လားရှိုးတွင် Victoria နှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆန္ဒဖော်ထုတ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 13, 2019



မင်းဇော်မင်း
.
နေပြည်တော်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သော သက်ငယ် မုဒိမ်းမှု (Victoria အမှု)နှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်စေရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာှးိုးမြို့ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ခွင့်ပြုချက် ရပါပြီ၊ လူအင်အားကတော့ ကန့်သတ်ချက်အရ ၁၀၀၀ ပေါ့နော်၊ ကြွေးကျော်သံတွေတော့
ပါပေမဲ့ ဟောပြောမတော့ မပါ ပါဘူး၊ နောက်ထပ် သက်ငယ်မုဒိးတွေ မဖြစ်စေချင်တော့ဘူး၊ ခက်ခက်ခဲခဲကို တောင်းဆိုနေရတဲ့ ဒီအမမျိုးမှာ နိုင်ငံတော်အကြီးအကဲတွေကလည်း အမမှန် ပေါ်ပေါက်အောင်နဲ့ ကလေးများရဲ့ ဘ၀လုံခြုံမရရှိရေး တိုးမြှင့်လုပ်ဆောင်ပေးဖိုတိုက်တွန်းလိုပါတယ်ဟု ဆန္ဒ ဖော်ထုတ်ပွဲ စီစဉ်သူ ဒေါ်နန်းစံပယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို Victoria အတွက် တရားမျှတမရရှိရေး၊ လူတိုင်းအတွက် တရားမျှတမ ရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေ စိုးမိုးရေး၊ လက်ရှိ မျိုးဆက်အတွင်း လွတ်လပ် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင် ဖန်တီးနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေါ်နန်းစံပယ်က ဆိုသည်။
.
ဆန္ဒ ဖော်ထုတ်ပွဲသို့ လာရောက်သူတိုင်း အင်္ကျီ အဖြူရောင် ၀တ်ဆင်မည်သည့် ပါတီ အဖွဲ့အစည်းများ၏ တံဆိပ်အလံများ မယူဆောင်လာကြရန်နှင့် စားစရိတ်၊ နေစရိတ်၊ ခရီးစရိတ်များ ထောက်ပံ့ ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။
.
လားရှိုးမြို့၊ ရပ်ကွက်() ၊ မဟာဗောဓိရုံကျောင်း ရှေ့၌ ဆန္ဒ ဖော်ထုတ်မည့် သူများအနေဖြင့် နံနက် ၈နာရီတွင် စုရုံးကာ ရေကန်လမ်း၊ ဘူတာလမ်း၊ လမ်းမတော်လမ်း၊ မဇ္ဇျိမလမ်းထိပ် အထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
.

 ===================
လားရှိုးတွင် Victoria နှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆန္ဒဖော်ထုတ်မည်
.
မင်းဇော်မင်း
.
နေပြည်တော်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သော သက်ငယ် မုဒိမ်းမှု (Victoria အမှု)နှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်စေရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ခွင့်ပြုချက် ရပါပြီ၊ လူအင်အားကတော့ ကန့်သတ်ချက်အရ ၁၀၀၀ ပေ့ါနော်၊ ကြွေးကျော်သံတွေတော့
ပါပေမဲ့ ဟောပြောမှုတော့ မပါ ပါဘူး၊ နောက်ထပ် သက်ငယ်မုဒိမ်းတွေ မဖြစ်စေချင်တော့ဘူး၊ ခက်ခက်ခဲခဲကို တောင်းဆိုနေရတဲ့ ဒီအမှုမျိုးမှာ နိုင်ငံတော်အကြီးအကဲတွေကလည်း အမှုမှန် ပေါ်ပေါက်အောင်နဲ့ ကလေးများရဲ့ ဘဝလုံခြုံမှု ရရှိရေး တိုးမြှင့်လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်ဟု ဆန္ဒ ဖော်ထုတ်ပွဲ စီစဉ်သူ ဒေါ်နန်းစံပယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို Victoria အတွက် တရားမျှတမှု ရရှိရေး၊ လူတိုင်းအတွက် တရားမျှတမှု ရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေ စိုးမိုးရေး၊ လက်ရှိ မျိုးဆက်အတွင်း လွတ်လပ် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင် ဖန်တီးနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေါ်နန်းစံပယ်က ဆိုသည်။
.
ဆန္ဒ ဖော်ထုတ်ပွဲသို့ လာရောက်သူတိုင်း အင်္ကျီ အဖြူရောင် ဝတ်ဆင်၍ မည်သည့် ပါတီ အဖွဲ့အစည်းများ၏ တံဆိပ်၊ အလံများ မယူဆောင်လာကြရန်နှင့် စားစရိတ်၊ နေစရိတ်၊ ခရီးစရိတ်များ ထောက်ပံ့ ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။
.
လားရှိုးမြို့၊ ရပ်ကွက်(၄) ၊ မဟာဗောဓိရုံကျောင်း ရှေ့၌ ဆန္ဒ ဖော်ထုတ်မည့် သူများအနေဖြင့် နံနက် ၈နာရီတွင် စုရုံးကာ ရေကန်လမ်း၊ ဘူတာလမ်း၊ လမ်းမတော်လမ်း၊ မဇ္ဇျိမလမ်းထိပ် အထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
.
သက်ငယ် မုဒိမ်းမှု (Victoria အမှု)နှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်စေရေးအတွက် တောင်ကြီးမြို့တွင်လည်း ဇူလိုင်လ ၆ ရက်၊ နံနက်ပိုင်းက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်လျက်ရှိကာ လက်ရှိတွင် သံသယရှိ တရားခံအဖြစ် ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်း ဖြစ်သူ အောင်ကျော်မျိုး (ခ) အောင်ကြီးကို ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၄ ရက်က ဖမ်းဆီး တရားစွဲဆိုထားသည်။

No comments:

Post a Comment