ရွားပါးစာရင္းဝင္ျဖစ္သည့္ ငွက္ျပာေျခာက္မ်ားအား ဓႏုေဒသတြင္ ေတြ႕ရွိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 12, 2019

ရွားပါးစာရင္းဝင္ျဖစ္သည့္ ငွက္ျပာေျခာက္မ်ားအား ဓႏုေဒသတြင္ ေတြ႕ရွိ


ခြန္သက္ထူး
.
ကမၻာေပၚတြင္ မ်ိဳးတုန္းေပ်ာက္ ေပ်ာက္ကြယ္လုနီးျဖစ္ေနသည့္ ရွားပါး စာရင္းဝင္ ငွက္ျပာေျခာက္ႀကီးမ်ားကို ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္းတယႏွင့္ ရြာငံၿမိဳ႕နယ္စပ္ အေရွ႕ျမင္ အေနာက္ ျမင္ ေတာင္ေပၚတြင္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
.
 .
“ကမၻာ့ရွားပါးစာရင္းဝင္ ငွက္ျပာ ေျခာက္ႀကီးမ်ိဳးစိတ္ ၃၅ ေကာင္ခန္႔ ဓႏုေဒသမွာ က်န္ရွိေနတာပါ။ ကမၻာ ေပၚမွာ ျမန္မာနဲ႔ ထိုင္း၂ ႏိုင္ငံမွာပဲ က်န္ေတာ့တဲ့ အရွားပါးဆံုး ငွက္မ်ိဳး ေတြ ျဖစ္ပါတယ္။ ႐ႈခင္းေတြေၾကာင့္ နာမည္ေက်ာ္တဲ့ ဓႏုေဒသအတြက္ ခရီးသြား လုပ္ငန္းမ်ား ခရီးစဥ္ေရးဆြဲ စီစဥ္တဲ့အခါမွာလည္း ငွက္ၾကည့္ခရီး စဥ္ေတြ ပါလာမယ္ ဆိုရင္ ဓႏုေဒသ အေၾကာင္း ကမၻာက ပိုမိုသိရွိလာႏိုင္ၾကမွာ ျဖစ္ပါတယ္”ဟု သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးေဒါက္တာ ညီညီေအာင္က ေျပာဆိုထားသည္။
.
အဆိုပါ ငွက္ျပာေျခာက္ႀကီးသည္ တစ္ကမၻာလံုးတြင္ အ႐ွားပါးဆံုး ငွက္ တစ္မ်ိဴးျဖစ္ၿပီး ျမန္မာႏိုင္ငံ၊ ထိုင္းႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔တြင္ မ်ိဴးစိတ္ တည္႐ွိသည္။ ယင္းငွက္ျပာ ေျခာက္ႀကီးသည္ ပင္လယ္ေရမ်က္ႏွာ ျပင္အထက္ အျမင့္ေပ ၄၀ဝ၀ မွ ၆၀ဝ၀ ၾကား သစ္ပင္ထူထပ္ ေပါမ်ားေသာ ေနရာတြင္ ေနထိုင္ေသာ ငွက္တစ္မ်ိဴး ျဖစ္ေၾကာင္း သိရသည္။
.
ငွက္ျပာႀကီးမ်ားသည္ ကမၻာေပၚ တြင္ေကာင္ေရ ၁၀ဝ၀ မွ ၂၅၀ဝ ေက်ာ္ ႐ွိသည့္အနက္ ျမန္မာႏိုင္ငံတြင္ ၃၅ ေကာင္ခန္႔သာ႐ွိၿပီး ထိုင္းႏိုင္ငံတြင္ ေကာင္ေရ ၁၀ဝ၀ ေက်ာ္႐ွိေၾကာင္းသိ ရသည္။
.
ရှားပါးစာရင်းဝင်ဖြစ်သည့် ငှက်ပြာခြောက်များအား ဓနုဒေသတွင် တွေ့ရှိ
.
ခွန်သက်ထူး
.
ကမ္ဘာပေါ်တွင် မျိုးတုန်းပျောက် ပျောက်ကွယ်လုနီးဖြစ်နေသည့် ရှားပါး စာရင်းဝင် ငှက်ပြာခြောက်ကြီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနှင့် ရွာငံမြို့နယ်စပ် အရှေ့မြင် အနောက် မြင် တောင်ပေါ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
.
“ကမ္ဘာ့ရှားပါးစာရင်းဝင် ငှက်ပြာ ခြောက်ကြီးမျိုးစိတ် ၃၅ ကောင်ခန့် ဓနုဒေသမှာ ကျန်ရှိနေတာပါ။ ကမ္ဘာ ပေါ်မှာ မြန်မာနဲ့ ထိုင်း၂ နိုင်ငံမှာပဲ ကျန်တော့တဲ့ အရှားပါးဆုံး ငှက်မျိုး တွေ ဖြစ်ပါတယ်။ ရှုခင်းတွေကြောင့် နာမည်ကျော်တဲ့ ဓနုဒေသအတွက် ခရီးသွား လုပ်ငန်းများ ခရီးစဉ်ရေးဆွဲ စီစဉ်တဲ့အခါမှာလည်း ငှက်ကြည့်ခရီး စဉ်တွေ ပါလာမယ် ဆိုရင် ဓနုဒေသ အကြောင်း ကမ္ဘာက ပိုမိုသိရှိလာနိုင်ကြမှာ ဖြစ်ပါတယ်”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာ ညီညီအောင်က ပြောဆိုထားသည်။
.
အဆိုပါ ငှက်ပြာခြောက်ကြီးသည် တစ်ကမ္ဘာလုံးတွင် အရှားပါးဆုံး ငှက် တစ်မျိူးဖြစ်ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် မျိူးစိတ် တည်ရှိသည်။ ယင်းငှက်ပြာ ခြောက်ကြီးသည် ပင်လယ်ရေမျက်နှာ ပြင်အထက် အမြင့်ပေ ၄ဝဝဝ မှ ၆ဝဝဝ ကြား သစ်ပင်ထူထပ် ပေါများသော နေရာတွင် နေထိုင်သော ငှက်တစ်မျိူး ဖြစ်ကြောင်း သိရသည်။
.
ငှက်ပြာကြီးများသည် ကမ္ဘာပေါ် တွင်ကောင်ရေ ၁ဝဝဝ မှ ၂၅ဝဝ ကျော် ရှိသည့်အနက် မြန်မာနိုင်ငံတွင် ၃၅ ကောင်ခန့်သာရှိပြီး ထိုင်းနိုင်ငံတွင် ကောင်ရေ ၁ဝဝဝ ကျော်ရှိကြောင်းသိ ရသည်။
.

No comments:

Post a Comment