၂၀၂၁ ၌ ကျင်းပမည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် ကနဦးပါဝင် - Kanbawza Tai News

Breaking

Saturday, July 27, 2019



ကမ္ဘောဇတိုင်း
.
.
.
.
.
.
.
============================================================
၂၀၂၁ ၌ ကျင်းပမည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် ကနဦးပါဝင်
.
ကမ္ဘောဇတိုင်း
.
၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ (U 20 WC 2021) အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် မြန်မာ နှင့် ထိုင်းတို့က လျှောက်ထားခဲ့ရာ ကနဦး ၅ နိုင်ငံ စာရင်းတွင် အဆိုပြု ထည့်သွင်းထားကြောင်း ဇူလိုင် ၆ ရက်က အာဆီယံ ဘောလုံးအဖွဲ့ချုပ် မှ ကြေညာထားသည်။
.
အိမ်ရှင်နေရာ ကျင်းပခွင့် ရရှိရေး အတွက် ပြီးခဲ့သည့် ဇွန်လအတွင်းက လျှောက်ထားခဲ့ကြခြင်းဖြစ်ပြီး အဆိုပြု ၅ နိုင်ငံ စာရင်း၌ ပူးတွဲအိမ် ရှင်အဖြစ် ဘာရိန်းနိုင်ငံနှင့် ဆော်ဒီ အာရေးဘီးယား နိုင်ငံ၊ UAE နိုင်ငံ တို့မှလည်းကောင်း၊ မြန်မာနှင့် ထိုင်းဘောလုံး အဖွဲ့ချုပ်တို့မှ လည်း ကောင်း၊ သီးခြားအိမ်ရှင်အဖြစ် ဘရာဇီး၊ အင်ဒိုနီးရှား၊ ပီရူးတို့ ပါဝင်သည်။
.
အိမ်ရှင်နိုင်ငံအဖြစ် နောက်ဆုံး အပြီးသတ် ရွေးချယ်မှုကို လာမည့် အောက်တိုဘာလ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်း မြို့တွင် ကျင်းပမည့် အစည်းအဝေး တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် င်္င်္ှုဗ က ဆုံးဖြတ်မည် ဖြစ်သည်။
.
မြန်မာအသင်းသည် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို၂၀၁၅ ခုနှစ်က ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အုပ်စု အ ဆင့်တွင် အိမ်ရှင် နယူးဇီလန်အပြင် ယူကရိန်း၊ အမေရိကန်တို့ကို ၃ ပွဲလုံး ရှုံးနိမ့်ခဲ့သည်။
.
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့်၂၀၁၅ ခုနှစ်အတွင်း က တစ်ကြိမ်သာ ယှဉ်ပြိုင်ထားပြီး ၆ နှစ်အကြာတွင် အိမ်ရှင်အဖြစ် လက် ခံ ကျင်းပနိုင်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်ကာ ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၇၇ ခုနှစ်မှ စတင်ကာ ကျင်းပ လာခြင်းဖြစ်ပြီး၂၀၂၁ အ တွက် အာဆီယံ ၃ နိုင်ငံမှ အိမ်ရှင် အဖြစ် အဆိုပြုခဲ့ခြင်းလည်း ဖြစ် သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats