အမေရိကန်နှင့် မဟာမိတ်များက အီရန်အား တိုက်ခဲ့မည် ဆိုလျှင် - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Treasure Palace Hotel
Photo of three cats
Tuesday, July 16, 2019
စိုင်းကွမ်းမိုင်း
.
.
 .
.
.
.
.
.
.
.
.
.
အီရန်မဟာမိတ်တပ်များ
.
.
.
.
.
.
.
.
.
.
ရှဟက်ဒုံးကျည်များ
.
.
.
.
.
.
.
.
.
============================================================
အမေရိကန်နှင့် မဟာမိတ်များက အီရန်အား တိုက်ခဲ့မည် ဆိုလျှင်
.
စိုင်းကွမ်းမိုင်း
.
အကယ်၍ စစ်ဖြစ်ပွားခဲ့မည် ဆိုလျှင် အမေရိကန်နှင့် အီရန်တို့အကြား ထိုစစ်ပွဲသည် အီရန်နှင့် ယင်းတို့၏ လက်ဝေခံတို့၏ အပြစ်ဖြစ် သည်ဟု အမေရိကန်နှင့် မဟာမိတ်တို့က သတ် မှတ်ကြမည် ဖြစ်သည်။
.
အီရန်ခေါင်းဆောင်သည် အနီး၌ ရှိနေခြင်း
.
အီရန်၏ ထိပ်သီးအာဏာပိုင် ခေါင်းဆောင် အယာတိုလာအလီခါမေနီသည် အမေရိကန် စစ်ထောက်လှမ်းရေး မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စီးကို ပစ်ချရန် အမိန့်ပေးသည့် အုပ်စုအနီးတွင် ရှိနေကြောင်း အီရန်၏ တရားဝင် ဖောစ့်သတင်းဓာတ်ပုံတွင် တွေ့မြင်ရသည်ဟု ရိုက်တာ သတင်းက ဖော်ပြသည်။
.
အီရန်တို့က မိမိတို့ တပ်မတော်သည် စစ် စွမ်းရည် အပြည့်အဝ ရှိသည်ကို ကြာသပတေး နေ့က အမေရိကန် မောင်းသူမဲ့ ဒရုန်းလေယာဉ် တစ်စီးအား ပစ်ချလိုက်ခြင်းဖြင့် သက်သေပြ လိုက်သည်ဟု အီရန်မှ ထုတ်ဖော်ပြောဆို သည်။ အီရန်စစ်တပ်၌ ပဲ့ထိန်းပါသော ဒုံးကျည်များ၊ ဒ ုန်းများ၊ ရေငုပ်သင်္ဘောများနှင့် ခရုဇ်ဒုံးကျည် များရှိသည်။ အိီရန်၏ ကာကွယ်ရေး စွမ်းအားသည် လွန်စွာ မြင့်မားသည်။ အိမ်နီးချင်းနိုင်ငံ များသည် ၎င်းတို့၏ ကိုယ်ပိုင်ကာကွယ်ရေး အင် အား မပြည့်စုံကြဘဲ အမေရိကန်နှင့် အနောက် အုပ်စုနိုင်ငံများမှ လက်နက်များထောက်ပံ့မှုနှင့် ရပ်တည်နေရသည်ဟု အီရန်က ဝေဖန်ထား သည်။
.
အီရန်တိုက်ခဲ့သည့် စစ်ပွဲ
.
ဤတွင် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည့် အမေရိကန်နှင့် အီရန်ကြား စစ်ဖြစ်ခဲ့လျှင် ၎င်းတို့၏ မဟာမိတ်များက အီရန်နှင့် အီရန်လက် ဝေခံတို့၏ အပြစ်ဖြစ်သည်ဟု ဝေဖန်ကြမည်ဖြစ် သည်။
.
အီရန်တွင် ပုံမှန်မြေပြင်တပ်နှင့် ရေတပ်ရှိ သည့် ရေတပ်ကို ကတက်ရှ်ဟု ခေါ်ဆိုသည်။ ပြီးခဲ့သော အတိတ်ကာလ အား ပြန်ကြည့်လျှင် အီရန်နှင့် မဟာမိတ်များသည် စစ်ပွဲများ တိုက်ခိုက်ခဲ့ရာတွင် အမှန်တကယ် ကြီးကျယ်သည့် စစ်ပွဲကြီးများ တိုက်ခိုက်ခဲ့ရသည် မရှိပေ။ လူ ဦးရေ သန်း ၈၀ ရှိသည့် နိုင်ငံဖြစ်သော အီရန်တွင် လွန်စွာ အင်အားကြီးမားသော တပ်မတော် ရှိသည်။ လက်နက်ကိုင် စစ်သား ၅၃ဝဝဝဝ ရှိ သည်။ သို့ရာတွင် အရှေ့ပိုင်းလေ့လာရေး ဌာနမှ အဆိုပြုချက်အရ ယင်း စစ်သားများ၏ လက်နက်များနှင့် စစ်အသုံးအဆောင် များသည် လွန်စွာ ခေတ်နောက်ကျလျက် ရှိသည်။
.
ပင်လယ်ကွေ့ စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်း
.
အီရန်၏ နောက်ဆုံးပါဝင် တိုက်ခိုက်ခဲ့ သည့် စစ်ပွဲသည် ၁၉၈၀-၁၉၈၈ ခုနှစ်များ တွင် ဖြစ်ပွားခဲ့သော အီရန်-အီရတ် စစ်ပွဲ ဖြစ်သည်။ ထိုစစ်ပွဲတွင် အမှန်တကယ် ပါဝင်တိုက်ခိုက်ခဲ့ကြသည့် စစ်သားဦးရေ အတိအကျနှင့် အနီးစပ်ဆုံး စာရင်းများပင် မသိရပေ။ အီရန်-အီရတ် စစ်ပွဲတွင် အီရန်သည် စစ်မြေပြင်တွင် လူအင်အား အလုံး အရင်းနှင့် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ စစ်မြေပြင်တွင် လူအင်အား အလုံးအရင်းနှင့် စစ်မြေပြင် အခင်းအကျင်းများကိုသာ မြင်တွေ့ ခဲ့ရသည်။ အီရတ်၏ ဆာဒမ်ဟူစိန်တပ်က အီရန်တပ်အား တိုက်ခိုက်ခဲ့သော်လည်း ၁၉၉၁ ခု နှစ် ပင်လယ်ကွေ့ စစ်ပွဲတွင် အမေရိကန်တပ်များကို မနှိုင်းယှဉ်သာပဲနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ ရသောကြောင့် မရှုမလှ ရှုံးနိမ့်ကာ ပျက်စီးခဲ့ရ သည်။
.
၂ဝဝရ ခုနှစ်တွင် အီရန်သည် စစ်အသုံးစ ရိတ်၌ များစွာသုံးစွဲခြင်းမပြုခဲ့ဘဲ ဒေါ်လာ ၁၆ ဘီလီယံသာ အကုန်ခံခဲ့သည်။ အစ္စရေးဘတ်ဂျက်နှင့် နှိုင်းယှဉ်လျှင် အစ္စရေးက ၁၉ ဘီလီယံ ကျော်အထိ သုံးစွဲခဲ့သည်ကို တွေ့ရှိရသည်။ ဝဘ်ဒီဘာရေဗီးယားက ဒေါ်လာ ၇၆ ဘီလီယံ သုံးစွဲခဲ့ပြီး အမေရိကန်က ဒေါ်လာ ၆ဝဝ ဘီလီယံ ကျော် ကုန်ကျခဲ့သည်။
.
အီရန်မဟာမိတ်တပ်များ
.
ဤအချက်များကို ကြည့်၍ အီရန်၏ သ မားရိုးကျ စစ်တပ်သည် အမေရိကန်စစ်တပ်နှင့် အမှန်တကယ် စစ်ပွဲတွင် ယှဉ်ပြိုင်ရန် အဆင့်မရှိချေ။ သို့ရာတွင် အီရန်သည် ကြီးမားသည့် စစ်ပွဲများကို တိုက်ခိုက်နိုင်ခြင်း မရှိချေ။
.
အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) နှင့် သူ၏ အပေါင်းပါ မဟာမိတ်တပ်ဖွဲ့များ၊လက် ဝေခံ တပ်များတွင် ယီမင်ရှိ ဟူသီသူပုန်များ၊ အီရတ် ပြည်သူ့စစ်များ၊ လက်ဘနွန်ရှိ ဟစ်ပို လာနှင့် ဝါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ် နှင့် ဂါဇာရှိ ဟာမာ့စ်တို့ ဖြစ်ကြသည်။
.
အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) တွင် တပ်ဖွဲ့များ အမျိုးမျိုးရှိသည်။ ကိုယ်ပိုင် တပ်ဖွဲ့တပ်သား ၁ဝဝဝဝဝ ရှိသည်။ ဘာရှ်ဂျစ် ခေါ် ပြည်သူ့စစ်တပ်သား ၆၅ဝဝဝဝ ကျော် ရှိ သည်။ ထိုစာရင်းအား အမေရိကန် နိုင်ငံရှိ နိုင် ငံခြား ဆက်သွယ်ရေးရုံးမှ ရရှိသည်။ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)တွင် ကိုယ် ပိုင်ရေတပ်ရှိသည်။ အီရန်ပုံမှန်ရေတပ်ထက် အဆမတန် ကြီးမားသည်။ ကိုယ်ပိုင်လေတပ်လည်း ရှိသည်။ ထို့ပြင် အီရန်တွင် ဆိုက်ဘာတပ်လည်း ရှိသည်။ ယင်းတပ်ဖွဲ့သည် အီရန်တပ်များအား ခေတ်မီနည်းပညာများကို ဖြည့်ဆီးကာ သင်တန်းများ အစဉ်မပြတ် ပေးလျက်ရှိသည်။ IRGC ၏ တပ်ခွဲအခြေစိုက် စခန်းများကို ဆီးရီးယားတွင် ထားရှိသည်။ ထိုစခန်းများမှ အခြားအီရန်၏ မဟာမိတ်များနှင့် ချိတ်ဆက်ပြီး စစ်ရေးကိစ္စများ ဆောင်ရွက်သည်။
.
လက်ဘနွန်၏ ပစ်မှတ်များအတွင်း
.
အီရန်သည် မိမိ၏ လက်ဝေခံ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့အား ဒုံးကျည်နည်းပညာ အသစ်များကို ဖြန့်ဝေပေးလျက်ရှိသည်။ ၂၀၁၉ ခုနှစ် မတ်လ တွင် IRGC မှ ဖော်ပြရာ၌ အစ္စရေး၏ စစ်တပ်များ အားလုံးသည် လက်ဘနွန် အကြမ်းဖက် သူပုန်များ၏ ဒုံးကျည်လက်တစ်ကမ်းစာတွင်ရှိသည်။ လက်ဘနွန် ဒုံးကျည်၏ အဝေးဆုံးစွမ်း အား နယ်မြေအတွင်း ကျရောက်လျက်ရှိသည်။
.
ဟစ်ဇာ်ပိုလာတို့တွင် ဒုံးကျည်အရေအတွက် ၁၅ဝဝဝဝ ကျော်ကို ပိုင်ဆိုင်ထားပြီး ခြိမ်းခြောက် မှုများ ပြုလုပ်လျက်ရှိသည်။ ထို ဒုံးကျည်များထဲ တွင် တာဝေးပစ် ဒုံးကျည်များ ဖြစ်ကြသည်။ ဇယ်လ်မား၊ မာတက် ၁ဝဝ နှင့် ဖဂျာ တာတိုပစ် ရုရှားဒုုံးကျည်တို့ ပါဝင်ကြသည်။ မာတက် ၁ဝဝ သည် ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာ သည့် ဒေသသို့ ပစ်ခတ်ရောက်ရှိနိုင်သည်။
.
SA-7 ဒုံးကျည်ဖြင့် ပစ်ခွင်းခြင်း
.
ဟစ်ဇ်ဘိုလာတို့တွင် အခြားလက်နက်မျိုး စုံတို့လည်း ရှိသည် သင်္ဘောပစ် ဒုံးကျည်များ လည်း ရှိသည်။ SA-7 အစရှိသည့် လေယာဉ် ပစ် ဒုံးကျည်များလည်း ရှိသည်။ ယင်း SA-7 ဒုံးကျည်ဖြင့်ပင် အီရန်သည် အမေရိကန် Reaper ဒရုန်းကို ပစ်ချခဲ့ခြင်း ဖြစ်သည်။
.
အီရန်က ၎င်းအပေါ် အမေရိကန်က ဆန် ရှင် ချမှတ်ခြင်းကို “စီးပွားရေး စစ်ပွဲ” ဆင်နွှဲ လာသည်ဟု စွပ်စွဲပြောဆို ခဲ့သည်။ ဆန်ရှင်များ ရုပ်သိမ်းသွားသည့်တိုင် အီရန်က အမေရိကန် နှင့် ဆွေးနွေးခြင်း မပြုလုပ်တော့ဟု ဆက်လက် ပြောဆိုခဲ့သည်။ မိုက်ပွန်ပီယိုသည် အီရန်အပေါ် အခြားသော ပုံမှန်နိုင်ငံ တစ်နိုင်ငံကဲ့သို့ ဆက်ဆံ သင့်သည်ဟု အီရန်က သူ၏ ဒုံးကျည်စွမ်းရည် ကို ပြသလိုသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ လတွင် အီရန်သည် မာတက် ၁ဝဝ ဒုံးကျည် ၇ စင်းကို အီရတ်မြောက်ပိုင်းကိုသာ ဒေသသို့ ပစ်လွှတ်ကာ ပြသခဲ့သည်။
.
ရှဟက်ဒုံးကျည်များ
.
သတ်မှတ်သည့် ပစ်မှတ်ဖြစ်သော စည်း ဝေးခန်းအား ဒုံးကျည်က တိကျစွာ ထိမှန်ခဲ့ သည်။ ဆီးရီးယားရှိ IS များအား ဇူလ်ဖီကာနှင့် ကွီအမ် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ဤ ဒုံးကျည်များသည် ကီလိုမီတာ ၈၅ဝဝ အကွာ အဝေးသို့ ပျံသန်းသွားနိုင်ခဲ့သည်။ အီရန်သည် Shehab ဒုံးကျည်များကို ၁၉၉၀ ပြည့်နှစ်က တည်းကပင် ဆန်းသစ်တီထွင်ကာ ထုတ်လုပ်ခဲ့ သည်။
.
ယင်း Shehab ဒုံးကျည်များ၏ အကြောင်း ရင်းကို တိကျရှင်းလင်းစွာ ထုတ်ဖော် ရှင်းလင်း ခြင်း မသိကြရသေးပေ။ ယင်း ဒုံးကျည်များက မည်ကဲ့သို့ အလုပ်လုပ်သည်ကိုလည်း မသိရချေ။ ယင်း ဒုံးကျည်တို့သည် ကီလိုမီတာ ၂ဝဝဝ အဝေးထိ အရောက်ပျံသန်းနိုင်သည်။ အီရန် အဆိုအရ Korumshia ဟုခေါ်သောဒုံးကျည် တွင် ထိပ်ဖူးများ တပ်ဆင်ထားပြီး ရန်သူအား တစ်စမကျန်သည်ထိ ပစ်ခတ်ချေမှုန်းနိုင်သည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ထို ဒုံးကျည်သည် ကီလိုဂရမ် ၁၈ဝဝ လေးသည့် စစ်လက်နက် ထိပ်ဖူးများကို တည်ငြိမ်စွာသယ် ဆောင်သွားနိုင်သည်။
.
ဟူသီသူပုန်တို့မှ ဆော်ဒီအာရေဗျအား ပစ်ခတ်ခြင်း
.
၂၀၁၉ ခု ဖေဖော်ဝါရီလတွင် အီရန်တာ ဝေးပစ် ဒုံးကျည် အသစ်တစ်မျိုးကို ထုတ်ဖော် ပြသခဲ့သည်။ ထို ခရုဇ်အမျိုးအစား ဒုံးကျည်သည် ကီလိုမီတာ ၁၃၅၀ သို့ ရောက်ရှိသည်ကို တွေ့ရှိရသည်။ အီရန်၏ Press-TV က ပြော ဆိုသည်မှာ ဟူသီသူပုန်တို့သည် ခရုဇ်ဒုံးကျည် များဖြင့် ဆော်ဒီအာရေဗျသို့ ပြီးခဲ့သည့် ကာလ အတွင်းက မြောက်များစွာ ပစ်ခတ်ခဲ့သည်။ အီ ရန်သည် ဖျက်သင်္ဘောတစ်စီးကို မတ်လအတွင်း ကလည်း ဒရုန်းဖြင့် ပစ်ခတ်စမ်းသပ်ခဲ့သေး သည်။
.
အီရန်သည် အခြားအခြားသော နိုင်ငံများ၏ လက်နက်များကို ပုံစံတူ ကူးယူပြီး ဆက်လက်ထုတ်လုပ်လျက်ရှိသည်။ ထို့ပြင် ဖမ်းဆီး ရမိသည့် အမေရိကန် ဒရုန်းများ၏ ပုံစံကိုကြည့် ၍ အတုယူကာ ထုတ်လုပ်သည်။ ထို ဒရုန်းများ ကို မြောက်ကိုရီးယားက အသုံးပြုမည် ဖြစ်သည်။ ထိုနည်းပညာကို အီရန်က သူ၏ မဟာမိတ်နိုင်ငံများသို့ ဖြန့်ဝေပေးသည်။ ဟူသီတို့က ယင်းတို့ကို စစ်ပွဲတွင် အသုံးပြုပြီး ရရှိလာသည့် အတွေ့အကြုံများကို အီရန်သို့ သတင်းပို့ အစီရင်ခံ တင်ပြသည်။
.
ဒုံးပစ်စင်များ ရှိနေခြင်း
.
သို့ရာတွင် ဤဒုံးကျည် အသစ်များကို တိုက်ပွဲတွင် အသုံးပြုခြင်းကား မရှိသေးချေ။ အစ္စရေးသည် ဒုံးကျည်များ ရပ်တန့်သွားစေရန် ကာကွယ်ရေးကို အထပ်ထပ် ချထားသည်။ ၎င်းတို့အထဲတွင် သံကွန်ခြာဒေးပစ်စလင်းနှင့် Arrow-3 တို့လည်း ပါဝင်သည်။ အစ္စရေးနှင့် အမေရိကန်တို့သည် ဒုံးကျည် ကာကွယ်ရေး THHD စနစ်ဖြင့် အမြင့်ပျံ ရန်သူကို ကာ ကွယ်ချေမှုန်းနိုင်သည်။ အစ္စရေးတွင် ပက်ထရီ ယော့ ဒုံးပစ်စင်များရှိသည်။
.
ဘီအိုမန် ပင်လယ်ကွေ့တွင် USS အေဗ ရာ ဟင်လင်ရွန်းလေယာဉ်တင် သင်္ဘောအပါအ ဝင် အမေရိကန် ရေတပ်မှ စွမ်းအားမြင့် ရေ တပ်သင်္ဘောသားများနှင့် လေတပ်လေယာဉ် များကို အသင့်ပြင်ဆင်ထားသည်ကို တွေ့ရှိရသည်။
.
No comments:
Post a Comment
Journal Download
Photo of three cats