ဟိုပံုးၿမဳိ႕နယ္၌ အမ်ိဳးသမီး တစ္ဦးထံမွ က်ပ္သိန္း ၂၀၀ တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, August 20, 2019

ဟိုပံုးၿမဳိ႕နယ္၌ အမ်ိဳးသမီး တစ္ဦးထံမွ က်ပ္သိန္း ၂၀၀ တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ

ထက္ထက္(ဟိုပုံး)
.
အမွတ္(၂၅) မူးယစ္တပ္ဖြဲ႕စု (ေတာင္ႀကီး)မွ ဒုရဲမႉး ေက်ာ္သူ ဦးစီးေသာ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၾသဂုတ္လ ၁၉ ရက္၊ ညေနပိုင္းတြင္ ဟိုပုံးၿမိဳ႕နယ္ ၊ စေငါေက်း႐ြာအုပ္စု ၊ လြယ္ဝိုးတုတ္ေက်း႐ြာ အနီး၌ အမ်ိဳးသမီး တစ္ဦးထံမွ က်ပ္သိန္း ၂၀၀ တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိခဲ့ေၾကာင္း သိရသည္။
.
ေတာင္ႀကီး-လြိဳင္လင္သြား ျပည္ေထာင္စု လမ္းမႀကီး ၊ မိုင္တိုင္အမွတ္ (၁၄၄/၃)တြင္ သတင္းအရ ေမာ္ေတာ္ယာဥ္/ ေမာ္ေတာ္ ဆိုင္ကယ္မ်ားအား ရဲတပ္ဖဲြ႕၀င္မ်ားက ပိတ္ဆို႔ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မိုင္းရွဴးၿမိဳ႕မွ ဟိုပုံးၿမိဳ႕သို႔  ဦးစိုင္းလုံ ေမာင္းႏွင္လာသည့္  Probox ယာဥ္အား ရပ္တန္႔ စစ္ေဆးစဥ္ ယာဥ္၏ ေနာက္ခန္းတြင္ စီးနင္း လိုက္ပါလာသည့္ ခရီးသည္ မဒီးနာ၊ မိုင္းရွဴးၿမိဳ႕နယ္ေနသူ ဝတ္ဆင္ထားရွိေသာ ဗိုက္ခ်ပ္ အက်ႌအတြင္းမွ  မႈိင္းခံစကၠဴျဖင့္ ထုတ္ပတ္ထားသည့္ အျပာေရာင္ ပလပ္စတစ္ ကပ္ခြာ အိတ္ တစ္အိတ္လွ်င္ WY စာတန္းပါ ပန္းေရာင္စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၂၀၀ ျပားစီပါ အထုပ္ ၁၀၀ ၊ စုစုေပါင္းေဆးျပား ၂၀၀၀၀ အား ရွာေဖြ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ မူးယစ္ေဆးဝါးမ်ားအား သုံးစြဲ ၊ ေရာင္းခ်ရန္ လက္ဝယ္ ထားရွိသူ မဒီးနာအား ဟိုပုံးၿမိဳ႕မရဲစခန္းမွ မယ(ပ) ၄၁/၂၀၁၉ ၊ မူး/စိတ္ ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။
.

============
.
ဟိုပုံးမြို့နယ်၌ အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
.
ထက်ထက်(ဟိုပုံး)
.
အမှတ်(၂၅) မူးယစ်တပ်ဖွဲ့စု (တောင်ကြီး)မှ ဒုရဲမှူး ကျော်သူ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သြဂုတ်လ ၁၉ ရက်၊ ညနေပိုင်းတွင် ဟိုပုံးမြို့နယ် ၊ စငေါကျေးရွာအုပ်စု ၊ လွယ်ဝိုးတုတ်ကျေးရွာ အနီး၌ အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီး-လွိုင်လင်သွား ပြည်ထောင်စု လမ်းမကြီး ၊ မိုင်တိုင်အမှတ် (၁၄၄/၃)တွင် သတင်းအရ မော်တော်ယာဉ်/ မော်တော် ဆိုင်ကယ်များအား ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းရှူးမြို့မှ ဟိုပုံးမြို့သို့  ဦးစိုင်းလုံ မောင်းနှင်လာသည့်  Probox ယာဉ်အား ရပ်တန့် စစ်ဆေးစဉ် ယာဉ်၏ နောက်ခန်းတွင် စီးနင်း လိုက်ပါလာသည့် ခရီးသည် မဒီးနာ၊ မိုင်းရှူးမြို့နယ်နေသူ ဝတ်ဆင်ထားရှိသော ဗိုက်ချပ် အင်္ကျီအတွင်းမှ  မှိုင်းခံစက္ကူဖြင့် ထုတ်ပတ်ထားသည့် အပြာရောင် ပလပ်စတစ် ကပ်ခွာ အိတ် တစ်အိတ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ အထုပ် ၁၀၀ ၊ စုစုပေါင်းဆေးပြား ၂၀၀၀၀ အား ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား သုံးစွဲ ၊ ရောင်းချရန် လက်ဝယ် ထားရှိသူ မဒီးနာအား ဟိုပုံးမြို့မရဲစခန်းမှ မယ(ပ) ၄၁/၂၀၁၉ ၊ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats