦး မွာပဲ။ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လို႔ မလုပ္တာ ေတာ့မဟုတ္ဘူး။ လုပ္ေတာ့လုပ္ေနၾကတယ္။ လက္ရွိအစိုးရတက္ကတည္းကလည္း ဒီကိစၥကို တစ္စိုက္မတ္မတ္ လုပ္တာ ေတြ႕ေနရပါတယ္။ ပုစၧာတိုင္းမွာအေျဖဆိုတာ ရွိၿပီးသားပါ။ အမွန္ တကယ္သာ ျပည္သူကိုၾကည့္ၿပီး အေျဖ ထုတ္ လိုက္ရင္ ဒီကိစၥအျမန္ဆံုး ေျပလည္သြားမယ္လို႔ ႏိုင္ငံေရး ေလ့လာသံုးသပ္သူ တစ္ဦးက သူ႕ အျမင္ကို ေျပာပါတယ္။
.
လက္ရွိအစိုးရလက္ထက္မွာ တိုင္းျပည္စီး ပြားေရးက တန္႔ေနတာမဟုတ္ဘဲ ထိုးဆင္းသလို ေတာင္ျဖစ္ေနပါတယ္။ အစိုးရရဲ႕ကိုင္တြယ္ေျဖ ရွင္းပံု လိုအပ္ခ်က္ေတြရွိေနသေရြ႕ေတာ့ တိုးတက္ ေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္မွာ မဟုတ္ပါ ဘူး။ လက္ရွိအေျခအေနမွာ အိမ္ၿခံေျမေစ်း ကြက္အျပင္ တစ္ျခားစီးပြားေရးလုပ္ငန္းေတြ လည္း ခက္ခဲတဲ့ စိန္ေခၚမႈေတြနဲ႔ ႀကံဳေတြ႕ေနရ တယ္လို႔ ဆိုၾကပါတယ္။ ေငြေၾကးခိုင္ခိုင္မာမာ လက္ဝယ္ပိုက္ထားတဲ့ လုပ္ငန္းရွင္ႀကီးတခ်ိဳ႕ အလုပ္ျပတယ္ဆို႐ံုေလာက္သာ လုပ္ၾကၿပီး မွန္ ကန္တဲ့အေျပာင္းအလဲကို ေစာင့္ၾကည့္ေနၾက တယ္လို႔ ေျပာဆိုေနၾကပါတယ္။ အေျပာင္းအလဲ ကိုေစာင့္ရင္း ျပည္သူေတြပိုၿပီးဆင္းရဲၾကပ္တည္း ေနတယ္ဆိုတာေတာ့ ျငင္းခ်က္ထုတ္လို႔ မရႏိုင္ ပါဘူး။ တာဝန္ရွိသူေတြ စစ္မွန္တဲ့ တာဝန္ခံမႈ မရွိသေရြ႕ ျပည္သူေတြဘဝ တိုးတက္ေကာင္းမြန္ ဖို႔ လမ္းမျမင္ေၾကာင္းပါ။ ။
.
====================================
အပြောင်းအလဲစောင့်ရင်း ပြည်သူတွေ ငါးပါးမှောက်နေကြဆဲ
အောင်ဆန်းဝင်း
.
အလုပ်အကိုင် ကောင်းလား၊ မကောင်း လားတော့ မပြောတတ်ဘူး။ တစ်နေ့တစ်နေ့ သွားလိုက် လာလိုက် ဓာတ်ဆီဖိုးကုန်၊ အချိန် တွေကုန်နဲ့ နောက်ဆုံးမိုးမိပြီးဖျားတာပဲ အဖတ် တင်တယ်။ ထီးဖြူဖိနပ်ပါးဆိုတဲ့ စကားလိုပေါ့။ ဟိုဖက်နားခပ်လှုပ်လှုပ် အသံတွေကြားလို့သွား ကြည့်။ အသံပဲရှိတယ်။ အလုပ်ကမဖြစ်ဘူး။ နောက်တစ်နေရာအဝယ်လိုက်တယ် အသံကြား တာနဲ့ အရောက်ပြေးတယ်။ ထုံးစံအတိုင်း ဘာ အလုပ်မှမဖြစ်ဘူး။ တကယ်ဖြစ်နေတာကရောင်း ချင်တဲ့လူများနေတာ။ အမှန်တကယ်ဝယ်မယ့် လူကမရှိဘူး။ လက်ထဲပိုက်မိနေတဲ့လူတွေက ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ ဟိုစီမံကိန်းရှိ တယ်၊ ဒီစီမံကိန်းကြီးလာတော့မှာဆိုပြီး အဝယ် လှုပ်အောင် လျှောက်ပြောနေတာလေ။ အကွက် ကြီးတွေအလုပ်ဖြစ်ဖို့မပြောနဲ့ စျေးနည်းစျေးသင့် တဲ့ အကွက်ငယ်တွေတောင် တစ်လနေလို့ တစ် ကွက်အရောင်းအဝယ်မဖြစ်ဘူး။
.
ရွာတွေဘက်မှာရှိတဲ့ မြေကွက်အလုပ်မဖြစ် လို့ မြို့ပေါ်မှာကောအရောင်းအဝယ်ဖြစ်လား မ မေးနဲ့။ မြို့ပေါ်အိမ်ခြံမြေစျေးခေါင်ခိုက်နေတော့ အလုပ်ဖြစ်ဖို့ပိုတောင်ဝေးသေးတယ်။ ရပ်ကွက် တွေထဲသွားရင်းလာရင်း တွေ့ဖူးမှာပေါ့။ အိမ်တံ ခါး ခြံတံခါးမှာကပ်ထားတဲ့ အိမ်ရောင်းမည် ခြံ ရောင်းမည်ဆိုင်းဘုတ်တွေ။ ဆိုင်းဘုတ်ဆွေးလို့ အသစ်ပြန်ရေးကပ်ရတာ ဆိုင်းဘုတ်ဖိုးငွေကုန် တာပဲရှိတယ်။ သတင်းမေးစျေးမေးတဲ့လူတောင် မရှိဘူး။ ဒီလုပ်ငန်းထဲမှာကျင်လည်ခဲ့တဲ့ လက် ကြီးတော်တော်များများ အခုဒီအလုပ်ဖက်လှည့် တောင်မကြည့်ကြတော့ဘူး။ တချို့တွေအလုပ် အကိုင်ပြောင်းသွားတယ်။ တချို့ကသူတို့မူလ လက်ငုတ်လက်ရင်း အလုပ်တွေဖက်ပြန်သွားကြ တာပေါ့။ လူကြားကောင်းအောင် အလုပ်ဖြစ်သ လိုလို ဘာလိုလိုပြောနေကြတာ။ လက်တွေ့က ထမင်းငတ်မယ့်အလုပ်ဖြစ်နေပြီတဲ့။
.
အိမ်ခြံမြေလောကမှာ နှစ်ပေါင်း ၂ဝ လောက် ကျင်လည်နေတဲ့ ပွဲစားတစ်ယောက်ရဲ့ စကားသံ။ သူလုပ်ကိုင်လာတဲ့သက်တမ်းတစ် လျှောက် အခုအချိန်လောက်အလုပ်ပါးတာမျိုး မကြုံဖူးသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဦးသိန်း စိန်အစိုးရလက်ထက်က တောင်ကြီးမြို့အနီးတစ် ဝိုက်မှာ ရှိတဲ့ အိမ်ခြံမြေ အရောင်းအဝယ် အ တော်ကြီးဖြစ်ခဲ့တယ်။ မြို့ပေါ်ကငွေကြေးတတ် နိုင်တဲ့လူတွေ၊ ရပ်ဝေးကလာရောက်ရင်းနှီးမြုပ်နှံ တဲ့လူတွေကြောင့် တော်တော်ကြီးလှုပ်လှုပ်ခတ် ခတ် ဖြစ်ခဲ့ဖူးပါတယ်။ အရောင်းအဝယ်မဖြစ်တဲ့ နေ့မရှိခဲ့ဘူး။ မြို့ပေါ်မြို့ပြင် တစ်နေရာမဟုတ် တစ်နေရာတော့ စာချုပ်ချုပ်သံကြားနေရတယ်။ လုံးဝအရောင်းအဝယ် မရှိအောင်ဖြစ်သွားတာ လက်ရှိအစိုးရလက်ထက်မှာလို့ ပြောကြပါတယ်။ ဘယ်လိုအကြောင်း အရင်းကြောင့် ဖြစ်တာ လည်း မေးကြည့်တော့ ခိုင်မာတိကျတဲ့အဖြေမရှိ ကြဘူး။
.
လက်ရှိအစိုးရ ၄ နှစ်သက်တမ်းပြန်ကြည့် ရင် အိမ်ခြံမြေလောကမှ မဟုတ်ပါဘူး။ အ ဘက်ဘက်က ကျဆင်းနေတာ မြင်တွေ့နေရ တယ်။ အဓိကကျဆင်းနေတာ တိုင်းပြည်ရဲ့စီးပွား  ရေးပါ။ ဘာတွေဘယ်လောက်လုပ်နေတယ်ပြော ပြော လက်တွေ့ကျကျမွဲနေတဲ့ပြည်သူတွေကို သေသေချာချာကြည့်ရင်မြင်နိုင်ပါလိမ့်မယ်။ မြေ ပြင်အခြေအနေမသိဘဲ ပလ္လင်ပေါ်ကငုတ်တုတ် ထိုင်ကြည့်နေရုံနဲ့တော့ ဘာတစ်ခုမှမြင်နိုင်သိနိုင် မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံမှာ ဖွံ့ဖြိုးတိုးတက်ဆုံးစာရင်း ထိပ်ဆုံး ရောက်တယ် လို့ ပြောဆိုသံတွေ ထွက်နေပါတယ်။ ဘယ်လို စံချိန် စံညွှန်းနဲ့တိုင်းတာပြောမှန်းတော့မသိပါဘူး။ မြန် မာနိုင်ငံတစ်ဝန်း၊ ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင်ကြတဲ့ ပြည်သူတွေကတော့ ဆင်းရဲမွဲတေမှုတွင်းထဲ ဆင်းသထက် ဆင်း နေကြတာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ ရှိတဲ့ ပြည်သူတွေ အသိ ဖြစ်ပါတယ်။
.
''ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ခြံ ကွက်အရောင်းအဝယ်တော်တော်ကြီး အလုပ် ဖြစ်ခဲ့တယ်။ မြို့တောင်ဘက်မှာအများဆုံးဖြစ် တာပေါ့။ နောက်ဘုရားဖြူရပ်ကွက်ဘက်မှာဖြစ် တယ်။ အခုအစိုးရလက်ထက်ကျတော့ ဘယ်လို ဖြစ်တယ်တော့မပြောတတ်ဘူး။ အရောင်းအ ဝယ်မရှိသလောက်ကိုဖြစ်နေတယ်။ တိုင်းပြည်စီး ပွားရေးပို်င်းကအစစအရာရာ ကျဆင်းနေတော့ ပြည်သူတွေလက်ထဲ ငွေမရှိတာလည်းပါမယ် ထင်ပါတယ်။ အရင်လိုရန်ကုန်၊ မန္တလေးဘက် ကလုပ်ငန်းရှင်သူဌေးတွေလာဝယ်တာလည်း မ ရှိတော့ဘူး။ အခုလက်ရှိမြေကွက်ပိုင်ရှင်တွေက နောက်ဆုံးပိတ်မိတဲ့ သဘောဖြစ်နေတာပေါ့။ မြို့တောင်ဘက်ခြမ်းရွာတွေမှာ အစ်ကိုတို့ ဝယ် ထားတဲ့ မြေကွက်တွေ အများကြီးကျန်နေတယ်။ မင်းသား လွင်မိုး အကွက်နဲ့ တစ်ဆက်တည်း။ အခုစျေးလျော့ရောင်းတာတောင် ဝယ်သူမရှိဖြစ် နေတယ်''လို့ ခြံကွက်အရောင်းအဝယ်လုပ်တဲ့ ကိုရာမက ပြောပါတယ်။
.
တိုင်းပြည် စီးပွားရေး ကျဆင်းရတဲ့ အ ကြောင်းအရင်းတစ်ခုက အစိုးရရဲ့ခိုင်မာတိကျတဲ့ မူဝါဒမရှိတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ပြော ဆိုသံလည်း ကြားနေရပါတယ်။ ၄ နှစ်တာသက် တမ်းအတွင်း ပြန်ကြည့်ဆိုရင်လည်း အစိုးရရဲ့ ကောင်းမွန်တိကျတဲ့ လုပ်ဆောင်ချက်တွေ ထူး ထူးခြားခြား မြင်တွေ့ရခြင်းတော့မရှိသေးပါဘူး။ အသံကြားတဲ့နောက်ကယောင်ကတမ်း လျှောက် လိုက်နေတဲ့ ကလေးငယ် အဆင့်လောက်သာ ဖြစ်နေပါတယ်။ အစိုးရတစ်ရပ်မှာရှိသင့်ရှိထိုက် တဲ့ အရည်အချင်းမျိုးရှိမနေတဲ့အတွက် အချိန် တွေကုန်ပြီး တိုင်းပြည်ကလုံးပါးပါးတဲ့အဆင့် ကတက်မလာနိုင်ပါဘူး။ အစိုးရတစ်ရပ်အတွက် အရေးကြီးဆုံး အရည်အချင်းက တိုင်းပြည်စီးပွား ရေး တိုးတက်အောင်လုပ်ဆောင်နိုင်ခြင်းလို့ ဆို ကြပါတယ်။ လက်ရှိအစိုးရအနေနဲ့ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သရွေ့ တိုင်းပြည်စီး ပွားရေးဇောက်ထိုးကျဆင်းနေဦးမှာဖြစ်ပါတယ်။
.
အစိုးရအုပ်ချုပ်မှု ယန္တရားအတွင်း အပေါ်နဲ့ အောက်ချိတ်ဆက်မှု အားနည်းခြင်းကလည်း တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်တဲ့ နေ ရာမှာ အားနည်းချက်တစ်ရပ်လို ဖြစ်နေပါတယ်။ အပေါ်အစိုးရသာ ပြောင်းလဲခဲ့တာ ဖြစ်ပြီး အောက် ခြေက နဂိုအတိုင်းဖြစ်နေတဲ့အတွက် တချို့ သောကိစ္စရပ်တွေမှာ လုပ်ကိုင်ရခက်ခဲတာ ရှိနေ ဆဲဖြစ်ပါတယ်။ အပြောင်းအလဲနောက်လိုက်ပါ လိုတဲ့ လူရှိသလို၊ အဟောင်းထဲမှာကျင်လည်ချင် တဲ့လူလည်း ရှိတဲ့အတွက် အစိုးရအနေနဲ့ စိတ် ထင်တိုင်းမပေါက်နိုင်သေးပါဘူး။ တိကျခိုင်မာ ပြတ်သားတဲ့ မူဝါဒနဲ့ဆောင်ရွက်မှ အပြောင်းအ လဲကို စနစ်တကျဖော်ဆောင်နိုင်လိမ့်မယ် ထင် ပါတယ်။ လှေသူကြီးဘယ်လောက်တော်တော် ဘယ်လိုဦးဆောင်မှုကောင်းပါစေ၊ လှေထိုးသား တွေညံ့ရင် ခပ်ချာချာလှေထိုးသားတွေများရင် ဘယ်လိုမှ ခရီးပေါက်နိုင်မှာမဟုတ်ပါဘူး။
.
မြန်မာပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ကျင့်သားရခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ လမ်းဟောင်းထဲကဖောက်ထွက်နိုင် အောင် ကြိုးပမ်းတာလည်း အကြိမ်ကြိမ်အခါခါ ပါ။ အပြောင်းအလဲကို အမှန်တကယ်လိုချင်လို့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ေြ<ွကးကြော်မှုနောက် ကို သောင်ပြိုကမ်းပြို လိုက်ပါအားပေးခဲ့ကြ တယ်။ ပြည်သူတွေရဲ့အင်အားနဲ့ ပြည်သူ့အတွက် အလုပ်လုပ်မယ့် အစိုးရတစ်ရပ်ကို တင်မြောက် ပေးခဲ့ကြပါတယ်။ ပြည်သူဘက်က တာဝန်ကျေ ပေမယ့်အစိုးရဘက်ကတော့ အားနည်းချက်တွေ ရှိနေတုန်းလို့ ဆိုရမှာပါ။ တိုင်းပြည်တိုးတက်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူများ အားလုံးကိုယ်စီ တာဝန်ခံမှု မရှိသ၍ ကောင်းမွန် တဲ့အပြောင်းအလဲပေါ်ဖို့ လမ်းစပျောက်နေဦးမှာ ဖြစ်ပါတယ်။ ပြည်သူတွေကို အမှန်တကယ်မျက် နှာမူမှ ပြည်သူအတွက် အလုပ်လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ 
မြန်မာပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ကျင့်သားရခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ လမ်းဟောင်းထဲကဖောက်ထွက်နိုင် အောင် ကြိုးပမ်းတာလည်း အကြိမ်ကြိမ်အခါခါ ပါ။ အပြောင်းအလဲကို အမှန်တကယ်လိုချင်လို့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ေြ<ွကးကြော်မှုနောက် ကို သောင်ပြိုကမ်းပြို လိုက်ပါအားပေးခဲ့ကြ တယ်။ ပြည်သူတွေရဲ့အင်အားနဲ့ ပြည်သူ့အတွက် အလုပ်လုပ်မယ့် အစိုးရတစ်ရပ်ကို တင်မြောက် ပေးခဲ့ကြပါတယ်။ ပြည်သူဘက်က တာဝန်ကျေ ပေမယ့်အစိုးရဘက်ကတော့ အားနည်းချက်တွေ ရှိနေတုန်းလို့ ဆိုရမှာပါ။ တိုင်းပြည်တိုးတက်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူများ အားလုံးကိုယ်စီ တာဝန်ခံမှု မရှိသ၍ ကောင်းမွန် တဲ့အပြောင်းအလဲပေါ်ဖို့ လမ်းစပျောက်နေဦးမှာ ဖြစ်ပါတယ်။ ပြည်သူတွေကို အမှန်တကယ်မျက် နှာမူမှ ပြည်သူအတွက် အလုပ်လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲအောင်ဆင်း ရဲတွင်းလွတ်အောင်လုပ်ဖို့က အစိုးရ၊ တပ်မ တော်နဲ့၊ တိုင်းရင်းသားလက်နက်ကိုုင် အဖွဲ့အ စည်းအားလုံး ညှိနှိုင်းအဖြေရှာရမယ့် ပုစ္ဆာ ဟောင်း တစ်ပုဒ်လို့ ပြောရမှာပေါ့။ နှစ်ပေါင်းများ စွာအဖြေရှာနေတဲ့ ပုစ္ဆာဟောင်းကြီး။ မေးခွန်းရှိ ပြီး အဖြေပျောက်နေတဲ့ပုစ္ဆာ၊ စစ်မှန်တဲ့ငြိမ်းချမ်း ရေးမရှိဘဲနဲ့တော့ တိုင်းပြည်တိုးတက်အောင် လုပ်ဖို့က အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေဦး မှာပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မလုပ်တာ တော့မဟုတ်ဘူး။ လုပ်တော့လုပ်နေကြတယ်။ လက်ရှိအစိုးရတက်ကတည်းကလည်း ဒီကိစ္စကို တစ်စိုက်မတ်မတ် လုပ်တာ တွေ့နေရပါတယ်။ ပုစ္ဆာတိုင်းမှာအဖြေဆိုတာ ရှိပြီးသားပါ။ အမှန် တကယ်သာ ပြည်သူကိုကြည့်ပြီး အဖြေ ထုတ် လိုက်ရင် ဒီကိစ္စအမြန်ဆုံး ပြေလည်သွားမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက သူ့ အမြင်ကို ပြောပါတယ်။
.
လက်ရှိအစိုးရလက်ထက်မှာ တိုင်းပြည်စီး ပွားရေးက တန့်နေတာမဟုတ်ဘဲ ထိုးဆင်းသလို တောင်ဖြစ်နေပါတယ်။ အစိုးရရဲ့ကိုင်တွယ်ဖြေ ရှင်းပုံ လိုအပ်ချက်တွေရှိနေသရွေ့တော့ တိုးတက် ကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာ မဟုတ်ပါ ဘူး။ လက်ရှိအခြေအနေမှာ အိမ်ခြံမြေစျေး ကွက်အပြင် တစ်ခြားစီးပွားရေးလုပ်ငန်းတွေ လည်း ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရ တယ်လို့ ဆိုကြပါတယ်။ ငွေကြေးခိုင်ခိုင်မာမာ လက်ဝယ်ပိုက်ထားတဲ့ လုပ်ငန်းရှင်ကြီးတချို့ အလုပ်ပြတယ်ဆိုရုံလောက်သာ လုပ်ကြပြီး မှန် ကန်တဲ့အပြောင်းအလဲကို စောင့်ကြည့်နေကြ တယ်လို့ ပြောဆိုနေကြပါတယ်။ အပြောင်းအလဲ ကိုစောင့်ရင်း ပြည်သူတွေပိုပြီးဆင်းရဲကြပ်တည်း နေတယ်ဆိုတာတော့ ငြင်းချက်ထုတ်လို့ မရနိုင် ပါဘူး။ တာဝန်ရှိသူတွေ စစ်မှန်တဲ့ တာဝန်ခံမှု မရှိသရွေ့ ပြည်သူတွေဘဝ တိုးတက်ကောင်းမွန် ဖို့ လမ်းမမြင်ကြောင်းပါ။ ။

No comments:

Post a Comment

Journal Download

Photo of three cats