ေတာင္ႀကီးၿမိဳ႕၊ City Square ေအာက္ထပ္ရွိ သားငါးေဈးမွာ ေလဝင္ေလထြက္ ေကာင္းမြန္မႈ မရွိသျဖင့္ ေဈးေရာင္းခ်သူမ်ားႏွင့္ ေဈးဝယ္သူမ်ားအတြက္ အဆင္မေျပ ျဖစ္ေပၚေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Sunday, July 14, 2019

ေတာင္ႀကီးၿမိဳ႕၊ City Square ေအာက္ထပ္ရွိ သားငါးေဈးမွာ ေလဝင္ေလထြက္ ေကာင္းမြန္မႈ မရွိသျဖင့္ ေဈးေရာင္းခ်သူမ်ားႏွင့္ ေဈးဝယ္သူမ်ားအတြက္ အဆင္မေျပ ျဖစ္ေပၚေန


ခြန္သက္ထူး
.
ေတာင္ႀကီးၿမိဳ႕၊ ျမိဳ႕မေဈးအေရွ႕ဘက္ City Square ေအာက္ထပ္ရွိ သားငါးေဈးမွာ ေလဝင္ေလထြက္ ေကာင္းမြန္မႈမရွိသျဖင့္ ေဈးေရာင္းခ် သူမ်ားႏွင့္ ေဈးဝယ္သူမ်ားအတြက္ အဆင္မေျပျဖစ္ေပၚေနေၾကာင္း သားငါးေရာင္းခ်သူမ်ားထံမွ သိရသည္။ 
.
 .
“ပုပ္ကုန္ေတြ ေရာင္းရတဲ့ အတြက္ ေလဝင္ေလထြက္လည္း မေကာင္း၊ ဝင္/ထြက္ေပါက္ကလည္း တစ္ေပါက္တည္းဆိုေတာ့ ေရရွည္ က်န္းမာေရးအတြက္ အဆင္မေျပပါဘူး၊ အသက္႐ႈမဝဘူး၊ ကြ်န္ေတာ္တို႔ အတြက္အခက္အခဲမရွိေပမဲ့ စားသံုးသူေတြအတြက္ေတာ့ အခက္အခဲျဖစ္တယ္။ အသက္ႀကီးပိုင္းေတြလာရင္ လည္း မဆင္းႏိုင္ၾကလို႔ မဝယ္ဘဲလွည့္  ျပန္သြားတယ္။ အျပင္က လြယ္တဲ့ေနရာမွာပဲ ဝယ္သြားၾကတယ္။ ျဖစ္ခ်င္ တာကေတာ့ ေျမညီထပ္ေလးမွာပဲ ရခ်င္ပါတယ္” ဟု City Square ေအာက္ထပ္ရွိ သားငါးေဈးအတြင္း အမဲသားေရာင္းခ်သူတစ္ဦးက ေျပာ သည္။
.
ထို႔ျပင္အဆိုပါ သားငါးေဈးမွာ ေဈးေအာက္ရွိ ေျမေအာက္ထပ္တြင္ တည္ရွိေနသည့္အတြက္ ေလဝင္ေလ ထြက္မေကာင္းသည့္အျပင္ အေရး ေပၚအေျခအေနႏွင့္ ႀကံဳေတြ႕လာပါက လည္း ဝင္/ထြက္ေပါက္ တစ္ေပါက္ တည္းသာရွိသည့္အတြက္ စိုးရိမ္ေနၿပီး ေျမညီထပ္တြင္ေဈးေရာင္းခ်ခြင့္ ျပဳေစလိုေၾကာင္း ၎ကေျပာၾကားခဲ့ သည္။
.
“ၾကက္သားနဲ႔ ငါးကေတာ့ ေျမညီထပ္မွာေနရာခ်ထားေပးတာ ေတြ႕ ရပါတယ္။ က်န္တဲ့အမဲသားနဲ႔ ဆိတ္ သားကေတာ့ ေျမေအာက္ထပ္လိုျဖစ္ ေနတယ္။ ေလဝင္ေလထြက္လည္းမရွိေတာ့ အနံ႔အသက္က မေကာင္းဘူး။ အခုဆိုရင္ေရာင္းတဲ့သူလည္း သိပ္မ ရွိေတာ့သလို အဲ့ဒီေအာက္ထဲမွာ ေဈးပ်က္ႀကီးတစ္ခုလိုကို ျဖစ္ေနတယ္။ ေရာင္းတဲ့သူကလည္း အျပင္မွာ ပ်ံက်ပံုစံနဲ႔ပဲ ေရာင္းေနရတယ္။ စကတည္းက စနစ္တက်လုပ္ခဲ့မယ္ဆိုရင္ အခုလိုျဖစ္လာစရာမရွိပါဘူး” ဟု ေတာင္ႀကီးၿမိဳ႕မေဈးအတြင္း သားငါး ဝယ္ယူေနသူ အိမ္ရွင္မတစ္ဦးက၎၏ အျမင္ကို ေျပာသည္။
.
အဆိုပါကိစၥႏွင့္ပတ္သက္၍ City Square ေဈးဝယ္စင္တာအား တာ ဝန္ယူတည္ေဆာက္ခဲ့သည့္ သီဟဖြံ႕ ၿဖိဳးတိုးတက္ေရး ကုမၸဏီမွဦးစိုင္းေဇာ္ေဇာ္အား ကေမၻာဇတိုင္းမွဆက္သြယ္ ေမးျမန္းရာ ၎တို႔ကုမၸဏီအေနျဖင့္ အဆိုပါဆိုင္ခန္းမ်ားအား စည္ပင္သာ ယာေရးေကာ္မတီသို႔ အၿပီးပိုင္လႊဲေျပာင္း ေပးၿပီးျဖစ္တဲ့အတြက္ ကုမၸ ဏီႏွင့္ သက္ဆိိုင္ျခင္း မရွိေၾကာင္းျပန္ လည္ ေျဖၾကားခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴး ဦးေအးကိုကမူ “ေအာက္ဆံုးမွာေတာ့ မဟုတ္ပါဘူး။ တက္ေခတ္လမ္းဘက္က ဝင္တဲ့အျခမ္းက ေျမညီထပ္မွာပါ။ တစ္ျခမ္းကေတာ့ ၾကက္ေတြ၊ ငါးေတြ ေရာင္းပါတယ္။ တစ္ျခမ္းကေတာ့ အမဲ၊ ဆိတ္၊ ဝက္ေရာင္းတာပါ။ ေအာက္ထဲမွာေတာ့ ခြင့္မျပဳထားပါဘူး” ဟု ျပန္လည္ေျပာၾကားခဲ့သည္။
.
အဆိုပါ ေတာင္ႀကီးၿမိဳ႕မေဈး အေရွ႕ဘက္ City Square စီမံကိန္း (ယခင္ညေဈး)ကို သီဟဖြံ႕ၿဖိဳးတိုး တက္ေရး ကုမၸဏီႏွင့္ ရွမ္းျပည္နယ္ စည္ပင္သာယာေရးေကာ္မတီတို႔ အ က်ိဳးတူ ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္း ျဖစ္ၿပီး ေျမညီထပ္ရွိ မႈလေဈးဆိုင္ခန္း မ်ားကိုလည္း ကုမၸဏီမွ ေရာင္းခ်ၿပီး ပါက ဌာနသို႔လြဲေျပာင္းေပးအပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚတြင္ ၿမိဳ႕မ ေဈး၊ စဝ္စံထြန္းေဈး၊ အမွတ္ ၅ ေဈးႏွင့္ ရဲေဘာ္ေဈးဟူ၍ အဓိက ေဈးႀကီး ၄ ခုတည္ရွိေနၿပီး စဝ္စံထြန္းေဈးတြင္လည္း အဆင့္ျမႇင့္တင္ တည္ေဆာက္မည့္ စီမံကိန္းေၾကာင့္ ေဈးသူေဈးသားမ်ားမွ ဆိုင္ခန္းေနရာ ျပန္လည္မရရွိျခင္းႏွင့္ ေနရာေကာင္း ျပန္လည္မရရွိႏိုင္ျခင္းမ်ားကို စိုးရိမ္ ေနၾကေၾကာင္း သိရသည္။
.
တောင်ကြီးမြို့၊ City Square အောက်ထပ်ရှိ သားငါးဈေးမှာ လေဝင်လေထွက် ကောင်းမွန်မှု မရှိသဖြင့် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအတွက် အဆင်မပြေ ဖြစ်ပေါ်နေ
.
ခွန်သက်ထူး
.
တောင်ကြီးမြို့၊ မြို့မဈေးအရှေ့ဘက် City Square အောက်ထပ်ရှိ သားငါးဈေးမှာ လေဝင်လေထွက် ကောင်းမွန်မှုမရှိသဖြင့် ဈေးရောင်းချ သူများနှင့် ဈေးဝယ်သူများအတွက် အဆင်မပြေဖြစ်ပေါ်နေကြောင်း သားငါးရောင်းချသူများထံမှ သိရသည်။
.
“ပုပ်ကုန်တွေ ရောင်းရတဲ့ အတွက် လေဝင်လေထွက်လည်း မကောင်း၊ ဝင်/ထွက်ပေါက်ကလည်း တစ်ပေါက်တည်းဆိုတော့ ရေရှည် ကျန်းမာရေးအတွက် အဆင်မပြေပါဘူး၊ အသက်ရှုမဝဘူး၊ ကျွန်တော်တို့ အတွက်အခက်အခဲမရှိပေမဲ့ စားသုံးသူတွေအတွက်တော့ အခက်အခဲဖြစ်တယ်။ အသက်ကြီးပိုင်းတွေလာရင် လည်း မဆင်းနိုင်ကြလို့ မဝယ်ဘဲလှည့်  ပြန်သွားတယ်။ အပြင်က လွယ်တဲ့နေရာမှာပဲ ဝယ်သွားကြတယ်။ ဖြစ်ချင် တာကတော့ မြေညီထပ်လေးမှာပဲ ရချင်ပါတယ်” ဟု City Square အောက်ထပ်ရှိ သားငါးဈေးအတွင်း အမဲသားရောင်းချသူတစ်ဦးက ပြော သည်။
.
ထို့ပြင်အဆိုပါ သားငါးဈေးမှာ ဈေးအောက်ရှိ မြေအောက်ထပ်တွင် တည်ရှိနေသည့်အတွက် လေဝင်လေ ထွက်မကောင်းသည့်အပြင် အရေး ပေါ်အခြေအနေနှင့် ကြုံတွေ့လာပါက လည်း ဝင်/ထွက်ပေါက် တစ်ပေါက် တည်းသာရှိသည့်အတွက် စိုးရိမ်နေပြီး မြေညီထပ်တွင်ဈေးရောင်းချခွင့် ပြုစေလိုကြောင်း ၎င်းကပြောကြားခဲ့ သည်။
.
“ကြက်သားနဲ့ ငါးကတော့ မြေညီထပ်မှာနေရာချထားပေးတာ တွေ့ ရပါတယ်။ ကျန်တဲ့အမဲသားနဲ့ ဆိတ် သားကတော့ မြေအောက်ထပ်လိုဖြစ် နေတယ်။ လေဝင်လေထွက်လည်းမရှိတော့ အနံ့အသက်က မကောင်းဘူး။ အခုဆိုရင်ရောင်းတဲ့သူလည်း သိပ်မ ရှိတော့သလို အဲ့ဒီအောက်ထဲမှာ ဈေးပျက်ကြီးတစ်ခုလိုကို ဖြစ်နေတယ်။ ရောင်းတဲ့သူကလည်း အပြင်မှာ ပျံကျပုံစံနဲ့ပဲ ရောင်းနေရတယ်။ စကတည်းက စနစ်တကျလုပ်ခဲ့မယ်ဆိုရင် အခုလိုဖြစ်လာစရာမရှိပါဘူး” ဟု တောင်ကြီးမြို့မဈေးအတွင်း သားငါး ဝယ်ယူနေသူ အိမ်ရှင်မတစ်ဦးက၎င်း၏ အမြင်ကို ပြောသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်၍ City Square ဈေးဝယ်စင်တာအား တာ ဝန်ယူတည်ဆောက်ခဲ့သည့် သီဟဖွံ့ ဖြိုးတိုးတက်ရေး ကုမ္ပဏီမှဦးစိုင်းဇော်ဇော်အား ကမ္ဘောဇတိုင်းမှဆက်သွယ် မေးမြန်းရာ ၎င်းတို့ကုမ္ပဏီအနေဖြင့် အဆိုပါဆိုင်ခန်းများအား စည်ပင်သာ ယာရေးကော်မတီသို့ အပြီးပိုင်လွှဲပြောင်း ပေးပြီးဖြစ်တဲ့အတွက် ကုမ္ပ ဏီနှင့် သက်ဆိိုင်ခြင်း မရှိကြောင်းပြန် လည် ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအေးကိုကမူ “အောက်ဆုံးမှာတော့ မဟုတ်ပါဘူး။ တက်ခေတ်လမ်းဘက်က ဝင်တဲ့အခြမ်းက မြေညီထပ်မှာပါ။ တစ်ခြမ်းကတော့ ကြက်တွေ၊ ငါးတွေ ရောင်းပါတယ်။ တစ်ခြမ်းကတော့ အမဲ၊ ဆိတ်၊ ဝက်ရောင်းတာပါ။ အောက်ထဲမှာတော့ ခွင့်မပြုထားပါဘူး” ဟု ပြန်လည်ပြောကြားခဲ့သည်။
.
အဆိုပါ တောင်ကြီးမြို့မဈေး အရှေ့ဘက် City Square စီမံကိန်း (ယခင်ညဈေး)ကို သီဟဖွံ့ဖြိုးတိုး တက်ရေး ကုမ္ပဏီနှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီတို့ အ ကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မြေညီထပ်ရှိ မှုလဈေးဆိုင်ခန်း များကိုလည်း ကုမ္ပဏီမှ ရောင်းချပြီး ပါက ဌာနသို့လွဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် မြို့မ ဈေး၊ စဝ်စံထွန်းဈေး၊ အမှတ် ၅ ဈေးနှင့် ရဲဘော်ဈေးဟူ၍ အဓိက ဈေးကြီး ၄ ခုတည်ရှိနေပြီး စဝ်စံထွန်းဈေးတွင်လည်း အဆင့်မြှင့်တင် တည်ဆောက်မည့် စီမံကိန်းကြောင့် ဈေးသူဈေးသားများမှ ဆိုင်ခန်းနေရာ ပြန်လည်မရရှိခြင်းနှင့် နေရာကောင်း ပြန်လည်မရရှိနိုင်ခြင်းများကို စိုးရိမ် နေကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats