ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေသာ ေလးေလာင္ၿပိဳင္ လူသတ္မႈမွ ဖမ္းဆီးႏိုင္ျခင္း မရွိေသးသည့္ တရားခံေျပးအား စံုစမ္းေနဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 19, 2019

ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေသာ ေလးေလာင္ၿပိဳင္ လူသတ္မႈမွ ဖမ္းဆီးႏိုင္ျခင္း မရွိေသးသည့္ တရားခံေျပးအား စံုစမ္းေနဟု ဆို


စိုင္းရာဇာ
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္၊ မဂၤလာလမ္း၊ အမွတ္ (၁၁၈)ရွိ ျမင္းျဖဴႏွစ္ေကာင္ ေဆးတိုက္တြင္ ဧၿပီလ ၂၈ ရက္က ျဖစ္ပြားခဲ့ေသာ ေလးေလာင္း ၿပိဳင္ လူသတ္မႈႏွင့္ ပတ္သက္၍ ဖမ္းဆီး ရမိျခင္း မရွိေသးေသာ တရားခံေျပးအား ဖမ္းဆီးရမိေရးအတြက္ စံုစမ္းေနလ်က္ရွိေၾကာင္း ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးမွ သိရသည္။
.
 .
“တရားခံကေတာ့ ေသသြားၿပီ။ အခုေလာေလာဆယ္ ေျပးေနတဲ႔ တရားခံ တစ္ေယာက္ကေတာ့ တရားခံေျပးနဲ႔ စြဲမယ္။ တျခားႏိုင္ငံကိုေရာက္ေနတယ္။ ခ်က္ျခင္း ရဖို႔ေတာ့ ခက္ခဲတာေပါ့။ လိုက္ၿပီးေတာ့ စံုစမ္းေနပါတယ္”ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ ေဇာ္ခင္ေအာင္က ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
အဆိုပါ ေနအိမ္ (ျမင္းျဖဴႏွစ္ ေကာင္ တိုင္းရင္းေဆးတိုက္သို႔ အလုပ္ လုပ္ရန္လာေရာက္သူ မနန္းျပည့္ျပည့္ သည္ ဧၿပီလ ၂၈ ရက္၊ နံနက္ပိုင္း က အလုပ္ဝင္ရန္ ေရာက္႐ွိလာစဥ္ ေနအိမ္ေအာက္ထပ္၌ အမ်ိဳးသားတစ္ဦး ေသြးမ်ားျဖင့္ ေသဆံုးေနေၾကာင္း ေတြ႕႐ွိရသျဖင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ရာ ေတာင္ႀကီးခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ခင္ေမာင္ဦး ဦးစီးေသာ ရဲတပ္ဖြဲ႕ဝင္မ်ားမွ သက္ေသမ်ားႏွင့္အတူ နံနက္ ၈ နာရီခြဲ အခ်ိန္ခန္႔တြင္ အခင္းျဖစ္ေနရာသို႔ သြားေရာက္ စစ္ေဆးခဲ့ရာ စိုင္းေဆမြန္း (၂၇)ႏွစ္၊ နန္းခမ္းလိႈင္၊ (၂၃)ႏွစ္၊ ေမာင္ဖဖ (၇)လ၊ မေအးမိုး (၁၇) ႏွစ္ တို႔ ေသဆံုးေနျခင္းအား ေတြ႕ရွိ ခဲ႔ ေၾကာင္း သိရသည္။
.
ေလးေလာင္းၿပိဳင္ လူသတ္မႈႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕၏ တတိယတစ္ႏွစ္တာ လုပ္ငန္း ေဆာင္ရြက္ခ်က္မ်ား သတင္းစာ ရွင္းလင္းပဲြ၌း ရွမ္းျပည္နယ္ ရဲတပ္ ဖြဲ႕မွဴးက ​ေျပၾကားရာတြင္​ ခိုင္းေစသည့္ ဒုတိယတရား ခံမွာ မွန္ကန္ပါေၾကာင္း၊ လက္ရွိတြင္ ထြက္ေျပးတိမ္းေရွာင္ေနကာ သတင္းအရ တစ္ဘက္ႏိုင္ငံအထိ ေရာက္ရွိေန ပါေၾကာင္း၊ တစ္ဘက္ႏိုင္ငံ ရဲတပ္ဖြဲ႕မ်ားႏွင့္လည္း ခ်ိတ္ဆက္ေဆာင္ရြက္ ေနပါေၾကာင္း၊ မႈခင္းျဖစ္ပြားမႈႏွင့္ တရားခံေျပးအား စဥ္ဆက္မျပတ္ ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္ရြက္ေနပါေၾကာင္း သတင္းမီဒီယာ မ်ားသို႔ ေျပာၾကားခဲ့သည္။
.
အဆိုပါ လူသတ္မႈမွ ျပစ္မႈက်ဴးလြန္သူ တင္အုန္း (ခ)အိုက္အုန္း (၆၀) ႏွစ္ကို ဧၿပီလ ၂၉ ရက္က ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ အထက္ျမင္းကြင္း ေက်းရြာရွိ ၎၏ ေနအိမ္တြင္ ေရႊထည္ပစၥည္းမ်ားႏွင့္ အတူ ဖမ္းဆီးရမိခဲ့ၿပီး ေတာင္ႀကီးၿမိဳ႕ မရဲစခန္းတြင္ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ေနစဥ္ ေမလ ၄ ရက္၊ နံနက္ ပိုင္းတြင္ ႐ုတ္တရက္ အသက္႐ွဴၾကပ္ ကာ အေၾကာတက္ သတိလစ္ ေမ့ေျမာ ကာ ေသဆံုးသြားခဲ့ကာ က်န္တရားခံ တစ္ဦးကို ဆက္လက္ဖမ္းဆီးရမိႏိုင္ ေရးအတြက္ ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လေးလောင်ပြိုင် လူသတ်မှုမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့် တရားခံပြေးအား စုံစမ်းနေဟု ဆို
.
စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈)ရှိ မြင်းဖြူနှစ်ကောင် ဆေးတိုက်တွင် ဧပြီလ ၂၈ ရက်က ဖြစ်ပွားခဲ့သော လေးလောင်း ပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီး ရမိခြင်း မရှိသေးသော တရားခံပြေးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေလျက်ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
“တရားခံကတော့ သေသွားပြီ။ အခုလောလောဆယ် ပြေးနေတဲ့ တရားခံ တစ်ယောက်ကတော့ တရားခံပြေးနဲ့ စွဲမယ်။ တခြားနိုင်ငံကိုရောက်နေတယ်။ ချက်ခြင်း ရဖို့တော့ ခက်ခဲတာပေါ့။ လိုက်ပြီးတော့ စုံစမ်းနေပါတယ်”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နေအိမ် (မြင်းဖြူနှစ် ကောင် တိုင်းရင်းဆေးတိုက်သို့ အလုပ် လုပ်ရန်လာရောက်သူ မနန်းပြည့်ပြည့် သည် ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်း က အလုပ်ဝင်ရန် ရောက်ရှိလာစဉ် နေအိမ်အောက်ထပ်၌ အမျိုးသားတစ်ဦး သွေးများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ စိုင်းဆေမွန်း (၂၇)နှစ်၊ နန်းခမ်းလှိုင်၊ (၂၃)နှစ်၊ မောင်ဖဖ (၇)လ၊ မအေးမိုး (၁၇) နှစ် တို့ သေဆုံးနေခြင်းအား တွေ့ရှိ ခဲ့ ကြောင်း သိရသည်။
.
လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲ ၌ရှမ်းပြည်နယ် ရဲတပ် ဖွဲ့မှူးက ​ျပၾကားရာတြင္​ ခိုင်းစေသည့် ဒုတိယတရား ခံမှာ မှန်ကန်ပါကြောင်း၊ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကာ သတင်းအရ တစ်ဘက်နိုင်ငံအထိ ရောက်ရှိနေ ပါကြောင်း၊ တစ်ဘက်နိုင်ငံ ရဲတပ်ဖွဲ့များနှင့်လည်း ချိတ်ဆက်ဆောင်ရွက် နေပါကြောင်း၊ မှုခင်းဖြစ်ပွားမှုနှင့် တရားခံပြေးအား စဉ်ဆက်မပြတ် ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေပါကြောင်း သတင်းမီဒီယာ များသို့ ပြောကြားခဲ့သည်။
.
အဆိုပါ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ တင်အုန်း (ခ)အိုက်အုန်း (၆၀) နှစ်ကို ဧပြီလ ၂၉ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ အထက်မြင်းကွင်း ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ရွှေထည်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး တောင်ကြီးမြို့ မရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေစဉ် မေလ ၄ ရက်၊ နံနက် ပိုင်းတွင် ရုတ်တရက် အသက်ရှူကြပ် ကာ အကြောတက် သတိလစ် မေ့မြော ကာ သေဆုံးသွားခဲ့ကာ ကျန်တရားခံ တစ်ဦးကို ဆက်လက်ဖမ်းဆီးရမိနိုင် ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats