ထိုင္း-ျမန္မာနယ္စပ္အနီးတြင္ မူးယစ္တရားခံ ဖမ္းဆီးသည့္ ထိုင္းရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရြာသားမ်ား ပဋိပကၡျဖစ္ပြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, July 24, 2019

ထိုင္း-ျမန္မာနယ္စပ္အနီးတြင္ မူးယစ္တရားခံ ဖမ္းဆီးသည့္ ထိုင္းရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရြာသားမ်ား ပဋိပကၡျဖစ္ပြား


မင္းေဇာ္မင္း
.
ထိုင္းႏိုင္ငံေျမာက္ပိုင္း ၊ ခ်င္းမိုင္ခ႐ိုင္၊ ဝင္ဟန္ (Wiang Haeng) ၿမိဳ႕နယ္၊ ထိုင္း-ျမန္မာနယ္စပ္ႏွင့္ထိစပ္ေနသည့္ မိုဟန္ တိုင္းရင္းသားမ်ားေနထိုင္သည့္ ေဟြက႐ိုင္မိုင္ေက်းရြာအုပ္စု အမွတ္(၅)တြင္ ဇူလိုင္လ ၂၃ ရက္၊ ညေနပိုင္းက မူးယစ္တရားခံ လိုက္လံဖမ္းဆီးသည့္ ထိုင္းရင္းတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေက်းရြာသားမ်ား ပဋိပကၡျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
.
 .
ဆိုင္ကယ္စီးလာသည့္ လူငယ္ ၂ ဦးကုိ ထိုင္းရဲတပ္ဖြဲ႕ဝင္မ်ားမွ လိုက္လံဖမ္းဆီးစဥ္ လူငယ္မ်ားက ေတာအတြင္း ဝင္ေျပးခဲ့ၿပီးေနာက္ မူးယစ္တရားခံအျဖစ္ ဝရမ္းထုတ္ခံထားရသူ ႏိုင္က်က်က ၎တြင္ပါလာသည့္ ေျပာင္းရွည္ ေသနတ္ျဖင့္ ရဲမ်ားကို ပစ္ခတ္သည့္အတြက္ ရဲတပ္ဖြဲ႕က အေသပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
.
အခင္းျဖစ္ပြားရာေနရာသို႔ အေလာင္းေကာက္စစ္ခ်က္ယူရန္ ရဲတပ္ဖြဲ႕မွကားျဖင့္လာခ်ိန္တြင္ ေသဆံုးသူ ႏိုင္က်က် ၏ ေဆြးမ်ိဳးသားခ်င္းမ်ားႏွင့္ ရြာသားမ်ားက ရဲတပ္ဖြဲ႕ဝင္မ်ားကို ဝိုင္းကာ ေက်ာက္ခဲမ်ားႏွင့္ပစ္ေပါက္၍ သစ္သားတုတ္ မ်ားျဖင့္ ဝင္႐ိုက္ခဲ့ၾကသျဖင့္ ဝင္ဟန္ၿမိဳ႕နယ္ ဒုစခန္းမွဴးႏွင့္ ရဲ၀န္ထမ္း ၂ ဦးဒဏ္ရာရရွိခဲ့ၿပီး ရဲကားႏွင့္ ဆိုင္ကယ္မ်ားကိုလည္း ရြာသားမ်ားက ႐ိုက္ႏွက္ဖ်က္ဆီးခဲ့ၾကသည္ဟု ခ်င္းမိုင္သတင္းတြင္ေဖာ္ျပထားသည္။
.
အဆိုပါျဖစ္စဥ္မွ ရဲတပ္ဖြဲ႕ဝင္မ်ားကို ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ၾကၿပီး ယာဥ္မ်ားကို ဖ်က္ဆီးခဲ့ၾကသည့္ ရြာသား ၂၀၀ ဦးခန္႔ အနက္မွ အဓိက တရားခံ ၆ ဦးကို ဇူလိုင္လ၂၄ ရက္တြင္ ဖမ္းဝရမ္းထုတ္ကာ ေဒသခံစစ္တပ္၊ ရဲမ်ားပူးေပါင္း၍ ဖမ္းဆီးလ်က္ရွိေၾကာင္း သိရွိရသည္။
.
============================================================
ထိုင်း-မြန်မာနယ်စပ်အနီးတွင် မူးယစ်တရားခံ ဖမ်းဆီးသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပွား
.
မင်းဇော်မင်း
.
ထိုင်းနိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်ခရိုင်၊ ဝင်ဟန် (Wiang Haeng) မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်နှင့်ထိစပ်နေသည့် မိုဟန် တိုင်းရင်းသားများနေထိုင်သည့် ဟွေကရိုင်မိုင်ကျေးရွာအုပ်စု အမှတ်(၅)တွင် ဇူလိုင်လ ၂၃ ရက်၊ ညနေပိုင်းက မူးယစ်တရားခံ လိုက်လံဖမ်းဆီးသည့် ထိုင်းရင်းတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ဆိုင်ကယ်စီးလာသည့် လူငယ် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးစဉ် လူငယ်များက တောအတွင်း ဝင်ပြေးခဲ့ပြီးနောက် မူးယစ်တရားခံအဖြစ် ဝရမ်းထုတ်ခံထားရသူ နိုင်ကျကျက ၎င်းတွင်ပါလာသည့် ပြောင်းရှည် သေနတ်ဖြင့် ရဲများကို ပစ်ခတ်သည့်အတွက် ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
အခင်းဖြစ်ပွားရာနေရာသို့ အလောင်းကောက်စစ်ချက်ယူရန် ရဲတပ်ဖွဲ့မှကားဖြင့်လာချိန်တွင် သေဆုံးသူ နိုင်ကျကျ ၏ ဆွေးမျိုးသားချင်းများနှင့် ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို ဝိုင်းကာ ကျောက်ခဲများနှင့်ပစ်ပေါက်၍ သစ်သားတုတ် များဖြင့် ဝင်ရိုက်ခဲ့ကြသဖြင့် ဝင်ဟန်မြို့နယ် ဒုစခန်းမှူးနှင့် ရဲဝန်ထမ်း ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ရဲကားနှင့် ဆိုင်ကယ်များကိုလည်း ရွာသားများက ရိုက်နှက်ဖျက်ဆီးခဲ့ကြသည်ဟု ချင်းမိုင်သတင်းတွင်ဖော်ပြထားသည်။
.
အဆိုပါဖြစ်စဉ်မှ ရဲတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ယာဉ်များကို ဖျက်ဆီးခဲ့ကြသည့် ရွာသား ၂၀၀ ဦးခန့် အနက်မှ အဓိက တရားခံ ၆ ဦးကို ဇူလိုင်လ၂၄ ရက်တွင် ဖမ်းဝရမ်းထုတ်ကာ ဒေသခံစစ်တပ်၊ ရဲများပူးပေါင်း၍ ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။
.

No comments:

Post a Comment