သံဃအဖြဲ႕အစည္းအဆင့္ဆင့္ ၂၅ ရာခိုင္ႏႈန္း အနားယူျခင္းဆိုင္ရာ လုပ္ငန္းစီမံခ်က္ႏွင့္ ပတ္သက္၍ ဆရာေတာ္ ၁၀ ပါးမွ ကန္႔ကြက္ထားသည့္ ကိစၥႏွင့္ ပတ္သက္၍ ေဆြးေႏြး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Friday, July 26, 2019

သံဃအဖြဲ႕အစည္းအဆင့္ဆင့္ ၂၅ ရာခိုင္ႏႈန္း အနားယူျခင္းဆိုင္ရာ လုပ္ငန္းစီမံခ်က္ႏွင့္ ပတ္သက္၍ ဆရာေတာ္ ၁၀ ပါးမွ ကန္႔ကြက္ထားသည့္ ကိစၥႏွင့္ ပတ္သက္၍ ေဆြးေႏြး


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ႏွင့္ ၿမိဳ႕နယ္ သံဃအဖြဲ႕အစည္းအဆင့္ဆင့္ ၂၅ ရာခိုင္ႏႈန္း အနားယူျခင္းဆိုင္ရာ လုပ္ငန္းစီမံခ်က္ႏွင့္ ပတ္သက္၍ ဆရာေတာ္ ၁၀ ပါးမွ ကန္႔ကြက္ေတာင္းဆိုသည့္အတြက္ ဇူလိုင္လ ၂၅ ရက္၊ မြန္းလြဲပိုင္းက ေတာင္ႀကီးၿမိဳ႕၊ ဓမၼိကာရာမ ေက်ာင္းတိုက္တြင္ စိစစ္ေဆြးေႏြးပြဲ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
ယင္းကဲ့သို႔ ဆရာေတာ္ႀကီးမ်ား၏ ကန္႔ကြက္တင္ျပမႈေၾကာင့္ ဇြန္လ ၂၆ ရက္တြင္ က်င္းပခဲ႔ေသာ အဌမအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ ႔ (ဒုတိယအဖြဲ ႔ခြဲ၏) ပထမအႀကိမ္ ဧကာဒသမအစည္းအေဝး၏ ဆံုးျဖတ္ခ်က္ အရ ဦးေဆာင္ကြပ္ကဲေရးအဖြဲ ႔က စီစစ္ေဆာင္ရြက္၍ ျပန္လည္တင္ျပရန္ ဇူလိုင္လ ၂ ရက္စြဲပါစာျဖင့္ ၫႊန္ၾကားထားသျဖင့္ ျပန္လည္စိစစ္ေဆြးေႏြးပြဲ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
.
အဆိုပါကိစၥႏွင့္ စိစစ္ေဆာင္ရြက္ ေဆြးေႏြးပြဲ က်င္းပရာတြင္လည္း ဓမၼႏွင့္ အမွန္တရား လိုလားေသာ သံဃအဖြဲ႕ အစည္း လုပ္ထံုးလုပ္နည္း၊ သံဃအဖြဲ ႔အစည္း အဆင့္ဆင့္ ၂၅ ရာခုိင္ႏႈန္း အနားယူျခင္းဆိုင္ရာ လုပ္ငန္းစီမံခ်က္တုိ႔ကို ေလးစားေသာ ဆရာေတာ္ ၁၀ ပါးတုိ႔က တညီတညြတ္တည္း ကန္႔ကြက္ခဲ့ၾကေၾကာင္း ေတာင္ႀကီးၿမိဳ႕၊ ေအာင္ေျမဘံုစံေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲ ေခမာနႏၵက ကေမ႓ာဇတိုင္းသို႔ မိန္႔ၾကားခဲ့သည္။
.
အဆိုပါ ကန္႔ကြက္ ေတာင္းဆိုခ်က္ စာမ်ားကို ဦးေဆာင္ကြပ္ကဲေရးဆရာေတာ္မ်ားျဖစ္ေသာ ဘဒၵႏၲ သုမဂၤလာဘိဝံသ (ႏိုင္ငံေတာ္သံဃမဟာနာယက ဒုတိယ ဥကၠဌဆရာေတာ္)၊ ဘဒၵႏၲ ဓမၼာနႏၵာဘိဝံသ (ႏိုင္ငံေတာ္ဗဟိုသံဃဝန္ေဆာင္ ဆရာေတာ္)၊ ဘဒၵႏၲ သဇၨန (ႏိုင္ငံေတာ္ဗဟိုသံဃဝန္ေဆာင္ ဆရာေတာ္) တို႔ထံ ဆက္ကပ္ေလွ်ာက္ထားၿပီး ျဖစ္သလို ရန္ကုန္ၿမိဳ႕၊ ကမ႓ာေအးကုန္းေျမရွိ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ထံသို႔ ဆက္ကပ္ေလွ်ာက္ထားသြားမည္ ျဖစ္ေၾကာင္း သိရသည္။
.
ရွမ္းျပည္နယ္သံဃနာယကအဖြဲ႕ႏွင့္ ေတာင္ႀကီးၿမဳိ႕နယ္ သံဃနာယကအဖဲြ႕တို႔ ေရြးခ်ယ္ပဲြအား မတ္လ ၄ ရက္၊ မြန္းလြဲပိုင္းက ေတာင္ႀကီးၿမိဳ႕၊ မိုးကုတ္ဝိပႆနာ ဓမၼရိပ္သာတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
သံဃနာယက ဆရာေတာ္မ်ား တာဝန္ထမ္းေဆာင္ရမည့္ သက္တမ္းသည္ တစ္ႀကိမ္လွ်င္ ၃ ႏွစ္ ျဖင့္ ၂ ႀကိမ္၊ ၆ ႏွစ္သာ တာဝန္ ထမ္းေဆာင္ခြင့္ရွိၿပီး ၆ ႏွစ္ထက္ ေက်ာ္လြန္၍ တာဝန္ ထမ္းေဆာင္ခြင့္ မရွိေၾကာင္း သိရသည္။
.
============================================================
သံဃအဖွဲ့အစည်းအဆင့်ဆင့် ၂၅ ရာခိုင်နှုန်း အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ဆရာတော် ၁၀ ပါးမှ ကန့်ကွက်ထားသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်နှင့် မြို့နယ် သံဃအဖွဲ့အစည်းအဆင့်ဆင့် ၂၅ ရာခိုင်နှုန်း အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ဆရာတော် ၁၀ ပါးမှ ကန့်ကွက်တောင်းဆိုသည့်အတွက် ဇူလိုင်လ ၂၅ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ဓမ္မိကာရာမ ကျောင်းတိုက်တွင် စိစစ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဆရာတော်ကြီးများ၏ ကန့်ကွက်တင်ပြမှုကြောင့် ဇွန်လ ၂၆ ရက်တွင် ကျင်းပခဲ့သော အဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ ့ (ဒုတိယအဖွဲ ့ခွဲ၏) ပထမအကြိမ် ဧကာဒသမအစည်းအဝေး၏ ဆုံးဖြတ်ချက် အရ ဦးဆောင်ကွပ်ကဲရေးအဖွဲ ့က စီစစ်ဆောင်ရွက်၍ ပြန်လည်တင်ပြရန် ဇူလိုင်လ ၂ ရက်စွဲပါစာဖြင့် ညွှန်ကြားထားသဖြင့် ပြန်လည်စိစစ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် စိစစ်ဆောင်ရွက် ဆွေးနွေးပွဲ ကျင်းပရာတွင်လည်း ဓမ္မနှင့် အမှန်တရား လိုလားသော သံဃအဖွဲ့ အစည်း လုပ်ထုံးလုပ်နည်း၊ သံဃအဖွဲ ့အစည်း အဆင့်ဆင့် ၂၅ ရာခိုင်နှုန်း အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်တို့ကို လေးစားသော ဆရာတော် ၁၀ ပါးတို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြကြောင်း တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက ကမေ႓ာဇတိုင်းသို့ မိန့်ကြားခဲ့သည်။
.
အဆိုပါ ကန့်ကွက် တောင်းဆိုချက် စာများကို ဦးဆောင်ကွပ်ကဲရေးဆရာတော်များဖြစ်သော ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသ (နိုင်ငံတော်သံဃမဟာနာယက ဒုတိယ ဥက္ကဌဆရာတော်)၊ ဘဒ္ဒန္တ ဓမ္မာနန္ဒာဘိဝံသ (နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်)၊ ဘဒ္ဒန္တ သဇ္ဇန (နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်) တို့ထံ ဆက်ကပ်လျှောက်ထားပြီး ဖြစ်သလို ရန်ကုန်မြို့၊ ကမ႓ာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံသို့ ဆက်ကပ်လျှောက်ထားသွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်သံဃနာယကအဖွဲ့နှင့် တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့တို့ ရွေးချယ်ပွဲအား မတ်လ ၄ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
သံဃနာယက ဆရာတော်များ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသည် တစ်ကြိမ်လျှင် ၃ နှစ် ဖြင့် ၂ ကြိမ်၊ ၆ နှစ်သာ တာဝန် ထမ်းဆောင်ခွင့်ရှိပြီး ၆ နှစ်ထက် ကျော်လွန်၍ တာဝန် ထမ်းဆောင်ခွင့် မရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats