ေတာင္ႀကီးၿမိဳ႕၊ ခိုင္ေမတၲာေဆး႐ံုေရွ႕ လမ္း ဆိုးရြားစြာ ပ်က္ဆီးေနသျဖင့္ အျမန္ဆံုး ျပင္ဆင္ရန္ လိုအပ္ေန - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Thursday, July 25, 2019

ေတာင္ႀကီးၿမိဳ႕၊ ခိုင္ေမတၲာေဆး႐ံုေရွ႕ လမ္း ဆိုးရြားစြာ ပ်က္ဆီးေနသျဖင့္ အျမန္ဆံုး ျပင္ဆင္ရန္ လိုအပ္ေန


ခြန္သက္ထူး
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ေရေအးကြင္းရပ္ကြက္၊ ခိုင္ေမတၲာေဆး႐ံုေရွ႕ရွိ ကေမၻာဇလမ္းမွာ ဆိုးရြားစြာ ပ်က္စီးေနသျဖင့္ အျမန္ဆံုး ျပင္ဆင္ေပးရန္ ေဒသခံမ်ားမွ လိုလားလ်က္ရွိေၾကာင္း သိရသည္။
.
 .
"ေတာင္ႀကီးၿမိဳ႕က ႐ွမ္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္လည္းျဖစ္တယ္။ ကေမၻာဇလမ္းက ၿမိဳ႕ေတာ္အဂၤါရပ္နဲ႔ မညီၫြတ္ဘူး။ ၿမိဳ႕ေပၚမွာ ဒီလို စုတ္ျပတ္ေနတဲ့လမ္းေတြ ႐ွိေနတာ မတင့္တယ္ဘူး။ ကားသြား ကားလာလည္း အရမ္း မ်ားတယ္။ လမ္းအေၾကာင္းမသိတဲ့ ကေလးေတြဆိုရင္ အၿမဲတမ္း ေမွာက္တယ္။ အရင္ကေတာ့ သိပ္မဆိုးဘူး။ အခုက လမ္းသြားလမ္းလာေတြ မ်ားလာတယ္|ဟု ေတာင္ႀကီးၿမိဳ႕ေန ေဒသခံ တစ္ဦးက ၎၏အျမင္ကို ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါလမ္းသည္ ယခင္က လမ္းသြားလမ္းလာ နည္းေသာေၾကာင့္ ပ်က္စီးမႈ နည္းပါးခဲ့ေသာ္လည္း ယခု အခ်ိန္တြင္ ေဆး႐ံုမ်ား၊ စာသင္ေက်ာင္းမ်ား တည္ေဆာက္လိုက္သျဖင့္ လမ္းသြားလမ္းလာ မ်ားလာၿပီး ပ်က္စီးမႈ ပိုမိုမ်ားျပားလာျခင္း ျဖစ္ေၾကာင္း သိရသည္။
.
"ကေမၻာဇလမ္း ျပင္ဖို႔ကို ခိုင္ေမတၲာက လွဴမယ္ဆိုေတာ့ ဘတ္ဂ်က္ထဲမွာ ထည့္မဆြဲထားဘူးေပါ့။ လွဴမယ့္ဟာကို ဘတ္ဂ်က္ထဲ ထည့္ဆြဲ ထားလို႔ မရဘူးေလ။ ေနာက္ေတာ႔ လွဴဖို႔ဆႏၵ မ႐ွိေတာ့ပါဘူးလို႔ ေျပာ လာတယ္။ ခိုင္ေမတၲာကလည္း မလွဴ ေတာ့ဘူး။ ဘတ္ဂ်က္လည္း မဆြဲထားဘူးဆိုေတာ့ မိုးတြင္းမွာ မလုပ္ ႏိုင္ေသးဘူး။ ဘတ္ဂ်တ္က ျပန္လ်ာထားရမွာပါ|ဟု ေတာင္ႀကီးၿမိဳ႕ စည္ ပင္သာယာေရးဌာနမွ အမႈေဆာင္ အရာ႐ွိ ဦးေအးကိုက ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့သည္။
.
