ကားဝယ္ေရာင္း ျပဳလုပ္ရာတြင္ သတိရွိၾကရန္ ေမာ္ေတာ္ကား ေရာင္းဝယ္ေရးအသင္းမွ အသိေပး ေၾကညာထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, July 20, 2019

ကားဝယ္ေရာင္း ျပဳလုပ္ရာတြင္ သတိရွိၾကရန္ ေမာ္ေတာ္ကား ေရာင္းဝယ္ေရးအသင္းမွ အသိေပး ေၾကညာထား


ထက္တိုင္းေက်ာ္
.
ျမန္မာႏိုင္ငံ ေဒသအႏွံ႔အျပားတြင္ ကားဝယ္ယူျခင္း/ေရာင္းခ်ျခင္းမ်ား၌ မသမာမႈအခ်ိဳ႕ ျဖစ္ေပၚေနသည္ ျဖစ္ရာ ျပည္သူမ်ားအေနျဖင့္ ေငြေရာ ကားပါ ဆံုး႐ံႈးရသည့္ ျဖစ္စဥ္မ်ား ရွိ ေနေသာေၾကာင့္ ျပည္သူမ်ား အေန ျဖင့္ ကားဝယ္ယူျခင္း၊ အေပါင္လက္ ခံျခင္းမ်ား ျပဳလုပ္ရာတြင္ သတိျပဳ ဆင္ျခင္ ေစလိုသည္ဟု ရန္ကုန္ၿမိဳ႕ ရွိ ေမာ္ေတာ္ကား ေရာင္းဝယ္ေရးအသင္း၊ စည္းကမ္းထိန္းသိမ္းေရး ဆပ္ေကာ္မတီက အသိေပးထုတ္ျပန္ ေၾကညာထားေၾကာင္း သိရသည္။ 
.
 .
အဆိုပါ အသိေပးေၾကညာခ်က္တြင္ ျပည္သူမ်ားအေနျဖင့္ မိမိပိုင္ေမာ္ေတာ္ကားကို လေပးႏွစ္ခ်ဳပ္ ငွားရွမ္းျခင္းအား အထူး ဆင္ျခင္ သတိထား ေစလိုေၾကာင္း၊ ငွားရမ္း ထားသည့္ကားကို ေပ်ာက္ဆံုးမိတၲဴကတ္ ထုတ္ယူ၍ ေရာင္းခ်ျခင္း၊ ငွားရမ္းသူမွ အေပါင္ထားျခင္း၊ စရံေငြယူကာ စာအုပ္ေပးၿပီးမွ က်န္ေငြကို ယူမည္ဟုဆိုကာ ကားထားခဲ့ျခင္းမ်ား ရွိေနသျဖင့္ ဝယ္ယူမိသူ လက္ဝယ္သို႔ ကားေရာက္ၿပီးမွ ကားပိုင္ရွင္ အစစ္ႏွင့္ ေတြ႕ဆံု၍ ရဲစခန္းတြင္ အမႈဖြင့္လွစ္ကာ ကားသိမ္းဆည္းခံရ ျခင္းမ်ား ျဖစ္ေပၚေနေသာေၾကာင့္ ကားအေပါင္ခံသူႏွင့္ ဝယ္ယူမိသူတို႔တြင္ ေငြႏွင့္ ကား ဆံုး႐ံႈးရျခင္းမ်ား ျဖစ္ေပၚလ်က္ ရွိေၾကာင္း ေဖာ္ျပပါ ရွိသည္။
.
ယင္း ေၾကညာခ်က္ႏွင့္ ပတ္သက္၍ က်ိဳင္းတံုၿမိဳ႕ေန ေဒသခံတစ္ဦးက “ယာဥ္ကို ဝယ္တာျဖစ္ေစ၊ အေပါင္ခံတာ ျဖစ္ေစ၊ ယာဥ္ပိုင္ရွင္နဲ႔ ယာဥ္ကို မွန္/မမွန္ တိုက္ဆိုင္စစ္ေဆး ဖို႔အတြက္ ကညန႐ံုးမွာ ယာဥ္စစ္ ေဆးခံခြင့္ ေလွ်ာက္ထားရပါမယ္။ တရားဝင္ ယာဥ္စစ္ေဆးခကို အစိုးရဘဏ္မွာ ေျပစာနဲ႔သြင္းၿပီး ယာဥ္နဲ႔ပတ္သက္တဲ့ အခ်က္အလက္အမွန္ သိေအာင္လုပ္ၿပီးမွ အေရာင္းအဝယ္ လုပ္တာ စိတ္ခ်ရပါတယ္”ဟု ၎၏ အျမင္ကို ေျပာသည္။
.
ေမာ္ေတာ္ယာဥ္ ဝယ္ယူရာတြင္ ဝယ္ယူသူအေနျဖင့္ ပိုင္ရွင္အမည္ ေပါက္ရရွိရန္ လိုအပ္ၿပီး ျပည္တြင္း အခြန္မ်ား ဦးစီးဌာန႐ံုး၌ ယာဥ္ဝယ္ယူျခင္းႏွင့္ ပတ္သက္ေသာ အျမတ္ခြန္ ေပးေဆာင္၍ ဝယ္ယူၾကရန္ လိုအပ္ၿပီး အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ အိမ္ေထာင္စုဇယားႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား မိတၲဴမ်ားကို ရယူထားရန္ လိုအပ္ေၾကာင္း သိရသည္။
.
က်ိဳင္းတံုၿမိဳ႕တြင္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္အတြင္းက ယင္းကဲ့သို႔ ေမာ္ေတာ္ယာဥ္ ဝယ္ယူထားသူထံမွ ယာဥ္အား ပိုင္ရွင္အစစ္မွ ကားကို ျပန္လည္ေတာင္းယူခဲ့သျဖင့္ ေငြဆံုး႐ံႈးမႈ ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။
.
============================================================
ကားဝယ်ရောင်း ပြုလုပ်ရာတွင် သတိရှိကြရန် မော်တော်ကား ရောင်းဝယ်ရေးအသင်းမှ အသိပေး ကြေညာထား
.
ထက်တိုင်းကျော်
.
မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ကားဝယ်ယူခြင်း/ရောင်းချခြင်းများ၌ မသမာမှုအချို့ ဖြစ်ပေါ်နေသည် ဖြစ်ရာ ပြည်သူများအနေဖြင့် ငွေရော ကားပါ ဆုံးရှုံးရသည့် ဖြစ်စဉ်များ ရှိ နေသောကြောင့် ပြည်သူများ အနေ ဖြင့် ကားဝယ်ယူခြင်း၊ အပေါင်လက် ခံခြင်းများ ပြုလုပ်ရာတွင် သတိပြု ဆင်ခြင် စေလိုသည်ဟု ရန်ကုန်မြို့ ရှိ မော်တော်ကား ရောင်းဝယ်ရေးအသင်း၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
.
အဆိုပါ အသိပေးကြေညာချက်တွင် ပြည်သူများအနေဖြင့် မိမိပိုင်မော်တော်ကားကို လပေးနှစ်ချုပ် ငှားရှမ်းခြင်းအား အထူး ဆင်ခြင် သတိထား စေလိုကြောင်း၊ ငှားရမ်း ထားသည့်ကားကို ပျောက်ဆုံးမိတ္တူကတ် ထုတ်ယူ၍ ရောင်းချခြင်း၊ ငှားရမ်းသူမှ အပေါင်ထားခြင်း၊ စရံငွေယူကာ စာအုပ်ပေးပြီးမှ ကျန်ငွေကို ယူမည်ဟုဆိုကာ ကားထားခဲ့ခြင်းများ ရှိနေသဖြင့် ဝယ်ယူမိသူ လက်ဝယ်သို့ ကားရောက်ပြီးမှ ကားပိုင်ရှင် အစစ်နှင့် တွေ့ဆုံ၍ ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ကားသိမ်းဆည်းခံရ ခြင်းများ ဖြစ်ပေါ်နေသောကြောင့် ကားအပေါင်ခံသူနှင့် ဝယ်ယူမိသူတို့တွင် ငွေနှင့် ကား ဆုံးရှုံးရခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း ဖော်ပြပါ ရှိသည်။
.
ယင်း ကြေညာချက်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့နေ ဒေသခံတစ်ဦးက “ယာဉ်ကို ဝယ်တာဖြစ်စေ၊ အပေါင်ခံတာ ဖြစ်စေ၊ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်ကို မှန်/မမှန် တိုက်ဆိုင်စစ်ဆေး ဖို့အတွက် ကညနရုံးမှာ ယာဉ်စစ် ဆေးခံခွင့် လျှောက်ထားရပါမယ်။ တရားဝင် ယာဉ်စစ်ဆေးခကို အစိုးရဘဏ်မှာ ပြေစာနဲ့သွင်းပြီး ယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်အမှန် သိအောင်လုပ်ပြီးမှ အရောင်းအဝယ် လုပ်တာ စိတ်ချရပါတယ်”ဟု ၎င်း၏ အမြင်ကို ပြောသည်။
.
မော်တော်ယာဉ် ဝယ်ယူရာတွင် ဝယ်ယူသူအနေဖြင့် ပိုင်ရှင်အမည် ပေါက်ရရှိရန် လိုအပ်ပြီး ပြည်တွင်း အခွန်များ ဦးစီးဌာနရုံး၌ ယာဉ်ဝယ်ယူခြင်းနှင့် ပတ်သက်သော အမြတ်ခွန် ပေးဆောင်၍ ဝယ်ယူကြရန် လိုအပ်ပြီး အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများကို ရယူထားရန် လိုအပ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက ယင်းကဲ့သို့ မော်တော်ယာဉ် ဝယ်ယူထားသူထံမှ ယာဉ်အား ပိုင်ရှင်အစစ်မှ ကားကို ပြန်လည်တောင်းယူခဲ့သဖြင့် ငွေဆုံးရှုံးမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment