တာေလၿမိဳ႕တြင္ သဘာဝေဘး ေလ်ာ့ပါးေရး အလုပ္႐ံု ေဆြးေႏြးပြဲ က်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 21, 2019

တာေလၿမိဳ႕တြင္ သဘာဝေဘး ေလ်ာ့ပါးေရး အလုပ္႐ံု ေဆြးေႏြးပြဲ က်င္းပ


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ နယ္၊ တာေလၿမိဳ႕တြင္ ၿမိဳ႕နယ္အဆင့္ သဘာဝေဘး ေလ်ာ့ပါးေရး အလုပ္႐ံုေဆြးေႏြးပြဲအား ဇူလို္င္လ ၁၀ ရက္တြင္ က်င္းပ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 
.
 .
ေဆြးေႏြးပြဲတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး မွ အဖြင့္အမွာစကား ေျပာၾကားၿပီးေနာက္ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန မွ တာဝန္ရွိသူမ်ားက ဦးေဆာင္ ေဆြးေႏြး ေဟာေျပာျခင္း၊ တက္ေရာက္လာသူမ်ားမွ အုပ္စုလိုက္ အျပန္အလွန္ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကေၾကာင္း သိရသည္။
.
အဆိုပါေဆြးေႏြးပြဲသို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထား ေရးဝန္ႀကီးဌာန၊ ေဘးအႏၱရာယ္ ဆိုင္ရာ စီမံ ခန္႔ခြဲမႈ ဦးစီးဌာန၊ က်ိဳင္းတံုခ႐ိုင္ ဦးစီးမွဴး႐ံုးႏွင့္ မိုင္းျဖတ္ၿမိဳ႕နယ္ ဦးစီးမွဴး႐ံုးမွ တာဝန္ရွိသူမ်ား စုစုေပါင္း အင္အား ၇၀ ဦးခန္႔ တက္ေရာက္ ခဲ့ေၾကာင္းသိရသည္။
.
============================================================
တာလေမြို့တွင် သဘာဝဘေး လျော့ပါးရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ နယ်၊ တာလေမြို့တွင် မြို့နယ်အဆင့် သဘာဝဘေး လျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲအား ဇူလို်င်လ ၁၀ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူများက ဦးဆောင် ဆွေးနွေး ဟောပြောခြင်း၊ တက်ရောက်လာသူများမှ အုပ်စုလိုက် အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးနှင့် မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၇၀ ဦးခန့် တက်ရောက် ခဲ့ကြောင်းသိရသည်။
.

No comments:

Post a Comment