အဆိုပါလမ္းအား ေရေအးကြင္း ရပ္ကြက္သာမက ဘုရားျဖဴရပ္ကြက္ ေန ေက်ာင္းသား/သူမ်ား၊ ေဈးသူ/ သားမ်ား၊ ေဒသခံ အမ်ားအျပား ေန႔စဥ္ အသံုးျပဳလ်က္ရွိရာ ခ်ိဳင့္ခြက္ အလြန္မ်ားျပားေနၿပီး သြားလာေရး အခက္အခဲမ်ား ျဖစ္ေပၚေနသျဖင့္ အျမန္ဆံုး ျပင္ဆင္ေပးေစလိုေၾကာင္း ေတာင္ႀကီး ေဒသခံမ်ားမွ ေျပာဆိုလ်က္ရွိသည္။
.
============================================================
တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံရှေ့ လမ်း ဆိုးရွားစွာ ပျက်ဆီးနေသဖြင့် အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်နေ
.
ခွန်သက်ထူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ခိုင်မေတ္တာဆေးရုံရှေ့ရှိ ကမ္ဘောဇလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေသဖြင့် အမြန်ဆုံး ပြင်ဆင်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။
.
"တောင်ကြီးမြို့က ရှမ်းပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တယ်။ ကမ္ဘောဇလမ်းက မြို့တော်အင်္ဂါရပ်နဲ့ မညီညွတ်ဘူး။ မြို့ပေါ်မှာ ဒီလို စုတ်ပြတ်နေတဲ့လမ်းတွေ ရှိနေတာ မတင့်တယ်ဘူး။ ကားသွား ကားလာလည်း အရမ်း များတယ်။ လမ်းအကြောင်းမသိတဲ့ ကလေးတွေဆိုရင် အမြဲတမ်း မှောက်တယ်။ အရင်ကတော့ သိပ်မဆိုးဘူး။ အခုက လမ်းသွားလမ်းလာတွေ များလာတယ်|ဟု တောင်ကြီးမြို့နေ ဒေသခံ တစ်ဦးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါလမ်းသည် ယခင်က လမ်းသွားလမ်းလာ နည်းသောကြောင့် ပျက်စီးမှု နည်းပါးခဲ့သော်လည်း ယခု အချိန်တွင် ဆေးရုံများ၊ စာသင်ကျောင်းများ တည်ဆောက်လိုက်သဖြင့် လမ်းသွားလမ်းလာ များလာပြီး ပျက်စီးမှု ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း သိရသည်။
.
"ကမ္ဘောဇလမ်း ပြင်ဖို့ကို ခိုင်မေတ္တာက လှူမယ်ဆိုတော့ ဘတ်ဂျက်ထဲမှာ ထည့်မဆွဲထားဘူးပေါ့။ လှူမယ့်ဟာကို ဘတ်ဂျက်ထဲ ထည့်ဆွဲ ထားလို့ မရဘူးလေ။ နောက်တော့ လှူဖို့ဆန္ဒ မရှိတော့ပါဘူးလို့ ပြော လာတယ်။ ခိုင်မေတ္တာကလည်း မလှူ တော့ဘူး။ ဘတ်ဂျက်လည်း မဆွဲထားဘူးဆိုတော့ မိုးတွင်းမှာ မလုပ် နိုင်သေးဘူး။ ဘတ်ဂျတ်က ပြန်လျာထားရမှာပါ|ဟု တောင်ကြီးမြို့ စည် ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါလမ်းအား ရေအေးကွင်း ရပ်ကွက်သာမက ဘုရားဖြူရပ်ကွက် နေ ကျောင်းသား/သူများ၊ ဈေးသူ/ သားများ၊ ဒေသခံ အများအပြား နေ့စဉ် အသုံးပြုလျက်ရှိရာ ချိုင့်ခွက် အလွန်များပြားနေပြီး သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် အမြန်ဆုံး ပြင်ဆင်ပေးစေလိုကြောင်း တောင်ကြီး ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats