ရပ္ေစာက္တြင္ ေရတြင္းဆင္းဆယ္ရာမွ ေအာက္စီဂ်င္ျပတ္လပ္၍ လူ ၂ ဦးေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, July 2, 2019

ရပ္ေစာက္တြင္ ေရတြင္းဆင္းဆယ္ရာမွ ေအာက္စီဂ်င္ျပတ္လပ္၍ လူ ၂ ဦးေသဆံုး


ထမံသီ
.
ရွမ္းျပည္နယ္ ေတာင္ႀကီးခ႐ုိင္ ရပ္ေစာက္ၿမိဳ႕နယ္ ေကာင္းဘို႕ေက်းရြာအုပ္စု စမ္းေရဦး ရပ္ကြက္တြင္ ဇူလိုင္လ ၁ ရက္၊ ေန႔လယ္ပိုင္းက ေရတြင္းဆင္းဆယ္ရာမွ ေအာက္စီဂ်င္ျပတ္လပ္၍ လူ ၂ ဦးေသဆံုးခဲ့ေၾကာင္း သိရသည္။
.
 .
စမ္းေရဦးရပ္ကြက္ရွိ အက်ယ္ ၃ ေပ၊ အနက္ ၃၆ ေပခန္႔ ေရတြင္းေအာက္ျခမွ သဲႏုန္းမ်ား ဆယ္ယူရန္အတြက္ ေရတြင္းတူးလုပ္ငန္း လုပ္ကိုင္သူ ဖိုးစိုး(ခ)ဇင္ကိုကိုထြန္း(၂၀)ႏွစ္မွ ေရတြင္းသုိ႔ဆင္း၍ မၾကာမီ အေပၚမွႀကိဳးကိုင္သူ မႏြယ္ (ခ) မလွလွႏြယ္ထံ အသက္ရႈ၍မရေၾကာင္း ေျပာဆိုသျဖင့္ အေပၚသို႔ျပန္လည္ဆြဲယူစဥ္ တြင္းတစ္၀က္ အေရာက္ ေရတြင္းထဲသို႔ ျပန္လည္ျပဳတ္ၾကခဲ့ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ တြင္းေအာက္ျပဳတ္က်၍ သတိလစ္ေမ့ေျမာေနသည့္ ဖိုးစိုး (ခ) ဇင္ကိုကိုထြန္းအား ကယ္ဆယ္ရန္အတြက္ အိမ္နီးခ်င္းျဖစ္သူ ကိုဆန္းဦး (၄၂ ႏွစ္) မွ လိုက္ဆင္းသြားရာ ထပ္မံသတိလစ္ ေမ့ေျမာခဲ့သျဖင့္ ေက်းရြာသူ/ေက်းရြာသားမ်ားမွ ၎တို႔ ၂ ဦးအား ဝိုင္းဝန္းဆယ္ယူ၍ ပင္းတယၿမိဳ႕နယ္၊ မိုင္းအင္တိုက္နယ္ေဆး႐ံုသို႔ ပို႔ေဆာင္ခဲ့ၿပီးေနာက္ ေဆး႐ံုတြင္ ေဆးကုသမႈခံယူေနစဥ္ မြန္းလြဲ ၂ နာရီခနၤဲခန္႔တြင္ ၂ ဦးလံုး ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ ေသမႈေသခင္း ဖြင့္လွစ္ႏိုင္ရန္အတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
ရပ်စောက်တွင် ရေတွင်းဆင်းဆယ်ရာမှ အောက်စီဂျင်ပြတ်လပ်၍ လူ ၂ ဦးသေဆုံး
.
ထမံသီ
.
ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာအုပ်စု စမ်းရေဦး ရပ်ကွက်တွင် ဇူလိုင်လ ၁ ရက်၊ နေ့လယ်ပိုင်းက ရေတွင်းဆင်းဆယ်ရာမှ အောက်စီဂျင်ပြတ်လပ်၍ လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
.
စမ်းရေဦးရပ်ကွက်ရှိ အကျယ် ၃ ပေ၊ အနက် ၃၆ ပေခန့် ရေတွင်းအောက်ခြမှ သဲနုန်းများ ဆယ်ယူရန်အတွက် ရေတွင်းတူးလုပ်ငန်း လုပ်ကိုင်သူ ဖိုးစိုး(ခ)ဇင်ကိုကိုထွန်း(၂၀)နှစ်မှ ရေတွင်းသို့ဆင်း၍ မကြာမီ အပေါ်မှကြိုးကိုင်သူ မနွယ် (ခ) မလှလှနွယ်ထံ အသက်ရှု၍မရကြောင်း ပြောဆိုသဖြင့် အပေါ်သို့ပြန်လည်ဆွဲယူစဉ် တွင်းတစ်ဝက် အရောက် ရေတွင်းထဲသို့ ပြန်လည်ပြုတ်ကြခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ တွင်းအောက်ပြုတ်ကျ၍ သတိလစ်မေ့မြောနေသည့် ဖိုးစိုး (ခ) ဇင်ကိုကိုထွန်းအား ကယ်ဆယ်ရန်အတွက် အိမ်နီးချင်းဖြစ်သူ ကိုဆန်းဦး (၄၂ နှစ်) မှ လိုက်ဆင်းသွားရာ ထပ်မံသတိလစ် မေ့မြောခဲ့သဖြင့် ကျေးရွာသူ/ကျေးရွာသားများမှ ၎င်းတို့ ၂ ဦးအား ဝိုင်းဝန်းဆယ်ယူ၍ ပင်းတယမြို့နယ်၊ မိုင်းအင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် မွန်းလွဲ ၂ နာရီခင်္နဲခန့်တွင် ၂ ဦးလုံး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats