မင္းေဇာ္မင္း
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕တြင္ လူကုန္ကူးမႈ က်ဴးလြန္သူ
၂ ဦးကို “ဝ” တပ္ဖြဲ႕မွ ဖမ္းဆီးၿပီး လား႐ိႈးၿမိဳ႕ရွိ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သို႔
လႊဲေျပာင္းေပးအပ္ခဲ့သည္ဟု “ဝ”ျပင္ပဆက္ဆံေရး႐ံုး (လား႐ိႈး) မွ သိရသည္။
.
.
“ပို႔လာတဲ့သတင္းအခ်က္အလက္ေတြအရ စံုစမ္းေဖာ္ထုတ္ၿပီး ျပစ္မႈက်ဴးလြန္တဲ့သူေတြကို
လႊဲေျပာင္းေပးအပ္ ခဲ့ပါတယ္။ မေန႔ (ဇူလိုင္ ၂၀) မနက္က နယ္ျခား“ဝ” ဂိတ္မွာ လႊဲေျပာင္းေပးအပ္ခဲ့တာပါ”
ဟု လား႐ိႈးၿမိဳ႕ရွိ “ဝ” ျပင္ပဆက္ဆံေရး႐ံုး တာဝန္ခံ ဦးညီရမ္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
လား႐ိႈးၿမိဳ႕ရွိ အမွတ္(၁၆)လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စုမွ
ေပးပို႔ အကူအညီေတာင္းခံလာသည့္ စာအရ “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း ပန္ဆန္းၿမိဳ႕ရွိ
စီပီေက (၃) ျပည့္တန္ဆာခန္းမွ တရားခံမ်ားကို ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္ဟု ၎က ေျပာသည္။
.
အဆိုပါကိစၥတြင္ အမ်ိဳးသမီးငယ္အား စတင္စည္း႐ံုးသိမ္းသြင္းေရာင္းစားခဲ့သူ
အမ်ိဳးသမီးႏွင့္ စီပီေက (၃) ျပည့္တန္ဆာခန္းပိုင္ရွင္တို႔ ၂ ဦအား “ဝ”ပန္ဆန္းရဲတပ္ဖြဲ႕မွ
စံုစမ္းေဖာ္ထုတ္ဖမ္းဆီးကာ အမွတ္ (၁၆) လူကုန္ကူးမႈ တားဆီး၊ႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕သို႔
ဇူလိုင္လ ၂၀ ရက္၊ နံက္ပိုင္းက လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။
.
ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္၊ ကမ္းနားလမ္း၊ ကမ္းနားေဈးအနီး
ေနထိုင္သူ မႏွင္းနႏၵာေအာင္ (၁၉ ႏွစ္) မွ အျခားအမ်ိဳးသမီးငယ္ တစ္ဦးအား တ႐ုတ္ႏိုင္ငံရွိ
KTV တစ္ခုတြင္ ဝင္ေငြေကာင္းသည့္အလုပ္ရမည္ဟု မက္လံုးေပး လိမ္လည္ေျပာဆိုစည္း႐ံုးကာ လား႐ိႈးၿမိဳ႕သို႔
ေခၚေဆာင္လာၿပီး ၎၏မိခင္ျဖစ္သူ ေဒၚသင္းသင္းမွာ (၄၄ ႏွစ္) မွတဆင့္ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊
ပန္ဆန္းၿမိဳ႕ရွိ စီပီေက (၃) ျပည့္တန္ဆာခန္းပိုင္ရွင္ မၾကည္ျပာ (ခ) မေအးေအးသြယ္ (ခ)
မၾကည္သာထံသို႔ ျမန္မာေငြ ၆ သိန္းခန္႔ႏွင့္ ညီမွ်ေသာ တ႐ုတ္ယြမ္ေငြ ၃၀၀၀ ျဖင့္ ပို႔ေဆာင္
ေရာင္းစား၍ ေငြေၾကးအက်ိဳးအျမတ္ ေခါင္းပံုျဖတ္ရယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
.
သို႔ျဖစ္၍ အဆိုပါအမႈမွ က်ဴးလြန္သူ တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္
အမွတ္ (၁၆) လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕စုမွ “ဝ” အထူးေဒသ (၂) ဆက္ဆံေရး႐ံုးသို႔
စာပို႔အေၾကာင္းၾကား အကူအညီေတာင္းခံခဲ့ျခင္း ျဖစ္သည္။
.
ထို႔အျပင္ ျပည့္တန္ဆာခန္းပိုင္ရွင္မွ အမ်ိဳးသမီးငယ္မ်ားအား ျပည့္တန္ဆာအျဖစ္
ခိုင္းေစခဲ့သည့္အျပင္ အမ်ိဳးသမီး ငယ္မ်ား၏ ေမြးစားဖခင္ထံမွ မိန္းကေလးမ်းအား ျပန္လည္ေစလႊတ္ရန္အတြက္ဟုဆိုကာ
ေငြက်ပ္ ၂ သိန္းခြဲ ေတာင္းခံကာ လိင္ပိုင္းဆိုင္ရာ ေခါင္းပံုျဖတ္ အျမတ္ထုတ္ခဲ့ေၾကာင္း
သိရွိရသျဖင့္ အမႈမွ ဆက္စပ္ပါဝင္သူမ်ား အား ဥပေဒအရ အေရးယူေပးရန္လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊
အမွတ္ (၂) တပ္ဖြဲ႕စိတ္မွ ေတာင္ငူၿမိဳ႕၊ အမွတ္ (၂) နယ္ေျမရဲစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ
၂၈ ရက္က ရက္က (ပ)၄၄၈/၂၀၁၉၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/၃၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း
သိရသည္။
.
“လက္ရွိေတာ့ တရားခံ ၃ဦးလံုး လား႐ႈိးအမွတ္(၁)ရဲစခန္းမွာ ေခတၱခ်ဳပ္ထားပါတယ္။
ပန္ဆန္းမွာျဖစ္တာဆိုေပမဲ့ ေတာင္ငူက အမႈရင္းေၾကာင္းခံျဖစ္လို႔ ေတာင္ငူတပ္ဖြဲ႕က လာေခၚမွာပါ”ဟု
လား႐ႈိးၿမိဳ႕၊ အမွတ္ (၁၆) လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရ ရဲတပ္ဖြဲ႕စုမွ ရဲမွဴး မင္းႏိုင္က
ေျပာသည္။
.
ေနျပည္ေတာ္၊ လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွ ၂၀၁၉ ခုႏွစ္၊
ဇြန္လအတြင္း ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည့္ လူကုန္ကူးမွဳစာရင္းတြင္ အမႈေပါင္း ၂၂ မႈ၊
တရားခံေပါင္း က်ား ၂၁ ဦး၊ မ၄၅ ဦး၊ စုစုေပါင္း ၆၆ ဦး၊ လူကုန္ကူးခံရသူေပါင္း က်ား
၅ ဦး၊ မ ၂၁ ဦး၊ မိန္းကေလးငယ္ ၄ ဦး၊ စုစုေပါင္း ၃၀ ဦးတို႕ျဖစ္ၾကကာ အမႈအမ်ိဳးအစားမ်ားမွာ
တ႐ုတ္ႏိုင္ငံတြင္ အဓမၼ လက္ ထပ္မႈ ၁၈ မႈ၊ ျပည့္တန္ဆာမႈ ၂ မႈ၊အဓမၼခိုင္းေစမႈ ၂ မႈတို႔ျဖစ္ၿပီး
ရွမ္းျပည္နယ္အေနျဖင့္ ၄ မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
============================================================
ပန်ဆန်းတွင် လူကုန်ကူးမှု
ကျူးလွန်သူ ၂ ဦးကို “ဝ” တပ်ဖွဲ့မှ ဖမ်းဆီးပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့
လွှဲပြောင်းပေးအပ်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့တွင် လူကုန်ကူးမှု ကျူးလွန်သူ ၂ ဦးကို “ဝ” တပ်ဖွဲ့မှ ဖမ်းဆီးပြီး လားရှိုးမြို့ရှိ
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု “ဝ”ပြင်ပဆက်ဆံရေးရုံး
(လားရှိုး) မှ သိရသည်။
.
“ပို့လာတဲ့သတင်းအချက်အလက်တွေအရ
စုံစမ်းဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို လွှဲပြောင်းပေးအပ် ခဲ့ပါတယ်။ မနေ့
(ဇူလိုင် ၂၀) မနက်က နယ်ခြား“ဝ” ဂိတ်မှာ လွှဲပြောင်းပေးအပ်ခဲ့တာပါ” ဟု လားရှိုးမြို့ရှိ
“ဝ” ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လားရှိုးမြို့ရှိ
အမှတ်(၁၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ပေးပို့ အကူအညီတောင်းခံလာသည့်
စာအရ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့ရှိ စီပီကေ (၃) ပြည့်တန်ဆာခန်းမှ
တရားခံများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
.
အဆိုပါကိစ္စတွင်
အမျိုးသမီးငယ်အား စတင်စည်းရုံးသိမ်းသွင်းရောင်းစားခဲ့သူ အမျိုးသမီးနှင့် စီပီကေ (၃)
ပြည့်တန်ဆာခန်းပိုင်ရှင်တို့ ၂ ဦအား “ဝ”ပန်ဆန်းရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ဖမ်းဆီးကာ
အမှတ် (၁၆) လူကုန်ကူးမှု တားဆီး၊နှိမ်နှင်းရေးရဲတပ်ဖွဲ့သို့ ဇူလိုင်လ ၂၀ ရက်၊ နံက်ပိုင်းက
လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ရန်ကုန်တိုင်းဒေသကြီး၊
ရွှေပြည်သာမြို့နယ်၊ ကမ်းနားလမ်း၊ ကမ်းနားဈေးအနီး နေထိုင်သူ မနှင်းနန္ဒာအောင် (၁၉ နှစ်)
မှ အခြားအမျိုးသမီးငယ် တစ်ဦးအား တရုတ်နိုင်ငံရှိ KTV တစ်ခုတွင် ဝင်ငွေကောင်းသည့်အလုပ်ရမည်ဟု
မက်လုံးပေး လိမ်လည်ပြောဆိုစည်းရုံးကာ လားရှိုးမြို့သို့ ခေါ်ဆောင်လာပြီး ၎င်း၏မိခင်ဖြစ်သူ
ဒေါ်သင်းသင်းမှာ (၄၄ နှစ်) မှတဆင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့ရှိ
စီပီကေ (၃) ပြည့်တန်ဆာခန်းပိုင်ရှင် မကြည်ပြာ (ခ) မအေးအေးသွယ် (ခ) မကြည်သာထံသို့ မြန်မာငွေ
၆ သိန်းခန့်နှင့် ညီမျှသော တရုတ်ယွမ်ငွေ ၃၀၀၀ ဖြင့် ပို့ဆောင် ရောင်းစား၍ ငွေကြေးအကျိုးအမြတ်
ခေါင်းပုံဖြတ်ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍
အဆိုပါအမှုမှ ကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိရေးအတွက် အမှတ် (၁၆) လူကုန်ကူးမှုတားဆီး
နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ “ဝ” အထူးဒေသ (၂) ဆက်ဆံရေးရုံးသို့ စာပို့အကြောင်းကြား အကူအညီတောင်းခံခဲ့ခြင်း
ဖြစ်သည်။
.
ထို့အပြင်
ပြည့်တန်ဆာခန်းပိုင်ရှင်မှ အမျိုးသမီးငယ်များအား ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သည့်အပြင်
အမျိုးသမီး ငယ်များ၏ မွေးစားဖခင်ထံမှ မိန်းကလေးမျးအား ပြန်လည်စေလွှတ်ရန်အတွက်ဟုဆိုကာ
ငွေကျပ် ၂ သိန်းခွဲ တောင်းခံကာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့ကြောင်း
သိရှိရသဖြင့် အမှုမှ ဆက်စပ်ပါဝင်သူများ အား ဥပဒေအရ အရေးယူပေးရန်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊
အမှတ် (၂) တပ်ဖွဲ့စိတ်မှ တောင်ငူမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ
၂၈ ရက်က ရက်က (ပ)၄၄၈/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။
.
“လက်ရှိတော့
တရားခံ ၃ဦးလုံး လားရှိုးအမှတ်(၁)ရဲစခန်းမှာ ခေတ္တချုပ်ထားပါတယ်။ ပန်ဆန်းမှာဖြစ်တာဆိုပေမဲ့
တောင်ငူက အမှုရင်းကြောင်းခံဖြစ်လို့ တောင်ငူတပ်ဖွဲ့က လာခေါ်မှာပါ”ဟု လားရှိုးမြို့၊
အမှတ် (၁၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေ ရဲတပ်ဖွဲ့စုမှ ရဲမှူး မင်းနိုင်က ပြောသည်။
.
နေပြည်တော်၊
လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်
လူကုန်ကူးမှုစာရင်းတွင် အမှုပေါင်း ၂၂ မှု၊ တရားခံပေါင်း ကျား ၂၁ ဦး၊ မ၄၅ ဦး၊ စုစုပေါင်း
၆၆ ဦး၊ လူကုန်ကူးခံရသူပေါင်း ကျား ၅ ဦး၊ မ ၂၁ ဦး၊ မိန်းကလေးငယ် ၄ ဦး၊ စုစုပေါင်း ၃၀
ဦးတို့ဖြစ်ကြကာ အမှုအမျိုးအစားများမှာ တရုတ်နိုင်ငံတွင် အဓမ္မ လက် ထပ်မှု ၁၈ မှု၊ ပြည့်တန်ဆာမှု
၂ မှု၊အဓမ္မခိုင်းစေမှု ၂ မှုတို့ဖြစ်ပြီး ရှမ်းပြည်နယ်အနေဖြင့် ၄ မှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
No comments:
Post a Comment