ေတာင္ႀကီးၿမိဳ႕၊ အေနာက္ၿမိဳ႕ပတ္လမ္း ဆိုးရြားစြာ ပ်က္စီးေနသျဖင့္ အျမန္ ျပင္ဆင္ေပးရန္ ေဒသခံမ်ား လိုလား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, July 18, 2019

ေတာင္ႀကီးၿမိဳ႕၊ အေနာက္ၿမိဳ႕ပတ္လမ္း ဆိုးရြားစြာ ပ်က္စီးေနသျဖင့္ အျမန္ ျပင္ဆင္ေပးရန္ ေဒသခံမ်ား လိုလား


ေကာင္းမြန္
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ အေနာက္ၿမိဳ႕ပတ္လမ္းေပၚရွိ လမ္းပိုင္းအခ်ိဳ႕မွာ ဆိုးရြားစြာ ပ်က္စီးေနၿပီး ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ ျဖစ္ေပၚလာေစႏိုင္သျဖင့္ အျမန္ဆံုး ျပင္ဆင္ေပးရန္ ေဒသခံမ်ားမွ လိုလား လ်က္ရွိေၾကာင္း သိရသည္။
.


.
“အေနာက္ၿမိဳ႕ပတ္လမ္း၊ ေက်ာင္းႀကီးစုရပ္ကြက္၊ ၾကက္ေျခနီ႐ံုးနားက လမ္းပိုင္းက ခ်ိဳင့္ခြက္ေတြ ေတာ္ေတာ္ မ်ားပါတယ္။ ဆိုင္ကယ္ ေတြဆိုရင္ အဲဒီခ်ိဳင့္ခြက္ထဲသာ က်လို႕ကေတာ့ ေမွာက္ႏိုင္ပါတယ္။ အဲဒီလမ္းက ကားအသြားအလာလည္းမ်ားေတာ့ အျမန္ဆံုး ျပဳျပင္ေပးဖို႔ လိုအပ္ပါတယ္”ဟု ေတာင္ႀကီးေဒသခံတစ္ဦးက ေျပာဆိုခဲ့သည္။
.
ေတာင္ႀကီးၿမိဳ႕တြင္ အဓိကလမ္းမႀကီးမ်ားအျဖစ္ အေရွ႕ၿမိဳ႕ပတ္လမ္း၊ အေနာက္ၿမိဳ႕ပတ္လမ္းႏွင့္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းလမ္းဟူ၍ ၃ လမ္းရွိရာ အေနာက္ၿမိဳ႕ပတ္လမ္းမွာ ကုန္တင္ယာဥ္ႀကီးမ်ား၊ တြဲယာဥ္မ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား အမ်ားဆံုး ျဖတ္သန္းသြားလာေနသည့္ လမ္းလည္းျဖစ္ၿပီး ေရေျမာင္းစနစ္ မေကာင္းမြန္ျခင္း၊ လမ္းျပဳျပင္မႈ မရွိျခင္းတို႕ေၾကာင့္ အခ်ိဳ႕ေနရာမ်ားတြင္ ဆိုးရြားစြာပ်က္စီး ေနေၾကာင္း သိရသည္။
.
“အေနာက္ၿမိဳ႕ပတ္လမ္းကေတာ့ ျပင္သင့္တဲ့ေနရာ အမ်ားႀကီးပါပဲ။ တခ်ိဳ႕ ေနရာေတြကလည္းလာၿပီး ဖာတာ ေလာက္ပဲ လုပ္သြားတယ္။ တစ္မိုးေလာက္ ရြာလိုက္ရင္ ျပန္ပ်က္ေရာ။ အဲဒီ လမ္းေပၚမွာက ကားအသြား၊ အလာ အရမ္းမ်ားတဲ့အတြက္ လမ္းမေကာင္းတဲ့အခါမွာ မလိုလားအပ္တဲ့ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ေတြ ျဖစ္ေပၚ လာမွာကိုပဲ စိုးရိမ္ေနရပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕၊ ခ်မ္းသာရပ္ေန ေဒသခံတစ္ဦးက ၎၏အျမင္ကို ေျပာသည္။
.
ေတာင္ႀကီးၿမိဳ႕၊ အေနာက္ၿမိဳ႕ ပတ္လမ္း အဆင့္ျမႇင့္တင္ျပဳျပင္ေရး ႏွင့္ ပတ္သက္၍ အပိုင္း (၁) အျဖစ္ ၿမိဳ႕ဝင္ ေျမပံုဆိုင္းဘုတ္မွ နဂါးပြက္ ေက်ာင္းလမ္းဆံုအထိ ၁ ဒသမ ၈၃ မိုင္၊ အပိုင္း (၂) အျဖစ္ နဂါးပြက္ ေက်ာင္းလမ္းဆံုမွ ဂႏိုင္ကန္လမ္း ဆံုအထိ ၁ ဒသမ ၃၆ မိုင္ႏွင့္ အပိုင္း (၃) အျဖစ္ ဂႏိုင္ကန္ လမ္းဆံုမွ ေက်ာက္တလံုး လမ္းဆံုအထိ ၁ ဒသ မ ၄၂ မိုင္ဟူ၍ အပိုင္း ၃ ပိုင္းခြဲျခား ကာ ႏွစ္အလိုက္ ျပဳျပင္ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း ေတာင္ႀကီး ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ၂၀၁၇ ခုႏွစ္တြင္ ေျပာဆိုထားေသာ္ လည္း ယေန႔အခ်ိန္အထိ အပိုင္း (၁) လုပ္ငန္းမ်ားသာ ေဆာင္ရြက္ႏိုင္ခဲ့ၿပီး က်န္လမ္းပိုင္းမ်ားကို ျပဳျပင္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။
.
အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာ ေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအး ကိုအား ကေမၻာဇတိုင္းမွ ဆက္သြယ္ ေမးျမန္းရာတြင္ ဆက္သြယ္၍ မရရွိခဲ့ေခ်။
.
============================================================
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း ဆိုးရွားစွာ ပျက်စီးနေသဖြင့် အမြန် ပြင်ဆင်ပေးရန် ဒေသခံများ လိုလား
.
ကောင်းမွန်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ လမ်းပိုင်းအချို့မှာ ဆိုးရွားစွာ ပျက်စီးနေပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်ပေါ်လာစေနိုင်သဖြင့် အမြန်ဆုံး ပြင်ဆင်ပေးရန် ဒေသခံများမှ လိုလား လျက်ရှိကြောင်း သိရသည်။
.
“အနောက်မြို့ပတ်လမ်း၊ ကျောင်းကြီးစုရပ်ကွက်၊ ကြက်ခြေနီရုံးနားက လမ်းပိုင်းက ချိုင့်ခွက်တွေ တော်တော် များပါတယ်။ ဆိုင်ကယ် တွေဆိုရင် အဲဒီချိုင့်ခွက်ထဲသာ ကျလို့ကတော့ မှောက်နိုင်ပါတယ်။ အဲဒီလမ်းက ကားအသွားအလာလည်းများတော့ အမြန်ဆုံး ပြုပြင်ပေးဖို့ လိုအပ်ပါတယ်”ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့တွင် အဓိကလမ်းမကြီးများအဖြစ် အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်းဟူ၍ ၃ လမ်းရှိရာ အနောက်မြို့ပတ်လမ်းမှာ ကုန်တင်ယာဉ်ကြီးများ၊ တွဲယာဉ်များနှင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ အများဆုံး ဖြတ်သန်းသွားလာနေသည့် လမ်းလည်းဖြစ်ပြီး ရေမြောင်းစနစ် မကောင်းမွန်ခြင်း၊ လမ်းပြုပြင်မှု မရှိခြင်းတို့ကြောင့် အချို့နေရာများတွင် ဆိုးရွားစွာပျက်စီး နေကြောင်း သိရသည်။
.
“အနောက်မြို့ပတ်လမ်းကတော့ ပြင်သင့်တဲ့နေရာ အများကြီးပါပဲ။ တချို့ နေရာတွေကလည်းလာပြီး ဖာတာ လောက်ပဲ လုပ်သွားတယ်။ တစ်မိုးလောက် ရွာလိုက်ရင် ပြန်ပျက်ရော။ အဲဒီ လမ်းပေါ်မှာက ကားအသွား၊ အလာ အရမ်းများတဲ့အတွက် လမ်းမကောင်းတဲ့အခါမှာ မလိုလားအပ်တဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တွေ ဖြစ်ပေါ် လာမှာကိုပဲ စိုးရိမ်နေရပါတယ်” ဟု တောင်ကြီးမြို့၊ ချမ်းသာရပ်နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင်ပြုပြင်ရေး နှင့် ပတ်သက်၍ အပိုင်း (၁) အဖြစ် မြို့ဝင် မြေပုံဆိုင်းဘုတ်မှ နဂါးပွက် ကျောင်းလမ်းဆုံအထိ ၁ ဒသမ ၈၃ မိုင်၊ အပိုင်း (၂) အဖြစ် နဂါးပွက် ကျောင်းလမ်းဆုံမှ ဂနိုင်ကန်လမ်း ဆုံအထိ ၁ ဒသမ ၃၆ မိုင်နှင့် အပိုင်း (၃) အဖြစ် ဂနိုင်ကန် လမ်းဆုံမှ ကျောက်တလုံး လမ်းဆုံအထိ ၁ ဒသ မ ၄၂ မိုင်ဟူ၍ အပိုင်း ၃ ပိုင်းခွဲခြား ကာ နှစ်အလိုက် ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တောင်ကြီး မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ၂၀၁၇ ခုနှစ်တွင် ပြောဆိုထားသော် လည်း ယနေ့အချိန်အထိ အပိုင်း (၁) လုပ်ငန်းများသာ ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်လမ်းပိုင်းများကို ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေး ကိုအား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် ဆက်သွယ်၍ မရရှိခဲ့ချေ။
.

No comments:

Post a Comment