ေတာင္ႀကီးတြင္ လိုင္စင္မဲ့ယာဥ္ လက္ဝယ္ထားရွိ ေမာင္းႏွင္သူကို အေရးယူ - Kanbawza Tai News

Breaking

Thursday, July 25, 2019

ေတာင္ႀကီးတြင္ လိုင္စင္မဲ့ယာဥ္ လက္ဝယ္ထားရွိ ေမာင္းႏွင္သူကို အေရးယူ


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ ယေန႔ ဇူလိုင္လ ၂၅ ရက္၊ နံနက္ပိုင္းက တရားဝင္ မွတ္ပံုတင္ထားျခင္း မရွိေသာ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္အား လက္ဝယ္ထားရွိ ေမာင္ႏွင္သူ တစ္ဦးကို အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
.
 ဓါတ္ပံု - အမွတ္ (၁၈) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမွဴး႐ံုး (ရွမ္းေတာင္)
.
အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ံုး (ရွမ္းေတာင္) မွ ရဲအုပ္ မ်ိဳးလိႈင္ဝင္း ဦးေဆာင္ေသာ ပူးေပါင္း ယာဥ္စစ္အဖြဲ႕သည္ ဇူလိုင္လ ၂၅ ရက္၊ နံနက္ ၁၀ နာရီခြဲ အခ်ိန္ခန္႔က ေတာင္ႀကီးၿမိဳ႕၊ အေနာက္ၿမိဳ႕ပတ္လမ္းႏွင့္ ျမင့္မိုရ္လမ္းဆံုတြင္ စည္းကမ္းပ်က္ယာဥ္မ်ားအား စစ္ေဆးေဆာင္ရြက္ေနစဥ္ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္ေန ယာဥ္ေမာင္း ဦးရဲနီထြန္း (၅၂ ႏွစ္) ေမာင္းႏွင္လာသည့္ Probox အမ်ိဳးအစား ခဲေရာင္ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ယာဥ္ႏွင့္ ပတ္သက္သည့္ စာရြက္စာတမ္းမ်ား ျပသႏိုင္ျခင္းမရွိသျဖင့္ ယာဥ္ေမာင္းျဖစ္သူအား စစ္ေဆးရာ လိုင္စင္မဲ့ယာဥ္ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ေတာင္ႀကီးနယ္ေျမရဲစခန္းသို႔ ယာဥ္ႏွင့္အတူ ေပးပို႔၍ အမႈဖြင့္အေရးယူေဆာင္ရြက္ ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါယာဥ္ႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနႏွင့္ အျခား တိုင္းေဒသႀကီး/ ျပည္နယ္ကုန္းလမ္းပို႔ေဆာင္ေရးဦးစီးဌာန႐ံုးမ်ားတြင္ တရားဝင္မွတ္ပံုတင္ထားျခင္း ရွိ/မရွိ သိရွိ ႏိုင္ရန္ သက္ဆိုင္ရာဌာနမ်ားသို႔ ယာဥ္စစ္ေဆးခ်က္ပံုစံႏွင့္အတူ ေပးပို႔ထားၿပီး လိုင္စင္မဲ့ယာဥ္အား လက္ဝယ္ ထားရွိ ေမာင္းႏွင္သူ ဦးရဲနီထြန္းအား ေတာင္ႀကီးနယ္ေျမရဲစခန္းတြင္ (ပ)၁၃၄/၂၀၁၉၊ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ အရ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
.
ၿပီးခဲ့သည့္ ဇူလိုင္လ ၁၅ ရက္ကလည္း ေတာင္ႀကီးၿမိဳ႕တြင္ Probox အမ်ိဳးအစား လိုင္စင္ရွိ အျဖဴေရာင္ယာဥ္ တစ္စီးအား အမ်ိဳးအစားတူ အေရာင္တူ အျခားယာဥ္တစ္စီးမွ နံပါတ္တူပြားကာ ေမာင္းႏွင္ အသံုးျပဳေနေၾကာင္း သတင္းေပး အေၾကာင္းၾကားခ်က္အရ နံပါတ္တူ ပြားယူေမာင္းႏွင္ေနေသာ လိုင္စင္မဲ့ယာဥ္ ေမာင္းႏွင္သူအား အေရးယူေဆာင္ရြက္ခဲ့ဖူးေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးတွင် လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိ မောင်းနှင်သူကို အရေးယူ
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယနေ့ ဇူလိုင်လ ၂၅ ရက်၊ နံနက်ပိုင်းက တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော လိုင်စင်မဲ့မော်တော်ယာဉ်အား လက်ဝယ်ထားရှိ မောင်နှင်သူ တစ်ဦးကို အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.
အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) မှ ရဲအုပ် မျိုးလှိုင်ဝင်း ဦးဆောင်သော ပူးပေါင်း ယာဉ်စစ်အဖွဲ့သည် ဇူလိုင်လ ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းနှင့် မြင့်မိုရ်လမ်းဆုံတွင် စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးဆောင်ရွက်နေစဉ် တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ယာဉ်မောင်း ဦးရဲနီထွန်း (၅၂ နှစ်) မောင်းနှင်လာသည့် Probox အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ပြသနိုင်ခြင်းမရှိသဖြင့် ယာဉ်မောင်းဖြစ်သူအား စစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တောင်ကြီးနယ်မြေရဲစခန်းသို့ ယာဉ်နှင့်အတူ ပေးပို့၍ အမှုဖွင့်အရေးယူဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါယာဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အခြား တိုင်းဒေသကြီး/ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနရုံးများတွင် တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ သိရှိ နိုင်ရန် သက်ဆိုင်ရာဌာနများသို့ ယာဉ်စစ်ဆေးချက်ပုံစံနှင့်အတူ ပေးပို့ထားပြီး လိုင်စင်မဲ့ယာဉ်အား လက်ဝယ် ထားရှိ မောင်းနှင်သူ ဦးရဲနီထွန်းအား တောင်ကြီးနယ်မြေရဲစခန်းတွင် (ပ)၁၃၄/၂၀၁၉၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်ကလည်း တောင်ကြီးမြို့တွင် Probox အမျိုးအစား လိုင်စင်ရှိ အဖြူရောင်ယာဉ် တစ်စီးအား အမျိုးအစားတူ အရောင်တူ အခြားယာဉ်တစ်စီးမှ နံပါတ်တူပွားကာ မောင်းနှင် အသုံးပြုနေကြောင်း သတင်းပေး အကြောင်းကြားချက်အရ နံပါတ်တူ ပွားယူမောင်းနှင်နေသော လိုင်စင်မဲ့ယာဉ် မောင်းနှင်သူအား အရေးယူဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats