ရပ္ေစာက္တြင္ ကေလးငယ္တစ္ဦးအား ကားျဖင့္ တိုက္မိမႈျဖစ္ပြားကာ ယာဥ္ေမာင္း ထြက္ေျပးတိမ္းေရွာင္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 21, 2019

ရပ္ေစာက္တြင္ ကေလးငယ္တစ္ဦးအား ကားျဖင့္ တိုက္မိမႈျဖစ္ပြားကာ ယာဥ္ေမာင္း ထြက္ေျပးတိမ္းေရွာင္ေန


ထမံသီ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးခ႐ိုင္၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ယမ္းတြင္းငါးေၾကာင္ေက်းရြာအုပ္စု၊ ရပ္ေစာက္- ေရႊေညာင္သြားကားလမ္း၊ မိုင္တိုင္အမွတ္ (၁၅/၁) ႏွင့္ (၁၅/၂)ၾကား ထိီးခမ္းေက်း ရြာ ဘုန္းေတာ္ႀကီးေက်ာင္း ေရွ႕တြင္ ယေန႔ ဇူလိုင္လ ၂၁ ရက္၊ ေန႔လယ္ပိုင္းက အသက္ ၈ ႏွစ္အရြယ္ ကေလးငယ္ တစ္ဦးအား ကားျဖင့္ တိုက္မိမႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။
.
 .
အခင္းျဖစ္ေနရာသို႔  ယာဥ္ထိန္းရဲအုပ္ ဝင္းသူရေမာင္ႏွင့္အဖြဲ႕၊ ပင္ျဖစ္ရဲကင္းမွဴး ရဲအုပ္ဟန္ ကိုကိုႏွင့္အဖြဲ႕တို႔မွ သြားေရာက္စစ္ေဆးရာ ကားလမ္းအေနာက္ဘက္မွ အေရွ႕ဘက္သို႔ လမ္းျဖတ္ကူးေနသည့္ အသက္(၈)ႏွစ္အရြယ္ ဒုတိယေက်ာင္းသား ေမာင္လင္းဦးအား ရပ္ေစာက္မွ ေရႊေညာင္သို႔ အမည္မသိအမ်ိဳးသားတစ္ဦး ေမာင္းႏွင္ လာသည့္ အျပာေရာင္ Canter ယာဥ္မွ ဝင္ေရာက္တိုက္မိမႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူမွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။
.
ယာဥ္တိုက္မႈေၾကာင့္ အသက္ ၈ ႏွစ္အရြယ္ ဒုတိယေက်ာင္းသား ေမာင္လင္းဦးတြင္ ပြန္းပဲ့ဒဏ္ရာ အနည္းငယ္ ရရွိခဲ့ၿပီး ပင္ျဖစ္တိုက္နယ္ေဆး႐ံုသို႔ ပို႔ေဆာင္၍ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။
.
အဆိုပါ ယာဥ္တိုက္မႈမွ ထြက္ေျပးတိမ္းေရွာင္ေနသူယာဥ္ေမာင္းအား ရပ္ေစာက္ၿမိဳ႕မရဲစခန္းမွ ယာဥ္(ပ)၁၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၂၀၂ ျဖင့္ အမႈဖြင့္၍ အျမန္ဆံုးဖမ္း ဆီးႏိုင္ေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
.
============================================================
ရပ်စောက်တွင် ကလေးငယ်တစ်ဦးအား ကားဖြင့် တိုက်မိမှုဖြစ်ပွားကာ ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်နေ
.
ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရပ်စောက်- ရွှေညောင်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၅/၁) နှင့် (၁၅/၂)ကြား ထိီးခမ်းကျေး ရွာ ဘုန်းတော်ကြီးကျောင်း ရှေ့တွင် ယနေ့ ဇူလိုင်လ ၂၁ ရက်၊ နေ့လယ်ပိုင်းက အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦးအား ကားဖြင့် တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
.
အခင်းဖြစ်နေရာသို့  ယာဉ်ထိန်းရဲအုပ် ဝင်းသူရမောင်နှင့်အဖွဲ့၊ ပင်ဖြစ်ရဲကင်းမှူး ရဲအုပ်ဟန် ကိုကိုနှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ ကားလမ်းအနောက်ဘက်မှ အရှေ့ဘက်သို့ လမ်းဖြတ်ကူးနေသည့် အသက်(၈)နှစ်အရွယ် ဒုတိယကျောင်းသား မောင်လင်းဦးအား ရပ်စောက်မှ ရွှေညောင်သို့ အမည်မသိအမျိုးသားတစ်ဦး မောင်းနှင် လာသည့် အပြာရောင် Canter ယာဉ်မှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ဒုတိယကျောင်းသား မောင်လင်းဦးတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး ပင်ဖြစ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူယာဉ်မောင်းအား ရပ်စောက်မြို့မရဲစခန်းမှ ယာဉ်(ပ)၁၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၂၀၂ ဖြင့် အမှုဖွင့်၍ အမြန်ဆုံးဖမ်း ဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats