ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ႐ြာငံၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံတြင္ သြားႏွင့္ ခံတြင္းေဆးခန္း ဖြင့္လွစ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 22, 2019

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ႐ြာငံၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံတြင္ သြားႏွင့္ ခံတြင္းေဆးခန္း ဖြင့္လွစ္


ေမာင္ေမာင္သန္း (ေတာင္ႀကီး)
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ႐ြာငံၿမိဳ႕ နယ္ ျပည္သူ႕ေဆး႐ုံတြင္ ဇူလိုင္လ ၁၈ ရက္၊ နံနက္ပိုင္းက သြားႏွင့္ခံတြင္းေဆးခန္းအား စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
.
 .
ဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ဥကၠ႒ ဦးအာကာလင္း၊ ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕က်န္း မာေရးဦးစီးဌာနမွဴး ေဒါက္တာ သူဇာခ်စ္တင္၊ အလွဴရွင္ (Forever Group CEO) ဦး၀င္းေမာ္တို႔က ဖဲ ႀကိဳးျဖတ္ ဖြင့္လွစ္ေပးၾကၿပီး၊ သြားႏွင့္ ခံတြင္း ကဗၼည္းေမာ္ကြန္းအား အေမႊးနံ႔သာမ်ား ပက္ဖ်န္းေပးခဲ့ေၾကာင္း သိရသည္။
.
ဆက္လက္၍ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ ၀န္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္ ေဒသဦးစီး ဥကၠ႒ အလွဴရွင္မ်ားႏွင့္ တာ၀န္ရွိသူတို႕သည္ ေဆး႐ုံအတြင္းလွည့္ လည္ၾကည့္႐ႈၿပီး၊ ေဆး႐ုံတက္ေရာက္ ေဆးကုသမႈ ခံယူေနေသာ လူနာမ်ားအား ေထာက္ပံ့ေငြမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
.
ထို႔ေနာက္ အခမ္းအနား ဒုတိယပိုင္းကို ဆက္လက္က်င္းပရာ ရွမ္းျပည္ နယ္ အစိုးရအဖြဲ႕ ျပည္နယ္၀န္ႀကီး ခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာ ႏိုင္ငံတြင္ ျပဳလုပ္ေသာ သြားႏွင့္ခံ တြင္း စစ္တမ္းမ်ားအရ ျပည္သူလူ ထုအတြင္း သြားႏွင့္ခံတြင္း က်န္းမာ ေရးဆိုင္ရာ အသိပညာမ်ား သိရွိနားလည္မႈ အားနည္းျခင္း၊ သြားႏွင့္ခံတြင္း က်န္းမာေရး ေစာင့္ေရွာက္မႈကို လြယ္လင့္တကူ လက္လွမ္းမီ ရရွိမႈ မရွိျခင္း၊ သြားႏွင့္ ခံတြင္းက်န္းမာေရး ေစာင့္ေရွာက္မႈ ေပးႏိုင္သည့္ သြားဘက္ဆိုင္ရာ ဆရာ၀န္ႏွင့္ ကြၽမ္းက်င္ ၀န္ထမ္းမ်ား နည္းပါးေနေသးျခင္း ႏွင့္ Dental Ch အပါအ၀င္ ေဆး ႏွင့္ ေဆးပစၥည္းမ်ား မလုံေလာက္ ျခင္းတို႔ကို ေတြ႕ရွိရပါေၾကာင္း၊ အလွဴ ရွင္မွ လွဴဒါန္းေသာ သြားေဆးခန္း Dental Chair ႏွင့္ Dental X-Ray မ်ားျဖင့္ ႐ြာငံၿမိဳ႕ေန ျပည္သူလူထုကို အရည္အေသြး ျပည့္၀ေသာ သြားႏွင့္ ခံတြင္း က်န္းမာေရး ေစာင့္ေရွာက္ မႈမ်ား ဆက္လက္ ျပဳလုပ္ႏိုင္မည္ျဖစ္ ေၾကာင္း အမွာစကား ေျပာၾကား ခဲ့ သည္။
.
၎ေနာက္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသ ဦးစီးအဖြဲ႕ ဥကၠ႒ ဦးအာ ကာလင္းမွ အမွာစကား ေျပာၾကား ၿပီး အလွဴရွင္ (Forever Group) CEO ဦး၀င္းေမာ္မွ လွဴဒါန္းရသည့္ အေၾကာင္းအရာႏွင့္ ပတ္သက္၍ ရွင္း လင္းကာ သြားႏွင့္ခံတြင္း ေဆးခန္း ဆိုင္ရာစာ ႐ြက္စာတမ္းမ်ားကို ေပးအပ္ရာ ၿမိဳ႕နယ္ျပည္သူ႕က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာခြန္၀င္းလတ္က လက္ခံရယူၿပီး၊ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္ကာ သြားဓာတ္မွန္စက္အား ပင္းတယၿမိဳ႕နယ္ ျပည္သူ႕က်န္းမာေရးဌာန ဦးစီးမွဴး ေဒါက္တာမို႔မို႔ၾကည္မွ လက္ခံရယူ၍ ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပး ၿပီး၊သြားႏွင့္ခံတြင္း ေဆးခန္းႏွင့္ သြားဘက္ဆိုင္ရာ စက္ကိရိယာမ်ား ျပင္ ဆင္ ေဆာက္လုပ္ရန္ စီစဥ္ေပးေသာ ေဒါက္တာထြန္းလွအား ၿမိဳ႕နယ္ျပည္ သူ႕က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာခြန္၀င္းလတ္မွ ဂုဏ္ျပဳမွတ္တမ္း လႊာ ျပန္လည္ေပးအပ္၍ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအး မင္းစိုးက ေက်းဇူးတင္စကား ျပန္ လည္ ေျပာၾကားေၾကာင္း သိရသည္။
.
အဆိုပါ ရြာငံသြားေဆးခန္း ဖြင့္ လွစ္ႏိုင္ရန္ အလွဴရွင္ ဦး၀င္းေမာ္ မိ သားစုမွ ေဆးခန္းျပဳျပင္ျခင္း က်ပ္ သိန္း ၉၀၊ Dental Chair ၂ လံုး က်ပ္ သိန္း ၁၃၀ ခန္႔ႏွင့္ Dental X-Ray ၁ လံုး က်ပ္သိန္း ၈၀ ခန္႔ တို႔ကို လွဴဒါန္းေပးခဲ့ျခင္း ျဖစ္ၿပီး ပင္း တယၿမိဳ႕နယ္ေဆး႐ုံတြင္ သြားႏွင့္ ခံ တြင္း လူနာစုစုေပါင္း ၄၁၃ ဦးကို ေဆးကုသ ေပးရာတြင္ ပံ့ပိုးလွဴဒါန္း ျခင္း၊ သြားက်န္းမာေရး ေဆးခန္း အ တြက္ က်ပ္သိန္း ၃၀၀ ႏွင့္ ပင္းတယ ေဆး႐ုံအတြက္ အ၀တ္ေလွ်ာ္စက္ ႏွင့္ အ၀တ္အေျခာက္ခံစက္ တစ္လုံး၊ ေစာင္ေခါင္းအုံးႏွင့္ အိပ္ယာခင္းမ်ား  စုစုေပါင္း က်ပ္ ၃၇ သိန္းခန္႔ တို႔ကိုလည္း လွဴဒါန္းေပးခဲ့ေၾကာင္း သိရ သည္။
.
႐ြာငံၿမိဳ႕နယ္တြင္ သြားဘက္ဆိုင္ရာ ဆရာ၀န္ ၃ ဦးျဖင့္ သြားႏွင့္ခံ တြင္းဆိုင္ရာ က်န္းမာေရး ေစာင့္ ေရွာက္မႈ ေပးလ်က္ရွိၿပီး ေက်ာင္းက်န္းမာေရးလုပ္ငန္း ေဆာင္ရြက္ရာ တြင္လည္း ႏွစ္စဥ္ ေက်ာင္းသား/သူမ်ားကို သြားႏွင့္ ခံတြင္း စစ္ေဆးေပး ျခင္း၊ ေရာဂါ ျဖစ္ပြားသည့္ ေက်ာင္းသား/သူမ်ားကို ေဆး၀ါး ကုသေပးျခင္းတို႔ကို ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
.
============================================================
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားနှင့် ခံတွင်းဆေးခန်း ဖွင့်လှစ်
.
မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ နယ် ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းက သွားနှင့်ခံတွင်းဆေးခန်းအား စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်၊ အလှူရှင် (Forever Group CEO) ဦးဝင်းမော်တို့က ဖဲ ကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ သွားနှင့် ခံတွင်း ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဒေသဦးစီး ဥက္ကဋ္ဌ အလှူရှင်များနှင့် တာဝန်ရှိသူတို့သည် ဆေးရုံအတွင်းလှည့် လည်ကြည့်ရှုပြီး၊ ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသော လူနာများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရှမ်းပြည် နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်က မြန်မာ နိုင်ငံတွင် ပြုလုပ်သော သွားနှင့်ခံ တွင်း စစ်တမ်းများအရ ပြည်သူလူ ထုအတွင်း သွားနှင့်ခံတွင်း ကျန်းမာ ရေးဆိုင်ရာ အသိပညာများ သိရှိနားလည်မှု အားနည်းခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုကို လွယ်လင့်တကူ လက်လှမ်းမီ ရရှိမှု မရှိခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည့် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် ကျွမ်းကျင် ဝန်ထမ်းများ နည်းပါးနေသေးခြင်း နှင့် Dental Ch အပါအဝင် ဆေး နှင့် ဆေးပစ္စည်းများ မလုံလောက် ခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ အလှူ ရှင်မှ လှူဒါန်းသော သွားဆေးခန်း Dental Chair နှင့် Dental X-Ray များဖြင့် ရွာငံမြို့နေ ပြည်သူလူထုကို အရည်အသွေး ပြည့်ဝသော သွားနှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက် မှုများ ဆက်လက် ပြုလုပ်နိုင်မည်ဖြစ် ကြောင်း အမှာစကား ပြောကြား ခဲ့ သည်။
.
၎င်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာ ကာလင်းမှ အမှာစကား ပြောကြား ပြီး အလှူရှင် (Forever Group) CEO ဦးဝင်းမော်မှ လှူဒါန်းရသည့် အကြောင်းအရာနှင့် ပတ်သက်၍ ရှင်း လင်းကာ သွားနှင့်ခံတွင်း ဆေးခန်း ဆိုင်ရာစာ ရွက်စာတမ်းများကို ပေးအပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခွန်ဝင်းလတ်က လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ သွားဓာတ်မှန်စက်အား ပင်းတယမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာမို့မို့ကြည်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး ပြီး၊သွားနှင့်ခံတွင်း ဆေးခန်းနှင့် သွားဘက်ဆိုင်ရာ စက်ကိရိယာများ ပြင် ဆင် ဆောက်လုပ်ရန် စီစဉ်ပေးသော ဒေါက်တာထွန်းလှအား မြို့နယ်ပြည် သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခွန်ဝင်းလတ်မှ ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေး မင်းစိုးက ကျေးဇူးတင်စကား ပြန် လည် ပြောကြားကြောင်း သိရသည်။
.
အဆိုပါ ရွာငံသွားဆေးခန်း ဖွင့် လှစ်နိုင်ရန် အလှူရှင် ဦးဝင်းမော် မိ သားစုမှ ဆေးခန်းပြုပြင်ခြင်း ကျပ် သိန်း ၉၀၊ Dental Chair ၂ လုံး ကျပ် သိန်း ၁၃၀ ခန့်နှင့် Dental X-Ray ၁ လုံး ကျပ်သိန်း ၈၀ ခန့် တို့ကို လှူဒါန်းပေးခဲ့ခြင်း ဖြစ်ပြီး ပင်း တယမြို့နယ်ဆေးရုံတွင် သွားနှင့် ခံ တွင်း လူနာစုစုပေါင်း ၄၁၃ ဦးကို ဆေးကုသ ပေးရာတွင် ပံ့ပိုးလှူဒါန်း ခြင်း၊ သွားကျန်းမာရေး ဆေးခန်း အ တွက် ကျပ်သိန်း ၃၀၀ နှင့် ပင်းတယ ဆေးရုံအတွက် အဝတ်လျှော်စက် နှင့် အဝတ်အခြောက်ခံစက် တစ်လုံး၊ စောင်ခေါင်းအုံးနှင့် အိပ်ယာခင်းများ  စုစုပေါင်း ကျပ် ၃၇ သိန်းခန့် တို့ကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
.
ရွာငံမြို့နယ်တွင် သွားဘက်ဆိုင်ရာ ဆရာဝန် ၃ ဦးဖြင့် သွားနှင့်ခံ တွင်းဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု ပေးလျက်ရှိပြီး ကျောင်းကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ရာ တွင်လည်း နှစ်စဉ် ကျောင်းသား/သူများကို သွားနှင့် ခံတွင်း စစ်ဆေးပေး ခြင်း၊ ရောဂါ ဖြစ်ပွားသည့် ကျောင်းသား/သူများကို ဆေးဝါး ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment