ေတာင္ႀကီးတြင္ မူးယစ္ေဆးဝါးသံုးစြဲသူမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ရန္ပံုေငြေဈးေရာင္းပြဲေတာ္ ျပဳလုပ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, July 26, 2019

ေတာင္ႀကီးတြင္ မူးယစ္ေဆးဝါးသံုးစြဲသူမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ရန္ပံုေငြေဈးေရာင္းပြဲေတာ္ ျပဳလုပ္


ကေမ႓ာဇတိုင္း
.
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခံုၿမိဳ႕နယ္၊ ကသဲကြင္း ေရႊျပည္ေအး မူးယစ္ေဆးဝါးသံုးစြဲသူမ်ား ျပန္လည္ထူေထာင္ေရး အတြက္ ပရဟိတရန္ပံုေငြ ေဈးေရာင္းပြဲေတာ္ ဖြင့္ပြဲကို ဇူလိုင္လ ၂၄ ရက္၊ နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာ ရပ္ကြက္ရွိ ၿမိဳ႕ေတာ္မခန္းမတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
.
.
ေဈးေရာင္းပြဲေတာ္ ဖြင့္ပြဲအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ေဇာ္ခင္ေအာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၿပီး ေဈးပြဲေတာ္အတြင္း ခင္းက်င္းျပသ ေရာင္းခ်ထားေသာ ဆိုင္ခန္းမ်ားအား လွည့္လည္ၾကည့္႐ႈခဲ့ေၾကာင္း သိရသည္။
.
အဆိုပါ ေဈးေရာင္းပြဲေတာ္အတြင္း ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီးၿမိဳ႕မ်ားမွ ကုမၸဏီေပါင္း ၄၀ ေက်ာ္တို႔က လူသံုးကုန္၊ အလွကုန္၊ ဖုန္း၊ ကြန္ပ်ဴတာႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ အားကစားပစၥည္းမ်ား၊ အီလက္ထေရာနစ္ႏွင့္ မီးဖိုေခ်ာင္သံုး ပစၥည္းမ်ား၊ အိမ္အလွဆင္ပစၥည္းမ်ား၊ တိုင္းရင္းေဆးဝါးမ်ိဳးစံု၊ စားေသာက္ကုန္၊ ဖက္ရွင္ႏွင့္ အဝတ္ အထည္မ်ိဳးစံုတို႔ကို ဆိုင္ခန္းေပါင္း ၆၀ ေက်ာ္ျဖင့္ ဖြင့္လွစ္ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။
.
ဆက္လက္၍ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားသည္ ျမန္မာႏိုင္ငံဂီတအစည္းအ႐ံုးမွ ႏိုင္ငံေက်ာ္ေတးသံရွင္ ေကဂ်ာႏူး၊ သီသီမမွာ၊ စတီရီယိုမ်ိဳးထက္၊ ေမာင္ေမာင္ထိပ္ႏွင့္ ရွမ္းတိုင္းရင္းသား႐ိုးရာ အကအလွမ်ားျဖင့္ သီဆို ကျပေဖ်ာ္ေျဖမႈမ်ားကို ၾကည့္႐ႈအားေပးခဲ့ေၾကာင္း သိရသည္။
.
"ကြ်န္ေတာ္တို႔ မူးယစ္ေဆးသံုးစဲြသူမ်ားျပန္လည္ထူးေထာင္ေရးအထြက္ သင္တန္း ေက်ာင္းမွာ လို႔အပ္ေနတဲ႔ ကုတင္၊ေဆာင္၊ ျခင္ေထာင္၊ ေခါင္းအုန္းစတဲ႔လိုအပ္တဲ့ ပစၥည္းေတြနဲ႔ ေနေရး တိုင္ေရး၊ စားေသာက္ေရး အဆင္ေျပေစရန္အတြက္ ရန္ပံုေငြရွာ ေပးတာပါ။ ဒီပြဲက ရရွိလာတဲ့ ရန္ပံုေငြနဲ႔ ေစတနာရွင္၊ အလွဴရွင္ေတြ စုေပါင္း ဝိုင္းဝန္းလွဴဒါန္းတဲ့ ေငြေတြကို သင္တန္းေက်ာင္းအတြက္ လိုအပ္ေနတဲ့ ပစၥည္းေတြ ဝယ္ယူဖို႔ စီစဥ္ထားပါတယ္” ဟု ေဈးပြဲေတာ္ က်င္းပေရးေကာ္မတီ ဥကၠဌက ေျပာသည္။
.
အဆိုပါ ေဈးေရာင္းပြဲေတာ္ကို ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား၊ ကံစမ္းမဲအစီအစဥ္မ်ားျဖင့္ ဇူလိုင္လ ၂၄ ရက္မွ ၂၈ ရက္အထိ ေန႔စဥ္ ဖြင့္လွစ္ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေဈေးရောင်းပွဲတော် ပြုလုပ်
.
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကသဲကွင်း ရွှေပြည်အေး မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေး အတွက် ပရဟိတရန်ပုံငွေ ဈေးရောင်းပွဲတော် ဖွင့်ပွဲကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ သစ်တော ရပ်ကွက်ရှိ မြို့တော်မခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဈေးရောင်းပွဲတော် ဖွင့်ပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဈေးပွဲတော်အတွင်း ခင်းကျင်းပြသ ရောင်းချထားသော ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဈေးရောင်းပွဲတော်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များမှ ကုမ္ပဏီပေါင်း ၄၀ ကျော်တို့က လူသုံးကုန်၊ အလှကုန်၊ ဖုန်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အားကစားပစ္စည်းများ၊ အီလက်ထရောနစ်နှင့် မီးဖိုချောင်သုံး ပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးမျိုးစုံ၊ စားသောက်ကုန်၊ ဖက်ရှင်နှင့် အဝတ် အထည်မျိုးစုံတို့ကို ဆိုင်ခန်းပေါင်း ၆၀ ကျော်ဖြင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
.
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ နိုင်ငံကျော်တေးသံရှင် ကေဂျာနူး၊ သီသီမမှာ၊ စတီရီယိုမျိုးထက်၊ မောင်မောင်ထိပ်နှင့် ရှမ်းတိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆို ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
.
"ကျွန်တော်တို့ မူးယစ်ဆေးသုံးစွဲသူများပြန်လည်ထူးထောင်ရေးအထွက် သင်တန်း ကျောင်းမှာ လို့အပ်နေတဲ့ ကုတင်၊ဆောင်၊ ခြင်ထောင်၊ ခေါင်းအုန်းစတဲ့လိုအပ်တဲ့ ပစ္စည်းတွေနဲ့ နေရေး တိုင်ရေး၊ စားသောက်ရေး အဆင်ပြေစေရန်အတွက် ရန်ပုံငွေရှာ ပေးတာပါ။ ဒီပွဲက ရရှိလာတဲ့ ရန်ပုံငွေနဲ့ စေတနာရှင်၊ အလှူရှင်တွေ စုပေါင်း ဝိုင်းဝန်းလှူဒါန်းတဲ့ ငွေတွေကို သင်တန်းကျောင်းအတွက် လိုအပ်နေတဲ့ ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်ထားပါတယ်” ဟု ဈေးပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌက ပြောသည်။
.
အဆိုပါ ဈေးရောင်းပွဲတော်ကို ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များဖြင့် ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်အထိ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment