ေတာင္ႀကီးၿမိဳ ႔၊ စူဠာမုနိဘုရား အေနာက္ဘက္လမ္းအား ကြန္ကရစ္ ခင္းၿပီး အားကစားပစၥည္းမ်ား တပ္ဆင္ထားရွိမည္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, July 24, 2019

ေတာင္ႀကီးၿမိဳ ႔၊ စူဠာမုနိဘုရား အေနာက္ဘက္လမ္းအား ကြန္ကရစ္ ခင္းၿပီး အားကစားပစၥည္းမ်ား တပ္ဆင္ထားရွိမည္


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ စူဠာမုနိဘုရား အေနာက္ဘက္ လမ္းအား ခ်ဲ႕ထြင္၍ ေျမသားလမ္း ေဖာက္လုပ္ ၿပီးစီးထားၿပီး ယခုဘ႑ာ ေရးႏွစ္တြင္ ကြန္ကရစ္လမ္း ခင္းကာ ေလ႔က်င့္ခန္း လုပ္ႏိုင္မည့္ အားကစားသံုးပစၥည္းမ်ား ထားရွိသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
 .
“ႏွစ္လမ္းေမာင္း ဆိုတာကေတာ့ အနာဂတ္ စီမံခ်က္ေပါ့။ အဲဒီ စီမံခ်က္လည္း မပ်က္ေအာင္ အခုေလာေလာဆယ္ ေတာ့ အဲဒီေနရာမွာ လမ္းနယ္ ခ်ဲ႕ ေပးထားၿပီးေတာ့ ေျမဖို႕ထားတယ္။ ဒီဘ႑ာေရးႏွစ္မွာပဲ ကြန္ကရစ္ခင္းမယ္။ ေလာေလာဆယ္ လမ္းအေနနဲ႔ေတာ့ မသံုးေသးဘူး။ ဘုရားပတ္ဝန္းက်င္လည္း ျဖစ္တဲ႔အတြက္ အားကစား ေလ႔က်င့္ခန္း လုပ္လို႔ရမယ့္ ပစၥည္းေတြ ထားေပးမယ္”ဟု ေတာင္ႀကီး ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ကေမၻာဇတိုင္းသို႔ ေျပာသည္။ 
.
ေတာင္ႀကီးၿမိဳ႕၊ စူဠာမုနိေလာက ခ်မ္းသာဘုရား အေနာက္ဘက္ ေရႊရင္ေအးလမ္းမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမသို႔ တိုက္႐ိုက္ ဆင္းႏိုင္ရန္အတြက္ စည္ပင္သာယာေရးဌာနမွ လမ္းနယ္ခ်ဲ႕ထြင္၍ ေျမဖို႔ျခင္းမ်ား လုပ္ေဆာင္ခဲ့ၿပီး လက္ရွိတြင္ လမ္းခ်ဲ႕ထြင္ျခင္း လုပ္ငန္းကို ရပ္ဆိုင္းထားကာ အားကစား ပစၥည္းမ်ားကို ထားရွိေပး သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
လက္ရွိတြင္ စူဠာမုနိေလာက ခ်မ္းသာဘုရား အေနာက္ဘက္လမ္းကို တစ္လမ္းေမာင္းအျဖစ္သာ အသံုးျပဳႏိုင္ၿပီး ႏွစ္လမ္းေမာင္းစနစ္ ျပဳလုပ္ႏိုင္ရန္အတြက္ ေရႊရင္ေအးလမ္းဆံုမွ ယာဥ္ထိန္း႐ံုးေရွ႕အထိ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း လမ္းမတစ္ေလွ်ာက္ လမ္း အေနာက္ဘက္ျခမ္းတြင္ ေတာင္ႀကီး ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ လမ္းအဆင့္ တိုးျမႇင့္ခ်ဲ႕ထြင္ေဖာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးမြို့၊ စူဠာမုနိဘုရား အနောက်ဘက်လမ်းအား ကွန်ကရစ် ခင်းပြီး အားကစားပစ္စည်းများ တပ်ဆင်ထားရှိမည်
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စူဠာမုနိဘုရား အနောက်ဘက် လမ်းအား ချဲ့ထွင်၍ မြေသားလမ်း ဖောက်လုပ် ပြီးစီးထားပြီး ယခုဘဏ္ဍာ ရေးနှစ်တွင် ကွန်ကရစ်လမ်း ခင်းကာ လေ့ကျင့်ခန်း လုပ်နိုင်မည့် အားကစားသုံးပစ္စည်းများ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
.
“နှစ်လမ်းမောင်း ဆိုတာကတော့ အနာဂတ် စီမံချက်ပေါ့။ အဲဒီ စီမံချက်လည်း မပျက်အောင် အခုလောလောဆယ် တော့ အဲဒီနေရာမှာ လမ်းနယ် ချဲ့ ပေးထားပြီးတော့ မြေဖို့ထားတယ်။ ဒီဘဏ္ဍာရေးနှစ်မှာပဲ ကွန်ကရစ်ခင်းမယ်။ လောလောဆယ် လမ်းအနေနဲ့တော့ မသုံးသေးဘူး။ ဘုရားပတ်ဝန်းကျင်လည်း ဖြစ်တဲ့အတွက် အားကစား လေ့ကျင့်ခန်း လုပ်လို့ရမယ့် ပစ္စည်းတွေ ထားပေးမယ်”ဟု တောင်ကြီး မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။ 
.
တောင်ကြီးမြို့၊ စူဠာမုနိလောက ချမ်းသာဘုရား အနောက်ဘက် ရွှေရင်အေးလမ်းမှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမသို့ တိုက်ရိုက် ဆင်းနိုင်ရန်အတွက် စည်ပင်သာယာရေးဌာနမှ လမ်းနယ်ချဲ့ထွင်၍ မြေဖို့ခြင်းများ လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် လမ်းချဲ့ထွင်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းထားကာ အားကစား ပစ္စည်းများကို ထားရှိပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် စူဠာမုနိလောက ချမ်းသာဘုရား အနောက်ဘက်လမ်းကို တစ်လမ်းမောင်းအဖြစ်သာ အသုံးပြုနိုင်ပြီး နှစ်လမ်းမောင်းစနစ် ပြုလုပ်နိုင်ရန်အတွက် ရွှေရင်အေးလမ်းဆုံမှ ယာဉ်ထိန်းရုံးရှေ့အထိ ဗိုလ်ချုပ် အောင်ဆန်း လမ်းမတစ်လျှောက် လမ်း အနောက်ဘက်ခြမ်းတွင် တောင်ကြီး မြို့နယ် စည်ပင်သာယာရေးဌာနမှ လမ်းအဆင့် တိုးမြှင့်ချဲ့ထွင်ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats