ေတာင္ႀကီးၿမိဳ႕၊ ကုန္သည္လမ္းအား အဆင့္ျမႇင့္တင္ ၿပီးပါက ကားရပ္ရန္ေနရာ ထားရွိမည္ မဟုတ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, July 24, 2019

ေတာင္ႀကီးၿမိဳ႕၊ ကုန္သည္လမ္းအား အဆင့္ျမႇင့္တင္ ၿပီးပါက ကားရပ္ရန္ေနရာ ထားရွိမည္ မဟုတ္


စိုင္းရာဇာ
.
ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မေဈးေျမာက္ဘက္ရွိ ကုန္သည္လမ္းအား အဆင့္ျမႇင့္တင္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ ၿပီးစီးပါက အခေၾကးေငြ ေကာက္ခံသည့္ ယာဥ္ရပ္နားရန္ ေနရာမ်ားကို ထားရွိခြင့္ျပဳေတာ့မည္မဟုတ္ဘဲ ဆိုင္ကယ္ရပ္နားရန္ ေနရာသာ ထားရွိသြားမည္ျဖစ္ေၾကာင္း သိရသည္။
.
 .
“အဲဒီလမ္းက တကယ့္အခ်က္ အခ်ာက်တဲ႔ ေနရာမွာ ရွိတယ္။ အဲဒီမွာရွိတဲ႔ ယာဥ္လိုင္း၊ ဂိတ္လိုင္းေတြ၊ ပ်ံက်ေဈးသည္ေတြ၊ အိမ္ရွင္ေတြ၊ ဆိုင္ရွင္ေတြက ေရွ႕ကို ဝင္က်ဴးထားတာေတြလည္း ရွိတဲ႔လမ္း ျဖစ္တယ္။ အဆင့္ျမႇင့္တင္ၿပီးရင္ေတာ့ ဆိုင္ကယ္စတန္း ေပးထားမယ္။ ကားရပ္နားခြင့္ကိုေတာ့ မေပးထားေတာ့ဘူး”ဟု ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ၿမိဳ႕မေဈး ေျမာက္ဘက္ရွိ ကုန္သည္လမ္းသည္ အက်ယ္ ၄၄ ေပရွိ ကာ ယင္းလမ္းပိုင္းအား ျပဳျပင္ရန္အတြက္ ထိန္သာေဆာက္လုပ္ေရး ကုမၸဏီမွ တင္ဒါေအာင္ျမင္ၿပီး တာဝန္ယူ ေဆာင္ရြက္လ်က္ရွိကာ ယခုႏွစ္ စက္တင္ဘာလတြင္ အၿပီး လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
.
ေတာင္ႀကီးၿမိဳ႕ေပၚရွိ လမ္းမ်ားအား ဘ႑ာေရးႏွစ္အလိုက္ အဆင့္ျမႇင့္တင္ ျပဳျပင္မႈမ်ား ေဆာင္ရြက္လ်က္ရွိရာ လာမည့္ ဘ႑ာႏွစ္တြင္ ၿမိဳ႕မေဈး အေနာက္ဘက္ရွိ စဝ္စံထြန္းလမ္းအား အဆင့္ျမႇင့္တင္သြားမည္ ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။
.
ေတာင္ႀကီးၿမိဳ႕မေဈးပတ္လည္ရွိ လမ္းပိုင္းမ်ားမွာ ပ်က္စီးယိုယြင္းမႈမ်ား ရွိေနသည့္အျပင္ ယာဥ္အသြား အလာ ႐ႈပ္ေထြးျခင္း၊ ယာဥ္လိုင္းဂိတ္မ်ားမွ ယာဥ္မ်ား အခ်ိန္ျပည့္ ရပ္ နားထားျခင္း၊ ပ်ံက်ေဈးသည္ မ်ားမွ လမ္းမေပၚအထိ တက္ေရာက္ ခင္း က်င္း ေရာင္းခ်ထားျခင္းမ်ားေၾကာင့္ သြားလာရ ခက္ခဲေနၿပီး ယင္းလမ္း ပိုင္းမ်ားကို အဆင့္ျမႇင့္တင္ၿပီး စနစ္တက် ေဆာင္ရြက္ေပးရန္ ေဒသခံမ်ားမွ လိုလားလ်က္ရွိေၾကာင္း သိရသည္။
.
============================================================
တောင်ကြီးမြို့၊ ကုန်သည်လမ်းအား အဆင့်မြှင့်တင် ပြီးပါက ကားရပ်ရန်နေရာ ထားရှိမည် မဟုတ်
.
စိုင်းရာဇာ
.
တောင်ကြီးမြို့၊ မြို့မဈေးမြောက်ဘက်ရှိ ကုန်သည်လမ်းအား အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက အခကြေးငွေ ကောက်ခံသည့် ယာဉ်ရပ်နားရန် နေရာများကို ထားရှိခွင့်ပြုတော့မည်မဟုတ်ဘဲ ဆိုင်ကယ်ရပ်နားရန် နေရာသာ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
.
“အဲဒီလမ်းက တကယ့်အချက် အချာကျတဲ့ နေရာမှာ ရှိတယ်။ အဲဒီမှာရှိတဲ့ ယာဉ်လိုင်း၊ ဂိတ်လိုင်းတွေ၊ ပျံကျဈေးသည်တွေ၊ အိမ်ရှင်တွေ၊ ဆိုင်ရှင်တွေက ရှေ့ကို ဝင်ကျူးထားတာတွေလည်း ရှိတဲ့လမ်း ဖြစ်တယ်။ အဆင့်မြှင့်တင်ပြီးရင်တော့ ဆိုင်ကယ်စတန်း ပေးထားမယ်။ ကားရပ်နားခွင့်ကိုတော့ မပေးထားတော့ဘူး”ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြို့မဈေး မြောက်ဘက်ရှိ ကုန်သည်လမ်းသည် အကျယ် ၄၄ ပေရှိ ကာ ယင်းလမ်းပိုင်းအား ပြုပြင်ရန်အတွက် ထိန်သာဆောက်လုပ်ရေး ကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး တာဝန်ယူ ဆောင်ရွက်လျက်ရှိကာ ယခုနှစ် စက်တင်ဘာလတွင် အပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်ရှိ လမ်းများအား ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင် ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ လာမည့် ဘဏ္ဍာနှစ်တွင် မြို့မဈေး အနောက်ဘက်ရှိ စဝ်စံထွန်းလမ်းအား အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
.
တောင်ကြီးမြို့မဈေးပတ်လည်ရှိ လမ်းပိုင်းများမှာ ပျက်စီးယိုယွင်းမှုများ ရှိနေသည့်အပြင် ယာဉ်အသွား အလာ ရှုပ်ထွေးခြင်း၊ ယာဉ်လိုင်းဂိတ်များမှ ယာဉ်များ အချိန်ပြည့် ရပ် နားထားခြင်း၊ ပျံကျဈေးသည် များမှ လမ်းမပေါ်အထိ တက်ရောက် ခင်း ကျင်း ရောင်းချထားခြင်းများကြောင့် သွားလာရ ခက်ခဲနေပြီး ယင်းလမ်း ပိုင်းများကို အဆင့်မြှင့်တင်ပြီး စနစ်တကျ ဆောင်ရွက်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats