အမ်ိဳးသမီး ကုန္ထုတ္အက်ဥ္းစခန္းမ်ား ဖ်က္သိမ္းရန္ရန္ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္မွ တိုက္တြန္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, July 30, 2019

အမ်ိဳးသမီး ကုန္ထုတ္အက်ဥ္းစခန္းမ်ား ဖ်က္သိမ္းရန္ရန္ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္မွ တိုက္တြန္း


မင္းေဇာ္မင္း
.
ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝးကို ဇူလိုင္လ ၂၄ ရက္က  ေနျပည္ေတာ္တြင္ ျပဳလုပ္ရာ အဆိုပါ အစည္းအေဝးတြင္ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ၂၀၁၈ ခုႏွစ္၊ ႏွစ္ပတ္လည္အစီရင္ခံစာအေပၚ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေဆြးေႏြးခဲ့ၾကၿပီး ယင္းအစီရင္ခံစာ တြင္ အမ်ိဳးသမီး ကုန္ထုတ္အက်ဥ္းစခန္းမ်ား ဖ်က္သိမ္းရန္ တိုက္တြန္းေၾကာင္း အပါအဝင္ အက်ဥ္းေထာင္ ျပဳျပင္ေရး ကိစၥအမ်ားအျပားကို ေဖာ္ျပထားေၾကာင္း သိရသည္။
.
.
အစီရင္ခံစာမွာပါတဲ့ မျဖစ္မေန အေကာင္အထည္ေဖာ္ရမယ့္ ကိစၥကေတာ့ အမ်ိဳးသမီး ကုန္ထုတ္အက်ဥ္း စခန္းေတြ ပိတ္သိမ္းေရးပါပဲ။ သာမန္ေယာက္်ားေလးတစ္ေယာက္ေတာင္ ဒီလိုအလုပ္ေတြ မလုပ္ႏိုင္သလို ILO စံႏႈန္း ေတြနဲ႔လည္း မကိုက္ညီပါဘူး။ ရရွိေနတဲ့ လုပ္အားခကိုလည္း တစ္ရက္ ၂၀၀ ကေန ၁၀၀၀ က်ပ္ေလာက္ တိုးျမႇင့္ေပးဖို႔လိုအပ္ေနပါတယ္ဟု အဆိုပါ အစီရင္ခံစာႏွင့္ ပတ္သက္၍ ကခ်င္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၁၁) မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာခြန္ဝင္းေသာင္းက လႊတ္ေတာ္တြင္ ေဆြးေႏြးခဲ့သည္။
.
ထို႔အျပင္ အက်ဥ္းေထာင္ဝန္ထမ္းမ်ားႏွင့္ အက်ဥ္းသားအင္အား မမွ်တမႈ၊ ဝန္ထမ္းမ်ား ေဝးလံေခါင္သီ ေနရာမ်ားတြင္ ျဖစ္သလို ေနထိုင္ၾကရမႈ စသည္ကိစၥရပ္မ်ားကို သက္ဆိုင္ရာ ဌာနအေနျဖင့္ ျဖည့္ဆည္းေပး ရန္၊ ေထာင္တြင္းပညာေရး ျမင့္တက္လာေနသည့္ အေျခအေနတြင္ စာေမးပြဲေအာင္ျမင္သြားသည့္ ေက်ာင္း သား/သူမ်ားကို ျပစ္ဒဏ္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳသကဲ့သို႔ ၎တို႔ကို သင္ၾကားေပးခဲ့သည့္ အက်ဥ္းစံ ဆရာ မ်ားကိုလည္း ေလွ်ာ့ရက္မ်ား ခံစားခြင့္ရရွိသင့္ေၾကာင္း ေဒါက္တာခြန္ဝင္းေသာင္းမွ ေဆြးေႏြးခဲ့သည္ဟု သိရသည္။
.
အဆိုပါ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္၏ ၂၀၁၈ ခုႏွစ္၊ ႏွစ္ပတ္လည္ အစီရင္ခံစာ အေပၚ ကသာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၾကည္ျမင့္၊ သထံုၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ ေဒၚမမခိုင္တို႔ကလည္း အက်ဥ္းေထာင္မ်ား ျပဳျပင္ေရးအတြက္ လိုအပ္ခ်က္မ်ားကို အသီးသီး ဝင္ေရာက္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
.
အက်ဥ္းေထာင္မ်ား၏ အေျခအေနႏွင့္ ပတ္သက္၍ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕ဝင္ ဦးယုလြင္ေအာင္ကအစပိုင္းႏွစ္ေတြမွာေတာ့ အေတာ္ကို ခ်ိဳးေဖာက္တာ ေတြ႕ခဲ့ရတယ္။ ေထာင္ေတြကို / ႀကိမ္ မက စစ္ေဆးရင္း ေနာက္ဆံုးအႀကိမ္ေတြမွာေတာ့ တိုးတက္လာတာ ေတြ႕ခဲ့ရတယ္။ တခ်ိဳ႕ေတာ့ အနည္းငယ္ က်န္ ေနပါေသးတယ္။ ျခံဳေျပာရရင္ေတာ့ အေတာ့္ကို တိုးတက္လာေနၾကပါၿပီ။ အခုဥပေဒေရးဆြဲေနတဲ့ Parrole System ကိုလည္း က်င့္သံုးဖို႔အတြက္ အဖြဲ႕က ေထာက္ခံထားပါတယ္။ တစ္ႀကိမ္တစ္ခါသာ မွားယြင္းခဲ့သူေတြ အေနနဲ႔ ျပန္ လည္ျပင္ဆင္ႏိုင္စြမ္းရွိေစဖို႔ ရည္ရြယ္ပါတယ္။ လူေရာ စိတ္ပါ ျပဳျပင္ေျပာင္းလဲေစၿပီး ျမန္မာ့လူ႔ေဘာင္ ဖြံ႕ၿဖိဳးတိုးတက္ ေစခ်င္ပါတယ္ဟု ေျပာဆိုခဲ့သည္။
.
ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္သည္ ၂၀၁၅ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း အက်ဥ္းေထာင္ ၄၄ ခုသို႔ ၆၈ ႀကိမ္၊ အက်ဥ္းစခန္း ၄၁ ခုသို႔ ၅၅ ႀကိမ္ သြားေရာက္စစ္ေဆးခဲ့ၿပီးျဖစ္ေၾကာင္း ၎ထံမွ သိရသည္။
.
ျမန္မာႏိုင္ငံတြင္ ဗဟိုအက်ဥ္းေထာင္ ခု အပါအဝင္ အက်သ္းေထာင္ ၄၄ ခု၊ အက်ဥ္းစခန္း ခု တည္ရွိၿပီး ၂၀၁၉ ခုႏွစ္၊ ဇြန္လအထိ စာရင္းမ်ားအရ တစ္ႏိုင္ငံလံုးတြင္ အက်ဥ္းသား ၉၀၀၀၀ ေက်ာ္မွ် ရွိေနေၾကာင္း အက်ဥ္း ဦးစီးဌာနမွ သိရသည္။
.
============================================================
အမျိုးသမီး ကုန်ထုတ်အကျဉ်းစခန်းများ ဖျက်သိမ်းရန်ရန် အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တိုက်တွန်း
.
မင်းဇော်မင်း
.
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်က  နေပြည်တော်တွင် ပြုလုပ်ရာ အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၏ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ယင်းအစီရင်ခံစာ တွင် အမျိုးသမီး ကုန်ထုတ်အကျဉ်းစခန်းများ ဖျက်သိမ်းရန် တိုက်တွန်းကြောင်း အပါအဝင် အကျဉ်းထောင် ပြုပြင်ရေး ကိစ္စအများအပြားကို ဖော်ပြထားကြောင်း သိရသည်။
.
အစီရင်ခံစာမှာပါတဲ့ မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် ကိစ္စကတော့ အမျိုးသမီး ကုန်ထုတ်အကျဉ်း စခန်းတွေ ပိတ်သိမ်းရေးပါပဲ။ သာမန်ယောက်ျားလေးတစ်ယောက်တောင် ဒီလိုအလုပ်တွေ မလုပ်နိုင်သလို ILO စံနှုန်း တွေနဲ့လည်း မကိုက်ညီပါဘူး။ ရရှိနေတဲ့ လုပ်အားခကိုလည်း တစ်ရက် ၂၀၀ ကနေ ၁၀၀၀ ကျပ်လောက် တိုးမြှင့်ပေးဖို့လိုအပ်နေပါတယ်ဟု အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
.
ထို့အပြင် အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းသားအင်အား မမျှတမှု၊ ဝန်ထမ်းများ ဝေးလံခေါင်သီ နေရာများတွင် ဖြစ်သလို နေထိုင်ကြရမှု စသည်ကိစ္စရပ်များကို သက်ဆိုင်ရာ ဌာနအနေဖြင့် ဖြည့်ဆည်းပေး ရန်၊ ထောင်တွင်းပညာရေး မြင့်တက်လာနေသည့် အခြေအနေတွင် စာမေးပွဲအောင်မြင်သွားသည့် ကျောင်း သား/သူများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုသကဲ့သို့ ၎င်းတို့ကို သင်ကြားပေးခဲ့သည့် အကျဉ်းစံ ဆရာ များကိုလည်း လျှော့ရက်များ ခံစားခွင့်ရရှိသင့်ကြောင်း ဒေါက်တာခွန်ဝင်းသောင်းမှ ဆွေးနွေးခဲ့သည်ဟု သိရသည်။
.
အဆိုပါ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာ အပေါ် ကသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ သထုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်မမခိုင်တို့ကလည်း အကျဉ်းထောင်များ ပြုပြင်ရေးအတွက် လိုအပ်ချက်များကို အသီးသီး ဝင်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
အကျဉ်းထောင်များ၏ အခြေအနေနှင့် ပတ်သက်၍ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က အစပိုင်းနှစ်တွေမှာတော့ အတော်ကို ချိုးဖောက်တာ တွေ့ခဲ့ရတယ်။ ထောင်တွေကို ၃/၄ ကြိမ် မက စစ်ဆေးရင်း နောက်ဆုံးအကြိမ်တွေမှာတော့ တိုးတက်လာတာ တွေ့ခဲ့ရတယ်။ တချို့တော့ အနည်းငယ် ကျန် နေပါသေးတယ်။ ခြုံပြောရရင်တော့ အတော့်ကို တိုးတက်လာနေကြပါပြီ။ အခုဥပဒေရေးဆွဲနေတဲ့ Parrole System ကိုလည်း ကျင့်သုံးဖို့အတွက် အဖွဲ့က ထောက်ခံထားပါတယ်။ တစ်ကြိမ်တစ်ခါသာ မှားယွင်းခဲ့သူတွေ အနေနဲ့ ပြန် လည်ပြင်ဆင်နိုင်စွမ်းရှိစေဖို့ ရည်ရွယ်ပါတယ်။ လူရော စိတ်ပါ ပြုပြင်ပြောင်းလဲစေပြီး မြန်မာ့လူ့ဘောင် ဖွံ့ဖြိုးတိုးတက် စေချင်ပါတယ်ဟု ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အကျဉ်းထောင် ၄၄ ခုသို့ ၆၈ ကြိမ်၊ အကျဉ်းစခန်း ၄၁ ခုသို့ ၅၅ ကြိမ် သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
.
မြန်မာနိုင်ငံတွင် ဗဟိုအကျဉ်းထောင် ၃ ခု အပါအဝင် အကျသ်းထောင် ၄၄ ခု၊ အကျဉ်းစခန်း ၅ ခု တည်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် အကျဉ်းသား ၉၀၀၀၀ ကျော်မျှ ရှိနေကြောင်း အကျဉ်း ဦးစီးဌာနမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats