ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္းမိုင္တြင္ ျမန္မာကေလးငယ္မ်ားအား သူေတာင္းစားအျဖစ္ ခိုင္းေစေနသည့္ ဂိုဏ္းအား ဖမ္းဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Tuesday, July 23, 2019

ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္းမိုင္တြင္ ျမန္မာကေလးငယ္မ်ားအား သူေတာင္းစားအျဖစ္ ခိုင္းေစေနသည့္ ဂိုဏ္းအား ဖမ္းဆီး


မင္းေဇာ္မင္း 
.
ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္းမယ္တြင္ ျမန္မာကေလးငယ္မ်ားအား သူေတာင္းစားအျဖစ္ ခိုင္းေစေနသည့္ ဂိုဏ္းတစ္ခု အား ထိုင္းႏိုင္ငံရဲတပ္ဖြဲ႕မွ ဖမ္းဆီးရမိခဲ့ၿပီး ျမန္မာကေလးငယ္ ၁၀ ဦးကို ကယ္တင္ႏိုင္ခဲ့ေၾကာင္း ထိုင္းႏိုင္ငံအေျခ စိုက္ Social Action For Children and Woman ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
.
 .
ခ်င္းမိုင္ၿမိဳ႕ရွd ကေလးႏွင့္ အမ်ိဳးသမီးေစာင့္ေရွာက္ေရးအဖြဲ႕၊ လူကုန္ကူးတိုက္ဖ်က္ေရးအဖြဲ႕ႏွင့္ အမွတ္ (၅) ေဒသ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ေဖာ္ထုတ္ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး အဆိုပါဂိုဏ္းတြင္ ျမန္မာလူမ်ိဳးမ်ား ပါဝင္ ေနသည္ဟု ဒုတိယရဲမွဴး ထိရဘုန္း အင္ထရလစ္က ေျပာသည္ဟု ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပပါရွိသည္။
.
အဆိုပါ ထိုင္းႏွင့္ ျမန္မာႏိုင္ႏိုင္ငံသားမ်ား ပါဝင္သည့္ သူေတာင္းစားဂိုဏ္သည္ ခ်င္းမိုင္ၿမိဳ႕၊ ထဆာလာရပ္ကြက္တြင္ အိမ္ခန္းငွားရမ္းထားၿပီး ျမန္မာႏိုင္ငံမွ ကေလးငယ္မ်ားကို နည္းမ်ိဳးစံုျဖင့္ ရွာေဖြစုေဆာင္းကာ သူေတာင္းစားအျဖစ္ တစ္ေန႔ ေဘတ္ ၆၀ ေပးကာ ခိုင္းစားေနၾကျခင္းျဖစ္ေၾကာင္းႏွင့္ ဖမ္းဆီးခံရသူမ်ားတြင္ လူကုန္ကူးဂိုဏ္းဝင္ ျမန္မာ ႏိုင္ငံသား အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီးပါရွိၿပီး ထိုင္းႏိုင္ငံသား ႏိုင္အူဘြန္ႏွင့္ ထိုင္းႏိုင္ငံသူ Thidarat Chada တို႔ ၂ ဦးလည္း ပူးေပါင္းၾကံစည္မႈျဖင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။
.
ယင္းကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ရွိ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ရဲအုပ္ လွဘုန္းအား ဆက္သြယ္ေမးျမန္းရာတြင္ “ခုထိေတာ့ ဆက္သြယ္လာတာမရွိေသးပါဘူး၊ ခ်င္းမိုင္ဆိုေတာ့ ျပန္ပို႔ရင္ ဒီလမ္းေၾကာင္း က ျပန္ပို႔မွာပါ။ ဒါေပမယ့္ သူတို႔က အမႈတင္မယ္။ ၿပီးမွ တရားမဝင္ေရႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔ လႊဲတာ မ်ားတယ္။ အမႈနဲ႔ေတာ့ မလႊဲတတ္ဘူး” ဟု ျပန္လည္ေျဖၾကားခဲ့သည္။
.
ထိုင္းႏိုင္ငံတြင္ သူေတာင္းစားထိန္းခ်ဳပ္ေရးဥပေဒ (၂၀၁၆) အရ လမ္းမေဈးႏွင့္ လူျမင္ကြင္း မည္သည့္ေနရာတြင္ မဆို ေငြေၾကးေတာင္းစားသူမ်ားကို ဖမ္းဆီးၿပီး ေထာင္ဒဏ္ တစ္လႏွင္ ေငြဒဏ္ ဘတ္ ၁၀၀၀ ခ်မွတ္ႏိုင္ၿပီး ယခုလို လူကုန္ကူး၍ ေတာင္းစားခိုင္းသူမ်ားကို ေထာင္ဒဏ္ ၃ ႏွစ္ႏွင့္ ဒဏ္ေငြ ဘတ္ ၃၀၀၀၀ အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္သည္ ဟု သိရသည္။
.
ၿပီးခဲ့သည့္ ဇူလိုင္လ ၁၆ ရက္ကလည္း ထိုင္းႏိုင္ငံအလယ္ပိုင္း၊ ဆူဖန္ဘူရီခ႐ိုင္၊ စန္ခ်ပ္ၿမိဳ႕တြင္ ကာရာအိုေကဆိုင္ ဖြင့္ၿပီး ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနသည့္ေနရာအား ဝင္ေရာက္ဖမ္းဆီးရာမွ အသက္ ၁၄ ႏွင့္ ၁၇ ႏွစ္ၾကား ရွိ ျမန္မာအမ်ိဳးသမီးငယ္ ၂ ဦး အပါအဝင္ အမ်ိဳးသမီးငယ္ ၁၂ ဦးကို အသက္ ၆၇ ႏွစ္ရွိ ဆိုင္ရွင္အမ်ိဳးသမီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
.
============================================================
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်တွင် မြန်မာကလေးငယ်များအား သူတောင်းစားအဖြစ် ခိုင်းစေနေသည့် ဂိုဏ်းအား ဖမ်းဆီး
.
မင်းဇော်မင်း 
.
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမယ်တွင် မြန်မာကလေးငယ်များအား သူတောင်းစားအဖြစ် ခိုင်းစေနေသည့် ဂိုဏ်းတစ်ခု အား ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး မြန်မာကလေးငယ် ၁၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေ စိုက် Social Action For Children and Woman ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
.
ချင်းမိုင်မြို့ရှd ကလေးနှင့် အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့၊ လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့နှင့် အမှတ် (၅) ဒေသ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိုဏ်းတွင် မြန်မာလူမျိုးများ ပါဝင် နေသည်ဟု ဒုတိယရဲမှူး ထိရဘုန်း အင်ထရလစ်က ပြောသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။
.
အဆိုပါ ထိုင်းနှင့် မြန်မာနိုင်နိုင်ငံသားများ ပါဝင်သည့် သူတောင်းစားဂိုဏ်သည် ချင်းမိုင်မြို့၊ ထဆာလာရပ်ကွက်တွင် အိမ်ခန်းငှားရမ်းထားပြီး မြန်မာနိုင်ငံမှ ကလေးငယ်များကို နည်းမျိုးစုံဖြင့် ရှာဖွေစုဆောင်းကာ သူတောင်းစားအဖြစ် တစ်နေ့ ဘေတ် ၆၀ ပေးကာ ခိုင်းစားနေကြခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများတွင် လူကုန်ကူးဂိုဏ်းဝင် မြန်မာ နိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီးပါရှိပြီး ထိုင်းနိုင်ငံသား နိုင်အူဘွန်နှင့် ထိုင်းနိုင်ငံသူ Thidarat Chada တို့ ၂ ဦးလည်း ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ် လှဘုန်းအား ဆက်သွယ်မေးမြန်းရာတွင် “ခုထိတော့ ဆက်သွယ်လာတာမရှိသေးပါဘူး၊ ချင်းမိုင်ဆိုတော့ ပြန်ပို့ရင် ဒီလမ်းကြောင်း က ပြန်ပို့မှာပါ။ ဒါပေမယ့် သူတို့က အမှုတင်မယ်။ ပြီးမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လွှဲတာ များတယ်။ အမှုနဲ့တော့ မလွှဲတတ်ဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ထိုင်းနိုင်ငံတွင် သူတောင်းစားထိန်းချုပ်ရေးဥပဒေ (၂၀၁၆) အရ လမ်းမဈေးနှင့် လူမြင်ကွင်း မည်သည့်နေရာတွင် မဆို ငွေကြေးတောင်းစားသူများကို ဖမ်းဆီးပြီး ထောင်ဒဏ် တစ်လနှင် ငွေဒဏ် ဘတ် ၁၀၀၀ ချမှတ်နိုင်ပြီး ယခုလို လူကုန်ကူး၍ တောင်းစားခိုင်းသူများကို ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ဘတ် ၃၀၀၀၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သည် ဟု သိရသည်။
.
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်ကလည်း ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆူဖန်ဘူရီခရိုင်၊ စန်ချပ်မြို့တွင် ကာရာအိုကေဆိုင် ဖွင့်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့်နေရာအား ဝင်ရောက်ဖမ်းဆီးရာမှ အသက် ၁၄ နှင့် ၁၇ နှစ်ကြား ရှိ မြန်မာအမျိုးသမီးငယ် ၂ ဦး အပါအဝင် အမျိုးသမီးငယ် ၁၂ ဦးကို အသက် ၆၇ နှစ်ရှိ ဆိုင်ရှင်အမျိုးသမီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats