ေတာင္ႀကီးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ တစ္ႏွစ္ျပည့္အထိမ္းအမွတ္ စာေပေဟာေျပာပြဲႏွင့္ အႏုပညာျပပြဲ က်င္းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, July 28, 2019

ေတာင္ႀကီးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ တစ္ႏွစ္ျပည့္အထိမ္းအမွတ္ စာေပေဟာေျပာပြဲႏွင့္ အႏုပညာျပပြဲ က်င္းပ


စိုင္းေအာင္ျမတ္ (ေတာင္ႀကီး)
.
ေတာင္ႀကီးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ တစ္ႏွစ္ျပည့္အထိမ္းအမွတ္ စာေပေဟာေျပာပြဲႏွင့္ အႏုပညာျပပြဲ ဖြင့္ပြဲအခမ္းအနားကို ဇူလိုင္လ ၂၄ ရက္၊ မြန္းလြဲပိုင္းက ေတာင္ႀကီးတကၠသိုလ္ ဘက္စံုခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္က အဖြင့္အမွာ စကား ေျပာၾကားခဲ့ၿပီး ပြဲျဖစ္ေျမာက္ေရးအတြက္ ကူညီပံ့ပိုးေပးသူမ်ားကို ေတာင္ႀကီးတကၠသိုလ္ ပါေမာကၡခ်ဳပ္ု ေဒါက္တာမူမူျမင့္၊ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာဝင္းဝင္းအိ၊ ေက်ာင္းသားသမဂၢ အလုပ္အမႈေဆာင္ ကိုနႏၵာေကာင္းထက္တို႔က ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ကာ ေတာင္ႀကီးတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢမွ ေဆာင္ရြက္လ်က္ရွိေသာ လႈပ္ရွားမႈမ်ားအား ဖတ္ၾကားတင္ျပခဲ့ေၾကာင္း သိရသည္။
.
ဆက္လက္၍ စာေရးဆရာ ညီပုေလး၏ ကိုယ္ေရးအက်ဥ္းအား အဂၤလိပ္စာအထူးျပဳ ေက်ာင္းသူ မခိုင္ခင္ၿငိမ္းက ဖတ္ၾကားၿပီး ဆရာညီပုေလးမွ စာေပဆိုင္ရာမ်ားကို ေဟာေျပာခဲ့သည္။ ထို႔ေနာက္ စာေရးဆရာ ေမာင္သာခ်ိဳ၏ ကိုယ္ေရးအက်ဥ္းအား သခ်ၤာအထူးျပဳေက်ာင္းသား ေမာင္သီဟကိုက ဖတ္ၾကားၿပီး ဆရာေမာင္သာခ်ိဳမွ စာေပ ဆိုင္ရာမ်ားကိုေဟာေျပာကာ စာေရးဆရာမ်ားအား ေက်ာင္းသားမ်ားသမဂၢမွ အမွတ္တရလက္ေဆာင္မ်ား ေပးအပ္၍ စုေပါင္းမွတ္တမ္းတင္ဓါတ္ပံု ႐ိုက္ကူးခဲ့ေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ တစ်နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် အနုပညာပြပွဲ ကျင်းပ
.
စိုင်းအောင်မြတ် (တောင်ကြီး)
.
တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ တစ်နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် အနုပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသူများကို တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်ု ဒေါက်တာမူမူမြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ၊ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် ကိုနန္ဒာကောင်းထက်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ တောင်ကြီးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဆောင်ရွက်လျက်ရှိသော လှုပ်ရှားမှုများအား ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ စာရေးဆရာ ညီပုလေး၏ ကိုယ်ရေးအကျဉ်းအား အင်္ဂလိပ်စာအထူးပြု ကျောင်းသူ မခိုင်ခင်ငြိမ်းက ဖတ်ကြားပြီး ဆရာညီပုလေးမှ စာပေဆိုင်ရာများကို ဟောပြောခဲ့သည်။ ထို့နောက် စာရေးဆရာ မောင်သာချို၏ ကိုယ်ရေးအကျဉ်းအား သချင်္ာအထူးပြုကျောင်းသား မောင်သီဟကိုက ဖတ်ကြားပြီး ဆရာမောင်သာချိုမှ စာပေ ဆိုင်ရာများကိုဟောပြောကာ စာရေးဆရာများအား ကျောင်းသားများသမဂ္ဂမှ အမှတ်တရလက်ဆောင်များ ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment