လား႐ႈိး၊ မန္ဆူကားေလး၀န္းတြင္ ေငြက်ပ္ သိန္း ၈၀၀ ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ား ဖမ္းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Friday, August 2, 2019

လား႐ႈိး၊ မန္ဆူကားေလး၀န္းတြင္ ေငြက်ပ္ သိန္း ၈၀၀ ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ား ဖမ္းမိ

ေဇယ်ာ
.
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လား႐ႈိးၿမဳိ႕၊ မန္ဆူကားေလး၀န္းရွိ ကားဂိတ္ တစ္ခုတြင္ မသကၤာဖြယ္ရာ ဆာလာအိတ္ တစ္လံုး ေတြ႕ရွိေၾကာင္း သတင္းအရ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္ေသာ ပူးေပါင္းအဖဲြ႕မွ ၾသဂုတ္လ ၁ ရက္က သြားေရာက္စစ္ေဆးရာ ေဒသကာလတန္ဖိုးေငြ ၈၂၈ သိန္းက်ပ္ တန္ဖိုးရွိ စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၄၁၄၀၀ ျပားကို သိမ္းဆည္းရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု(၂၄) လားရႈိးမွ တပ္ဖဲြ႕၀င္မ်ား ပါ၀င္ေသာ ပူးေပါင္းအဖဲြ႕သည္ ၾသဂုတ္လ ၁ ရက္ နံနက္ ၁၀ နာရီခန္႔တြင္ လားရႈိးၿမိဳ႕၊ မန္ဆူကားေလးဝန္း၊ ---- ကားေလးဂိတ္တြင္ မသကၤာဖြယ္ ဆာလာအိတ္ တစ္လံုး ေရာက္ရွိေနေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ယင္း ဆာလာအိတ္ အတြင္းမွ ပလတ္စတစ္ ကပ္ခြာအိတ္မ်ားျဖင့္ ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၁၄၀၀ ျပားကို ေတြ႕ရွိ၍ သိမ္းဆည္းရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ယင္းေနာက္ တရားခံ ဖမ္းဆီးရမိေရးအတြက္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု(၁၈) မႏၲေလး(ေတာင္)မွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ ခ်ိတ္ဆက္ စံုစမ္းမႈမ်ား ျပဳလုပ္ရာ ဖမ္းဆီးရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား လာေရာက္ ထုတ္ယူသူ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၅၈ လမ္းႏွင့္ ၃၈ လမ္း ေထာင့္ေန ေက်ာ္ျမင့္(ခ)ေက်ာက္ခ်ီရွင္းအား လက္ကိုင္ဖုန္း ၁ လံုးႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီးေနာက္ ၄င္းအား လာေရာက္ ယူေဆာင္ခိုင္းသူ လားရႈိးၿမိဳ႕နယ္၊ ဖားဖြန္ေက်းရြာေန တံုစိမ္းအား ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၆၄ လမ္းႏွင့္ စိန္ပန္းလမ္းေထာင့္တြင္ လက္ကိုင္ဖုန္း ၁ လံုးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ထားသည္။
.
အဆိုပါ မူးယစ္ေဆး၀ါး သယ္ေဆာင္သူမ်ားအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ လား႐ႈိးၿမဳိ႕မရဲစခန္း၌ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

=====================

လားရှိုး၊ မန်ဆူကားလေးဝန်းတွင် ငွေကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
.
ဇေယျာ
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ မန်ဆူကားလေးဝန်းရှိ ကားဂိတ် တစ်ခုတွင် မသင်္ကာဖွယ်ရာ ဆာလာအိတ် တစ်လုံး တွေ့ရှိကြောင်း သတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သြဂုတ်လ ၁ ရက်က သွားရောက်စစ်ဆေးရာ ဒေသ ကာလတန်ဖိုးငွေ ၈၂၈ သိန်းကျပ် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၄၀၀ ပြားကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၁ ရက်၊ နံနက် ၁၀ နာရီခန့်တွင် လားရှိုးမြို့၊ မန်ဆူကားလေးဝန်း၊ ---- ကားလေးဂိတ်တွင် မသင်္ကာဖွယ် ဆာလာအိတ် တစ်လုံး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယင်း ဆာလာအိတ် အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၁၄၀၀ ပြားကို တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းနောက် တရားခံ ဖမ်းဆီးရမိရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၈) မန္တလေး(တောင်)မှ တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက် စုံစမ်းမှုများ ပြုလုပ်ရာ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား လာရောက်ထုတ်ယူသူ မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်းနှင့် ၃၈ လမ်း ထောင့်နေ ကျော်မြင့်(ခ)ကျောက်ချီရှင်းအား လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းအား လာရောက်ယူဆောင်ခိုင်းသူ လားရှိုးမြို့နယ်၊ ဖားဖွန်ကျေးရွာနေ တုံစိမ်းအား ချမ်းမြသာစည်မြို့နယ်၊ ၆၄ လမ်းနှင့် စိန်ပန်းလမ်းထောင့်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် လားရှိုးမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats