အေရးေပၚအေျခအေနႏွင့္ မႈခင္းမ်ား ျဖစ္ပြားလာပါက ရွမ္းျပည္နယ္ရဲတပ္ဖဲြ႕မွဴး႐ံုးသို႔ 199 Call Center မွတစ္ဆင့္ ဆက္သြယ္တိုင္ၾကားႏိုင္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, August 13, 2019

အေရးေပၚအေျခအေနႏွင့္ မႈခင္းမ်ား ျဖစ္ပြားလာပါက ရွမ္းျပည္နယ္ရဲတပ္ဖဲြ႕မွဴး႐ံုးသို႔ 199 Call Center မွတစ္ဆင့္ ဆက္သြယ္တိုင္ၾကားႏိုင္


စိုင္းရာဇာ
.
အေရးေပၚ အေျခအေနႏွင့္ ထူး ျခားေသာ မႈခင္းမ်ား ျဖစ္ပြားပါက  ရွမ္းျပည္နယ္ရဲတပ္ဖဲြ႕မွဴး႐ံုးသို႔ 199 Call Center မွတစ္ဆင့္ ဆက္သြယ္ သတင္းေပးပို႔ အေၾကာင္းၾကားႏိုင္ၿပီ ျဖစ္ေၾကာင္း  သိရသည္။
.
ယခင္ႏွစ္မ်ားက ေတာင္ႀကီးၿမိဳ႕ တြင္ 199 Call Center တပ္ဆင္ ထားျခင္း မရွိဘဲ ယခုႏွစ္မွသာ တပ္ ဆင္ ၿပီးစီး၍ ဆက္သြယ္ႏိုင္ၿပီ ျဖစ္ ေၾကာင္း သိရသည္။
.


.
“ကြၽန္ေတာ္တို႕ဆီမွာ ၁၉၉ Call Center ေတြ ရွိတယ္။ ၂၄ နာရီလံုး CCTV နဲ႔ 199 Call Center ကို ဖြင့္ ထားတယ္။ အထူးသျဖင့္ေတာ့ ေတာင္ႀကီးၿမိဳ႕ေပၚ၊ က်ိဳင္းတံု၊ လား ႐ိႈးၿမိဳ႕ေပၚေတြမွာ ဖြင့္ၿပီးသြားၿပီ။ ရဲစ ခန္းေတြက ဖုန္းမကိုင္ဘူးလို႔၊ 199 ေခၚရင္လည္း အလကားပါပဲလို႔ မ ျဖစ္ေအာင္ ၂၄ နာရီ တာဝန္ခ်ထား ပါတယ္ဒဒဟု ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ မွဴး ရဲမွဴးခ်ဳပ္ ေဇာ္ခင္ေအာင္က ကေမၻာဇတိုင္းသို႕ ေျပာသည္။
.

ထို႔အျပင္ ရပ္ရြာတည္ၿငိမ္ေအး ခ်မ္းေရးႏွင့္ တရားဥပေဒ စိုးမိုးေရး အတြက္ ေတာင္ႀကီးၿမိဳ႕ေပၚရွိ ေနရာ ၂၁ ခုတြင္ CCTV လံုၿခံဳေရးကင္မ ရာအလံုး ၈ဝ ေက်ာ္ကို တပ္ဆင္ထား ၿပီး ရွမ္းျပည္နယ္ရဲ တပ္ဖြဲ႕မွဴး႐ံုးမွ ထိန္းခ်ဳပ္၍ ၂၄ နာရီ ေစာင့္ၾကပ္ ၾကည့္႐ႈလ်က္ရွိေၾကာင္း သိရသည္။
.
199 Call Center ကို ေတာင္ ႀကီးၿမိဳ႕အျပင္ က်ိဳင္းတံုၿမိဳ႕ႏွင့္ လား ရိႈး ၿမိဳ႕မ်ားတြင္လည္း ေခၚယူႏိုင္ ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး႐ံုး မွ သိရသည္။
.
လက္ကိုင္ဖုန္းျဖင့္ အဆိုပါ 199 Call Center သို႕ ဆက္သြယ္လိုပါ က ကိုင္ေဆာင္သူ၏ ဆင္းကဒ္မွတ္ ပံုတင္အား ရွမ္းျပည္နယ္ အတြင္း၌ ျပဳလုပ္ရန္ လုိအပ္မည္ျဖစ္ၿပီး ဆင္း ကဒ္မွတ္ပံုတင္အား အျခားတိုင္းေဒ သႀကီး။ ျပည္နယ္မ်ားတြင္ ျပဳလုပ္ ထားပါက ေခၚဆိုရာတြင္ မွတ္ပံုတင္ ထားသည့္ တုိင္းေဒသႀကီးႏွင့္ ျပည္ နယ္မ်ားရွိ 199 Call Center  သို႔ တယ္လီဖုန္း ဝင္ေရာက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
လက္ရွိတြင္ ရွမ္းျပည္နယ္ ရဲ တပ္ဖြဲ႕မွဴး႐ံုးႏွင့္ ခ႐ိုင္၊ ၿမိဳ႕နယ္၊ စ ခန္းမ်ား၏ ဆက္သြယ္ရန္ တယ္လီ ဖုန္းနံပါတ္မ်ားကို ရွမ္းျပည္နယ္ ရဲ တပ္ဖြဲ႕မွဴး႐ံုးမွ ထုတ္ျပန္ေပးထား ေသာ္လည္း အခ်ိဳ႕ တယ္လီဖုန္းမ်ား မွာ ေခၚဆို၍ မရျခင္း၊ ဖုန္းဝင္ေသာ္ လည္း လက္ခံေျဖၾကားမႈ မရွိျခင္း မ်ား ရွိေနေၾကာင္း သိရသည္။
.
===========================================
အရေးပေါ်အခြေအနေနှင့် မှုခင်းများ ဖြစ်ပွားလာပါက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ 199 Call Center မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်
စိုင်းရာဇာ
.
အရေးပေါ် အခြေအနေနှင့် ထူး ခြားသော မှုခင်းများ ဖြစ်ပွားပါက  ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ 199 Call Center မှတစ်ဆင့် ဆက်သွယ် သတင်းပေးပို့ အကြောင်းကြားနိုင်ပြီ ဖြစ်ကြောင်း  သိရသည်။
.
ယခင်နှစ်များက တောင်ကြီးမြို့ တွင် 199 Call Center တပ်ဆင် ထားခြင်း မရှိဘဲ ယခုနှစ်မှသာ တပ် ဆင် ပြီးစီး၍ ဆက်သွယ်နိုင်ပြီ ဖြစ် ကြောင်း သိရသည်။
.

“ကျွန်တော်တို့ဆီမှာ ၁၉၉ Call Center တွေ ရှိတယ်။ ၂၄ နာရီလုံး CCTV နဲ့ 199 Call Center ကို ဖွင့် ထားတယ်။ အထူးသဖြင့်တော့ တောင်ကြီးမြို့ပေါ်၊ ကျိုင်းတုံ၊ လား ရှိုးမြို့ပေါ်တွေမှာ ဖွင့်ပြီးသွားပြီ။ ရဲစ ခန်းတွေက ဖုန်းမကိုင်ဘူးလို့၊ 199 ခေါ်ရင်လည်း အလကားပါပဲလို့ မ ဖြစ်အောင် ၂၄ နာရီ တာဝန်ချထား ပါတယ်ဒဒဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ် ဇော်ခင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ရပ်ရွာတည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် တောင်ကြီးမြို့ပေါ်ရှိ နေရာ ၂၁ ခုတွင် CCTV လုံခြုံရေးကင်မ ရာအလုံး ၈ဝ ကျော်ကို တပ်ဆင်ထား ပြီး ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ထိန်းချုပ်၍ ၂၄ နာရီ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
.
199 Call Center ကို တောင် ကြီးမြို့အပြင် ကျိုင်းတုံမြို့နှင့် လား ရှိုး မြို့များတွင်လည်း ခေါ်ယူနိုင် ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။
.
လက်ကိုင်ဖုန်းဖြင့် အဆိုပါ 199 Call Center သို့ ဆက်သွယ်လိုပါ က ကိုင်ဆောင်သူ၏ ဆင်းကဒ်မှတ် ပုံတင်အား ရှမ်းပြည်နယ် အတွင်း၌ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး ဆင်း ကဒ်မှတ်ပုံတင်အား အခြားတိုင်းဒေ သကြီး။ ပြည်နယ်များတွင် ပြုလုပ် ထားပါက ခေါ်ဆိုရာတွင် မှတ်ပုံတင် ထားသည့် တိုင်းဒေသကြီးနှင့် ပြည် နယ်များရှိ 199 Call Center  သို့ တယ်လီဖုန်း ဝင်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ရှမ်းပြည်နယ် ရဲ တပ်ဖွဲ့မှူးရုံးနှင့် ခရိုင်၊ မြို့နယ်၊ စ ခန်းများ၏ ဆက်သွယ်ရန် တယ်လီ ဖုန်းနံပါတ်များကို ရှမ်းပြည်နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ပေးထား သော်လည်း အချို့ တယ်လီဖုန်းများ မှာ ခေါ်ဆို၍ မရခြင်း၊ ဖုန်းဝင်သော် လည်း လက်ခံဖြေကြားမှု မရှိခြင်း များ ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats