ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္တြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ မီးပံုးပ်ံမ်ား စတင္ျပင္ဆင္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, August 8, 2019

ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္တြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ မီးပံုးပ်ံမ်ား စတင္ျပင္ဆင္

စိုင္းရာဇာ
.
ရွမ္းျပည္နယ္၏ အထင္ကရ ပြဲေတာ္ျဖစ္ေသာ ေတာင္ႀကီးတန္ေဆာင္ တိုင္ပြဲေတာ္ ႐ိုးရာ မီးပံုးပ်ံၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ ညမီးႀကီး မီးပံုးပ်ံ ၿပိဳင္ပြဲဝင္ အဖြဲ႕မ်ား အေနျဖင့္ စတင္ ျပင္ဆင္ ေဆာင္ရြက္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။
.
''လုပ္ေနတာကေတာ့ တစ္လ၊ ႏွစ္လေလာက္ ရွိပါၿပီ။ တခိ်ဳ႕အဖြဲ႕ေတြ ဆိုရင္ ခရီး တစ္ဝက္ေလာက္ ေရာက္ေနပါၿပီ။ ဒိုင္အဖြဲ႕ေတြ အေနနဲ႔လည္း စည္းမ်ဥ္းစည္းကမ္း၊ အမွတ္ေပး ဇယားေတြနဲ႔ ပတ္သက္တာေတြ ေဆြးေႏြးၿပီး ၾသဂုတ္လ မကုန္ခင္ အမ်ား ျပည္သူ သိေအာင္ ထုတ္ျပန္ေပးဖို႕ ရွိပါတယ္။ ၿပိဳင္ပဲြဝင္ အဖြဲ႕ ေတြကိုလည္း စည္းမ်ဥ္းစည္းကမ္းနဲ႔ ပတ္သက္တဲ့ စာရြက္စာတမ္းေတြ ေဝေပးမယ္။ အရင္ႏွစ္က အားနည္းခ်က္၊ အားသာခ်က္ေတြကို ၾကည့္ၿပီး လိုအပ္တာေတြ ျဖည့္ဆည္းထားပါတယ္'' ဟု ရွမ္းျပည္နယ္႐ိုးရာ မီးပံုးပ်ံပညာရွင္မ်ားအသင္း ဥကၠဌ ေဒါက္တာ သန္းဝင္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ယခုႏွစ္ ေတာင္ႀကီးတန္ေဆာင္ တိုင္ပြဲကို ႏိုဝင္ဘာလ ၃ ရက္မွ ၁၂ ရက္အထိ က်င္းပျပဳလုပ္ႏိုင္ရန္ ခန္႔ မွန္းလ်ာထားၿပီး မီးပံုးပ်ံၿပိဳင္ပြဲ က်င္းပ ႏိုင္ေရးအတြက္ အမွတ္ေပးဒိုင္မ်ား ႀကိဳတင္ညႇိႏိႈင္းအစည္းအေဝးကို ၿပီးခဲ့ သည့္ ဇြန္လအတြင္းက ျပဳလုပ္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕ေတာ္ တန္ေဆာင္ တိုင္ပြဲေတာ္တြင္ မီးပုံးပ်ံ လႊတ္တင္ပူ ေဇာ္ၿပိဳင္ပြဲ၊ မီးပေဒသာ လွည့္လည္ပူ ေဇာ္ၿပိဳင္ပြဲ၊ ၿမိဳ႕လုံးကြၽတ္ဘုံကထိန္ပြဲ၊ မသိုးသကၤန္း ရက္လုပ္ပူေဇာ္ၿပိဳင္ပြဲ၊ ဓာတ္ပုံၿပိဳင္ပြဲ၊ ေတးသီခ်င္းၿပိဳင္ပြဲမ်ား ျဖင့္ ႏွစ္စဥ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပ ျပဳလုပ္လ်က္ရွိသည့္အျပင္ ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္မွ စတင္၍ ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္ စာေပဆိုင္ရာ ၿပိဳင္ပြဲမ်ားကို ထည့္သြင္း က်င္းပျပဳလုပ္ခဲ့သည္။
.
ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္ ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္၊ မီးပုံး ပ်ံၿပိဳင္ပြဲကို ႏိုဝင္ဘာလ ၁၄ ရက္မွ ၂၂ ရက္အထိ ေတာင္ႀကီးၿမိဳ႕၊ အေဝ ရာမီးပုံးပ်ံကြင္း၌ ျပဳလုပ္ခဲ့ၿပီး ႏိုဝင္ ဘာလ ၂၃ ရက္တြင္ ဆုေပးပြဲကို က်င္းပရာ ညမီးႀကီး မီးပုံးပ်ံအမ်ိဳးစား ပထမဆုကို လူခန္႔မီး၊ ဒုတိယဆုကို လူပဲ့မီး၊ တတိယဆုကို ၾကယ္ေျပာင္ မီးႏွင့္ စိန္နားပန္ မီးပုံးပ်ံအမ်ိဳးအစား ပထမဆုကို ေနၾကာေစ့မီး၊ ဒုတိယဆုကို ေရာင္စုံမီး၊ တတိယဆုကို မီးအိမ္ လူငယ္မီးတို႔မွ ရရွိခဲ့ေၾကာင္း သိရ သည္။
.
ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲ ေတာ္သည္ ျမန္မာႏိုင္ငံအတြင္းရွိ ၁၂ လရာသီပြဲေတာ္မ်ားအနက္ ထင္ရွား ေက်ာ္ၾကားသည့္ ပြဲေတာ္တစ္ခု ျဖစ္ၿပီး ႏွစ္စဥ္ ျပည္တြင္း/ျပည္ပမွ ခရီးသြား ဧည့္သည္မ်ား အမ်ားအျပား လာေရာက္ လည္ပတ္ေလ့ရွိရာ ခရီးသြား လုပ္ငန္းျဖင့္ ႏိုင္ငံေတာ္အတြက္ အခြန္ဘ႑ာေငြ မ်ားစြာ တိုးတက္ ရရွိေအာင္ ေဆာင္ရြက္ေပးႏိုင္သည့္ ပြဲေတာ္ တစ္ခုလည္း ျဖစ္သည္။
.

================
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် မီးပုံးပျံများ စတင်ပြင်ဆင်
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်ဖြစ်သော တောင်ကြီးတန်ဆောင် တိုင်ပွဲတော် ရိုးရာ မီးပုံးပျံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ညမီးကြီး မီးပုံးပျံ ပြိုင်ပွဲဝင် အဖွဲ့များ အနေဖြင့် စတင် ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
.
''လုပ်နေတာကတော့ တစ်လ၊ နှစ်လလောက် ရှိပါပြီ။ တချို့အဖွဲ့တွေ ဆိုရင် ခရီး တစ်ဝက်လောက် ရောက်နေပါပြီ။ ဒိုင်အဖွဲ့တွေ အနေနဲ့လည်း စည်းမျဉ်းစည်းကမ်း၊ အမှတ်ပေး ဇယားတွေနဲ့ ပတ်သက်တာတွေ ဆွေးနွေးပြီး သြဂုတ်လ မကုန်ခင် အများ ပြည်သူ သိအောင် ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ ပြိုင်ပွဲဝင် အဖွဲ့ တွေကိုလည်း စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဝေပေးမယ်။ အရင်နှစ်က အားနည်းချက်၊ အားသာချက်တွေကို ကြည့်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းထားပါတယ်'' ဟု ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်များအသင်း ဥက္ကဌ ဒေါက်တာ သန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲကို နိုဝင်ဘာလ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်နိုင်ရန် ခန့် မှန်းလျာထားပြီး မီးပုံးပျံပြိုင်ပွဲ ကျင်းပ နိုင်ရေးအတွက် အမှတ်ပေးဒိုင်များ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့ သည့် ဇွန်လအတွင်းက ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တော် တန်ဆောင် တိုင်ပွဲတော်တွင် မီးပုံးပျံ လွှတ်တင်ပူ ဇော်ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူ ဇော်ပြိုင်ပွဲ၊ မြို့လုံးကျွတ်ဘုံကထိန်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ၊ တေးသီချင်းပြိုင်ပွဲများ ဖြင့် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လျက်ရှိသည့်အပြင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ စတင်၍ တောင်ကြီး တန်ဆောင်တိုင်ပွဲတော် စာပေဆိုင်ရာ ပြိုင်ပွဲများကို ထည့်သွင်း ကျင်းပပြုလုပ်ခဲ့သည်။
.
ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်၊ မီးပုံး ပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၂ ရက်အထိ တောင်ကြီးမြို့၊ အဝေ ရာမီးပုံးပျံကွင်း၌ ပြုလုပ်ခဲ့ပြီး နိုဝင် ဘာလ ၂၃ ရက်တွင် ဆုပေးပွဲကို ကျင်းပရာ ညမီးကြီး မီးပုံးပျံအမျိုးစား ပထမဆုကို လူခန့်မီး၊ ဒုတိယဆုကို လူပဲ့မီး၊ တတိယဆုကို ကြယ်ပြောင် မီးနှင့် စိန်နားပန် မီးပုံးပျံအမျိုးအစား ပထမဆုကို နေကြာစေ့မီး၊ ဒုတိယဆုကို ရောင်စုံမီး၊ တတိယဆုကို မီးအိမ် လူငယ်မီးတို့မှ ရရှိခဲ့ကြောင်း သိရ သည်။
.
တောင်ကြီး တန်ဆောင်တိုင်ပွဲ တော်သည် မြန်မာနိုင်ငံအတွင်းရှိ ၁၂ လရာသီပွဲတော်များအနက် ထင်ရှား ကျော်ကြားသည့် ပွဲတော်တစ်ခု ဖြစ်ပြီး နှစ်စဉ် ပြည်တွင်း/ပြည်ပမှ ခရီးသွား ဧည့်သည်များ အများအပြား လာရောက် လည်ပတ်လေ့ရှိရာ ခရီးသွား လုပ်ငန်းဖြင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ များစွာ တိုးတက် ရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် ပွဲတော် တစ်ခုလည်း ဖြစ်သည်။

No comments:

Post a Comment