(၇၂) ႏွစ္ေျမာက္ အာဇာနည္ေန႔အထိမ္းအမွတ္ က်ဆံုးေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား ရည္စူး၍ ဆြမ္းဆက္ကပ္လွဴဒါန္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 19, 2019

(၇၂) ႏွစ္ေျမာက္ အာဇာနည္ေန႔အထိမ္းအမွတ္ က်ဆံုးေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား ရည္စူး၍ ဆြမ္းဆက္ကပ္လွဴဒါန္း


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ႀကီးမွဴး၍ (၇၂) ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ က်ဆံုးေလ ၿပီးေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား ရည္စူး၍ ဆြမ္းဆက္ကပ္လွဴဒါန္းအမွ်ေပးေဝျခင္းကို ယေန႔ ဇူလိုင္လ ၁၉ ရက္၊ နံနက္ ၁၀ နာရီက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕လယ္ဓမၼာ႐ံု၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
 .
ေရွးဦးစြာ ဆြမ္းဆက္ကပ္လွဴဒါန္းပြဲကို နေမာတႆ သံုးႀကိမ္ရြတ္ဆို ဖြင့္လွစ္ခဲ့ၿပီး ႏိုင္ငံေတာ္ဩဝါဒစရိယ အဂၢမဟာ ပ႑ိတ မဟာကမၼဌာန စရိယ ေတာင္ႀကီးၿမိဳ႕၊ စြန္းလြန္းဂူေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲ အဂၢဓမၼာဘိဝံသ ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ျခင္းႏွင့္ ေမတၱာသုတ္ ပရိတ္တရားေတာ္နာယူျခင္းတို႔ကို ေဆာင္ရြက္ခဲ့သည္။
.
ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ တာဝန္ရွိသူမ်ားက ဆရာေတာ္ သံဃာေတာ္မ်ားအား လွဴဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး ေရစက္သြန္းခ် အမွ်ေပးေဝ၍ အခမ္းအနားကို ႐ုပ္သိမ္းခဲ့ေၾကာင္း သိရသည္။
.
ဆြမ္းဆက္ကပ္ လွဴဒါန္းပြဲ မစတင္မီတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ တာဝန္ရွိသူမ်ားသည္ ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းျခံအတြင္းရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္၌ လြမ္းသူ႔ပန္းေခြခ် အေလးျပဳခဲ့ေၾကာင္း သိရသည္။
.
============================================================
(၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်း
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေ ပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းအမျှပေးဝေခြင်းကို ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရှေးဦးစွာ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ မဟာကမ္မဌာန စရိယ တောင်ကြီးမြို့၊ စွန်းလွန်းဂူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် မေတ္တာသုတ် ပရိတ်တရားတော်နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
.
ဆွမ်းဆက်ကပ် လှူဒါန်းပွဲ မစတင်မီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်၌ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment