ေတာင္ႀကီးတြင္ လိုင္စင္မဲ့ယာဥ္အား နံပါတ္တူ ပြားယူ ​ေမာင္းႏွင္ေနေသာ ယာဥ္ေမာင္းကို အေရးယူထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, July 15, 2019

ေတာင္ႀကီးတြင္ လိုင္စင္မဲ့ယာဥ္အား နံပါတ္တူ ပြားယူ ​ေမာင္းႏွင္ေနေသာ ယာဥ္ေမာင္းကို အေရးယူထား


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ Probox အမ်ိဳးအစား လိုင္စင္ရွိ အျဖဴေရာင္ယာဥ္ တစ္စီးအား အမ်ိဳးအစားတူ အေရာင္တူ အျခားယာဥ္တစ္စီးမွ နံပါတ္တူပြားကာ ေမာင္းႏွင္ အသံုးျပဳေနေၾကာင္း သတင္းေပး အေၾကာင္းၾကားခ်က္အရ နံပါတ္တူ ပြားယူေမာင္းႏွင္ေနေသာ ယာဥ္ေမာင္းအား အေရးယူေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
.
 .
ေတာင္ႀကီးၿမိဳ႕၊ စိန္ပန္းရပ္ကြက္ေန ဦးရဲထြန္းေနာင္မွ ၎ပိုင္ဆိုင္သည့္ ယာဥ္ႏွင့္ အမ်ိဳးအစားတူ၊ အေရာင္တူ ယာဥ္တစ္စီးမွ နံပါတ္အတူပြားကာ ေမာင္းႏွင္ေနေၾကာင္း သတင္းေပးအေၾကာင္းၾကား သျဖင့္ အမွတ္ (၁၈) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမွဴး႐ံုး (ရွမ္းေတာင္)မွ ရဲအုပ္မ်ိဳးလိႈင္ဝင္းႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ ဇူလိုင္လ ၁၅ ရက္၊ နံနက္ ၉ နာရီခြဲခန္႔တြင္ ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ အလယ္ဘီအိုစီလမ္းဆံု တြင္ ေစာင့္ဆိုင္းေနစဥ္ ယာဥ္အမွတ္ GG-1535 PROBOX အမ်ိဳးအစား အျဖဴေရာင္ယာဥ္အား ေမာင္းႏွင္လာသူ ယာဥ္ေမာင္း မင္းမင္းဦး (၃၅ ႏွစ္)၊ ေအးသာယာၿမိဳ႕ေနသူအား စစ္ေဆးရာ ယာဥ္ႏွင့္ပတ္သက္ေသာ အေထာက္အထား စာရြက္စာတမ္းမ်ားအား ျပသႏိုင္ျခင္းမရွိသည့္အျပင္ ယာဥ္ေမာင္းမွ ၎၏ယာဥ္မွာ လိုင္စင္မဲ့ယာဥ္ ျဖစ္ေၾကာင္း ေျပာအပ္ေပးသျဖင့္ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
.
“နံပတ္တူ ယာဥ္ထိန္းကို လာေရာက္သတင္းေပးတဲ့အတြက္ ယာဥ္ထိန္းတပ္ဖြဲ႕ကေန ဖမ္းဆီးစစ္ေဆးတဲ့အခါမွာ လိုင္စင္၊ ဝွီးတက္စစ္ေဆးတဲ့အခါမွာ မမွန္ကန္တဲ့ကားကို အေရးယူထားတာပါ။ ပုဒ္မ ၈ နဲ႔ အမႈဖြင့္ထးၿပီးပါၿပီ။ အဓိက ကေတာ့ လိုင္စင္နဲ႔စီးတဲ့ ျပည္သူေတြ မနစ္နာေစဖို႔ ယာဥ္ထိန္းရဲတပ္ဖြဲ႕အေနနဲ႔ တရားမဝင္ယာဥ္ေတြကို စစ္ေဆး အေရးယူရမွာျဖစ္ပါတယ္။ ဒီေန႔ ဖမ္းမိတာဆိုရင္ နံပါတ္အနီေရာင္ေပါ့။ စီးပြားေရး လုပ္စားေနတဲ့ယာဥ္ပါ။ ဒါမ်ိဳးေတြ ေတြ႕ရွိရင္ေတာ့ ထိထိေရာက္ေရာက္ အေရးယူသြားမွာပါ ဟု အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ ရဲမွဴး မ်ိဳးေဇာ္ေအာင္က ကေမ႓ာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါယာဥ္ႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန႐ံုးတြင္ တရားဝင္ ယာဥ္မွတ္ပံုတင္ထားျခင္းရွိ/မရွိ သိရွိႏိုင္ရန္ ယာဥ္စစ္ေဆးခ်က္ ပံုစံႏွင့္အတူ ေပးပို႔ထားၿပီး လိုင္စင္မဲ့ယာဥ္အား လက္ဝယ္ထားရွိ ေမာင္းႏွင္အသံုးျပဳသူ မင္းမင္းဦးအား ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၃၈/၂၀၁၉၊ ပို႔/သြင္း ဥပေဒပုဒ္မ ၈ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးတွင် လိုင်စင်မဲ့ယာဉ်အား နံပါတ်တူ ပွားယူ မောင်းနှင်နေသော ယာဉ်မောင်းကို အရေးယူထား
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် Probox အမျိုးအစား လိုင်စင်ရှိ အဖြူရောင်ယာဉ် တစ်စီးအား အမျိုးအစားတူ အရောင်တူ အခြားယာဉ်တစ်စီးမှ နံပါတ်တူပွားကာ မောင်းနှင် အသုံးပြုနေကြောင်း သတင်းပေး အကြောင်းကြားချက်အရ နံပါတ်တူ ပွားယူမောင်းနှင်နေသော ယာဉ်မောင်းအား အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
 .
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ ဦးရဲထွန်းနောင်မှ ၎င်းပိုင်ဆိုင်သည့် ယာဉ်နှင့် အမျိုးအစားတူ၊ အရောင်တူ ယာဉ်တစ်စီးမှ နံပါတ်အတူပွားကာ မောင်းနှင်နေကြောင်း သတင်းပေးအကြောင်းကြား သဖြင့် အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)မှ ရဲအုပ်မျိုးလှိုင်ဝင်းနှင့် တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အလယ်ဘီအိုစီလမ်းဆုံ တွင် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် GG-1535 PROBOX အမျိုးအစား အဖြူရောင်ယာဉ်အား မောင်းနှင်လာသူ ယာဉ်မောင်း မင်းမင်းဦး (၃၅ နှစ်)၊ အေးသာယာမြို့နေသူအား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော အထောက်အထား စာရွက်စာတမ်းများအား ပြသနိုင်ခြင်းမရှိသည့်အပြင် ယာဉ်မောင်းမှ ၎င်း၏ယာဉ်မှာ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း ပြောအပ်ပေးသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
.
“နံပတ်တူ ယာဉ်ထိန်းကို လာရောက်သတင်းပေးတဲ့အတွက် ယာဉ်ထိန်းတပ်ဖွဲ့ကနေ ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ လိုင်စင်၊ ဝှီးတက်စစ်ဆေးတဲ့အခါမှာ မမှန်ကန်တဲ့ကားကို အရေးယူထားတာပါ။ ပုဒ်မ ၈ နဲ့ အမှုဖွင့်ထးပြီးပါပြီ။ အဓိက ကတော့ လိုင်စင်နဲ့စီးတဲ့ ပြည်သူတွေ မနစ်နာစေဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ တရားမဝင်ယာဉ်တွေကို စစ်ဆေး အရေးယူရမှာဖြစ်ပါတယ်။ ဒီနေ့ ဖမ်းမိတာဆိုရင် နံပါတ်အနီရောင်ပေါ့။ စီးပွားရေး လုပ်စားနေတဲ့ယာဉ်ပါ။ ဒါမျိုးတွေ တွေ့ရှိရင်တော့ ထိထိရောက်ရောက် အရေးယူသွားမှာပါ” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး မျိုးဇော်အောင်က ကမေ႓ာဇတိုင်းသို့ ပြောသည်။
.
အဆိုပါယာဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် တရားဝင် ယာဉ်မှတ်ပုံတင်ထားခြင်းရှိ/မရှိ သိရှိနိုင်ရန် ယာဉ်စစ်ဆေးချက် ပုံစံနှင့်အတူ ပေးပို့ထားပြီး လိုင်စင်မဲ့ယာဉ်အား လက်ဝယ်ထားရှိ မောင်းနှင်အသုံးပြုသူ မင်းမင်းဦးအား တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၁၃၈/၂၀၁၉၊ ပို့/သွင်း ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats